အရှုံးပေါ်စက်ရုံများရပ်ဆိုင်းရန် အလျင်စလိုဆုံးဖြတ်လျှင်ရင်းနှီးမြှုပ်နှံထား မှုများ လုံးဝအဖတ်ဆယ်မရနိုင်တော့ဟု စက်မှုဝန်ကြီးပြော - Property News in Myanmar from iMyanmarHouse.com
1912 Views

အရှုံးပေါ်စက်ရုံများရပ်ဆိုင်းရန် အလျင်စလိုဆုံးဖြတ်လျှင်ရင်းနှီးမြှုပ်နှံထား မှုများ လုံးဝအဖတ်ဆယ်မရနိုင်တော့ဟု စက်မှုဝန်ကြီးပြော

အရှုံးပေါ်နေသည့်စက်ရုံ များကို လတ်တလောရပ်ဆိုင်းရန်ဘဏ္ဍာ
ရေးရှုထောင့်တစ်ခုတည်းဖြင့် အလျင်စလို ဆုံးဖြတ်လျှင် ရင်းနှီးမြှုပ်နှံထား
မှုများ လုံးဝ အဖတ်ဆယ်မရနိုင်တော့ဟု စက်မှုဝန်ကြီး ဌာန ပြည်ထောင်စု
ဝန်ကြီးဦးခင်မောင်ချိုက ပြောသည်။

၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ်အမျိုးသားစီ မံကိန်းဥပဒေကြမ်း၏ နောက်ဆက်
တွဲ(၂)ပါ စီမံကိန်းလုပ်ငန်းများနှင့်စပ်လျဉ်းပြီး ဥပဒေ ကြမ်းပူးပေါင်းကော်
မတီ၏ လေ့လာတွေ့ရှိ ချက်နှင့်သဘောထားမှတ်ချက်အစီရင်ခံစာ
ပြင်ဆင်ဖြည့်စွက်ချက်အပေါ် လွှတ်တော် ကိုယ်စားလှယ်များ၏
ဆွေးနွေးချက်များနှင့် ပတ်သက်၍ မတ် ၁၃ ရက် ပြည်ထောင်စုလွှတ်
တော်အစည်းအဝေးတွင် ပြည်ထောင်စုဝန်ကြီး က ယင်းကဲ့သို့ပြန်
လည်ပြောကြားခဲ့ခြင်းဖြစ် သည်။

နိုင်ငံပိုင်စက်ရုံ ၄၄ ရုံကို အရှုံးပေါ်နေ သည့်အတွက် လတ်တလော
ရပ်ဆိုင်းထား ရန် လွှတ်တော်ဥပဒေကြမ်းပူးပေါင်းကော်မ တီမှတင်ပြထားကာ အဆိုပါစက်ရုံ ၄၄ ရုံတွင် စက်မှုဝန်ကြီးဌာနမှ စက်ရုံ ၃၄ ရုံပါဝင်နေသည်။

""အခြေအနေအားလုံးအပေါ် ခြုံငုံသုံး သပ်ကြည့်ရာတွင် ယေဘုယျအားဖြင့် သဘာ ဝကျသည်ဟု လေ့လာသုံးသပ်နိုင်ပါတယ်။ နိုင်ငံတော်အတွက် ဝန်ထုပ်ဝန်ပိုးအဖြစ် နှစ် အတန်ကြာစက်ရုံများအား စနစ်တကျ ပြန် လည်သုံးသပ်နိုင်ရေးအတွက် ယာယီရပ်ဆိုင်း ရန်အကြံပြုချက်မှာ ယနေ့ ဈေးကွက်စီးပွား ရေးစနစ်နှင့်အညီ နိုင်ငံတော်၏ဘဏ္ဍာငွေ များကို မလိုအပ်သောရင်းနှီးမြှုပ်နှံခြင်းမှကာ ကွယ်ရန် သဘာဝကျပါသော်လည်း

အချို့ သော တင်ပြချက်များပေါ်တွင်မူ ဘဏ္ဍာရေး ရှုထောင့်တစ်ခုတည်းမှ သုံးသပ်၍ အလျင်စလိုဆုံးဖြတ်ချက်ချခဲ့ပါလျှင် နိုင်ငံတော်၏တန်ဖိုး
မဖြတ်နိုင်သော ရင်းနှီးမြှုပ်နှံထားရှိမှု များသည် လုံးဝပြန်လည်အဖတ်
ဆယ်မရ တော့သည့်အပြင် နောက်ဆက်တွဲပြဿနာ များဖြစ်သည့် နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး ပြဿနာများကိုပါ ရှောင်လွှဲမရနိုင်ပါ။ လတ် တလောအကျိုးကိုသာရှေးရှုခဲ့ပါလျှင် အဟော သိကံဖြစ်ရမှာဖြစ်
ပါတယ်""ဟု ပြည်ထောင်စု ဝန်ကြီးဦးခင်မောင်ချိုက ပြောသည်။

