အိမ်မြေပိုင်ဆိုင်မှုကို ကျမ်းကျိန်လွှာဖြင့် လွှဲပြောင်းခွင့် မရှိခြင်း - Property News in Myanmar from iMyanmarHouse.com
2187 Views

အိမ်မြေပိုင်ဆိုင်မှုကို ကျမ်းကျိန်လွှာဖြင့် လွှဲပြောင်းခွင့် မရှိခြင်း

''အခက်အခဲရှိတိုင်း သူငယ်ချင်းဆီ မကြာခဏ လာပြီး အပူကပ်သလို ဖြစ်ေ နတယ်''

မိတ်ဆွေ တစ်ဦးက စာရေးသူ၏ ရုံးခန်းသို့ ရောက်ရှိလာပြီး စကားပလ္လင်ခံ လိုက်ခြင်းဖြစ်သည်။

''ရပါတယ် သူငယ်ချင်း၊ ပြဿနာမရှိပါဘူး။ အခုဘာအခက်အခဲတွေ့ နေပြန် ပြီ လဲ'' စာရေးသူက မေးခွန်းထုတ် လိုက်ခြင်းဖြစ်သည်။

''ဇနီးသည်ဘက်မှ ဆွေမျိုးတစ်ဦးက မြေနဲ့အိမ်ကို ဝယ်ဖို့ သွားစုံစမ်းေ တာ့ မြေပိုင်ရှင်ညီမ နှစ်ယောက်မှာ အစ်မဖြစ်သူက သူ မကွယ်လွန်မီမှာ သူ့ရဲ့ ဝေစုကို ပူးတွဲ ပိုင်ရှင်ညီမထံ ကျမ်းကျိန် လွှာနဲ့ စွန့်လွှတ်စာ ချုပ် ပြု လုပ်ပေးခဲ့တယ်''

''နေပါဦး သူငယ်ချင်းရဲ့ ပြောစကားအရ စွန့်လွှတ်ကြောင်း ကျမ်းကျိန်လွှာနဲ့ စွန့်လွှတ်စာချုပ်နှစ်မျိုး ရှိတယ်ပေါ့''စာရေးသူက မိတ်ဆွေ၏ စကားမဆုံး မီ မှာ ဖြတ်၍ မေးလိုက်ခြင်းဖြစ်သည်။

''နှစ်မျိုးရှိတဲ့ သဘောတော့ မဟုတ်ဘူး။ စွန့်လွှတ်ကြောင်း ကျမ်းကျိန်လွှာ လို့ ပဲ ပြောတယ်''

''ဒါဆိုရင် မှတ်ပုံတင် စွန့်လွှတ်စာချုပ် မပြုလုပ်မီမှာ အစ်မ ဖြစ်သူက ကွယ် လွန်သွားတဲ့ သဘော ဖြစ်မယ်''

''ဒီလိုလည်း မဟုတ်ဘူး''

''သူငယ်ချင်းကိစ္စက ရှုပ်သွားပြီ''

''သူတို့ ပြောတာတော့ စွန့်လွှတ်ကြောင်း ကျမ်းကျိန်လွှာကို မှတ်ပုံတင်ထား တယ်လို့ ပြောတယ်၊ အဲဒါ မိမိကိုယ်တိုင်လည်း မရှင်းလို့ သူငယ်ချင်းဆီ လာမေးတာပဲ''

''ရှင်းပါတယ်။ စွန့်လွှတ်ကြောင်း မှတ်ပုံတင်ထားတဲ့ ကျမ်းကျိန်လွှာပဲ ရှိတာေ ပါ့''

''အဲဒီ စွန့်လွှတ်ကြောင်း မှတ်ပုံတင် ကျမ်းကျိန်လွှာက တရားဝင် ဖြစ် မဖြစ် သိချင်လို့''

''မောင်နှမမွေးချင်းမှာ မြေကွက်အမည်ပေါက်နှစ်ဦးတည်းသာ ရှိမယ်ဆိုရ င်တော့ စွန့်လွှတ်စာချုပ်ကို လုပ်ဖို့ မလိုပါဘူး''

