ဆောက်လုပ်ရေးလုပ်ငန်းများ အာမခံကာလအတွင်း ပျက်စီးပါလျှင် တင်ဒါအောင်ကုမ္ပဏီများ ပြန်ပြင်ပေးရမည် - Property News in Myanmar from iMyanmarHouse.com
1602 Views

ဆောက်လုပ်ရေးလုပ်ငန်းများ အာမခံကာလအတွင်း ပျက်စီးပါလျှင် တင်ဒါအောင်ကုမ္ပဏီများ ပြန်ပြင်ပေးရမည်

နိုင်ငံတော်ဘတ်ဂျက်ဖြင့် ဆောက်လုပ်သည့် ဆောက်လုပ်ရေး လုပ်ငန်းများေ ဆာင်ရွက် ရန် တင်ဒါအောင်မြင်သော ကုမ္ပဏီများအနေဖြင့် စာချုပ်ပါ အာ မခံ ကာလအတွင်း ပျက်စီးမှု ဖြစ်ပေါ်ပါက ကုမ္ပဏီက တာဝန် ယူ ပြုပြင်ပေး ရမည်ဖြစ်ပြီး အ ရည်အသွေးမပြည့်မီသည်ကို စစ် ဆေးသည့် အဖွဲ့က လက် ခံလျှင် ယင်းအဖွဲ့တွင် တာဝန်ရှိမည်ဖြစ် ကြောင်း ဆောက်လုပ်ရေးဝန်ကြီး ဌာန ပြည်ထောင်စုဝန်ကြီး ဦးဝင်း ခိုင်က ပြောကြားသည်။

မတ်လ ၉ ရက်က ကျင်းပ သော ပြည်သူ့လွှတ်တော်တွင် လွှတ်တော် ကိုယ် စားလှယ်ဦးတင် ကိုကိုဦးက ဆောက်လုပ်ရေး တင် ဒါအောင်မြင်သော လုပ်ငန်းများ ဆောက်လုပ်ရာ၌ စာချုပ်ပါအ တိုင်း အရည်အသွေး ပြည့်၊ မပြည့် မည်သူက တာဝန်ယူမည် ကို သိလိုကြောင်းမေးမြန်းရာ ၀န်ကြီး က ပြန်လည် ဖြေကြားခဲ့သည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ်ပါတီမှ ဘီးလင်းမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးတင်ကိုကိုဦးက အစိုးရဘတ် ဂျက်ဖြင့် တည်ဆောက်ေ သာ ဆောက်လုပ်ရေးလုပ်ငန်းများ လမ်း၊ တံတား၊ ဆေးရုံ၊ ကျောင်း တင်ဒါေ အာင်မြင်သော ကုမ္ပဏီ များ၏ တည်ဆောက်ရေး အရည် အသွေးပိုင်း ဆိုင် ရာတို့ကို စစ် ဆေးရန် လိုအပ်သည်ဟု ပြော သည်။

‘‘တင်ဒါရရှိသူကတော့ အ ရည်အချင်း ပြည့်ဝအောင်လုပ်ဖို့ ရှိပါတယ်’’ဟု ၎င်းက ဆက်လက် ပြောသည်။

ဝန်ကြီး ဦးဝင်းခိုင်က ပြန် လည်ဖြေကြားရာတွင် တင်ဒါ အောင်မြင်ခဲ့သော တည်ဆောက် ရေးလုပ်ငန်းများကို လုပ်ငန်းအ ရည်အသွေးပြည့်မီစေရန် အ ရည် အသွေးစစ်ဆေးရေးအဖွဲ့များ၊ လုပ်ငန်းပြီးစီးမှု စစ်ဆေးရေးအဖွဲ့ များ ဖွဲ့စည်းပြီး စစ်ဆေးနေသည် ဟု ဆိုသည်။ တင်ဒါအောင်မြင် သော ကုမ္ပဏီ များ အနေဖြင့် စာချုပ်ပါ အာမခံကာလအတွင်း ပျက်စီးမှုများဖြစ်ပေါ်ပါက ကုမ္ပဏီက တာ ၀န်ယူ ပြုပြင်ပေးရမည်ဖြစ်ပြီး တည်ဆောက်ရေး လုပ်ငန်း များကို အကောင်အထည်ဖော်ရာတွင် သတ်မှတ်ထားသော အရည်အသွေးနှ င့် စံချိန်စံညွှန်းများအတိုင်း ပြည့်မီခြင်းမရှိဘဲ ဆောင်ရွက် ထားသည့် လုပ် ငန်းများကို အ ရည်အသွေးစစ်ဆေးရေးအဖွဲ့ကလက်ခံလျှင် လက်ခံသည့် အ ရည်အသွေးစစ်ဆေးရေးအဖွဲ့နှင့် ကုမ္ပဏီတို့၌ တာဝန်ရှိမည်ဖြစ် ကြောင်း လည်း ၀န်ကြီးက သတိ ပေးသည်။

