ရှမ်းပြည်နယ်ရဲ့ ပထမဆုံး အဆင့်မြင့်အိမ်ရာစီမံကိန်း မတ်လ ၃၁ ရက် ရောင်းချမည်။ - Property News in Myanmar from iMyanmarHouse.com
6531 Views

ရှမ်းပြည်နယ်ရဲ့ ပထမဆုံး အဆင့်မြင့်အိမ်ရာစီမံကိန်း မတ်လ ၃၁ ရက် ရောင်းချမည်။

ရှမ်းပြည်နယ် တောင်ကြီးမြို့ရဲ့ လေးမိုင်အကွာမှာ ရှိတဲ့ ပထမဆုံး အဆင့်မြင့်အိမ်ရာ စီမံကိန်းကို Taunggyi Business Center ဇုန် A မှာ ရှိတဲ့ နှစ်ထပ် ရှော့ဟောက်စ်၊ သုံးထပ်ရှော့ဟောက်စ်ကို မတ်လ ၃၁ ရက်နေ့ တောင်ကြီးမြို့မှာ စတင် ရောင်းချသွားမယ်လို့ သိရပါတယ်။

Taunggyi Business Center ဟာ မြေဧကအကျယ် ၄၅ ဧက လောက်ရှိပြီး ဇုန် A,B,C,D,E ဆိုပြီး ခွဲခြားထားပါတယ်။ အခုလက်ရှိမှာတော့ ဇုန် A မှာ နှစ်ထပ်ရှော့ဟောက်စ်၊ သုံးထပ်ရှော့ဟောက်စ် စုစုပေါင်း အခန်း ၃၂၄ခန်းကို စတင်ရောင်းချမှာ ဖြစ်ပါတယ်။ အခန်းအကျယ်ကတော့ ၇၀၀ စတုရန်း ပေ ရှိပြီးတော့ အခန်းတစ်ခန်းကို ကျပ်သိန်း ၅၀၀ ခန့်နဲ့ ရောင်းချမယ်လို့ သတ်မှတ်ထားပါတယ်။

ဇုန် B ကတော့ အခုချိန်မှာ ဆောက်လုပ်နေဆဲ ဖြစ်ပြီး စူပါမားကတ်၊ ကမ္ဘောဇဘဏ်၊ မီနီကွန်ဒို၊ ဓာတ် ဆီဆိုင်တွေ ပါရှိပါတယ်။ ပြီးတော့ ရုပ်ရှင်ရုံတွေ အစရှိတဲ့ အထင်ကရ ဖြစ်စရာတွေကိုလည်း ဆောက် လုပ်သွားမှာ ဖြစ်ပါတယ်။

ပန်းခြံ၊ Event Square တွေကိုလည်း စီမံကိန်းရဲ့ ၄၀ ရာခိုင်နှုန်း ထည့်သွင်းထားပါတယ်။

ဝယ်ယူသူတွေအနေနဲ့လည်း ပထမအရစ်အနေနဲ့ ၃၀ ရာခိုင်နှုန်း စသွင်းနိုင်ပြီး ကျန်တဲ့ ၇၀ ရာခိုင်နှုန်း ကို ကမ္ဘောဇဘဏ်နဲ့ ချိတ်ဆက်ပြီး ပေးသွင်းနိုင်ပါတယ်။ ငွေပေးချေမှုကို ၄၀ ရာခိုင်နှုန်း ပေးပြီးတာနဲ့ ချက်ချင်းနေထိုင်နိုင်မှာ ဖြစ်ပါတယ်။

ဖြစ်ပေါ်လာပုံ
၂၀၁၄ ခုနှစ် သြဂုတ်လမှာ ယခု တောင်ကြီးစီးပွားရေးစင်တာ နေရာကို ဒေသဖွံ့ဖြိုးရေးအတွက် Commercial Hub တည်ဆောက်ဖို့အတွက် ရှမ်းပြည်နယ်အစိုးရက တင်ဒါခေါ်ယူခဲ့ပါတယ်။ အဲ့သည် မှာ ကုမ္ပဏီအသီးသီးက ဝင်ရောက်ယှဉ်ပြိုင်ကြပြီး ဝမင်းကုမ္ပဏီနဲ့ ဖြူဝင်ကုမ္ပဏီက တင်ဒါအောင်ပြီး အခု Taunggyi Business Center ကို ၂၀၁၅ခုနှစ် ဖေဖော်ဝါရီလမှာ စတင်အကောင်အထည် ဖော်ခဲ့ပါ တယ်။

“အခု Taunggyi Business Center ဆောက်တဲ့ နေရာက အရင်တုန်းက သစ်ပင်မပေါ်တဲ့ ဖြုန်း ကျောက်တောင်၊ အမှိုက်ပုံဟောင်းနေရာတစ်ခု ဖြစ်ပါတယ်။ အဲ့ဒါကိုမှ ကျွန်တော်တို့အနေနဲ့ ဖွံ့ဖြိုး တိုးတတ်တဲ့ နေရာလေးတစ်ခုဖြစ်အောင် လုပ်ခဲ့တာပါ” လို့ Project Director ကိုဝဏ္ဏဖြိုးက ပြောပါ တယ်။

