ကိုယ့်အိမ်က မျက်နှာကြက်ကို အလှဆင်ဖို့အတွက် စိတ်ကူး (၅) ခု - Property Knowledge in Myanmar from iMyanmarHouse.com
2070 Views

ကိုယ့်အိမ်က မျက်နှာကြက်ကို အလှဆင်ဖို့အတွက် စိတ်ကူး (၅) ခု

Knowledge | Posted by Shwe Zin Win

မျက်နှာကြက်ကိုကြည့်၊ ငေးမော တွေးတောတတ်သူတွေအနေနဲ့ မျက်နှာကြက်လေးကို အလှဆင်ထားဖို့ အကြံပေးချင်ပါတယ်။

ကိုယ့်အိမ်လောက် နွေးထွေးတဲ့နေရာ ဘာများရှိဦးမှာလဲ? အိမ်ဟာ ကိုယ့်အတွက် နားခိုမှေးစက်ရာသာမက လုံခြုံနွေးထွေးမှုကိုလည်း ပေးနိုင်ပါတယ်။ ကိုယ့်အိမ်လေးကို လှပနေအောင် ဖန်တီးထားရင် ကိုယ့်စိတ်ကလည်း ခွန်အားတွေရှိနေမှာပါ။ အိမ်မှာ ပက်လက်လှန်ပြီး မျက်နှာကြက်ကိုကြည့်၊ ငေးမော တွေးတောတတ်သူတွေအနေနဲ့ မျက်နှာကြက်လေးကို အလှဆင်ထားဖို့ အကြံပေးချင်ပါတယ်။

၁။ အလှအပလက်ရာ

မျက်နှာကြက်မှာ ပန်းချီလေးတွေ ဆွဲထားတာမျိုး လုပ်ကြည့်လို့ရပါတယ်။ အကြိုက်က ပြောင်းလဲတတ်တယ်ဆိုရင်တော့ vinyl ကပ်ထားပေါ့။ ဘယ်လိုဒီဇိုင်းမျိုးမဆို ကိုယ့်စိတ်ကြိုက်သာ ကပ်ထားလိုက်ပါ။

၂။ အလင်းရောင်

မျက်နှာကြက်မှာ အလင်းဖောက်နိုင်တဲ့ သွပ်တွေကို တပ်ကြပါတယ်။ ဒါပေမဲ့ အလင်းရောင်လေးတွေနဲ့ အလှဆင်ဖို့ကိုတော့ မေ့နေကြတယ်လေ။ ဖွင့်လို့ ပိတ်လို့ရတဲ့ မီးသီးလေးတွေ တပ်ထားပေါ့။ ညဘက်ဆို မျက်နှာကြက်က မီးရောင်စုံလေးတွေက စိတ်ကိုအေးစေပါတယ်။

၃။ နံရံကပ်စက္ကူ

နံရံတွေကိုသာ အလှစက္ကူတွေ ကပ်လို့ရတယ်လို့ ထင်နေမိတယ်မဟုတ်လား။ မျက်နှာကြက်မှာလည်း ကပ်လို့ရပါသေးတယ်။ နံရံတွေနဲ့ မျက်နှာကြက်တွေဟာ ကိုယ့်ရဲ့စိတ်အာရုံအပေါ် အများကြီး သက်ရောက်မှုရှိပါတယ်။

၎။ ဆေးသုတ်ပါ

မျက်နှာကြက်ဆို အဖြူရောင်ပဲ တွဲမြင်ကြတယ်။ မျက်နှာကြက်ဖြူဖြူတွေကိုချည်း မြင်နေရတာ ပျင်းစရာတော့ကောင်းသား။ ဒီလိုဆိုရင် တခြားအရောင်တွေကို သုတ်ထားကြည့်မလား? တစ်ရောင်မကလို့ ရောင်စုံဖြစ်ဖြစ် ဒါမှမဟုတ် ဒီဇိုင်းစုံအောင် သုတ်ထားလို့ရပါသေးတယ်။

