ရွှေဝယ်ခွန် ခုနှိမ်ခွင့်ရရန် အစိုးရသို့ တင်ပြမည် - Property News in Myanmar from iMyanmarHouse.com
2126 Views

ရွှေဝယ်ခွန် ခုနှိမ်ခွင့်ရရန် အစိုးရသို့ တင်ပြမည်

အစိုးရက ရွှေဝယ်ယူသူများကို ဧပြီလ ၁ ရက်နေ့မှ စတင်ပြီး အခွန် ၁ ရာခိုင်နူန်းကောက်မည်ဖြစ်ရာ အကြောင်း အမျိုးမျိုးကြောင့် ပြန်လည် လဲလှယ်ခြင်း၊ ရောင်းချခြင်းများတွင် အခွန် ခုနှိမ်ခွင့် ရရှိစေရန် အစိုးရသို့ တင်ပြသွားမည် ဖြစ်ကြောင်း မြန်မာနိုင်ငံ ရွှေလုပ်ငန်းရှင်များအသင်းမှ သိရသည်။

မြန်မာနိုင်ငံ ရွှေလုပ်ငန်းရှင်များ အသင်း အတွင်းရေးမှူး ဦးကျော်ဝင်းက ”ရွှေဝယ်ယူတဲ့သူက ဝယ်တဲ့အခါတိုင်း ပေးရတာမျိုး မဖြစ်အောင် ဘာကို ပြန်ခုနှိမ်ပေးလို့ရမလဲ ကျနော်တို့က ပြန်စဉ်းစားပေးရမှာ ဖြစ်တယ်။ ဥပမာ လက်စွပ် ၁ ကွင်း ဝယ်လိုက်တယ်။ အိမ်ရောက်တော့ အတိုင်း မတော်လို့ ဆိုင်မှာ ပြန်လဲမယ်။ ဒါပေမယ့် အဲဒီမှာ ကုန်သွယ်လုပ်ငန်းခွန်က ဆောင် ပြီးပြီ။ လက်ခနဲ့ အလျော့တွက်က မရူံးပေမယ့် ဝယ်သူက ရွှေထည် ပြန်မယူရင် ကုန်သွယ်လုပ်ငန်းခွန်က ပြန်ပေးလို့ မရဘူးလေ အဲဒီတော့ ဒါကို ဘယ်လိုခုနှိမ်ပေးမလဲ ဆိုတာ တင်ပြမှာ ဖြစ်ပါတယ်”ဟု ပြောသည်။

ကုန်သွယ်လုပ်ငန်းခွန် ခုနှိမ်ခွင့် ရရှိစေရန် ရည်ရွယ်ပြီး သက်ဆိုင်ရာ အကောက်ခွန် ဝန်ကြီးဌာန တာဝန်ရှိသူများနှင့် မတ်လ ၁၅ ရက်နေ့တွင် ဆွေးနွေးသွားမည် ဖြစ်ကြောင်း ၎င်းက ပြောသည်။

”ဥပမာ ဆိုင်က ဝယ်သွားတာက ငါးမူးသား ပြန်လာလဲတာက ၁ ကျပ်သားဆိုရင် ကျနော်တို့က ငါးမူးသားဖိုး ကုန်သွယ်လုပ်ငန်းခွန် ထပ်ကောက်လို့ရတယ်။ ဒါပေမယ့် ဝယ်သူက ၁ ကျပ်သား ဝယ်သွားပြီး အဆင်မပြေလို့ ပြန်လာလဲတဲ့အခါ ငါးမူးသားဖြစ်နေရင် သူဆောင်ထားတဲ့ အခွန်ကို ဘယ်လိုခုနှိမ်ခွင့်ရမလဲ။ ဒါကိုနိုင်ငံတော်တင်ပြပြီး ဘယ်လို ပြန်ဖြေရှင်းပေးမလဲ ဆိုတာတင်ပြမယ်။ ဒါတွေက လက်တွေ့ကျတဲ့ အချက်တွေ ဖြစ်တယ်”ဟု ဦးကျော်ဝင်းက ရှင်းပြသည်။

၁၉၉၀ ခုနှစ်မှ စတင်၍ ရွှေဝယ်ယူသူများထံမှ ရွှေထည်များ တန်ဖိုးအလိုက် ကုန်သွယ်လုပ်ငန်းခွန် ၅ ရာခိုင်နူန်း ကောက်ခံခဲ့ ကြောင်း၊ ပြီးခဲ့သည့် ဖေဖော်ဝါရီလ ၂၄ ရက်နေ့က ပြည်ထောင်စု လွှတ်တော်မှ အတည်ပြုခဲ့သည့် အကောက်ခွန်ဥပဒေ အရ ရွှေထည် လက်ဝတ်ရတနာ ဝယ်ယူသူများမှ ဧပြီလ ၁ ရက်တွင် စတင်ကာ အခွန် ၁ ရာခိုင်နှုန်းကို ရွှေဝယ်ယူရာတွင် အခွန် တံဆိပ်ခေါင်း ကပ်ကာ ပေးဆောင်ရမည်ဖြစ်ကြောင်း ပြည်တွင်း အခွန်များ ဦးစီးဌာနမှ သိရသည်။