ပရောဂျက် ဒီဇိုင်း

ဒီဇိုင်းကတော့ သြစတြေးလျားနိုင်ငံမှာ အခြေပြု အောင်မြင်နေတဲ့ မြန်မာနိုင်ငံသား Architect Stephen သူရမြတ်သင်း (IDR-Arc) က ဒီဇိုင်းရေးဆွဲထားတာ ဖြစ်ပါတယ်။ ဒီဇိုင်းကိုလည်း သဘာဝ ပတ်ဝန်းကျင်နဲ့ လိုက်လျောညီထွေမှု ရှိတဲ့ ဒီဇိုင်းကိုပဲ အခြေခံရေးဆွဲထားတာပါ။

ရှမ်းပြည်နယ်မှာရှိတဲ့ တောင်ကြီးဒေသခံတွေနဲ့ ရှမ်းလူမျိုးတွေဟာ သဘာဝပတ်ဝန်းကျင် စိမ်းလန်းစို ပြေရေးကို အလေးထားတဲ့အတွက်ကြောင့် ပတ်ဝန်းကျင်နဲ့ လိုက်လျောညီထွေရှိတဲ့ ဒီဇိုင်းကို ရေးဆွဲ ထားပါတယ်။

လျှပ်စစ်မီးကြိုးသွယ်တန်းစနစ်ကို နိုင်ငံတကာ အဆင့်မီအရ မြေအောက်က သွယ်တန်းထားပါတယ်။ အမှိုက်ပစ်စနစ်ကိုလည်း စနစ်တကျ ပြုလုပ်ထားပါတယ်။ လျှပ်စစ်စွမ်းအင် ချွေတာ သုံးစွဲရေးအတွက် အယ်လ်အီးဒီမီးသီးတွေနဲ့ မီးတိုင်တွေကို ပြုလုပ်ထားပါတယ်။

ရေဆိုးသန့်စင်စနစ်ဆိုရင် သန့်စင်ခန်းမှ ထွက်လာတဲ့ ရေဆိုးတွေကို သာမက အိမ်တစ်အိမ်က ထွက် တဲ့ မီးဖိုချောင်၊ အဝတ်လျှော်စက်နဲ့ ရေချိုးခန်းတွေက ထွက်တဲ့ ရေဆိုးတွေကို ၉၀ ရာခိုင်နှုန်းအထိ သန့်စင်ပေးတယ်။

သန့်စင်ပြီးထွက်ရှိတဲ့ ရေတွေကိုလည်း တိုက်ရိုက်စွန့်ပစ်နိုင်တဲ့အပြင် သစ်ပင်ရေလောင်းခြင်း၊ ကား ဆေးခြင်းအတွက် အသုံးပြုနိုင်ပါတယ်။

ဝယ်ယူသူတွေကိုလည်း လုံခြုံရေးအတွက် အစစအရာရာ တာဝန်ယူပြီးတော့ ကင်းလှည်းအဆိုင်း သုံး ဆိုင်းထားရှိပေးပါတယ်။ အခန်းဝယ်ယူသူတွေအတွက်လည်း တစ်ခန်းကို ကားပါကင်တွေပေးမှာ ဖြစ်ပါ တယ်။“”


Credit: The Modern
ရှမ်းပြည်နယ်ရဲ့ ပထမဆုံး အဆင့်မြင့်အိမ်ရာစီမံကိန်း မတ်လ ၃၁ ရက် ရောင်းချမည်။ - Property News in Myanmar from iMyanmarHouse.com
ရှမ်းပြည်နယ်ရဲ့ ပထမဆုံး အဆင့်မြင့်အိမ်ရာစီမံကိန်း မတ်လ ၃၁ ရက် ရောင်းချမည်။ - Property News in Myanmar from iMyanmarHouse.com

