အစိုးရသစ်အတွက် အိမ်ရာဖော်ဆောင်ရေး အလုပ်ဖြစ်မှာလား - Property News in Myanmar from iMyanmarHouse.com
1626 Views

အစိုးရသစ်အတွက် အိမ်ရာဖော်ဆောင်ရေး အလုပ်ဖြစ်မှာလား

အစိုးရသစ်လက်ထက်တွင် ပြည်သူအများစု အိုးပိုင်အိမ်ပိုင် ဖြစ်ရေး အတွက် အိမ်ရာစီမံကိန်းများ ဖော်ဆောင်ပြီးဖြည့်ဆည်းပေးမည်ဟု ကြွေးကြော်ခဲ့သည့် ဒီချုပ်အစိုးရမှာ စောင့်ကြည့်စရာများဖြင့် ပြည့်နှက်နေပြီဖြစ်သည်။ ပြီးခဲ့သည့် အစိုးရက ထင်သလောက် မဖြည့်ဆည်းပေးနိုင်ခဲ့သည့် အိမ်ရာစီမံကိန်းများကို တည်ဆောက်ရန် ယခုနှစ်ဘတ်ဂျတ်တွင် ဘီလီယံ ပေါင်းမြောက်မြားစွာသုံးပြီး စတင်တော့မည်ဖြစ်သည်။

အခု အစိုးရသစ်လက်ထက်မှာ ဆောက်လုပ်ရေး ဝန်ကြီးဌာနက ၂ဝ၁၆-၁၇ ဘဏ္ဍာနှစ်ကနေ ၂ဝ၂ဝ-၂၁ ဘဏ္ဍာနှစ်အတွင်းမှာ တစ်နိုင်ငံလုံး အတိုင်း အ တာနဲ့ အိမ်ခန်းပေါင်း တစ်သိန်း ရှစ်သောင်းကို အကောင်အထည်ဖော် တည်ဆောက်မယ်လို့ ပြည်ထောင်စုဝန်ကြီး ဦးဝင်းခိုင်ကပြောကြားခဲ့သည်။

သို့သော် အစိုးရအနေဖြင့် တန်ဖိုးနည်း အိမ်ရာများကို သိန်း၁၀၀ အောက်ဖြင့် တည်ဆောက်ရန် အမျိုးမျိုးနည်းလမ်းရှာဖွေခဲ့သော်လည်း ယနေ့အထိ သိန်း၁၀၀အောက်ဖြင့် ရောင်းချရန် အခွင့်အလန်းမသာခဲ့ပေ။

အစိုးရသစ်၏ နည်းဗျူဟာအသစ်အရ မြန်မာနိုင်ငံတစ်ဝန်လုံး အိမ်ရာဖော်ထုတ်ရေးတွေမှာ ပြည်တွင်းဆောက်လုပ်ရေးလုပ်ငန်းရှင်တွေကို ပူးပေါင်းပါဝင်စေခဲ့တဲ့အတွက် အဖွဲ့ဝင်ပေါင်း ၂,ဝဝဝ ကျော်
ရှိတဲ့ မြန်မာနိုင်ငံဆောက်လုပ်ရေးလုပ်ငန်းရှင်များအသင်းကဧပြီလတွင်
စတင် အကောင်အထည်ဖော်ခွင့်ရရှိထားပြီဖြစ်သည်။

ဆောက်လုပ်ရေး လုပ်ငန်းရှင်များ အသင်း အပါအ၀င်အခြား
အဖွဲ့ အစည်းများမှ တစ်နိုင်ငံလုံးတွင် အလုံးအရင်းဖြင့် စတင်တည်ဆောက်နိုင်ရန် ယခု ဘဏ္ဍာနှစ်ဧပြီတွင် စတင်ခွင့်ပြုလိုက်ခြင်းဖြစ်သည်။

"ကျနော်တို့ အဖွဲ့က ဦးဆောင်ပြီး organizer အနေနဲ့ တခြား အဖွဲ့အစည်းတွေနဲ့ ပူးပေါင်းပြီးဆောင်ရွက်မယ် အခု ဧပြီဘတ်ဂျတ်နှစ်မှာ စတင်ဖို့ ခွင့် ပြုချက်တွေရထားပါပြီ ဟု မြန်မာနိင်ငံဆောက်လုပ်ရေး လုပ်ငန်းရှင်များ အသင်းမှ ဥက္ကဌ ဦးသာဌေးကပြောသည်။