အင်းစိန်မြို့နယ်တွင် နေထိုင်သည့် ဒေါ်ဖြူဖြူဝင်း က ”ကျမတို့က အရင်က ရွှေလုပ်ရင် အခွန်ဆောင်ရတယ် ဆိုတာ မသိဘူး။ အခုမှ လူပြောများတာကြောင့် သိတာ။ ဒါပေမယ့် ပိုက်ဆံရှိရင် လုပ်တယ်။ မရှိရင် ပြန်ရောင်းတယ်။ တခုတော့ သိတယ်။ ရွှေကပြန်ရောင်းရင် ရူံးတာပဲ” ဟု ပြောသည်။

လက်ရှိ ရွှေဈေးကွက်တွင် ကမ္ဘာ့ ရွှေတအောင်စလျှင် အမေရိကန် ဒေါ်လာ ၁၂၀၆ နှင့် မြန်မာ့ အခေါက် ရွှေတကျပ်သားလျှင် ၈၈၄၀၀၀ ကျပ်တို့ဖြင့် အရောင်းအဝယ် ပြုလုပ်လျက်ရှိကြောင်း သိရသည်။

ထို့အပြင် ပြည်ပသို့ တရားဝင် ရောင်းဝယ်ဖောက်ကားခွင့် ရှိသော မြန်မာ့ရွှေဗဟို ဈေးကွက်ကိုလည်း ယခုနှစ် နှစ်လယ်ပိုင်း၌ ရန်ကုန်တိုင်းဒေသကြီး၊ ကျောက်တံတားမြို့နယ် ကုန်သည်လမ်း ရှိ နေရာ တွင် စတင် အကောင်အထည် ဖော်နိုင်ရန် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန၊ သဘာဝ ပတ်ဝန်းကျင်ထိန်းသိမ်းရေး ဝန်ကြီးဌာန၊ ပြည်ထဲရေး ဝန်ကြီးဌာန၊ မြန်မာနိုင်ငံတော် ဗဟိုဘဏ်၊ မြန်မာနိုင်ငံ ရွှေလုပ်ငန်းရှင်အသင်းနှင့် မြန်မာ့ရွှေဖွံဖြိုး တိုးတက်ရေး အများပိုင်ကုမ္ပဏီ တို့က ပူးပေါင်းလုပ်ဆောင်နေကြောင်း သိရသည်။