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

Britain Got Talent ဒိုင်လူကြီး Simon Cowell ၏ အင်္ဂလန်ကျေးလက်စံအိမ်ခြံဝန်းအတွင်း ပွေးများ သောင်းကျန်းမှုကြောင့် ပန်းဥယျာ
Britain Got Talent ဒိုင်လူကြီး Simon Cowell ၏ အင်္ဂလန်ကျေးလက်စံအိမ်ခြံဝန်းအတွင်း ပွေးများ သောင်းကျန်းမှုကြောင့် ပန်းဥယျာ
ဂျနီဖာလိုပက်နှင့် ဘင်အက်ဖလက်တို့စုံတွဲ နယူးယောက်မြို့တွင် နေအိမ်ဝယ်ယူရန် လိုက်လံရှာဖွေနေသော ဓာတ်ပုံများ ထွက်ပေါ်လာ
ဂျနီဖာလိုပက်နှင့် ဘင်အက်ဖလက်တို့စုံတွဲ နယူးယောက်မြို့တွင် နေအိမ်ဝယ်ယူရန် လိုက်လံရှာဖွေနေသော ဓာတ်ပုံများ ထွက်ပေါ်လာ
ဆန်ကရန်တီ (သို့မဟုတ်) ဆောင်ကရန် (သို့မဟုတ်) ထိုင်းသင်္ကြန်ပွဲတော်
ဆန်ကရန်တီ (သို့မဟုတ်) ဆောင်ကရန် (သို့မဟုတ်) ထိုင်းသင်္ကြန်ပွဲတော်
ထိုင်း၊ ကမ္ဘောဒီးယား၊ လာအို၊ မလေးရှား၊ ဗီယက်နမ်နှင့် မြန်မာ အာဆီယံ (၆) နိုင်ငံအကြား ဘုံဗီဇာ ကျင့်သုံးရန် စီစဉ်လျက်ရှိ
ထိုင်း၊ ကမ္ဘောဒီးယား၊ လာအို၊ မလေးရှား၊ ဗီယက်နမ်နှင့် မြန်မာ အာဆီယံ (၆) နိုင်ငံအကြား ဘုံဗီဇာ ကျင့်သုံးရန် စီစဉ်လျက်ရှိ
ဂန္ထဝင်အဆိုတော်ကြီး Celine Dion မှ အမေရိကန်ဒေါ်လာ (၃၈)သန်းကျော်ဖြင့် ရောင်းချခဲ့သော ရေကူးကန်အသားပေး ရေပန်းဥယျာဉ်စံအိမ်ကြ
ဂန္ထဝင်အဆိုတော်ကြီး Celine Dion မှ အမေရိကန်ဒေါ်လာ (၃၈)သန်းကျော်ဖြင့် ရောင်းချခဲ့သော ရေကူးကန်အသားပေး ရေပန်းဥယျာဉ်စံအိမ်ကြ
စံပယ်ပန်းအမျိုးသမီး၊ ပြန်လမ်းမဲ့ဟိုတယ်၊ သီလရှင်သရဲ (သို့မဟုတ်) အမေရိကန်က လွန်စွာသရဲခြောက်သော မြို့ငယ်လေး
စံပယ်ပန်းအမျိုးသမီး၊ ပြန်လမ်းမဲ့ဟိုတယ်၊ သီလရှင်သရဲ (သို့မဟုတ်) အမေရိကန်က လွန်စွာသရဲခြောက်သော မြို့ငယ်လေး
ရေခဲခေတ်ထဲက အဖြေရှာမရပဲ ချောက်ကမ်းပါးမေးတင် ခိုတွယ်နေတဲ့ ဧရာမကျောက်တုံးကြီး အခုထိတိုင် တည်ရှိနေဆဲ ခရီးသွားလာမှုများပြားန
ရေခဲခေတ်ထဲက အဖြေရှာမရပဲ ချောက်ကမ်းပါးမေးတင် ခိုတွယ်နေတဲ့ ဧရာမကျောက်တုံးကြီး အခုထိတိုင် တည်ရှိနေဆဲ ခရီးသွားလာမှုများပြားန
အမေရိကန်ရုပ်ရှင်မင်းသား ခရစ္စ ပရက်နှင့် ကက်သရင်း ရှဝါ ဇနက်ဂါ (မင်းသားကြီး အာနိုး၏ သမီး) တို့စုံတွဲ ကြီးကျယ်ခမ်းနားသော စံ
အမေရိကန်ရုပ်ရှင်မင်းသား ခရစ္စ ပရက်နှင့် ကက်သရင်း ရှဝါ ဇနက်ဂါ (မင်းသားကြီး အာနိုး၏ သမီး) တို့စုံတွဲ ကြီးကျယ်ခမ်းနားသော စံ
တက္ကဆပ်ပြည်နယ်တွင် ဝိုင်စက်ရုံ၊ စပျစ်ခင်းတို့ ပါဝင်သော ၁၀ ဧကကျော် ကျယ်ဝန်းသည့် ခြံဝန်းကြီးနှင့် စံအိမ် ကန်ဒေါ်လာ ၁ ဒသမ ၂
တက္ကဆပ်ပြည်နယ်တွင် ဝိုင်စက်ရုံ၊ စပျစ်ခင်းတို့ ပါဝင်သော ၁၀ ဧကကျော် ကျယ်ဝန်းသည့် ခြံဝန်းကြီးနှင့် စံအိမ် ကန်ဒေါ်လာ ၁ ဒသမ ၂
ချစ်သူကောင်လေးနှင့်အတူ ဂျပန်ရှိ ဟိုတယ်တစ်ခုအတွင်းမှ ထွက်လာသော ဓာတ်ပုံများကြောင့် အွန်လိုင်းတွင် ဂယက်ရိုက်နေသူ BLACKPINK
ချစ်သူကောင်လေးနှင့်အတူ ဂျပန်ရှိ ဟိုတယ်တစ်ခုအတွင်းမှ ထွက်လာသော ဓာတ်ပုံများကြောင့် အွန်လိုင်းတွင် ဂယက်ရိုက်နေသူ BLACKPINK

Upcoming Property Events

mya-villa
bkk-projects

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service