ထို့ပြင် နိုင်ငံတော်ဘတ်ဂျက် ဖြင့် ဆောင်ရွက်ရသည့် တည် ဆောက်ရေး လုပ်ငန်းများဆောက် လုပ်ရာတွင် လိုက်နာဆောင်ရွက် နိုင်ရန် ‘‘ကန်ထရိုက် စနစ်ဖြင့် လုပ် ငန်းများ ဆောင်ရွက်ရာ၌ လိုက် နာကျင့်သုံးရမည့် လုပ်ငန်း လမ်း ညွှန်စာအုပ်ကို နိုင်ငံတော် သမ္မတ ရုံး၏ ခွင့်ပြုချက်ဖြင့် ပြည်ထောင်စု ၀န်ကြီးဌာနများ၊ တိုင်းဒေသကြီး နှင့် ပြည်နယ် အစိုးရအဖွဲ့ဝင်များ၊ ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရတိုင်း (သို့မ ဟုတ်) ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရ ဒေသ ဦးစီးအဖွဲ့များ သို့ ပြီးခဲ့သည့် နှစ် စက်တင်ဘာတွင် ဖြန့်ဝေပေး ထားကြောင်း ၀န်ကြီးက ဆိုသည်။


Credit: 7DayDaily

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

အိန္ဒိယတွင် လယ်သမားတစ်ဦးက မိုးဦးတဖြိုက်ကျအပြီး လယ်ကွင်းထဲသို့ ဆင်းခဲ့ရာ စိန်ကြီးတစ်ပွင့် ရှာတွေ့ခဲ့အပြီး တစ်ရွာလုံး အုံး
အိန္ဒိယတွင် လယ်သမားတစ်ဦးက မိုးဦးတဖြိုက်ကျအပြီး လယ်ကွင်းထဲသို့ ဆင်းခဲ့ရာ စိန်ကြီးတစ်ပွင့် ရှာတွေ့ခဲ့အပြီး တစ်ရွာလုံး အုံး
အမေရိကန်ပြည်တွင် အမျိုးသားတစ်ဦးက အလုပ်မှထွက်လိုက်ကာ အိုစာမင်းစာ စုဆောင်းထားငွေဖြင့် ရွက်လှေငယ်တစ်စင်းဝယ်လိုက်ပြီး သူ၏ကြေ
အမေရိကန်ပြည်တွင် အမျိုးသားတစ်ဦးက အလုပ်မှထွက်လိုက်ကာ အိုစာမင်းစာ စုဆောင်းထားငွေဖြင့် ရွက်လှေငယ်တစ်စင်းဝယ်လိုက်ပြီး သူ၏ကြေ
ဂျပန်တွင် သားကို အလွန်ချစ်သော အိမ်ခြံမြေလုပ်ငန်းရှင် ဖခင်တစ်ဦးက ယန်းငွေ သန်း ၁၀၀ ခန့် သုံးစွဲကာ စတိုးဆိုင်၊ မြေအောက်ဘူတာ
ဂျပန်တွင် သားကို အလွန်ချစ်သော အိမ်ခြံမြေလုပ်ငန်းရှင် ဖခင်တစ်ဦးက ယန်းငွေ သန်း ၁၀၀ ခန့် သုံးစွဲကာ စတိုးဆိုင်၊ မြေအောက်ဘူတာ
အိန္ဒိယတွင် အမျိုးသားတစ်ဦး၏ ဘဏ်စာရင်းထဲသို့ ရူပီးငွေ ၁၀၀,၁၃၅,၆၀၀,၀၀၀,၁၃၉, ၅၄၂,၁၀၀,၂၃၅, ၆၀၀,၀၀၀,၁၃၉, ၅၄၂ ရုတ်တရက် ငွေဝင်လ
အိန္ဒိယတွင် အမျိုးသားတစ်ဦး၏ ဘဏ်စာရင်းထဲသို့ ရူပီးငွေ ၁၀၀,၁၃၅,၆၀၀,၀၀၀,၁၃၉, ၅၄၂,၁၀၀,၂၃၅, ၆၀၀,၀၀၀,၁၃၉, ၅၄၂ ရုတ်တရက် ငွေဝင်လ
