နိုင်ငံခြား စီးပွားရေးလုပ်ငန်းရှင်များ ရင်းနှီးမြှုပ်နှံမှုများ ပြုလုပ်ရန် Bloomberg Invest Myanmar ပွဲတွင် မြန်မာစီးပွားရေး လုပ်ငန်းရှင်များ ဖိတ်ခေါ် - Property News in Myanmar from iMyanmarHouse.com
1031 Views

နိုင်ငံခြား စီးပွားရေးလုပ်ငန်းရှင်များ ရင်းနှီးမြှုပ်နှံမှုများ ပြုလုပ်ရန် Bloomberg Invest Myanmar ပွဲတွင် မြန်မာစီးပွားရေး လုပ်ငန်းရှင်များ ဖိတ်ခေါ်

နိုင်ငံခြား စီးပွားရေးလုပ်ငန်းရှင်များ ပြည်တွင်း၌ လာရောက် ရင်းနှီးမြှုပ်နှံမှု များ ပြုလုပ်ရန် မတ် ၉ ရက်က ရန်ကုန်မြို့ ဆီဒိုးနား ဟိုတယ်တွင် ပြုလုပ်ခဲ့ သည့် Bloomberg Invest Myanmar ပွဲတွင် မြန်မာစီးပွားရေး လုပ်ငန်းရှင် များက ဖိတ်ခေါ်ခဲ့သည်။

“ကျွန်တော်အနေနဲ့ ဒေသတွင်းစီးပွားရေး လုပ်ငန်းရှင်တွေရော နိုင်ငံခြား စီး ပွားရေး လုပ်ငန်းရှင်တွေရော အကြံပြုလိုပါတယ်။အခြေအနေက နှစ်မျိုး ရှိပါ တယ်။ တစ်ဖက်တည်းအနေနဲ့ကတော့ အနုတ်လက္ခဏာ ဆောင်တာပဲ မြင် တယ်။ ပြဿနာတွေအများကြီး ဖြေရှင်းစရာတွေရှိတယ်။ အကြောင်းအရာတွေ အများကြီး အခြားတစ်ဖက်မှာ ရှိတယ်။မြန်မာနိုင်ငံက နိုင်ငံကြီး တစ်နိုင် ငံ ဖြစ်တယ်။ နောက်ဆုံးနေရာဖြစ်တယ်။ ပထ၀ီအနေအထားအရ အရေးပါ တဲ့ နေရာဖြစ်တယ်။ တခြားတစ်ဖက်မှာလည်း အခွင့်အရေးတွေ ရှိနေတယ် ။ အားလုံးအနေနဲ့ နှစ်ဖက်စလုံးကို ကြည့်ဖို့လိုပါတယ်။ ဒါကြောင့် ကျွန်တော် တို့ အနေနဲ့ တက်ဖို့ တစ်လမ်းပဲရှိပါတယ်။ ထပ်ကျစရာ မရှိပါဘူး။ ဒါကြော င့် ဒေသတွင်း ပါတနာရွေးပြီး မြန်မာနိုင်ငံမှာ စီးပွားရေးကြီးထွားအောင် လုပ်ပါ။ ပြီးတော့ အခြားအိမ်နီးချင်းတွေမှာလိုပဲ အာဆီယံနိုင်ငံတွေ မှာ အောင်မြင်မှုတွေ ရယူပြီး ကျွန်တော်တို့ဟာ နောက်ဆုံး Frontier ပါ။ အ ခွင့်အလမ်းတွေ ပြည့်နေပါတယ်။ ကျွန်တော်တို့အနေနဲ့ ဒေသတွင်း ရင်းနှီး မယ့် သူတွေကိုရော နိုင်ငံခြား ရင်းနှီးမြှုပ်နှံမယ့် သူတွေရော ဖိတ်ခေါ် လိုပါ တယ်။ ရဲရဲဆုံးဖြတ်ပြီး လာရောက်ရင်းနှီးမြှုပ်နှံဖို့ပါ” ဟု Loi Hein ကုမ္ပဏီ အုပ်စုမှ ဥက္ကဋ္ဌ ဒေါက်တာ စိုင်းဆမ်ထွန်းက ပြောကြားသည်။