၅။ ဖန်နဲ့မှန်တွေ

ဖန်ထည်တွေ မှန်လေးတွေက ပတ်ဝန်းကျင်ကို ရောင်ပြန်ဟပ်စေပါတယ်။ အထူးသဖြင့် ကိုယ့်ခေါင်းပေါ်မှာ ရှိနေမယ်ဆို ဘေးကအရာတွေကို ပိုမြင်ရတာပေါ့။ အလင်းရောင်လည်း ပိုထွက်စေလို့ အခန်းကို ပိုကျယ်သယောင် ဖြစ်စေပါတယ်။ ဖန်ချောင်းလေးတွေ၊
မှန်ချပ်လေးတွေနဲ့ မျက်နှာကြက်ကို အလှဆင်မယ်ဆို
အရင်ဆုံးစမ်းသပ်ပြီးမှ တပ်ထားသင့်ပါတယ်။

Credit: Duwun
ကိုယ့်အိမ်က မျက်နှာကြက်ကို အလှဆင်ဖို့အတွက် စိတ်ကူး (၅) ခု - Property Knowledge in Myanmar from iMyanmarHouse.com
ကိုယ့်အိမ်က မျက်နှာကြက်ကို အလှဆင်ဖို့အတွက် စိတ်ကူး (၅) ခု - Property Knowledge in Myanmar from iMyanmarHouse.com

