ယခုဘဏ္ဍာနှစ်တွင် အစိုးရမျှော်မှန်းသည်ထက် နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု ပိုမိုဟုဆို - Property News in Myanmar from iMyanmarHouse.com
1392 Views

ယခုဘဏ္ဍာနှစ်တွင် အစိုးရမျှော်မှန်းသည်ထက် နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု ပိုမိုဟုဆို

စီးပွားရေးဖွံ့ဖြိုးမှု နှေးကွေးသည့် အခြေအနေကြုံတွေ့ခဲ့ ရသော်လည်း မြန် မာနိုင်ငံသို့ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုသည် အစိုးရက မျှော်မှန်းထားသည့် ပမာ ဏထက် အမေရိကန်ဒေါ်လာသန်း ၈၀၀ ပို များကြောင်း မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ကော်မရှင် အထွေထွေအ တွင်းရေးမှူး ဦးအောင်နိုင်ဦး က ပြောသည်။

၂၀၁၆ ဧပြီ ၁ ရက်ကစတင်၍ နိုင်ငံတော်အစိုးရအဖြစ် တာဝန်ယူခဲ့သော ဒီချုပ်အစိုးရလက်ထက် တွင် နိုင်ငံခြားသား လုပ်ငန်းရှင်များက မြန်မာနိုင်ငံ သို့ လာရောက် စီးပွားရေး လုပ်ကိုင်ရန် စောင့် ကြည့်နေသည့် အခြေ အနေတွင် ရှိနေသည်ဟု စီးပွားရေးလုပ်ငန်း ရှင်အချို့က ပြောသည်။

နိုင်ငံခြားစီးပွားရေးလုပ်ငန်း ရှင်များသည် (တယ်လီကွန်း) ဆက်သွယ်ရေး လုပ်ငန်းများတွင် ရင်းနှီးမြှုပ်နှံမှု ပမာဏများစွာ ၀င် ရောက်လာခြင်းကြောင့် ဘဏ္ဍာ နှစ် ကုန်ဆုံးရန် ရက်ပိုင်းအလို၌ အမေရိကန်ဒေါ်လာ ၆ဒသမ၈ ဘီ လီယံကျော်ရှိကြောင်း ဦးအောင် နိုင်ဦးက မတ်လ ၁၄ ရက် မြန်မာ နိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင်ရုံး တွင် ပြုလုပ်သော သတင်းစာ ရှင်းလင်းပွဲ၌ ပြော ကြားသည်။

ယခု ဘဏ္ဍာနှစ်အတွက် အစိုးရမျှော်မှန်းထားသည့် နိုင်ငံ ခြားရင်းနှီးမြှုပ်နှံမှု ပမာဏသည် အမေရိကန်ဒေါ်လာ ၆ ဘီလီယံ ဖြစ်သည်။

‘‘ဒီနှစ်အတွက် ဆက်သွယ် ရေးလုပ်ငန်းမှာ ရင်းနှီးမြှုပ်နှံမှုဝင်တာ အများဆုံး ပဲ’’ဟု ဦးအောင်နိုင် ဦးက ပြောသည်။

မြန်မာနိုင်ငံသို့ ယခုဘဏ္ဍာ နှစ်၌ ၀င်ရောက်ခဲ့သည့် နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု များတွင် ဆက်သွယ် ရေးကဏ္ဍ၌ စုစုပေါင်းရင်းနှီးမြှုပ်နှံမှုပမာဏထက် ၄၆ ရာခိုင်နှုန်းကျော်ရှိပြီး စက်မှုကဏ္ဍတွင် ရင်းနှီးမြှုပ်နှံမှုပမာဏသည် ၁၇ ရာ ခိုင်နှုန်းကျော်ရှိကြောင်း မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံ မှုကော်မရှင်၏ စာရင်းများ အရ သိရသည်။

ယခုဘဏ္ဍာနှစ်လယ်ပိုင်းက အစိုးရသစ်၏ စီးပွားရေးပြုပြင် ပြောင်းလဲမှုနှ င့် မြန်မာနိုင်ငံ ရင်းနှီး မြှုပ်နှံမှုအခြေအနေတို့ကို စောင့် ကြည့်နေခြင်းေ ကြာင့် နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု အ၀င်လျော့နည်း နိုင်သည်ဟု အစိုးရ တာဝန် ရှိသူ အချို့က ခန့်မှန်းသည်။

