ရွှေတုံးဝယ်ယူမှုအပေါ် အခွန် ငါးရာခိုင်နှုန်း ကောက်ခံမှု တစ်လ ဆိုင်းငံ့ပေးရန် ပြည်တွင်းအခွန်ထံ စာတင်မည် - Property News in Myanmar from iMyanmarHouse.com
4337 Views

ရွှေတုံးဝယ်ယူမှုအပေါ် အခွန် ငါးရာခိုင်နှုန်း ကောက်ခံမှု တစ်လ ဆိုင်းငံ့ပေးရန် ပြည်တွင်းအခွန်ထံ စာတင်မည်

အခေါက်ရွှေတုံးဝယ်ယူမှုအပေါ် အခွန်ငါးရာခိုင်နှုန်း ကောက်ခံမှုကို
ဧပြီလ ၁ ရက်နေ့ စတင်မည်ဖြစ်ရာ တစ်လဆိုင်းငံ့ပေးရန် ပြည်တွင်း
အခွန်များ ဦးစီးဌာနထံသို့ စာတင်မည်ဖြစ်ကြောင်း မြန်မာနိုင်ငံ ရွှေလုပ်ငန်းရှင်များ အသင်းထံမှ သိရသည်။

ဧပြီလ ၁ ရက်နေ့မှစ၍ ရွှေနှင့်ပြုလုပ်ထားသည့် လက်ဝတ်ရတနာများ (အထည်) ဝယ်ယူမှုအပေါ် အခွန် တစ်ရာခိုင်နှုန်းနှင့် ရွှေတုံးဝယ်ယူမှုအပေါ် အခွန် ငါးရာခိုင်နှုန်း ကောက်ခံမည်ဖြစ်ကြောင်း၊ သို့ဖြစ်၍ ရွှေတုံးအပေါ် ကောက်ခံသည့် အခွန် ပမာဏမှာ များပြားသဖြင့် အရောင်းအဝယ် ဈေးကွက်ကို ထိခိုက်နိုင်သည့်အတွက် အချိန်ပေးရန် ယင်းကဲ့သို့ တောင်းဆိုရခြင်းဖြစ်ကြောင်း မြန်မာနိုင်ငံ ရွှေလုပ်ငန်းရှင်များအသင်း အတွင်းရေးမှူး ဦးကျော်ဝင်းက ပြောကြားသည်။

“ရွှေတုံးက တစ်ကျပ်သား ဝယ်မယ်ဆိုရင် အခွန်က လေးသောင်း
ခွဲဆောင်ရမှာ။ ဒီဟာကို ရွှေဆိုင်က လူတွေလည်း စိုက်ပြီး မဆောင်နိုင်တော့ အခွန်မဆောင်ဘဲ တရားမဝင် ရောင်းဝယ်လာနိုင်တယ်။ နောက်ပြီး ဒီအခွန်များနေတာကိုလည်း လာမယ့်နှစ် အခွန်အကောက် ဥပဒေမှာ အခွန်လျှော့ချပေးဖို့ အစိုးရနဲ့ညှိရမယ်။ တခြားနိုင်ငံတွေမှာလည်း ရွှေအတုံးကို အခွန်ကောက်တယ်။ ဒီနိုင်ငံလောက် မများဘူး”ဟု ၎င်းကဆိုသည်။

ရွှေထည်နှင့်ပတ်သက်၍ လက်ဝတ် ရတနာများသာ အဝယ်များပြီး အတုံးလိုက် ဝယ်ယူသူများမှာ အနည်းငယ်သာရှိကြောင်း၊ ယင်းကဲ့သို့ အခွန်နှုန်း များလာသည့်အတွက် ရွှေတုံး ရောင်းဝယ်သည့် ဈေးကွက်မှာ အေးစက်သွားနိုင်ကြောင်း တိတ်စိန် ရွှေဆိုင်ပိုင်ရှင် ဦးဇော်အောင်က ပြောကြားသည်။

ယခင်နှစ်ပေါင်း များစွာမှစ၍ ယနေ့အချိန်ထိ အိန္ဒိယနိုင်ငံသို့ ရွှေတုံးများ တရားမဝင် တင်ပို့နေကြောင်း၊ ထို့ကြောင့် ရွှေတင်ပို့ခွင့်ကို တရားဝင်
ဖွင့်ပေး၍ ရွှေတုံးများအပေါ်တွင် အခွန် ကောက်ခံရန် စီစဉ်ရခြင်းဖြစ်ကြောင်း စီးပွားရေးနှင့် ကူးသန်း ရောင်းဝယ်ရေး ဝန်ကြီးဌာနထံမှ သိရသည်။