''အေး ဟုတ်ပြီ၊ သူငယ်ချင်း ပြောမှ သဘောပေါက်လာတယ်၊ အခု အငယ် ဆုံး မောင်ဖြစ်သူက ကန့်ကွက်ထားတယ်လို့ ပြောတယ်။ အဲဒါဘယ်လို အခြေအနေမျိုးဖြစ်လာနိုင်သလဲလို့''

''အငယ်ဆုံးမောင်ဆိုရင်တော့ အစ်မကြီးရဲ့ အမွေကို ခံစားခွင့် ရနိုင်တာပေါ့''

''နားမလည်လို့ ရှင်းပြပါအုံး သူငယ်ချင်း''

''ဒီလိုကွာ၊ အခုကိစ္စက မောင် နှမ သုံးဦးရှိမယ်။ အစ်မနှစ်ယောက်ရဲ့ အမည်နဲ့ မြေကွက်အမည် ပေါက်နေတယ်။ အဆောက် အအုံလည်းရှိမယ်။ အဲဒါနဲ့ ကွယ်လွန်သွားတဲ့ အစ်မကြီးက ခင်ပွန်း သားသမီး မရှိဘူးလား''

''ကွယ်လွန်သွားတဲ့ အစ်မကြီး က အပျိုကြီးလို့ ပြောတယ်၊ ညီမ ဖြစ်သူကေ တာ့ အိမ်ထောင်ရှိ တယ်''

''ဒါကြောင့် အစ်မဖြစ်သူက သူ့ဝေစုကို ညီမဖြစ်သူထံေ ပးသွားချင်တာဖြစ် မှာပေါ့၊ မောင်ဖြစ်သူ က အိမ်ထောင်ရှိလား''

''မောင်ဖြစ်သူကလည်း အိမ်ထောင်ရှိတယ်၊ သူနဲ့လက်ထပ်တဲ့ မိန်းကလေး ကို မိဘတွေက မကျေနပ်လို့ အခုမြေနဲ့အိမ်ကို ညီမနှစ်ယောက်အမည် နဲ့ ပေးခဲ့တယ်လို့ ပြောတယ်''

''ဟုတ်ပြီ၊ သူငယ်ချင်းရဲ့ ပြောစကားအရဆိုရင် မှတ်ပုံတင်ပြုလုပ် ထားတဲ့ စွန့်လွှတ်ပေးကမ်း ခဲ့ကြောင်း ကျမ်းကျိန်လွှာဟာ ဥပဒေ အရ တရားဝင်ြ ခင်းရှိ၊ မရှိဆိုတဲ့ ပြဿနာ ဖြစ်နေတာပဲ မဟုတ်လား''

''အေး ဟုတ်တယ်၊ ဥပဒေ အရ တရားဝင်ပြီး ညီမဖြစ်သူ တစ်ဦးတည်း ပိုင်ဖြစ်နိုင် မဖြစ်နိုင် သိချင်လို့ပဲ သူငယ်ချင်း''

''မေတ္တာနဲ့ ပေးကမ်းတာပဲ ဖြစ်ဖြစ်၊ ပူးတွဲပိုင်ရှင်က မိမိပိုင်ဝေစုကို အခြား ပူးတွဲ ပိုင်ရှင်တစ်ဦးထံ စွန့်လွှတ်ပေးကမ်း တာပဲဖြစ်ဖြစ်၊ စာချုပ် စာတမ်း မှတ်ပုံတင် ဥပဒေ အရ မှတ်ပုံတင်စာချုပ် ချုပ်ဆို ရမှာဖြစ်တယ်။ မှတ်ပုံ တင်စာချုပ်ဟာ ကျမ်းကျိန်လွှာနဲ့ မတူဘူး။ လက်ခံသူက တရားဝင် ပိုင်ဆိုင် ခွင့်ရမှာ ဖြစ်တယ်။ ကျမ်းကျိန်လွှာကတော့ စာချုပ် မဟုတ်တဲ့အတွက်၊ ကျမ်းကျိန်လွှာအရ ပစ္စည်း လွှဲပြောင်း လက်ခံသူမှာ ပိုင်ဆိုင်ခွင့် ရမှာ မဟုတ်ဘူး''