Credit: irrawaddy

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

တရုတ်နာမည်ကြီး ရက်ပ်အဆိုတော် ဘီလျံနာသူဌေး Huang Zitao (Exo အဖွဲ့သားဟောင်း) က မိန်းကလေး လစဉ်သုံးပစ္စည်း စက်ရုံတည်ထောင်ကာ
တရုတ်နာမည်ကြီး ရက်ပ်အဆိုတော် ဘီလျံနာသူဌေး Huang Zitao (Exo အဖွဲ့သားဟောင်း) က မိန်းကလေး လစဉ်သုံးပစ္စည်း စက်ရုံတည်ထောင်ကာ
ဒေါ်နယ်ထရမ့်ကို ပြန်လည်ဝန်ချတောင်းပန်လိုက်ပြီးနောက် Elon Musk ၏ ကြွယ်ဝမှု ပြန်လည်မြင့်တက်လာ
ဒေါ်နယ်ထရမ့်ကို ပြန်လည်ဝန်ချတောင်းပန်လိုက်ပြီးနောက် Elon Musk ၏ ကြွယ်ဝမှု ပြန်လည်မြင့်တက်လာ
အိန္ဒိယတွင် ပလတ်စတစ်မိုး ကျူးကျော်တဲလေးတစ်လုံး၌ နေထိုင်သော မိန်းကလေးတစ်ဦးကို ဟောလိဝုဒ် ရုပ်ရှင်သရုပ်ဆောင်တစ်ဦးက တွေ့ရှိသ
အိန္ဒိယတွင် ပလတ်စတစ်မိုး ကျူးကျော်တဲလေးတစ်လုံး၌ နေထိုင်သော မိန်းကလေးတစ်ဦးကို ဟောလိဝုဒ် ရုပ်ရှင်သရုပ်ဆောင်တစ်ဦးက တွေ့ရှိသ
ဂျပန်အလုပ်သမားတစ်ဦးက တစ်ရက်လျှင် ၁၈ နာရီခန့် ရုန်းကန်လှုပ်ရှားရသည့် သူ၏ဘဝကို လူမှုကွန်ရက်တွင် ဗွီဒီယိုဖိုင်တင်ခဲ့ပုံ ဂယက
ဂျပန်အလုပ်သမားတစ်ဦးက တစ်ရက်လျှင် ၁၈ နာရီခန့် ရုန်းကန်လှုပ်ရှားရသည့် သူ၏ဘဝကို လူမှုကွန်ရက်တွင် ဗွီဒီယိုဖိုင်တင်ခဲ့ပုံ ဂယက
ဂွင်းနက်ပက်ထရိုးက သူ၏ ဒေါ်လာ ၄ ဒသမ ၉ သန်းတန် စံအိမ်အတွင်း အပေါ်ပိုင်းအဝတ်မပါဘဲ ချက်ပြုတ်နေသည့် ဗွီဒီယိုမှာ လူမှုကွန်ရက်တ
ဂွင်းနက်ပက်ထရိုးက သူ၏ ဒေါ်လာ ၄ ဒသမ ၉ သန်းတန် စံအိမ်အတွင်း အပေါ်ပိုင်းအဝတ်မပါဘဲ ချက်ပြုတ်နေသည့် ဗွီဒီယိုမှာ လူမှုကွန်ရက်တ
ထိုင်းမှာ ဘတ် သန်း ၂၄၀ (ကန်ဒေါ်လာ ၇ ဒသမ ၄ သန်းခန့်) ထီပေါက်ခဲ့တဲ့ စပိန် ဆောက်လုပ်ရေးလုပ်သား ဘာကြောင့် အိမ်ရာမဲ့ ဖြစ်သွား
ထိုင်းမှာ ဘတ် သန်း ၂၄၀ (ကန်ဒေါ်လာ ၇ ဒသမ ၄ သန်းခန့်) ထီပေါက်ခဲ့တဲ့ စပိန် ဆောက်လုပ်ရေးလုပ်သား ဘာကြောင့် အိမ်ရာမဲ့ ဖြစ်သွား
ဂျက်ဘေးဇော့စ်က နယူးယောက်မြို့လယ်ရှိ သူ၏ ဒေါ်လာသန်း ၁၀၀ ကျော်တန် Penthouse ခန်းသို့ ကရိန်းဖြင့် ပရိဘောဂများ တင်ရန်အတွက် လ
ဂျက်ဘေးဇော့စ်က နယူးယောက်မြို့လယ်ရှိ သူ၏ ဒေါ်လာသန်း ၁၀၀ ကျော်တန် Penthouse ခန်းသို့ ကရိန်းဖြင့် ပရိဘောဂများ တင်ရန်အတွက် လ
ဥရောပသားတွေ ဘာကြောင့် ကြောင်အိမ်ထဲမှာ အိပ်ခဲ့ကြတာလဲ
ဥရောပသားတွေ ဘာကြောင့် ကြောင်အိမ်ထဲမှာ အိပ်ခဲ့ကြတာလဲ
တရုတ်ပြည်တွင် အသက် ၁၅ နှစ်အရွယ်အထိ သူတောင်းစားဂိုဏ်းသားအဖြစ် တောင်းရမ်းခဲ့ရပြီး အသက် ၁၆ နှစ်တွင် မူလတန်းကျောင်း စတင်ကျော
တရုတ်ပြည်တွင် အသက် ၁၅ နှစ်အရွယ်အထိ သူတောင်းစားဂိုဏ်းသားအဖြစ် တောင်းရမ်းခဲ့ရပြီး အသက် ၁၆ နှစ်တွင် မူလတန်းကျောင်း စတင်ကျော
အိမ်ရာစုဆောင်းငွေ သိန်း (၃၀) အထက် စုဆောင်းပြီးသူများအနေဖြင့် မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေး ဦးစီးဌာန၏ သတ်မှတ်ချက်များနှင
အိမ်ရာစုဆောင်းငွေ သိန်း (၃၀) အထက် စုဆောင်းပြီးသူများအနေဖြင့် မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေး ဦးစီးဌာန၏ သတ်မှတ်ချက်များနှင

Upcoming Property Events

From 02 Jun To 30 Jun

Central Shophouse

From 05 Jul To 06 Jul

Mingalar Market

From 09 Jun To 09 Jul

The Vista Luxury Residence

Mingalar Market

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service