“ရွှေဈေး တက်လာတာကလည်း ငွေကြေး ဖောင်းပွမှုကို ပြတာပဲ။ ဒီရွှေဈေးကွက်ကို အစိုးရက ဝင်ထိန်းလို့ မရဘူး။ ရွှေတုံးတွေ ဝယ်စုတာကလည်း ပိုက်ဆံ တကယ် ရှိတဲ့သူတွေပါ။ အဲဒါတွေကြောင့် ဒီအခွန်လောက်ကို သူတို့ ပေးဆောင်နိုင်ပါတယ်”ဟု ယင်းဝန်ကြီးဌာနမှ အကြီးတန်း အရာရှိတစ်ဦးက ပြောဆိုသည်။

လက်ရှိအချိန်တွင် အခေါက်ရွှေ တစ်ကျပ်သားလျှင် ကျပ် ကိုးသိန်းငါးထောင်ရှိပြီး ရွှေဈေးသည် ယခုနှစ်အတွင်း စံချိန်တင် မြင့်တက်လာခြင်းဖြစ်သည်။

Credit: The Voice

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ဒေါ်နယ်ထရမ့်ကို ပြန်လည်ဝန်ချတောင်းပန်လိုက်ပြီးနောက် Elon Musk ၏ ကြွယ်ဝမှု ပြန်လည်မြင့်တက်လာ
ဒေါ်နယ်ထရမ့်ကို ပြန်လည်ဝန်ချတောင်းပန်လိုက်ပြီးနောက် Elon Musk ၏ ကြွယ်ဝမှု ပြန်လည်မြင့်တက်လာ
တရုတ်ပြည်တွင် အသက် ၁၅ နှစ်အရွယ်အထိ သူတောင်းစားဂိုဏ်းသားအဖြစ် တောင်းရမ်းခဲ့ရပြီး အသက် ၁၆ နှစ်တွင် မူလတန်းကျောင်း စတင်ကျော
တရုတ်ပြည်တွင် အသက် ၁၅ နှစ်အရွယ်အထိ သူတောင်းစားဂိုဏ်းသားအဖြစ် တောင်းရမ်းခဲ့ရပြီး အသက် ၁၆ နှစ်တွင် မူလတန်းကျောင်း စတင်ကျော
စင်္ကာပူအစိုးရက နိုင်ငံပိုင် မြေကွက်ကို မလေးရှားဘုရင်၏ သားတော်ပိုင်ဆိုင်သော မြေကွက် (စင်္ကာပူ ရုက္ခဗေဒဥယျာဉ်အနီးရှိ) နှင
စင်္ကာပူအစိုးရက နိုင်ငံပိုင် မြေကွက်ကို မလေးရှားဘုရင်၏ သားတော်ပိုင်ဆိုင်သော မြေကွက် (စင်္ကာပူ ရုက္ခဗေဒဥယျာဉ်အနီးရှိ) နှင
တရုတ်ပြည်တွင် အမျိုးသားကြီးတစ်ဦးက သူ၏ ၅ လွှာတိုက်ခန်း ဝရန်တာ၌ ကိုယ်ပိုင်ဓာတ်လှေကားတစ်ခု တီထွင်တပ်ဆင်ခဲ့ပုံအပေါ် ပြည်မကြီ
တရုတ်ပြည်တွင် အမျိုးသားကြီးတစ်ဦးက သူ၏ ၅ လွှာတိုက်ခန်း ဝရန်တာ၌ ကိုယ်ပိုင်ဓာတ်လှေကားတစ်ခု တီထွင်တပ်ဆင်ခဲ့ပုံအပေါ် ပြည်မကြီ
ဂွင်းနက်ပက်ထရိုးက သူ၏ ဒေါ်လာ ၄ ဒသမ ၉ သန်းတန် စံအိမ်အတွင်း အပေါ်ပိုင်းအဝတ်မပါဘဲ ချက်ပြုတ်နေသည့် ဗွီဒီယိုမှာ လူမှုကွန်ရက်တ
ဂွင်းနက်ပက်ထရိုးက သူ၏ ဒေါ်လာ ၄ ဒသမ ၉ သန်းတန် စံအိမ်အတွင်း အပေါ်ပိုင်းအဝတ်မပါဘဲ ချက်ပြုတ်နေသည့် ဗွီဒီယိုမှာ လူမှုကွန်ရက်တ