အစိုးရတစ်ခုထဲမှ အိမ်ရာစီမံကိန်းများတည်ဆောက်ခြင်းထက်
ပုဂ္ဂလိက အဖွဲ့အစည်းများဖြင့် ပူးပေါင်းတည်ဆောက်မည့်
အိမ်ရာစီမံကိန်းများကို တပြိုင်နက်တည်း အလုံးအရင်းဖြင့်
တည်ဆောက်နိုင်ရန် ရည်ရွယ်လာခြင်းဖြစ်သည်။

ပြိးခဲ့သည့်အစိုးရလက်ထက်က မြို့ပြနှင့် အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာန ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ အစိုးရအဖွဲ့အစည်းများက သာ တည်ဆောက်ခဲ့ပြီး ပုဂ္ဂလိကလုပ်ငန်းရှင်များနှိုင်းပူးပေါင်းမှုအားနည်းခဲ့သဖြင့် ထင်သလောက် ခရီးမပေါက်ခဲ့ပေ။

"တန်ဖိုးနည်း၊ တန်ဖိုးသင့်အိမ်ခန်းတွေက ဝင်ငွေနည်းပြည်သူတွေအတွက်
ရည်ရွယ်သတ်မှတ်ထားတဲ့အတွက် အခန်း အရေအတွက်များများ ထုတ်ခြင်းဖြင့်အိမ်ခန်း ဈေးနှုန်းကို လျှော့ချနိုင်အောင် လုပ်ဆောင်သွားမည်ဖြစ်ပြီး အရည်အသွေးကိုလည်း
မညံ့အောင် တည်ဆောက် သွားမှာပါ " တန်ဖိုးနည်း
အိမ်ရာစီမံကိန်းတွင် ၀င်ရောက်တည်ဆောက်မည့်
ကုမ္ပဏီတစ်ခုကပြောသည်။

အိမ်ရာစီမံကိန်းများတည်ဆောက်ရာတွင်လက်ရှိ ရန်ကုန်မြို့တွင်းမှ ရှိပြီးသာ အိမ်ရာများကို အသစ်ပြန်လည်မွမ်းမံခြင်း
များပြုလုပ်မည့် အပြင် မကြာခင်ဖော်ဆောင်မည့် မြို့သစ်စီမံကိန်းများတွင်လည်း အလုံးအရင်းဖြင့်တည်ဆောက်ရန်
် မြို့ပြနှင့် အိမ်ရာဖွံ့ဖြိုးမှုဦးစီးဌာနကရည်ရွယ်ထားသည်။

ဦးသိန်းစိန်အစိုးရလက်ထက်က ၂ဝ၃ဝ ပြည့်နှစ်အတွင်း အိမ်ရာဖွံ့ဖြိုး တိုး တက်ရေး စီမံကိန်း အနေနဲ့ အိမ်ခန်းပေါင်း တစ်သန်း ထုတ်လုပ်နိုင်ဖို့ လျာ ထားခဲ့ရာမှာ အဆိုပါ လျာထားချက် အတွင်းက ငါးနှစ်စာ ပမာဏကို ပြည့် မီအောင်ထုတ်လုပ်နိုင်ခြင်းမရှိကြောင်းဆောက်လုပ်ရေး
လုပ်ငန်းရှင်များကပြောသည်။

ဦးသိန်းစိန် အစိုးရလက်ထပ်က တစ်နိုင်ငံလုံးတွင် အခန်းပေါင်း၃၆၀၀၀ ကျော်သာ ဖော်ထုတ်ပေးနိုင်ခဲ့သည်။ယခု အစိုးရသစ်လက်ထပ်တွင် ရန်ကုန်တစ်မြို့ထဲတွင်ပင်၎နှစ်အတွင်းအိမ်ရာ အခန်းပေါင်း၈၀၀၀ ကျော် ဖော်ထုတ်ရန်ရည်ရွယ်ထားသည်။