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ဂျက်ဘေးဇော့စ်က နယူးယောက်မြို့လယ်ရှိ သူ၏ ဒေါ်လာသန်း ၁၀၀ ကျော်တန် Penthouse ခန်းသို့ ကရိန်းဖြင့် ပရိဘောဂများ တင်ရန်အတွက် လ
ဂျက်ဘေးဇော့စ်က နယူးယောက်မြို့လယ်ရှိ သူ၏ ဒေါ်လာသန်း ၁၀၀ ကျော်တန် Penthouse ခန်းသို့ ကရိန်းဖြင့် ပရိဘောဂများ တင်ရန်အတွက် လ
အိန္ဒိယတွင် လယ်သမားတစ်ဦးက မိုးဦးတဖြိုက်ကျအပြီး လယ်ကွင်းထဲသို့ ဆင်းခဲ့ရာ စိန်ကြီးတစ်ပွင့် ရှာတွေ့ခဲ့အပြီး တစ်ရွာလုံး အုံး
အိန္ဒိယတွင် လယ်သမားတစ်ဦးက မိုးဦးတဖြိုက်ကျအပြီး လယ်ကွင်းထဲသို့ ဆင်းခဲ့ရာ စိန်ကြီးတစ်ပွင့် ရှာတွေ့ခဲ့အပြီး တစ်ရွာလုံး အုံး
ထိုင်းမှာ ဘတ် သန်း ၂၄၀ (ကန်ဒေါ်လာ ၇ ဒသမ ၄ သန်းခန့်) ထီပေါက်ခဲ့တဲ့ စပိန် ဆောက်လုပ်ရေးလုပ်သား ဘာကြောင့် အိမ်ရာမဲ့ ဖြစ်သွား
ထိုင်းမှာ ဘတ် သန်း ၂၄၀ (ကန်ဒေါ်လာ ၇ ဒသမ ၄ သန်းခန့်) ထီပေါက်ခဲ့တဲ့ စပိန် ဆောက်လုပ်ရေးလုပ်သား ဘာကြောင့် အိမ်ရာမဲ့ ဖြစ်သွား
အိမ်ရာစုဆောင်းငွေ သိန်း (၃၀) အထက် စုဆောင်းပြီးသူများအနေဖြင့် မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေး ဦးစီးဌာန၏ သတ်မှတ်ချက်များနှင
အိမ်ရာစုဆောင်းငွေ သိန်း (၃၀) အထက် စုဆောင်းပြီးသူများအနေဖြင့် မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေး ဦးစီးဌာန၏ သတ်မှတ်ချက်များနှင
ပြင်သစ်တွင် နေအိမ်တစ်ခု၏ နံရံထဲ၌ လျှို့ဝှက်သိမ်းဆည်းထားသော ရွှေဒင်္ဂါးပြားများ ရှာဖွေတွေ့ခဲ့ပြီး လေလံတင်ရောင်းချရာတွင် ဒ
ပြင်သစ်တွင် နေအိမ်တစ်ခု၏ နံရံထဲ၌ လျှို့ဝှက်သိမ်းဆည်းထားသော ရွှေဒင်္ဂါးပြားများ ရှာဖွေတွေ့ခဲ့ပြီး လေလံတင်ရောင်းချရာတွင် ဒ
တရုတ်ပြည်၊ ရှန်ဟိုင်းမြို့တွင် မြေအောက်ဘူတာရုံ၊ ဈေးဝယ်စင်တာနှင့် မြေအောက်ဟိုတယ်များ ဆောက်လုပ်ရန်အတွက် တန်ချိန် ၇၅၀၀ ကျော
တရုတ်ပြည်၊ ရှန်ဟိုင်းမြို့တွင် မြေအောက်ဘူတာရုံ၊ ဈေးဝယ်စင်တာနှင့် မြေအောက်ဟိုတယ်များ ဆောက်လုပ်ရန်အတွက် တန်ချိန် ၇၅၀၀ ကျော
တရုတ်ပြည်တွင် အမျိုးသားကြီးတစ်ဦးက သူ၏ ၅ လွှာတိုက်ခန်း ဝရန်တာ၌ ကိုယ်ပိုင်ဓာတ်လှေကားတစ်ခု တီထွင်တပ်ဆင်ခဲ့ပုံအပေါ် ပြည်မကြီ
တရုတ်ပြည်တွင် အမျိုးသားကြီးတစ်ဦးက သူ၏ ၅ လွှာတိုက်ခန်း ဝရန်တာ၌ ကိုယ်ပိုင်ဓာတ်လှေကားတစ်ခု တီထွင်တပ်ဆင်ခဲ့ပုံအပေါ် ပြည်မကြီ
တရုတ်ပြည်တွင် အသက် ၁၅ နှစ်အရွယ်အထိ သူတောင်းစားဂိုဏ်းသားအဖြစ် တောင်းရမ်းခဲ့ရပြီး အသက် ၁၆ နှစ်တွင် မူလတန်းကျောင်း စတင်ကျော
တရုတ်ပြည်တွင် အသက် ၁၅ နှစ်အရွယ်အထိ သူတောင်းစားဂိုဏ်းသားအဖြစ် တောင်းရမ်းခဲ့ရပြီး အသက် ၁၆ နှစ်တွင် မူလတန်းကျောင်း စတင်ကျော
အိမ်ခြံမြေ ပါမစ်မိတ္တူကိုကြည့်ပြီး စရန်ငွေပေးခဲ့မိတဲ့ အမှား
အိမ်ခြံမြေ ပါမစ်မိတ္တူကိုကြည့်ပြီး စရန်ငွေပေးခဲ့မိတဲ့ အမှား
[လွယ်မယ်ထင်လို့လား ] ဘာမှ မလုပ်ဘဲ မိနစ် ၉၀ ငြိမ်ငြိမ်လေး ထိုင်နေရတဲ့ တောင်ကိုရီးယားက ပြိုင်ပွဲ အင်စတာဂရမ်တွင် နာမည်ကြီးန
[လွယ်မယ်ထင်လို့လား ] ဘာမှ မလုပ်ဘဲ မိနစ် ၉၀ ငြိမ်ငြိမ်လေး ထိုင်နေရတဲ့ တောင်ကိုရီးယားက ပြိုင်ပွဲ အင်စတာဂရမ်တွင် နာမည်ကြီးန

Upcoming Property Events

From 05 Jul To 06 Jul

Mingalar Market

From 05 Jul To 06 Jul

Golden City Condo

From 09 Jun To 09 Jul

The Vista Luxury Residence

Mingalar Market

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service