သြစတေးလျတွင် အမျိုးသားတစ်ဦးက ၇ နှစ်ကြာအချိန်ယူကာ ဘူးခွံ၊ ပုလင်းခွံပေါင်း ၄၅၀,၀၀၀ ကောက်ယူစုဆောင်းခဲ့ကာ ရောင်းရငွေဖြင့် အိ
သြစတေးလျတွင် အမျိုးသားတစ်ဦးက ၇ နှစ်ကြာအချိန်ယူကာ ဘူးခွံ၊ ပုလင်းခွံပေါင်း ၄၅၀,၀၀၀ ကောက်ယူစုဆောင်းခဲ့ကာ ရောင်းရငွေဖြင့် အိ
အမေရိကန်တွင် ဘီလျံနာသူဌေးကြီးက စိတ်ကူးအိပ်မက်ထားသည့် စံအိမ်ကြီးဆောက်လုပ်ရန် ဖလော်ရီဒါမှ ဒေါ်လာ ၅၅ ဒသမ ၅ သန်း တန်ကြေးရှိ
အမေရိကန်တွင် ဘီလျံနာသူဌေးကြီးက စိတ်ကူးအိပ်မက်ထားသည့် စံအိမ်ကြီးဆောက်လုပ်ရန် ဖလော်ရီဒါမှ ဒေါ်လာ ၅၅ ဒသမ ၅ သန်း တန်ကြေးရှိ
ရိုးမရိပ်သာ တန်ဖိုးနည်းအိမ်ရာ အခန်းနေရာမဲနှိုက်ခြင်းကို ဇွန်လ ၂၆ ရက်မှ ၂၈ ရက်အထိ မြို့ပြနှင့်အိမ်ရာ ဖွံ့ဖြိုးရေးဦးစီးဌာန
ရိုးမရိပ်သာ တန်ဖိုးနည်းအိမ်ရာ အခန်းနေရာမဲနှိုက်ခြင်းကို ဇွန်လ ၂၆ ရက်မှ ၂၈ ရက်အထိ မြို့ပြနှင့်အိမ်ရာ ဖွံ့ဖြိုးရေးဦးစီးဌာန
တရုတ်ပြည်တွင် ခင်ပွန်းဖြစ်သူက ဦးနှောက်သေရောဂါအခြေအနေခံစားနေရသော ဇနီးဖြစ်သူကို နေ့စဉ် သီချင်းဆိုပြ၊ ကပြခဲ့ရာ နောက်ဆုံးတွင
တရုတ်ပြည်တွင် ခင်ပွန်းဖြစ်သူက ဦးနှောက်သေရောဂါအခြေအနေခံစားနေရသော ဇနီးဖြစ်သူကို နေ့စဉ် သီချင်းဆိုပြ၊ ကပြခဲ့ရာ နောက်ဆုံးတွင
ထိုင်းမှာ ဘတ် သန်း ၂၄၀ (ကန်ဒေါ်လာ ၇ ဒသမ ၄ သန်းခန့်) ထီပေါက်ခဲ့တဲ့ စပိန် ဆောက်လုပ်ရေးလုပ်သား ဘာကြောင့် အိမ်ရာမဲ့ ဖြစ်သွား
ထိုင်းမှာ ဘတ် သန်း ၂၄၀ (ကန်ဒေါ်လာ ၇ ဒသမ ၄ သန်းခန့်) ထီပေါက်ခဲ့တဲ့ စပိန် ဆောက်လုပ်ရေးလုပ်သား ဘာကြောင့် အိမ်ရာမဲ့ ဖြစ်သွား

Upcoming Property Events

From 28 Jun To 29 Jun

Magical World Apartment

From 28 Jun To 29 Jun

Pan Swal Taw Condominium

From 02 Jun To 30 Jun

Central Shophouse

From 09 Jun To 09 Jul

The Vista Luxury Residence

Magical World Apartment

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service