နောက်ဖေးလမ်းကြား ဥယျာဉ်ပုံစံပြောင်းသည့်အစီအစဉ် ရန်ကုန်မြို့လယ်လမ်းကြားတစ်ခုတွင် ထပ်မံပြုလုပ်မည် - Property News in Myanmar from iMyanmarHouse.com
1430 Views

နောက်ဖေးလမ်းကြား ဥယျာဉ်ပုံစံပြောင်းသည့်အစီအစဉ် ရန်ကုန်မြို့လယ်လမ်းကြားတစ်ခုတွင် ထပ်မံပြုလုပ်မည်

တို့ရန်ကုန်၊ တို့အိမ်ရာပွဲ တော်ကာလအတွင်း လူစိတ်ဝင် စားမှုများပြားခဲ့သည့် နောက်ဖေး လမ်းကြား ဥယျာဉ်ပုံစံပြောင်းလဲ သည့် အစီအစဉ်ကို
ဆိပ်ကမ်းသာ လမ်းနှင့် ၃၉ လမ်းကြားတွင် ထပ်မံပြုလုပ်မည်ဖြစ်သည်။

မတ်လ ၁၂ ရက်က တို့ရန် ကုန်၊ တို့အိမ်ရာပွဲတော်ကာလ အတွင်း ပန်းဘဲတန်းမြို့နယ် ၂၇ လမ်းရှိ နောက်ဖေးလမ်းကြားကို သစ်ပင်ပန်းပင်ငယ်များ၊ကလေး ငယ်များ၏ ပန်းချီလက်ရာများဖြင့် အလှဆင်ထားပြီး သန့်ရှင်းသပ် ရပ်သော အပြင်အဆင်များဖြင့် ဥယျာဉ်ပုံစံအဖြစ် ပြသခဲ့သည်။ ယင်းပြကွက်ကို တို့ရန်ကုန်၊ တို့ အိမ်ရာပွဲတော်နှင့် မိတ်ဖက်အဖြစ် ‘တို့အိမ်’က အကောင်အထည်ဖော်ပြသခဲ့ခြင်းဖြစ်သည်။

နောက်ဖေး လမ်းကြားကို ဥယျာဉ်ငယ်အဖြစ် ပြောင်းလဲမှုကို
မတ်လ ၂၀ ရက်ကစ၍ ဆိပ်ကမ်း သာလမ်းနှင့် ၃၉ လမ်းကြားတွင် ထပ်မံပြုလုပ်ရန် တို့အိမ်က စီစဉ် နေကြောင်းတို့အိမ်၏
စီမံကိန်းမန် နေဂျာ ဦးလှတင်က ပြောသည်။

နောက်ဖေး လမ်းကြားကို ဥယျာဉ်အဖြစ် ထပ်မံပြုလုပ်ရန် ၂၇ လမ်းနှင့် အခြားသောလမ်း များက တောင်းဆိုသဖြင့် ထပ်မံ ပြုလုပ်ရခြင်းဖြစ်သည်
ဟု သိရ သည်။

ထိုအစီအစဉ်ကို အကောင် အထည်ဖော်ရန် ရန်ပုံငွေအလှူခံ နေပြီး မတ်လ ၂၃ ရက်အထိ အမေရိကန်ဒေါ်လာ ရှစ်ထောင် ခန့်ရရှိထားပြီဟု ဦးလှတင်က ပြောသည်။ အလှူငွေကို နိုင်ငံ ခြားသားများထံမှ အများဆုံး ရရှိ သည်ဟု ၎င်းက ဆိုသည်။ အရှည် ၁ ကီလိုမီတာ (ပေ ၃,၂၈၀) ခန့် ရှိသည့် လမ်းကြား ဥယျာဉ်အဖြစ် ပြောင်းလဲနိုင်ရန် ၎င်းတို့က အမေရိကန်ဒေါ်လာ ငါးသောင်းရရှိရေး ကြိုးစားမည်ဟု သိရသည်။

ရန်ကုန်တိုင်း ဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးနေဘုန်းလတ်
က ယင်းကဲ့သို့ အိမ် နောက်ဖေးလမ်းကြားများတွင် အ ပန်းဖြေသည့် ကလေးငယ်များ ဆော့ကစားသည့်နေရာများအ ဖြစ်လုပ်ဆောင်ရန် လိုအပ်သကဲ့ သို့ သီးခြားနေရာများတွင် အပန်းဖြေဆော့ကစားရန်
လိုအပ်နေ သေးကြောင်း ပြောသည်။

ယခင်ကလည်း နောက်ဖေး လမ်းကြားများတွင် လူများနားနေ ခြင်းနှင့် သစ်ပင်များစိုက်ပျိုးခြင်း ပြုလုပ်နိုင်သော်လည်း အမှိုက် စွန့်ပစ်မှုများရှိလာခဲ့၍ ညစ်ပတ် ပြီး မြင်မကောင်းသည့်အဆင့်ဖြစ် သွားကြောင်း ဦးနေဘုန်းလတ်က ဆိုသည်။