ပြီးခဲ့သည့် ၂၀၁၅ - ၁၆ ဘဏ္ဍာနှစ်က မြန်မာနိုင်ငံ တွင် ရွေးကောက်ပွဲရှိခဲ့ေ သ်ာလည်း နိုင်ငံ ခြားရင်းနှီးမြှုပ်နှံမှု ပြည်တွင်းသို့ ၀င်ရောက်မှုသည် အမေရိ ကန် ဒေါ်လာ ၉ ဘီလီယံကျော် ရှိခဲ့ သည်။ အစိုးရ သစ်သက်တမ်းပထမ နှစ် အတွင်း နိုင်ငံခြားရင်းနှီးမြှုပ်နှံ မှုသည် ယခင်နှစ်ထက်လျော့နည်း ကျဆင်းနေ မှုကို ပြည်တွင်းစီးပွားရေးလုပ်ငန်းရှင်အချို့က စိုးရိမ်ခဲ့သည်။ ကုန်သွယ်မှု လိုငွေကြီးမား ပြီး ဘတ်ဂျက်လိုငွေများနေချိန်တွင် ရင်းနှီးမြှုပ်နှံမှု အ၀င်လျော့ ကျခြင်းသည် စီးပွားရေး အကျပ်အတည်း ဖြစ်စေရန် ဦးတည်ချက်ဖြစ် လာ မည်ဟု ၎င်းတို့က ပြောခဲ့သည်။ ဘဏ္ဍာနှစ်ကုန်ဆုံးချိန် တွင် မျှော်မှန်း ထား သည်ထက် နိုင်ငံ ခြားရင်းနှီးမြှုပ်နှံမှုပိုများလာခြင်း သည် လာမည့် ဘ ဏ္ဍာနှစ်အတွက် အလားအလာကောင်းတစ်ခုဖြစ် သည်ဟု မြန်မာနိုင်ငံ ကုန် သည်၊ စက်မှုအသင်းချုပ် ဒုတိယဥက္ကဋ္ဌ ဒေါက်တာ မောင်မောင်လေး က ပြောသည်။

မြန်မာနိုင်ငံသို့ ၀င်ရောက် နေသည့် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု များသည် တ ရုတ်နိုင်ငံနှင့် အာဆီယံဒေသတွင်း နိုင်ငံများက အများ ဆုံးဖြစ်သည်။