အဆိုပါ ဆွေးနွေးပွဲတွင် Loi Hein ကုမ္ပဏီအုပ်စုမှ ဥက္ကဋ္ဌ ဒေါက်တာ စိုင်း ဆမ်ထွန်း၊ ကမ္ဘောဇအုပ်စုမှ အကြီးတန်း မန်နေဂျင်း ဒါရိုက်တာ ဦးညိုမြင့်၊ ဘန်ကောက်ဘဏ်ဥက္ကဋ္ဌ Chartsiri Sophonpanich တို့သည် မြန်မာနိုင်ငံ ၏ စီးပွားရေး အခြေအနေများ၊ ရင်းနှီးမြှုပ်နှံမှု အခြေအနေများနှင့် ပတ်သက် ပြီး ဆွေးနွေးခဲ့ကြသည်။

“ SME တွေ Micro financing တွေနဲ့ ထုတ်ကုန်တွေ ဒီထက်ကောင်းအောင် လုပ်ဖို့ လိုတယ်။ ကုန်သွယ်မှုလိုငွေတွေ များလို့ ငွေကြေး ဖောင်းပွမှုေ တွ ဖြစ်လာတဲ့အခါမှာ Interest Rate ကျန်တဲ့အပိုင်းတွေချဖို့ ပြည် သူေ တွ ရေရှည်မှာ ရင်းနှီးမြှုပ်နှံမှု မူဝါဒတွေက အများကြီး ပြောင်းလဲဖို့လိုတယ်။ Over night တော့ ပြောင်းလို့မရဘူး။ ဗဟိုဘဏ် ကလည်း ပြောင်းလဲနေ တယ်။ကျွန်တော်တို့ကလည်း လိုက်ပြီးတော့ ပြောင်းလဲဖို့ လိုတယ်။ ဒီပွဲက ကျွန်တော်တို့နိုင်ငံကို မြှင့်တင်တာပါပဲ။ မြန်မာပြည်ရဲ့ စီးပွားရေးရယ်၊ ဥပေ ဒရယ်၊ မြန်မာနိုင်ငံရဲ့ လက်ရှိအခင်းအကျင်းပေါ့။ ပြည်သူတွေ အား လုံး မျှော်လင့်နေတဲ့ တိုင်းပြည်ရဲ့ စီးပွားရေး တိုးတက်မှ၊ တစ်ဦးချင်း ၀င်ငွေ တက်မှ၊ ဒီနိုင်ငံရဲ့အနာဂတ်က လှမှာဆိုတော့ အဲဒီအတွက် နိုင်ငံတကာနဲ့ ဘယ်လိုပေါင်းပြီး လုပ်မလဲ။ ကျွန်တော်တို့က နိုင်ငံတကာ မီဒီယာကို သုံး ပြီးတော့ Brand တစ်ခု၊ Promote တစ်ခုအနေနဲ့ ဖြစ်သွားရင် အားလုံးပြည် သူတွေ အတွက် အကျိုးရှိမယ့် ကိစ္စတစ်ခုပါ။ အကျိုးသက်ရောက်မှုကတော့ တိုက်ရိုက်ရှိသလို သွယ်ဝိုက်ပြီးတော့လည်း ရှိတာပေါ့။ Brand ဖြစ် လာေ တာ့ မြန်မာပြည်ကို သိမယ်၊ ၀င်လာမယ်။ ကိုယ့်ဘက်ကလည်း ပြင်ဆင် ထားဖို့လိုတာပေါ့။ ဒီရင်းနှီးမြှုပ်နှံမှုကိုပဲ ထိုင်စောင့်နေလို့ မရဘူး။ ကိုယ်က လည်း ကြိုးစားဖို့ လိုတယ်” ဟု မက်စ်မြန်မာ ကုမ္ပဏီအုပ်စု၏ ဥက္ကဋ္ဌ ဦးဇော်ဇော်က ပြောကြားသည်။

ထို့ပြင် အဆိုပါ Bloomberg Invest Myanmar ပွဲတွင် ပြည်တွင်းပြည်ပ စီးပွားရေးလုပ်ငန်ရှင်များ၊ တာဝန်ရှိသူများ တက်ရောက် ဆွေးနွေးခဲ့ကြပြီး အမေရိကန်နိုင်ငံမှ မြန်မာ စီးပွားရေး လုပ်ငန်းရှင်များအပေါ် ပိတ်ဆို့ အရေး ယူမှုများ ပယ်ဖျက်ပြီးသည့်နောက် ဖြစ်ပေါ်လာသည့် စီးပွားရေး အခြေအေ နများ၊ နိုင်ငံတကာ စီးပွားရေး အဖွဲ့အစည်းများဖြင့် ပူးပေါင်း အကောင်အ ထည်ဖော် ဆောင်ရွက်နေမှုများကို ဆွေးနွေးခဲ့ကြကြောင်း သိရသည်။

