ပွင့်လင်းမြင်သာမှုမရှိသော တင်ဒါခေါ်ယူ၊ ချထားပေးမှုများရှိနေကြောင်း ကိုယ်စားလှယ်များပြောတိကျခိုင်မာသည့် အချက်အလက် များပြုစုပေးပို့ရန် လွှတ်တော်ဥက္ကဋ္ဌ မှာကြား - Property News in Myanmar from iMyanmarHouse.com
1311 Views

ပွင့်လင်းမြင်သာမှုမရှိသော တင်ဒါခေါ်ယူ၊ ချထားပေးမှုများရှိနေကြောင်း ကိုယ်စားလှယ်များပြောတိကျခိုင်မာသည့် အချက်အလက် များပြုစုပေးပို့ရန် လွှတ်တော်ဥက္ကဋ္ဌ မှာကြား

ပွင့်လင်းမြင်သာ မှုမရှိသောတင်ဒါခေါ်ယူမှု၊ ချထား ပေးမှု၊ အရည်အသွေးမပြည့်မီသော စီမံကိန်းများရှိနေကြောင်း လွှတ်တော် ကိုယ်စားလှယ်များကပြောကြားခဲ့ပြီး အထောက်အထားဖြင့်ပေးပို့ရန် ပြည် သူ့လွှတ်တော်ဥက္ကဋ္ဌဦးဝင်းမြင့်က လွှတ်တော်ကိုယ်စားလှယ်များကို မှာ ကြားလိုက်သည်။

မတ် ၉ ရက်ကကျင်းပသည့် ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် အစည်းအဝေးတွင်စီမံကိန်းများနှင့် ပတ်သက်သည့်အဆိုကို ဆွေးနွေးရာ တွင် ပွင့်လင်းမြင်သာမှုမရှိသော တင် ဒါခေါ်ယူမှု၊ ချထားပေးမှု၊ အရည်အ သွေးမပြည့်မီသော စီမံကိန်းများဖြစ် ပေါ်နေကြောင်း ကိုယ်စားလှယ်အချို့ ကဆွေးနွေးခဲ့သည်။

ယင်းအပေါ်လွှတ်တော်ဥက္ကဋ္ဌ က ""ကျွန်တော်တို့ဆွေးနွေးတဲ့ ကိုယ် စားလှယ်များရော၊ မဆွေးနွေးတဲ့ ကိုယ်စားလှယ်များရော ကျွန်တော့် ထံကိုတိကျတဲ့အထောက်အထားများ၊ ခိုင်မာတဲ့အချက်အလက်များကို ပေး ပို့စေလိုပါတယ်။ ဒီအဆိုနဲ့စပ်လျဉ်း ပြီး သက်ဆိုင်ရာပြည်ထောင်စုအဆင့် က တာဝန်ရှိပုဂ္ဂိုလ်တွေကိုကောက် နုတ်ပေးပို့သွားမှာဖြစ်ပါတယ်""ဟု ပြောသည်။

အဆိုနှင့်ပတ်သက်ပြီးကိုယ်စား လှယ်များဆွေးနွေးရာတွင် တင်ဒါ ခေါ်
ယူချထားပေးမှုလုပ်ငန်းစဉ်၊ ကန်ထရိုက်တာလုပ်ငန်းစဉ်၊ ကြီးကြပ်မှု ပိုင်း၊ အရည်အသွေးစစ်ဆေးခြင်းအပိုင်းစသည့်တို့တွင် အားနည်းချက် များဖြစ်ပေါ်နေကြောင်း ကိုယ်စားလှယ် များက ဆွေးနွေးကြသည်။