တန်ဖိုးနည်း အိမ်ရာစီမံကိန်းများမ၀ယ်ယူနိုင်သည့် ပြည်သူများကို အဌားအိမ်ရာများဖြင့် ဖြည့်ဆည်းရန်လတ်တလောလျာထားပြီး
အိမ်ဌားဘ၀မှ အိမ်ပိုင်အဖြစ်သို့ရောက်ရှိစေရန် အထိ ဘဏ်ချေးငွေများဖြင့် ပြည်သူများကိုချေးပေးရန် အစိုးရသစ်က ပြင်ဆင်လျှက်ရှိသည်။

တန်ဖိုးနည်း၊ တန်ဖိုးသင့် တိုက်ခန်းတွေကို ရောင်းချရာမှာ ဆောက် လုပ်ေ ရးနှင့် အိမ်ရာဖွံ့ဖြိုးရေးဘဏ် (CHDB) အိမ်ရာငွေစုစာအုပ် ဖွင့်သူတွေကို ဦးစားပေးရောင်းချကာ အိမ်ခန်းတန်ဖိုးရဲ့ ၃ဝ ရာခိုင်နှုန်းကို ကနဦး အကြေချေပြီး အရစ်ကျ ၁ဝ နှစ် ငွေပေးချေတဲ့စနစ်ဖြစ်သောကြောင့်နောက်ပိုင်းတွင် အဆင်ပြေလာနိုင်မည့် အခြေအနေဖြစ်သည်။

ထို့ကြောင့် နေရေးအတွက် ပူပန်နေရသည့် ပြည်သူများ
အတွက် ဒီချုပ်အစိုးရဆောင်ရွက်နေသည့် အိမ်ရာစီမံကိန်းများက အထောက်အကူပြုလာနိုင်ခြင်းရှိမရှိကို စောင့်ကြည့်ရတော့မည်ဖြစ်သည်။

နေးရှင်းမြန်မာ မှ iMyanmarHouse.com အတွက် အထူးရေးသားဖော်ပြသည်။
Credit: iMyanmarHouse.com