“စီးပွားရေးလုပ်ငန်း တိုးချဲ့ရမယ်။ သိပ်ပြီး တိုက်ရိုက် မပတ်သက်ဘူး။ အေ မရိကန်ရဲ့ ပိတ်ဆို့ကန့်သတ်မှု လျှော့ချလိုက်တာနဲ့ ပတ်သက်ပြီးတော့ေ ငွကြေးစီးဆင်းမှု သွားလာမှုတွေက တော်တော်လေး လွတ်လွတ်လပ်လပ် ရှိသွားတယ်။ အမေရိကန်ပေါ်မှာပဲ မှီတည်ပြီးတော့ သွားတာ မဟုတ်ဘူး။ ကျွန်တော်တို့နိုင်ငံရဲ့ အရေးအကြီးဆုံးက ကိုယ်ပိုင်ဟန် ကိုယ်ပိုင်မူဝါဒ၊ ကိုယ်ပိုင်လမ်းစဉ် ထွက်လာဖို့လည်း အရေးကြီးပါတယ်။ အမေရိကန်က ကျွန်တော်တို့အတွက် အရေးကြီးပေမယ့် အာရှ နိုင်ငံကြီးတွေ အခြားအြ ခားသော အာဆီယံ နိုင်ငံတွေလည်း အရေးကြီးပါတယ်” ဟု Loi Hein ကုမ္ပဏီအုပ်စုမှ ဥက္ကဋ္ဌ ဒေါက်တာစိုင်းဆမ်ထွန်းက ပြောကြားသည်။