""ယခုကျွန်တော်တို့အစိုးရလက် ထက်ဝန်ကြီးဌာနများမှ တင်ဒါခေါ် ယူရာမှာ စိတ်ဝင်စားသူအများသိရှိ အောင် ကျယ်ကျယ်ပြန့်ပြန့်တင်ဒါခေါ် ယူတာမတွေ့ရပါဘူး။ စည်းမျဉ်း စည်းကမ်းအရ တင်ဒါလုပ်ငန်းတန်ဖိုး အနိမ့်ဆုံးနဲ့အမြင့်ဆုံးကြားတင်သွင်း တဲ့ ကုမ္ပဏီကိုရွေးချယ်ချထားပေးရ မှာဖြစ်သော်လည်းပဲ တင်ဒါတန်ဖိုးအ နိမ့်ဆုံးအောက် တင်ဒါတင်သွင်းသူ ကို ရွေးချယ်ပြီးတင်ဒါလုပ်ငန်းချ ထားပေးခြင်း၊ ရွေးချယ်မယ့်တင်ဒါ လုပ်ငန်းတန်ဖိုးနဲ့ ဒသမတောင်မလွဲ အောင်တင်ပြသူကို ရွေးချယ်ပေးခြင်း ကလည်း အံ့ဩဖွယ်ကောင်းနေပါ တယ်""ဟု ပြည်သူ့လွှတ်တော်ကိုယ် စားလှယ်ဦးအောင်စိုးကပြောသည်။

ပြည်သူ့လွှတ်တော်ကိုယ်စား လှယ်ဦးဖြိုးဇေယျာသော်က ""တင်ဒါ အာမခံကြေးအဖြစ် ခန့်မှန်းလုပ်ငန်း တန်ဖိုးရဲ့တစ်ရာခိုင်နှုန်းကိုဗဟိုဘဏ် က အသိအမှတ်ပြုထားတဲ့ ဘဏ်တစ် ခုခုမှာ ငွေပေးအမိန့်အော်ဒါချက်ပြု လုပ်၍သက်ဆိုင်ရာ ဘဏ္ဍာရေးဌာန သို့အပ်နှံရမည်လို့ပါရှိပါတယ်။ ဒါပေ မဲ့ အချို့ဝန်ကြီးဌာနတွေက ငွေကြေး ကိန်းဂဏန်းတစ်ခုသတ်မှတ်တောင်း ခံတာမျိုးရှိသလို ကုမ္ပဏီသက်တမ်း နုနယ်တယ်ဆိုတဲ့အကြောင်းပြချက် နဲ့ နောက်ထပ် ၁၀ ရာခိုင်နှုန်း ထပ်မံ တောင်းခံတာတွေလည်း တွေ့ရပါ တယ်""ဟုဆိုသည်။

ယခင်ဆောင်ရွက်ခဲ့သည့်စီမံကိန်းများမှာစံချိန်မမီဘဲ ထပ်တလဲ လဲပြုပြင်နေရခြင်း၊ စံချိန်မမီသည်ကို ဖုံးဖိရန်အတွက်ပြုပြင်ရန် ဘဏ္ဍာငွေ တောင်းခံနေခြင်းများဖြစ်ပေါ်နေ ကြောင်း ပြည်သူ့လွှတ်တော်ကိုယ်စား လှယ် ဒေါက်တာကြည်မို့မို့လွင်က ပြောသည်။
""အခြားလူအမည်ကုမ္ပဏီအ မည်ခံပြီးတော့ ယင်းဌာနများကဦး စီးအရာရှိများကပင် နောက်ကွယ် ကနေ တင်ဒါယူလုပ်ကိုင်နေကြခြင်း၊
အရည်အသွေးပြည့်မီမှုရှိ၊ မရှိစစ် ဆေးရာတွင်လည်း အကျိုးစီးပွားတစ် ခုသာကြည့်ပြီး ငွေနဲ့သိက္ခာယှဉ်ရာ မှာ ငွေကအလေးသာပြီး အရည် အသွေးပြည့်ဝစေရန်အချက်မှာ လွန် စွာအားနည်းနေပါတယ်""ဟု ဒေါက် တာကြည်မို့မို့လွင်က ထပ်လောင်းပြော သည်။