''သူငယ်ချင်းပြောစကား အရ ဆိုရင် အစ်မဖြစ်သူရဲ့ ပိုင်ဆိုင်မှုဟာ ညီမဆီေ ရာက်ရှိပိုင်ဆိုင်ခြင်း မရှိဘူးဆိုတဲ့ သဘောပေါ့''

''မှန်ပါတယ်။ ကျမ်းကျိန်လွှာအရ ပိုင်ဆိုင်ခွင့်မရှိတဲ့အတွက် အပျိုကြီးဖြစ်တဲ့ အစ်မကြီးရဲ့ ဝေစုကို မောင်အငယ်ကလည်း ရခွင့်ရှိသွားမှာ ဖြစ်တယ်''

''ကွယ်လွန်သူရဲ့ အစ်ကိုကြီး ရှိမယ်ဆိုရင် သူလည်း ရနိုင်တယ် ပေါ့''

''မြန်မာဗုဒ္ဓဘာသာဝင်ဆို ရင် မြန်မာ့ ဓလေ့ထုံးတမ်းဥပဒေ အရ အမွေ ဟာ အောက်ကိုပဲ စုန်တယ်။ အောက်ကို စုန်ရမယ့် လူ မရှိမှ အထက်ကို ပြန် ဆန်လေ့ ရှိတယ်''

''ဒါဆို အစ်ကိုကြီးဖြစ်သူက မရနိုင်ဘူးပေါ့''

''မှန်ပါတယ်။ အစ်မကြီးကလည်း အပျိုကြီးဖြစ်နေလို့။ အကယ်၍များ ခင်ပွန်း၊ သားသမီး ကျန်ခဲ့ရင် သူရဲ့ လင်ယောက်ျားက အမွေဆက်ခံခွင့်ရ မှာ ဖြစ် တယ်''

''သူငယ်ချင်းရဲ့ ဆွေးနွေးချက် အရဆိုရင် ကျမ်းကျိန်လွှာမှာ မှတ်ပုံတင် ထားသည်ဖြစ်စေ၊ မှတ်ပုံ မတင်ပဲထားသည်ဖြစ်စေ၊ စွန့်လွှတ်ကြောင်း ကျန်းကျိန်လွှာဟာ တရား မဝင်တဲ့သဘော ဖြစ်နေ တာပေါ့''

"ခင်မောင်လတ်ပါ လေးဦးနှင့် ဒေါ်ခင်ခင်လှ ၂ဝ၁၃ ခုနှစ် မြန်မာနိုင်ငံ တ ရား စီရင်ထုံး စာမျက်နှာ ၁၂ စီရင်ထုံးမှာ ကျမ်းကျိန်လွှာသည် သက်သေခံ ဥပဒေပုဒ်မ ၃ တွင် ဖွင့်ဆိုထားသည့် သက်သေ အထောက်အထားဆိုသည့် စကားရပ်တွင် အကျုံးမဝင်သဖြင့် သက်သေခံအထောက်အထားအဖြစ်
လက်ခံနိုင်မည် မဟုတ်ပေ။

ယခုအမှုတွင် ဒေါ်ခင်သန်းက အချင်းဖြစ်မြေကွက်မှ ပူးတွဲပိုင်ရှင် ဒေါ် ခင်ခင်လှ ထံ ၄င်းပိုင်ဆိုင်သည့် အစုကို စွန့်လွှတ်ပေးအပ်ခဲ့ကြောင်း စာချုပ် စာတမ်းမှတ်ပုံတင်ရုံး၌ ကျမ်းကျိန်လွှာပြုလုပ်ခဲ့ သော်လည်း စွန့်လွှတ်ရာ မရောက်၊ စွန့်လွှတ်မှုသည် အထမမြောက်ဟု ဆုံးဖြတ်ထားပါတယ်''