စက်ရုံများကို သာမန်ဆုံးဖြတ်ချက်များ ဖြင့်သာရပ်ဆိုင်းရန် စီစဉ်ခြင်းသည် အဓိက အဖြေမဟုတ်ကြောင်း၊ အမြန်ဆုံးပြန်လည် သုံးသပ်ရန်၊ လှုပ်ရှားနေသော ယာဉ်တစ်စီးကို ရုပ်ချည်းရပ်တန့်ပါက တည်ငြိမ်မှု
ပျက်ပြား နိုင်ကြောင်း လည်းကောင်းကဆိုသည်။

စက်မှုဝန်ကြီးဌာနအောက်ရှိ ရပ်ဆိုင်း ရန်တင်ပြထားသည့် စက်ရုံ ၃၄ ရုံရှိသည့်အ နက် ပုဂ္ဂလိကနှင့်ပူးပေါင်းထားသည့် စက်ရုံ ငါးရုံ၊ အကျိုးတူပူးပေါင်းရန် စိစစ်နေသော စက်ရုံ ၁၀ ရုံရှိကြောင်း၊ စက်ရုံ ၁၄ ရုံသာ လတ် တလောရပ်ဆိုင်းထားသင့်ပြီး စက်ရုံနှစ်ရုံကို ဆက်လက်ဆောင်
ရွက်သင့်ကြောင်း၊ စက်ရုံ သုံးရုံကိုပိတ်သိမ်းသင့်ကြောင်း ပြည်ထောင် စုဝန်ကြီးက ထပ်လောင်းပြောကြားခဲ့သည်။

ယင်းကိစ္စရပ်များအပါအဝင် အမျိုးသား စီမံကိန်းဥပဒေကြမ်းအပေါ် မတ် ၁၅ ရက် ပြည်ထောင်စုလွှတ်တော်အစည်းအဝေးတွင် အဆုံးအဖြတ်ရယူသွား
မည်ဖြစ်ကြောင်း သိ ရသည်။