ဆောက်လုပ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးကလည်း စံချိန် စံညွှန်းဥပဒေပေါ်ထွက်ရေးဆောင် ရွက်နေကြောင်း
အဆိုကိုလည်းထောက်ခံကြောင်း ပြောကြားခဲ့သဖြင့် စီမံကိန်းများအရည်အသွေးပြည့်မီရေး ဆောက်လုပ်ရေးဝန်ကြီးဌာနကရေး ဆွဲထားသော ကန်ထရိုက်စနစ်လုပ်ငန်းလမ်းညွှန်ကို အစိုးရအဖွဲ့အစည်း အားလုံးလိုက်နာကျင့်သုံးရန်အဆို
ကို ကန့်ကွက်သူမရှိအတည်ပြုခဲ့ပြီး အဆိုကိုအလေးအနက်ထားလုပ် ဆောင်ပေးရန် လွှတ်တော်ဥက္ကဋ္ဌက မှာကြားခဲ့သည်။

Credit: Democracytoday

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

အိန္ဒိယတွင် အမျိုးသားတစ်ဦး၏ ဘဏ်စာရင်းထဲသို့ ရူပီးငွေ ၁၀၀,၁၃၅,၆၀၀,၀၀၀,၁၃၉, ၅၄၂,၁၀၀,၂၃၅, ၆၀၀,၀၀၀,၁၃၉, ၅၄၂ ရုတ်တရက် ငွေဝင်လ
အိန္ဒိယတွင် အမျိုးသားတစ်ဦး၏ ဘဏ်စာရင်းထဲသို့ ရူပီးငွေ ၁၀၀,၁၃၅,၆၀၀,၀၀၀,၁၃၉, ၅၄၂,၁၀၀,၂၃၅, ၆၀၀,၀၀၀,၁၃၉, ၅၄၂ ရုတ်တရက် ငွေဝင်လ
ထိုင်းမှာ ဘတ် သန်း ၂၄၀ (ကန်ဒေါ်လာ ၇ ဒသမ ၄ သန်းခန့်) ထီပေါက်ခဲ့တဲ့ စပိန် ဆောက်လုပ်ရေးလုပ်သား ဘာကြောင့် အိမ်ရာမဲ့ ဖြစ်သွား
ထိုင်းမှာ ဘတ် သန်း ၂၄၀ (ကန်ဒေါ်လာ ၇ ဒသမ ၄ သန်းခန့်) ထီပေါက်ခဲ့တဲ့ စပိန် ဆောက်လုပ်ရေးလုပ်သား ဘာကြောင့် အိမ်ရာမဲ့ ဖြစ်သွား
တရုတ်ပြည်တွင် အသက် ၁၅ နှစ်အရွယ်အထိ သူတောင်းစားဂိုဏ်းသားအဖြစ် တောင်းရမ်းခဲ့ရပြီး အသက် ၁၆ နှစ်တွင် မူလတန်းကျောင်း စတင်ကျော
တရုတ်ပြည်တွင် အသက် ၁၅ နှစ်အရွယ်အထိ သူတောင်းစားဂိုဏ်းသားအဖြစ် တောင်းရမ်းခဲ့ရပြီး အသက် ၁၆ နှစ်တွင် မူလတန်းကျောင်း စတင်ကျော
[လွယ်မယ်ထင်လို့လား ] ဘာမှ မလုပ်ဘဲ မိနစ် ၉၀ ငြိမ်ငြိမ်လေး ထိုင်နေရတဲ့ တောင်ကိုရီးယားက ပြိုင်ပွဲ အင်စတာဂရမ်တွင် နာမည်ကြီးန
[လွယ်မယ်ထင်လို့လား ] ဘာမှ မလုပ်ဘဲ မိနစ် ၉၀ ငြိမ်ငြိမ်လေး ထိုင်နေရတဲ့ တောင်ကိုရီးယားက ပြိုင်ပွဲ အင်စတာဂရမ်တွင် နာမည်ကြီးန
ကမ္ဘာ့အချမ်းသာဆုံးပုဂ္ဂိုလ် ၁၀ ဦးတွင် ပါဝင်သော Zara ၏ တည်ထောင်သူ အော်တေးဂါးက ဘာစီလိုနာမှ ရုံးခန်း အဆောက်အအုံကြီးကို ကန်ဒ