''ဒါဆို သေချာစိစစ်ကြည့်ဖို့ လိုပြီပေါ့''

''ဟုတ်ပါတယ်၊ ပေးကမ်းတာ ပဲဖြစ်ဖြစ်၊ စွန့်လွှတ်တာပဲဖြစ်ဖြစ် မရွှေ့ မပြောင်းနိုင်တဲ့ ပစ္စည်း အိမ်၊ မြေတို့ ဖြစ်ရင်တော့ ကျမ်းကျိန်လွှာဟာ ခိုင်မာ မှု မရှိတဲ့အတွက် မှတ်ပုံတင် စာချုပ်ရုံးမှာ လိုအပ်တဲ့ တံဆိပ်ခေါင်းခွန် ထမ်းေ ဆာင်ပြီး စွန့်လွှတ်စာချုပ်၊ ပိုင်ဆိုင်ကြောင်း စာချုပ်တွေ ချုပ်ဆိုမှ တရားဝင် ပိုင်ဆိုင်မှာဖြစ်လို့ အထူးသတိပြု ဝယ်သင့်တယ် သူငယ်ချင်း''ဟု ဆွေးနွေး အကြံပြုလိုက်ပါသည်။


Credit - Zaygwet Journal

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

မည်သည့်အခါမှ လူ ၉၉ ဦးထက် အပိုမခံသည့် ဆန်းကြယ်သော တိုင်းရင်းသားမျိုးနွှယ်စုတစ်ခုအကြောင်း၊ ကလေးတစ်ဦး မွေးဖွားလျှင် လူတစ်ဦး
မည်သည့်အခါမှ လူ ၉၉ ဦးထက် အပိုမခံသည့် ဆန်းကြယ်သော တိုင်းရင်းသားမျိုးနွှယ်စုတစ်ခုအကြောင်း၊ ကလေးတစ်ဦး မွေးဖွားလျှင် လူတစ်ဦး
စင်္ကာပူအစိုးရက နိုင်ငံပိုင် မြေကွက်ကို မလေးရှားဘုရင်၏ သားတော်ပိုင်ဆိုင်သော မြေကွက် (စင်္ကာပူ ရုက္ခဗေဒဥယျာဉ်အနီးရှိ) နှင
စင်္ကာပူအစိုးရက နိုင်ငံပိုင် မြေကွက်ကို မလေးရှားဘုရင်၏ သားတော်ပိုင်ဆိုင်သော မြေကွက် (စင်္ကာပူ ရုက္ခဗေဒဥယျာဉ်အနီးရှိ) နှင
ဘီလ်ဂိတ်က သမီးဖြစ်သူ မြင်းစီးလေ့ကျင့်ရန်အတွက် ဖလော်ရီဒါမှ မြေဈေးကောင်းသောနေရာတွင် ၁၈ ဧက ဖြန့်ကျက်တည်ရှိသော တစ်လမ်းလုံးကိ
ဘီလ်ဂိတ်က သမီးဖြစ်သူ မြင်းစီးလေ့ကျင့်ရန်အတွက် ဖလော်ရီဒါမှ မြေဈေးကောင်းသောနေရာတွင် ၁၈ ဧက ဖြန့်ကျက်တည်ရှိသော တစ်လမ်းလုံးကိ
iPhone 5 ထွက်ရှိစဉ်ကတည်းက တစ်နာရီလျှင် ၃၃ ဒေါ်လာယူကာ တန်းစီဝယ်ယူပေးခဲ့သော အမေရိကန် အမျိုးသားမှာ ယခုအခါ iPhone ဝယ်ယူလိုသူ
iPhone 5 ထွက်ရှိစဉ်ကတည်းက တစ်နာရီလျှင် ၃၃ ဒေါ်လာယူကာ တန်းစီဝယ်ယူပေးခဲ့သော အမေရိကန် အမျိုးသားမှာ ယခုအခါ iPhone ဝယ်ယူလိုသူ
ပြင်သစ်တွင် နေအိမ်တစ်ခု၏ နံရံထဲ၌ လျှို့ဝှက်သိမ်းဆည်းထားသော ရွှေဒင်္ဂါးပြားများ ရှာဖွေတွေ့ခဲ့ပြီး လေလံတင်ရောင်းချရာတွင် ဒ