Credit: Democracytoday

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

အိန္ဒိယတွင် လယ်သမားတစ်ဦးက မိုးဦးတဖြိုက်ကျအပြီး လယ်ကွင်းထဲသို့ ဆင်းခဲ့ရာ စိန်ကြီးတစ်ပွင့် ရှာတွေ့ခဲ့အပြီး တစ်ရွာလုံး အုံး
အိန္ဒိယတွင် လယ်သမားတစ်ဦးက မိုးဦးတဖြိုက်ကျအပြီး လယ်ကွင်းထဲသို့ ဆင်းခဲ့ရာ စိန်ကြီးတစ်ပွင့် ရှာတွေ့ခဲ့အပြီး တစ်ရွာလုံး အုံး
ထိုင်းမှာ ဘတ် သန်း ၂၄၀ (ကန်ဒေါ်လာ ၇ ဒသမ ၄ သန်းခန့်) ထီပေါက်ခဲ့တဲ့ စပိန် ဆောက်လုပ်ရေးလုပ်သား ဘာကြောင့် အိမ်ရာမဲ့ ဖြစ်သွား
ထိုင်းမှာ ဘတ် သန်း ၂၄၀ (ကန်ဒေါ်လာ ၇ ဒသမ ၄ သန်းခန့်) ထီပေါက်ခဲ့တဲ့ စပိန် ဆောက်လုပ်ရေးလုပ်သား ဘာကြောင့် အိမ်ရာမဲ့ ဖြစ်သွား
ဒေါ်နယ်ထရမ့်ကို ပြန်လည်ဝန်ချတောင်းပန်လိုက်ပြီးနောက် Elon Musk ၏ ကြွယ်ဝမှု ပြန်လည်မြင့်တက်လာ
ဒေါ်နယ်ထရမ့်ကို ပြန်လည်ဝန်ချတောင်းပန်လိုက်ပြီးနောက် Elon Musk ၏ ကြွယ်ဝမှု ပြန်လည်မြင့်တက်လာ
ရိုးမရိပ်သာ တန်ဖိုးနည်းအိမ်ရာ အခန်းနေရာမဲနှိုက်ခြင်းကို ဇွန်လ ၂၆ ရက်မှ ၂၈ ရက်အထိ မြို့ပြနှင့်အိမ်ရာ ဖွံ့ဖြိုးရေးဦးစီးဌာန
ရိုးမရိပ်သာ တန်ဖိုးနည်းအိမ်ရာ အခန်းနေရာမဲနှိုက်ခြင်းကို ဇွန်လ ၂၆ ရက်မှ ၂၈ ရက်အထိ မြို့ပြနှင့်အိမ်ရာ ဖွံ့ဖြိုးရေးဦးစီးဌာန
ဂျက်ဘေးဇော့စ်က နယူးယောက်မြို့လယ်ရှိ သူ၏ ဒေါ်လာသန်း ၁၀၀ ကျော်တန် Penthouse ခန်းသို့ ကရိန်းဖြင့် ပရိဘောဂများ တင်ရန်အတွက် လ
ဂျက်ဘေးဇော့စ်က နယူးယောက်မြို့လယ်ရှိ သူ၏ ဒေါ်လာသန်း ၁၀၀ ကျော်တန် Penthouse ခန်းသို့ ကရိန်းဖြင့် ပရိဘောဂများ တင်ရန်အတွက် လ
တရုတ်ပြည်တွင် အသက် ၁၅ နှစ်အရွယ်အထိ သူတောင်းစားဂိုဏ်းသားအဖြစ် တောင်းရမ်းခဲ့ရပြီး အသက် ၁၆ နှစ်တွင် မူလတန်းကျောင်း စတင်ကျော
တရုတ်ပြည်တွင် အသက် ၁၅ နှစ်အရွယ်အထိ သူတောင်းစားဂိုဏ်းသားအဖြစ် တောင်းရမ်းခဲ့ရပြီး အသက် ၁၆ နှစ်တွင် မူလတန်းကျောင်း စတင်ကျော
ဘီလ်ဂိတ်က ဖက်ရှင်လုပ်ငန်း စတင်ထူထောင်သည့် သမီးဖြစ်သူအား တစ်ပြားတစ်ချပ်မှပင် အရင်းအနှီး ထုတ်မပေးသည့် ဖြစ်အင်
ဘီလ်ဂိတ်က ဖက်ရှင်လုပ်ငန်း စတင်ထူထောင်သည့် သမီးဖြစ်သူအား တစ်ပြားတစ်ချပ်မှပင် အရင်းအနှီး ထုတ်မပေးသည့် ဖြစ်အင်
လယ်ယာမြေ ဥပဒေအကြောင်း
လယ်ယာမြေ ဥပဒေအကြောင်း
ဂျပန်အလုပ်သမားတစ်ဦးက တစ်ရက်လျှင် ၁၈ နာရီခန့် ရုန်းကန်လှုပ်ရှားရသည့် သူ၏ဘဝကို လူမှုကွန်ရက်တွင် ဗွီဒီယိုဖိုင်တင်ခဲ့ပုံ ဂယက
ဂျပန်အလုပ်သမားတစ်ဦးက တစ်ရက်လျှင် ၁၈ နာရီခန့် ရုန်းကန်လှုပ်ရှားရသည့် သူ၏ဘဝကို လူမှုကွန်ရက်တွင် ဗွီဒီယိုဖိုင်တင်ခဲ့ပုံ ဂယက
[လွယ်မယ်ထင်လို့လား ] ဘာမှ မလုပ်ဘဲ မိနစ် ၉၀ ငြိမ်ငြိမ်လေး ထိုင်နေရတဲ့ တောင်ကိုရီးယားက ပြိုင်ပွဲ အင်စတာဂရမ်တွင် နာမည်ကြီးန
[လွယ်မယ်ထင်လို့လား ] ဘာမှ မလုပ်ဘဲ မိနစ် ၉၀ ငြိမ်ငြိမ်လေး ထိုင်နေရတဲ့ တောင်ကိုရီးယားက ပြိုင်ပွဲ အင်စတာဂရမ်တွင် နာမည်ကြီးန

Upcoming Property Events

From 02 Jun To 30 Jun

Central Shophouse

From 05 Jul To 06 Jul

Mingalar Market

From 05 Jul To 06 Jul

Golden City Condo

From 09 Jun To 09 Jul

The Vista Luxury Residence

Mingalar Market

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service