Credit: Eleven Media Group

ရောင်းရန်ရှိသော အိမ်ခြံမြေများ

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

တရုတ်ပြည်တွင် အသက် ၁၅ နှစ်အရွယ်အထိ သူတောင်းစားဂိုဏ်းသားအဖြစ် တောင်းရမ်းခဲ့ရပြီး အသက် ၁၆ နှစ်တွင် မူလတန်းကျောင်း စတင်ကျော
တရုတ်ပြည်တွင် အသက် ၁၅ နှစ်အရွယ်အထိ သူတောင်းစားဂိုဏ်းသားအဖြစ် တောင်းရမ်းခဲ့ရပြီး အသက် ၁၆ နှစ်တွင် မူလတန်းကျောင်း စတင်ကျော
ထိုင်းမှာ ဘတ် သန်း ၂၄၀ (ကန်ဒေါ်လာ ၇ ဒသမ ၄ သန်းခန့်) ထီပေါက်ခဲ့တဲ့ စပိန် ဆောက်လုပ်ရေးလုပ်သား ဘာကြောင့် အိမ်ရာမဲ့ ဖြစ်သွား
ထိုင်းမှာ ဘတ် သန်း ၂၄၀ (ကန်ဒေါ်လာ ၇ ဒသမ ၄ သန်းခန့်) ထီပေါက်ခဲ့တဲ့ စပိန် ဆောက်လုပ်ရေးလုပ်သား ဘာကြောင့် အိမ်ရာမဲ့ ဖြစ်သွား
[လွယ်မယ်ထင်လို့လား ] ဘာမှ မလုပ်ဘဲ မိနစ် ၉၀ ငြိမ်ငြိမ်လေး ထိုင်နေရတဲ့ တောင်ကိုရီးယားက ပြိုင်ပွဲ အင်စတာဂရမ်တွင် နာမည်ကြီးန
[လွယ်မယ်ထင်လို့လား ] ဘာမှ မလုပ်ဘဲ မိနစ် ၉၀ ငြိမ်ငြိမ်လေး ထိုင်နေရတဲ့ တောင်ကိုရီးယားက ပြိုင်ပွဲ အင်စတာဂရမ်တွင် နာမည်ကြီးန
ဂျက်ဘေးဇော့စ်က နယူးယောက်မြို့လယ်ရှိ သူ၏ ဒေါ်လာသန်း ၁၀၀ ကျော်တန် Penthouse ခန်းသို့ ကရိန်းဖြင့် ပရိဘောဂများ တင်ရန်အတွက် လ
ဂျက်ဘေးဇော့စ်က နယူးယောက်မြို့လယ်ရှိ သူ၏ ဒေါ်လာသန်း ၁၀၀ ကျော်တန် Penthouse ခန်းသို့ ကရိန်းဖြင့် ပရိဘောဂများ တင်ရန်အတွက် လ
ဂျပန်တွင် သားကို အလွန်ချစ်သော အိမ်ခြံမြေလုပ်ငန်းရှင် ဖခင်တစ်ဦးက ယန်းငွေ သန်း ၁၀၀ ခန့် သုံးစွဲကာ စတိုးဆိုင်၊ မြေအောက်ဘူတာ
ဂျပန်တွင် သားကို အလွန်ချစ်သော အိမ်ခြံမြေလုပ်ငန်းရှင် ဖခင်တစ်ဦးက ယန်းငွေ သန်း ၁၀၀ ခန့် သုံးစွဲကာ စတိုးဆိုင်၊ မြေအောက်ဘူတာ
[အဓိပ္ပာယ်ရှိသောလူ] မလေးရှားတွင် အမျိုးသားတစ်ဦးမှာ ပိုက်ဆံအိတ်ထဲမှ မသုံးဖြစ်ဘဲရှိနေသော ရင်းဂစ် ၅၀ တန်တွင် ပါသည့် နံပါတ်ဖ
[အဓိပ္ပာယ်ရှိသောလူ] မလေးရှားတွင် အမျိုးသားတစ်ဦးမှာ ပိုက်ဆံအိတ်ထဲမှ မသုံးဖြစ်ဘဲရှိနေသော ရင်းဂစ် ၅၀ တန်တွင် ပါသည့် နံပါတ်ဖ
ထိုင်းတွင် လမ်းမအလယ်သို့ ကားတစ်စင်းပေါ်မှ ခေါင်းတလားကြီးတစ်ခု ပြုတ်ကျခဲ့ပုံ ဗွီဒီယိုဖိုင် TikTok တွင် ဂယက်ရိုက်ခဲ့၊ အခေါ
ထိုင်းတွင် လမ်းမအလယ်သို့ ကားတစ်စင်းပေါ်မှ ခေါင်းတလားကြီးတစ်ခု ပြုတ်ကျခဲ့ပုံ ဗွီဒီယိုဖိုင် TikTok တွင် ဂယက်ရိုက်ခဲ့၊ အခေါ
အိန္ဒိယတွင် လယ်သမားတစ်ဦးက မိုးဦးတဖြိုက်ကျအပြီး လယ်ကွင်းထဲသို့ ဆင်းခဲ့ရာ စိန်ကြီးတစ်ပွင့် ရှာတွေ့ခဲ့အပြီး တစ်ရွာလုံး အုံး
အိန္ဒိယတွင် လယ်သမားတစ်ဦးက မိုးဦးတဖြိုက်ကျအပြီး လယ်ကွင်းထဲသို့ ဆင်းခဲ့ရာ စိန်ကြီးတစ်ပွင့် ရှာတွေ့ခဲ့အပြီး တစ်ရွာလုံး အုံး
[မိဘဟူသည်..] စင်္ကာပူတွင် ဖခင်ကြီးက သမီးဖြစ်သူ မျှော်လင့်အိပ်မက်နေသော လုပ်ငန်း လုပ်ဆောင်နိုင်ရေးအတွက် မိမိ၏ ကုမ္ပဏီကို ရ
[မိဘဟူသည်..] စင်္ကာပူတွင် ဖခင်ကြီးက သမီးဖြစ်သူ မျှော်လင့်အိပ်မက်နေသော လုပ်ငန်း လုပ်ဆောင်နိုင်ရေးအတွက် မိမိ၏ ကုမ္ပဏီကို ရ
ဘရာဇီးတွင် နိုင်ငံခြားသားများ လွှင့်ပစ်ခဲ့သော ပုလင်းခွံများကို ကောက်ယူစုဆောင်းကာ အိပ်ခန်း ၇ ခန်းပါ အိမ်တစ်လုံးကို ၂ နှစ်
ဘရာဇီးတွင် နိုင်ငံခြားသားများ လွှင့်ပစ်ခဲ့သော ပုလင်းခွံများကို ကောက်ယူစုဆောင်းကာ အိပ်ခန်း ၇ ခန်းပါ အိမ်တစ်လုံးကို ၂ နှစ်

Upcoming Property Events

From 28 Jun To 29 Jun

Magical World Apartment

From 28 Jun To 29 Jun

Pan Swal Taw Condominium

From 02 Jun To 30 Jun

Central Shophouse

From 05 Jul To 06 Jul

Mingalar Market

From 09 Jun To 09 Jul

The Vista Luxury Residence

Magical World Apartment

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service