[ရုပ်ရည်ကျဆင်း အိုမင်းခြင်းကား ပျိုမျစ်နောက်ဆုံးရှိချေ၏] အိုမင်းသော ရုပ်ရည်မှ ဆန်းကြယ်စွာ နုပျိုသွားသော ဂျပန်အမျိုးသားတစ
[ရုပ်ရည်ကျဆင်း အိုမင်းခြင်းကား ပျိုမျစ်နောက်ဆုံးရှိချေ၏] အိုမင်းသော ရုပ်ရည်မှ ဆန်းကြယ်စွာ နုပျိုသွားသော ဂျပန်အမျိုးသားတစ
[မိဘဟူသည်..] စင်္ကာပူတွင် ဖခင်ကြီးက သမီးဖြစ်သူ မျှော်လင့်အိပ်မက်နေသော လုပ်ငန်း လုပ်ဆောင်နိုင်ရေးအတွက် မိမိ၏ ကုမ္ပဏီကို ရ
[မိဘဟူသည်..] စင်္ကာပူတွင် ဖခင်ကြီးက သမီးဖြစ်သူ မျှော်လင့်အိပ်မက်နေသော လုပ်ငန်း လုပ်ဆောင်နိုင်ရေးအတွက် မိမိ၏ ကုမ္ပဏီကို ရ
ဥရောပသားတွေ ဘာကြောင့် ကြောင်အိမ်ထဲမှာ အိပ်ခဲ့ကြတာလဲ
ဥရောပသားတွေ ဘာကြောင့် ကြောင်အိမ်ထဲမှာ အိပ်ခဲ့ကြတာလဲ
ဘီလ်ဂိတ်က သမီးဖြစ်သူ မြင်းစီးလေ့ကျင့်ရန်အတွက် ဖလော်ရီဒါမှ မြေဈေးကောင်းသောနေရာတွင် ၁၈ ဧက ဖြန့်ကျက်တည်ရှိသော တစ်လမ်းလုံးကိ
ဘီလ်ဂိတ်က သမီးဖြစ်သူ မြင်းစီးလေ့ကျင့်ရန်အတွက် ဖလော်ရီဒါမှ မြေဈေးကောင်းသောနေရာတွင် ၁၈ ဧက ဖြန့်ကျက်တည်ရှိသော တစ်လမ်းလုံးကိ
ဂျက်ဘေးဇော့စ်က နယူးယောက်မြို့လယ်ရှိ သူ၏ ဒေါ်လာသန်း ၁၀၀ ကျော်တန် Penthouse ခန်းသို့ ကရိန်းဖြင့် ပရိဘောဂများ တင်ရန်အတွက် လ
ဂျက်ဘေးဇော့စ်က နယူးယောက်မြို့လယ်ရှိ သူ၏ ဒေါ်လာသန်း ၁၀၀ ကျော်တန် Penthouse ခန်းသို့ ကရိန်းဖြင့် ပရိဘောဂများ တင်ရန်အတွက် လ
တရုတ်ပြည်တွင် အမျိုးသားကြီးတစ်ဦးက သူ၏ ၅ လွှာတိုက်ခန်း ဝရန်တာ၌ ကိုယ်ပိုင်ဓာတ်လှေကားတစ်ခု တီထွင်တပ်ဆင်ခဲ့ပုံအပေါ် ပြည်မကြီ
တရုတ်ပြည်တွင် အမျိုးသားကြီးတစ်ဦးက သူ၏ ၅ လွှာတိုက်ခန်း ဝရန်တာ၌ ကိုယ်ပိုင်ဓာတ်လှေကားတစ်ခု တီထွင်တပ်ဆင်ခဲ့ပုံအပေါ် ပြည်မကြီ

Upcoming Property Events

From 28 Jun To 29 Jun

Magical World Apartment

From 28 Jun To 29 Jun

Pan Swal Taw Condominium

From 02 Jun To 30 Jun

Central Shophouse

From 09 Jun To 09 Jul

The Vista Luxury Residence

Pan Swal Taw Condominium

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service