မြို့နယ်အလိုက် ဘတ် ဂျက်များခွဲဝေရရှိသည့်အခါ မြို့ နယ်ရှိ ပြည်သူများနှင့်တိုင်ပင်ရာ နောက်ဖေးလမ်းကြားအမှိုက်နှင့် ရေဆိုးများကင်းရန် လုပ်ဆောင် စေလိုသည်ဟု ဆန္ဒပြုကြောင်း ပန်းဘဲတန်းမဲဆန္ဒနယ် ရန်ကုန် တိုင်းလွှတ်တော်အမတ် ဦးသန်း နိုင်ဦးက ပြောသည်။


Credit: 7Daydaily

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

အမေရိကန်ရှိ ပြည်နယ်ပေါင်း ၃၂ ခုတွင် ကြောက်မက်ဖွယ် အနမ်းကပ်ပါးပိုး ကူးစက်ပျံ့နှံ့နေ၊ ကပ်ရောဂါဘေးအဖြစ် ကြေညာရန် သိပ္ပံပညာရ
အမေရိကန်ရှိ ပြည်နယ်ပေါင်း ၃၂ ခုတွင် ကြောက်မက်ဖွယ် အနမ်းကပ်ပါးပိုး ကူးစက်ပျံ့နှံ့နေ၊ ကပ်ရောဂါဘေးအဖြစ် ကြေညာရန် သိပ္ပံပညာရ
အဆိပ်တွေကို စားပြီး ရွှေတွေ မစင်စွန့်တဲ့ ရှားပါးဘက်တီးရီးယားတစ်မျိုး သိပ္ပံပညာရှင်များ ရှာဖွေတွေ့ရှိ
အဆိပ်တွေကို စားပြီး ရွှေတွေ မစင်စွန့်တဲ့ ရှားပါးဘက်တီးရီးယားတစ်မျိုး သိပ္ပံပညာရှင်များ ရှာဖွေတွေ့ရှိ
ကနေဒါ အမျိုးသားတစ်ဦးမှာ အစွဲလန်းလွန် စိတ်ဝေဒနာ ခံစားနေရချိန် ခေါင်းကို သေနတ်ဖြင့် ပစ်ပြီး အဆုံးစီရင်ရာ ကံကောင်းစွာ မသေဆု
ကနေဒါ အမျိုးသားတစ်ဦးမှာ အစွဲလန်းလွန် စိတ်ဝေဒနာ ခံစားနေရချိန် ခေါင်းကို သေနတ်ဖြင့် ပစ်ပြီး အဆုံးစီရင်ရာ ကံကောင်းစွာ မသေဆု
မသေသေးဘဲ သေပြီဟု ဆရာဝန်ပြောသောကြောင့် မြေမြှုပ်ခံရကာ ကံကောင်းထောက်မစွာဖြင့် လွတ်မြောက်ခဲ့သည့် အမျိုးသမီး
မသေသေးဘဲ သေပြီဟု ဆရာဝန်ပြောသောကြောင့် မြေမြှုပ်ခံရကာ ကံကောင်းထောက်မစွာဖြင့် လွတ်မြောက်ခဲ့သည့် အမျိုးသမီး
လေထဲမှ လျှပ်စစ်ဓာတ်ကို ဆွဲယူနိုင်သည့် ဒင်္ဂါးပြားအရွယ် ဓာတ်အားပေးစက် ဂျပန်တီထွင်
လေထဲမှ လျှပ်စစ်ဓာတ်ကို ဆွဲယူနိုင်သည့် ဒင်္ဂါးပြားအရွယ် ဓာတ်အားပေးစက် ဂျပန်တီထွင်
အိန္ဒိယတွင် အမျိုးသားတစ်ဦး တနေ့တခြား ဗိုက်ကြီးဖောင်းလာသောကြောင့် စစ်ဆေးကြည့်ရာ သူ၏ အမြွှာညီအစ်ကို ဖြစ်နေသည်ကို တုန်လှုပ်
အိန္ဒိယတွင် အမျိုးသားတစ်ဦး တနေ့တခြား ဗိုက်ကြီးဖောင်းလာသောကြောင့် စစ်ဆေးကြည့်ရာ သူ၏ အမြွှာညီအစ်ကို ဖြစ်နေသည်ကို တုန်လှုပ်
ဂျပန်ကုမ္ပဏီများ၏ ထက်ဝက်ခန့်တွင် မည်သည့်အလုပ်မှ မလုပ်ရသော လူအိုတစ်ဦး ခန့်ထားကြောင်း တွေ့ရှိ
ဂျပန်ကုမ္ပဏီများ၏ ထက်ဝက်ခန့်တွင် မည်သည့်အလုပ်မှ မလုပ်ရသော လူအိုတစ်ဦး ခန့်ထားကြောင်း တွေ့ရှိ
မေတ္တာဖြင့် အပိုင်ပေးကမ်းခြင်းအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
မေတ္တာဖြင့် အပိုင်ပေးကမ်းခြင်းအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
မှတ်သားစရာ အိမ်ခြံမြေဥပဒေအမေးအဖြေ
မှတ်သားစရာ အိမ်ခြံမြေဥပဒေအမေးအဖြေ
မှတ်သားဖွယ်ရာ ဥပဒေအမေးအဖြေများ
မှတ်သားဖွယ်ရာ ဥပဒေအမေးအဖြေများ

Upcoming Property Events

From 27 Aug To 27 Sep

INNO CITY

From 27 Sep To 28 Sep

18th Property and Car Expo

From 27 Sep To 28 Sep

18th Property and Car Expo

18th Property and Car Expo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service