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

တရုတ်နာမည်ကြီး ရက်ပ်အဆိုတော် ဘီလျံနာသူဌေး Huang Zitao (Exo အဖွဲ့သားဟောင်း) က မိန်းကလေး လစဉ်သုံးပစ္စည်း စက်ရုံတည်ထောင်ကာ
တရုတ်နာမည်ကြီး ရက်ပ်အဆိုတော် ဘီလျံနာသူဌေး Huang Zitao (Exo အဖွဲ့သားဟောင်း) က မိန်းကလေး လစဉ်သုံးပစ္စည်း စက်ရုံတည်ထောင်ကာ
အိန္ဒိယနိုင်ငံ၊ ဂူဂျာရတ်ပြည်နယ် ဝန်ကြီးချုပ် ဗီဂျေး ရူပနိ (ရန်ကုန်သား) နှင့် နံပါတ် ၁၂ တို့၏ ဆန်းကြယ်သော ဆက်နွှယ်မှုအကြေ
အိန္ဒိယနိုင်ငံ၊ ဂူဂျာရတ်ပြည်နယ် ဝန်ကြီးချုပ် ဗီဂျေး ရူပနိ (ရန်ကုန်သား) နှင့် နံပါတ် ၁၂ တို့၏ ဆန်းကြယ်သော ဆက်နွှယ်မှုအကြေ
ရိုးမရိပ်သာ တန်ဖိုးနည်းအိမ်ရာ အခန်းနေရာမဲနှိုက်ခြင်းကို ဇွန်လ ၂၆ ရက်မှ ၂၈ ရက်အထိ မြို့ပြနှင့်အိမ်ရာ ဖွံ့ဖြိုးရေးဦးစီးဌာန
ရိုးမရိပ်သာ တန်ဖိုးနည်းအိမ်ရာ အခန်းနေရာမဲနှိုက်ခြင်းကို ဇွန်လ ၂၆ ရက်မှ ၂၈ ရက်အထိ မြို့ပြနှင့်အိမ်ရာ ဖွံ့ဖြိုးရေးဦးစီးဌာန
[အဓိပ္ပာယ်ရှိသောလူ] မလေးရှားတွင် အမျိုးသားတစ်ဦးမှာ ပိုက်ဆံအိတ်ထဲမှ မသုံးဖြစ်ဘဲရှိနေသော ရင်းဂစ် ၅၀ တန်တွင် ပါသည့် နံပါတ်ဖ
[အဓိပ္ပာယ်ရှိသောလူ] မလေးရှားတွင် အမျိုးသားတစ်ဦးမှာ ပိုက်ဆံအိတ်ထဲမှ မသုံးဖြစ်ဘဲရှိနေသော ရင်းဂစ် ၅၀ တန်တွင် ပါသည့် နံပါတ်ဖ
မလာနီယာ ထရမ့် (ဒေါ်နယ်ထရမ့်၏ ဇနီး) ၏ ကြေးရုပ်တုကြီး အခိုးခံရမှု
မလာနီယာ ထရမ့် (ဒေါ်နယ်ထရမ့်၏ ဇနီး) ၏ ကြေးရုပ်တုကြီး အခိုးခံရမှု
ပြင်သစ်တွင် နေအိမ်တစ်ခု၏ နံရံထဲ၌ လျှို့ဝှက်သိမ်းဆည်းထားသော ရွှေဒင်္ဂါးပြားများ ရှာဖွေတွေ့ခဲ့ပြီး လေလံတင်ရောင်းချရာတွင် ဒ
ပြင်သစ်တွင် နေအိမ်တစ်ခု၏ နံရံထဲ၌ လျှို့ဝှက်သိမ်းဆည်းထားသော ရွှေဒင်္ဂါးပြားများ ရှာဖွေတွေ့ခဲ့ပြီး လေလံတင်ရောင်းချရာတွင် ဒ
ဘီလ်ဂိတ်က ဖက်ရှင်လုပ်ငန်း စတင်ထူထောင်သည့် သမီးဖြစ်သူအား တစ်ပြားတစ်ချပ်မှပင် အရင်းအနှီး ထုတ်မပေးသည့် ဖြစ်အင်
ဘီလ်ဂိတ်က ဖက်ရှင်လုပ်ငန်း စတင်ထူထောင်သည့် သမီးဖြစ်သူအား တစ်ပြားတစ်ချပ်မှပင် အရင်းအနှီး ထုတ်မပေးသည့် ဖြစ်အင်
[ဆန်းကြယ်သော ကံကြမ္မာ] အမေရိကန်တွင် အမျိုးသားတစ်ဦးမှာ ဒေါ်လာ ၁၆၇ သန်း ထီပေါက်ပြီး ရက်ပိုင်းအကြာတွင် ဖမ်းဆီးခံရ
[ဆန်းကြယ်သော ကံကြမ္မာ] အမေရိကန်တွင် အမျိုးသားတစ်ဦးမှာ ဒေါ်လာ ၁၆၇ သန်း ထီပေါက်ပြီး ရက်ပိုင်းအကြာတွင် ဖမ်းဆီးခံရ
ကမ္ဘာ့အချမ်းသာဆုံးပုဂ္ဂိုလ် ၁၀ ဦးတွင် ပါဝင်သော Zara ၏ တည်ထောင်သူ အော်တေးဂါးက ဘာစီလိုနာမှ ရုံးခန်း အဆောက်အအုံကြီးကို ကန်ဒ
ကမ္ဘာ့အချမ်းသာဆုံးပုဂ္ဂိုလ် ၁၀ ဦးတွင် ပါဝင်သော Zara ၏ တည်ထောင်သူ အော်တေးဂါးက ဘာစီလိုနာမှ ရုံးခန်း အဆောက်အအုံကြီးကို ကန်ဒ
ဂျက်ဘေးဇော့စ်က နယူးယောက်မြို့လယ်ရှိ သူ၏ ဒေါ်လာသန်း ၁၀၀ ကျော်တန် Penthouse ခန်းသို့ ကရိန်းဖြင့် ပရိဘောဂများ တင်ရန်အတွက် လ
ဂျက်ဘေးဇော့စ်က နယူးယောက်မြို့လယ်ရှိ သူ၏ ဒေါ်လာသန်း ၁၀၀ ကျော်တန် Penthouse ခန်းသို့ ကရိန်းဖြင့် ပရိဘောဂများ တင်ရန်အတွက် လ

Upcoming Property Events

From 28 Jun To 29 Jun

Magical World Apartment

From 28 Jun To 29 Jun

Pan Swal Taw Condominium

From 02 Jun To 30 Jun

Central Shophouse

From 09 Jun To 09 Jul

The Vista Luxury Residence

Pan Swal Taw Condominium

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service