Credit: 7DayDaily

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

လီဗာပူးတိုက်စစ်မှူး မိုဟာမက် ဆာလာ၏ စံအိမ်
လီဗာပူးတိုက်စစ်မှူး မိုဟာမက် ဆာလာ၏ စံအိမ်
ဂျပန်တွင် သားကို အလွန်ချစ်သော အိမ်ခြံမြေလုပ်ငန်းရှင် ဖခင်တစ်ဦးက ယန်းငွေ သန်း ၁၀၀ ခန့် သုံးစွဲကာ စတိုးဆိုင်၊ မြေအောက်ဘူတာ
ဂျပန်တွင် သားကို အလွန်ချစ်သော အိမ်ခြံမြေလုပ်ငန်းရှင် ဖခင်တစ်ဦးက ယန်းငွေ သန်း ၁၀၀ ခန့် သုံးစွဲကာ စတိုးဆိုင်၊ မြေအောက်ဘူတာ
[ရုပ်ရည်ကျဆင်း အိုမင်းခြင်းကား ပျိုမျစ်နောက်ဆုံးရှိချေ၏] အိုမင်းသော ရုပ်ရည်မှ ဆန်းကြယ်စွာ နုပျိုသွားသော ဂျပန်အမျိုးသားတစ
[ရုပ်ရည်ကျဆင်း အိုမင်းခြင်းကား ပျိုမျစ်နောက်ဆုံးရှိချေ၏] အိုမင်းသော ရုပ်ရည်မှ ဆန်းကြယ်စွာ နုပျိုသွားသော ဂျပန်အမျိုးသားတစ
ဂျပန်အလုပ်သမားတစ်ဦးက တစ်ရက်လျှင် ၁၈ နာရီခန့် ရုန်းကန်လှုပ်ရှားရသည့် သူ၏ဘဝကို လူမှုကွန်ရက်တွင် ဗွီဒီယိုဖိုင်တင်ခဲ့ပုံ ဂယက
ဂျပန်အလုပ်သမားတစ်ဦးက တစ်ရက်လျှင် ၁၈ နာရီခန့် ရုန်းကန်လှုပ်ရှားရသည့် သူ၏ဘဝကို လူမှုကွန်ရက်တွင် ဗွီဒီယိုဖိုင်တင်ခဲ့ပုံ ဂယက
မည်သည့်အခါမှ လူ ၉၉ ဦးထက် အပိုမခံသည့် ဆန်းကြယ်သော တိုင်းရင်းသားမျိုးနွှယ်စုတစ်ခုအကြောင်း၊ ကလေးတစ်ဦး မွေးဖွားလျှင် လူတစ်ဦး
မည်သည့်အခါမှ လူ ၉၉ ဦးထက် အပိုမခံသည့် ဆန်းကြယ်သော တိုင်းရင်းသားမျိုးနွှယ်စုတစ်ခုအကြောင်း၊ ကလေးတစ်ဦး မွေးဖွားလျှင် လူတစ်ဦး
တရုတ်ပြည်တွင် အသက် ၁၅ နှစ်အရွယ်အထိ သူတောင်းစားဂိုဏ်းသားအဖြစ် တောင်းရမ်းခဲ့ရပြီး အသက် ၁၆ နှစ်တွင် မူလတန်းကျောင်း စတင်ကျော
တရုတ်ပြည်တွင် အသက် ၁၅ နှစ်အရွယ်အထိ သူတောင်းစားဂိုဏ်းသားအဖြစ် တောင်းရမ်းခဲ့ရပြီး အသက် ၁၆ နှစ်တွင် မူလတန်းကျောင်း စတင်ကျော
ရိုးမရိပ်သာ တန်ဖိုးနည်းအိမ်ရာ အခန်းနေရာမဲနှိုက်ခြင်းကို ဇွန်လ ၂၆ ရက်မှ ၂၈ ရက်အထိ မြို့ပြနှင့်အိမ်ရာ ဖွံ့ဖြိုးရေးဦးစီးဌာန
ရိုးမရိပ်သာ တန်ဖိုးနည်းအိမ်ရာ အခန်းနေရာမဲနှိုက်ခြင်းကို ဇွန်လ ၂၆ ရက်မှ ၂၈ ရက်အထိ မြို့ပြနှင့်အိမ်ရာ ဖွံ့ဖြိုးရေးဦးစီးဌာန
တရုတ်ပြည်တွင် အမျိုးသားကြီးတစ်ဦးက သူ၏ ၅ လွှာတိုက်ခန်း ဝရန်တာ၌ ကိုယ်ပိုင်ဓာတ်လှေကားတစ်ခု တီထွင်တပ်ဆင်ခဲ့ပုံအပေါ် ပြည်မကြီ
တရုတ်ပြည်တွင် အမျိုးသားကြီးတစ်ဦးက သူ၏ ၅ လွှာတိုက်ခန်း ဝရန်တာ၌ ကိုယ်ပိုင်ဓာတ်လှေကားတစ်ခု တီထွင်တပ်ဆင်ခဲ့ပုံအပေါ် ပြည်မကြီ
အိန္ဒိယတွင် ပလတ်စတစ်မိုး ကျူးကျော်တဲလေးတစ်လုံး၌ နေထိုင်သော မိန်းကလေးတစ်ဦးကို ဟောလိဝုဒ် ရုပ်ရှင်သရုပ်ဆောင်တစ်ဦးက တွေ့ရှိသ
အိန္ဒိယတွင် ပလတ်စတစ်မိုး ကျူးကျော်တဲလေးတစ်လုံး၌ နေထိုင်သော မိန်းကလေးတစ်ဦးကို ဟောလိဝုဒ် ရုပ်ရှင်သရုပ်ဆောင်တစ်ဦးက တွေ့ရှိသ
အိန္ဒိယတွင် အလုပ်သင် ဆော့ဖ်ဝဲအင်ဂျင်နီယာ ခေါ်ယူရာတွင် ပလာတာတချပ်ဖိုးပင် မရှိသော လစာဖြင့် ခေါ်ယူခဲ့မှု အပေါ် အိန္ဒိယလူမှု
အိန္ဒိယတွင် အလုပ်သင် ဆော့ဖ်ဝဲအင်ဂျင်နီယာ ခေါ်ယူရာတွင် ပလာတာတချပ်ဖိုးပင် မရှိသော လစာဖြင့် ခေါ်ယူခဲ့မှု အပေါ် အိန္ဒိယလူမှု

Upcoming Property Events

From 28 Jun To 29 Jun

Magical World Apartment

From 28 Jun To 29 Jun

Pan Swal Taw Condominium

From 02 Jun To 30 Jun

Central Shophouse

From 05 Jul To 06 Jul

Mingalar Market

From 09 Jun To 09 Jul

The Vista Luxury Residence

Pan Swal Taw Condominium

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service