ကမ္ဘာ့အချမ်းသာဆုံးပုဂ္ဂိုလ် ၁၀ ဦးတွင် ပါဝင်သော Zara ၏ တည်ထောင်သူ အော်တေးဂါးက ဘာစီလိုနာမှ ရုံးခန်း အဆောက်အအုံကြီးကို ကန်ဒ
[ရုပ်ရည်ကျဆင်း အိုမင်းခြင်းကား ပျိုမျစ်နောက်ဆုံးရှိချေ၏] အိုမင်းသော ရုပ်ရည်မှ ဆန်းကြယ်စွာ နုပျိုသွားသော ဂျပန်အမျိုးသားတစ
[ရုပ်ရည်ကျဆင်း အိုမင်းခြင်းကား ပျိုမျစ်နောက်ဆုံးရှိချေ၏] အိုမင်းသော ရုပ်ရည်မှ ဆန်းကြယ်စွာ နုပျိုသွားသော ဂျပန်အမျိုးသားတစ
ဘီလ်ဂိတ်က ဖက်ရှင်လုပ်ငန်း စတင်ထူထောင်သည့် သမီးဖြစ်သူအား တစ်ပြားတစ်ချပ်မှပင် အရင်းအနှီး ထုတ်မပေးသည့် ဖြစ်အင်
ဘီလ်ဂိတ်က ဖက်ရှင်လုပ်ငန်း စတင်ထူထောင်သည့် သမီးဖြစ်သူအား တစ်ပြားတစ်ချပ်မှပင် အရင်းအနှီး ထုတ်မပေးသည့် ဖြစ်အင်
ဘီလ်ဂိတ်က သမီးဖြစ်သူ မြင်းစီးလေ့ကျင့်ရန်အတွက် ဖလော်ရီဒါမှ မြေဈေးကောင်းသောနေရာတွင် ၁၈ ဧက ဖြန့်ကျက်တည်ရှိသော တစ်လမ်းလုံးကိ
ဘီလ်ဂိတ်က သမီးဖြစ်သူ မြင်းစီးလေ့ကျင့်ရန်အတွက် ဖလော်ရီဒါမှ မြေဈေးကောင်းသောနေရာတွင် ၁၈ ဧက ဖြန့်ကျက်တည်ရှိသော တစ်လမ်းလုံးကိ
မလာနီယာ ထရမ့် (ဒေါ်နယ်ထရမ့်၏ ဇနီး) ၏ ကြေးရုပ်တုကြီး အခိုးခံရမှု
မလာနီယာ ထရမ့် (ဒေါ်နယ်ထရမ့်၏ ဇနီး) ၏ ကြေးရုပ်တုကြီး အခိုးခံရမှု
အိန္ဒိယတွင် အလုပ်သင် ဆော့ဖ်ဝဲအင်ဂျင်နီယာ ခေါ်ယူရာတွင် ပလာတာတချပ်ဖိုးပင် မရှိသော လစာဖြင့် ခေါ်ယူခဲ့မှု အပေါ် အိန္ဒိယလူမှု
အိန္ဒိယတွင် အလုပ်သင် ဆော့ဖ်ဝဲအင်ဂျင်နီယာ ခေါ်ယူရာတွင် ပလာတာတချပ်ဖိုးပင် မရှိသော လစာဖြင့် ခေါ်ယူခဲ့မှု အပေါ် အိန္ဒိယလူမှု

Upcoming Property Events

From 28 Jun To 29 Jun

Magical World Apartment

From 28 Jun To 29 Jun

Pan Swal Taw Condominium

From 02 Jun To 30 Jun

Central Shophouse

From 09 Jun To 09 Jul

The Vista Luxury Residence

Pan Swal Taw Condominium

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service