ပြင်သစ်တွင် နေအိမ်တစ်ခု၏ နံရံထဲ၌ လျှို့ဝှက်သိမ်းဆည်းထားသော ရွှေဒင်္ဂါးပြားများ ရှာဖွေတွေ့ခဲ့ပြီး လေလံတင်ရောင်းချရာတွင် ဒ
သြစတေးလျတွင် အမျိုးသားတစ်ဦးက ၇ နှစ်ကြာအချိန်ယူကာ ဘူးခွံ၊ ပုလင်းခွံပေါင်း ၄၅၀,၀၀၀ ကောက်ယူစုဆောင်းခဲ့ကာ ရောင်းရငွေဖြင့် အိ
သြစတေးလျတွင် အမျိုးသားတစ်ဦးက ၇ နှစ်ကြာအချိန်ယူကာ ဘူးခွံ၊ ပုလင်းခွံပေါင်း ၄၅၀,၀၀၀ ကောက်ယူစုဆောင်းခဲ့ကာ ရောင်းရငွေဖြင့် အိ
ရိုးမရိပ်သာ တန်ဖိုးနည်းအိမ်ရာ အခန်းနေရာမဲနှိုက်ခြင်းကို ဇွန်လ ၂၆ ရက်မှ ၂၈ ရက်အထိ မြို့ပြနှင့်အိမ်ရာ ဖွံ့ဖြိုးရေးဦးစီးဌာန
ရိုးမရိပ်သာ တန်ဖိုးနည်းအိမ်ရာ အခန်းနေရာမဲနှိုက်ခြင်းကို ဇွန်လ ၂၆ ရက်မှ ၂၈ ရက်အထိ မြို့ပြနှင့်အိမ်ရာ ဖွံ့ဖြိုးရေးဦးစီးဌာန
လီဗာပူးတိုက်စစ်မှူး မိုဟာမက် ဆာလာ၏ စံအိမ်
လီဗာပူးတိုက်စစ်မှူး မိုဟာမက် ဆာလာ၏ စံအိမ်
အိမ်ရာစုဆောင်းငွေ သိန်း (၃၀) အထက် စုဆောင်းပြီးသူများအနေဖြင့် မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေး ဦးစီးဌာန၏ သတ်မှတ်ချက်များနှင
အိမ်ရာစုဆောင်းငွေ သိန်း (၃၀) အထက် စုဆောင်းပြီးသူများအနေဖြင့် မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေး ဦးစီးဌာန၏ သတ်မှတ်ချက်များနှင
အိန္ဒိယတွင် ပလတ်စတစ်မိုး ကျူးကျော်တဲလေးတစ်လုံး၌ နေထိုင်သော မိန်းကလေးတစ်ဦးကို ဟောလိဝုဒ် ရုပ်ရှင်သရုပ်ဆောင်တစ်ဦးက တွေ့ရှိသ
အိန္ဒိယတွင် ပလတ်စတစ်မိုး ကျူးကျော်တဲလေးတစ်လုံး၌ နေထိုင်သော မိန်းကလေးတစ်ဦးကို ဟောလိဝုဒ် ရုပ်ရှင်သရုပ်ဆောင်တစ်ဦးက တွေ့ရှိသ

Upcoming Property Events

From 28 Jun To 29 Jun

Magical World Apartment

From 28 Jun To 29 Jun

Pan Swal Taw Condominium

From 02 Jun To 30 Jun

Central Shophouse

From 05 Jul To 06 Jul

Mingalar Market

From 09 Jun To 09 Jul

The Vista Luxury Residence

Pan Swal Taw Condominium

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service