ထားဝယ်စီးပွားရေးဇုန်စီမံကိန်းပြန်လည်စတင်ရန် မြန်မာကုမ္ပဏီများကို ဖိတ်ခေါ် - Property News in Myanmar from iMyanmarHouse.com
1025 Views

ထားဝယ်စီးပွားရေးဇုန်စီမံကိန်းပြန်လည်စတင်ရန် မြန်မာကုမ္ပဏီများကို ဖိတ်ခေါ်

ထားဝယ်အထူးစီးပွား ရေးဇုန်စီမံကိန်း ပြန်လည်စတင် ရာတွင် မြန်မာ ကုမ္ပ ဏီများကို ပြန် လည်ဖိတ်ခေါ်မည်ဖြစ်ကြောင်း အဆိုပါ အထူးစီးပွားရေးဇုန် စီမံခန့်ခွဲမှုကော်မတီမှ သတင်းရရှိသည်။

ထားဝယ်အထူးစီးပွားရေး ဇုန် ပြန်လည်စတင်ရန် မြန်မာ-ထိုင်း-ဂျပန် အစိုး ရတို့ ဆွေးနွေးညှိနှိုင်းနေပြီး မြန်မာပုဂ္ဂလိကကုမ္ပဏီများကို ပြန်လည်ဖိတ်ခေါ်မည်ဟု အဆိုပါ အထူးစီးပွားရေးဇုန် စီမံခန့်ခွဲမှု ကော်မတီဝင် တစ်ဦး က ပြောသည်။

‘‘မြန်မာဘက်က ကုမ္ပဏီ တွေမပါဘဲ လုပ်လို့မရပါဘူး။ အရင်တုန်းက မြန် မာကုမ္ပဏီတွေပါခဲ့ဖူးပါတယ်။ နောက်ပိုင်း ပြန်လည် နုတ်ထွက်ခဲ့တယ်။ မြန်မာ ကုမ္ပဏီတွေပါလာအောင် ကြိုး စားရမယ်’’ဟု ၎င်းက ဆက်လက် ပြော ကြားသည်။

အမေရိကန်ဒေါ်လာ ၁၀ ဘီလီယံကျော်တန်ဖိုးရှိသော ထားဝယ် အထူး စီး ပွားရေးဇုန်ကို ၂၀၀၈တွင် မြန်မာ-ထိုင်းအစိုးရနှစ်ဖက်က သဘောတူ လက် မှတ်ရေးထိုးခဲ့ပြီး ထိုင်းနိုင်ငံမှ အီတာလျံ-ထိုင်းကုမ္ပဏီက စတင် အကောင် အထည်ဖော်ခဲ့သည်။ ထို့နောက် ပြည်တွင်းမှ မက်စ် (မြန်မာ)က ပါဝင်ခဲ့ သည်။ သို့သော် ၂၀၁၃တွင် အီတာလျံ-ထိုင်းကုမ္ပဏီ၏ ဘဏ္ဍာရေး အခက် အခဲကြောင့် အဆိုပါ စီမံကိန်းကို ရပ်တန့်ခဲ့သည်။

၂၀၁၅ ဇူလိုင်တွင် ထားဝယ် အထူးစီးပွားရေးဇုန် ပြန်လည် စတင်ရန် မြန်မာ-ထိုင်း-ဂျပန် သုံးနိုင်ငံအစိုးရချင်း ဆွေးနွေးခဲ့ပြီး ဂျပန်အစိုးရက အဆိုပါ စီး ပွားရေးဇုန်အပါအ၀င် ထားဝယ်ဒေသဖွံ့ဖြိုးရေးအတွက် အမေရိကန်ဒေါ် လာသန်း ၈၀၀ ကျော် ထုတ်ချေးရန် သဘောတူခဲ့သည်။

ထားဝယ်အထူးစီးပွားရေးဇုန် သည် သီလ၀ါအထူးစီးပွားရေးဇုန် ထက် ၁၀ ဆခန့်ကြီးမားပြီး ကဏ္ဍ အလိုက်တစ်ခုချင်းကို အကောင် အထည်ဖော်နေ ရ သည်ဟု စီမံ ကော်မတီ တာဝန်ရှိသူက ပြော သည်။

ထားဝယ်အထူးစီးပွားရေး ဇုန်သည် စတုရန်းမိုင် ၁၀၀ ခန့် ကျယ်ဝန်းပြီး စီမံ ကိန်းအကောင် အထည်ပေါ်လာပါက အရှေ့ တောင်အာရှတွင် အကြီးမား ဆုံး စက်မှုဇုန်တစ်ခု ဖြစ်လာမည် ဖြစ် သည်။


Credit: 7DayDaily

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

[ငါးဟင်းကြိုက်သူတွေ သတိပြုစရာ] ထိုင်းတွင် ငါးရိုးစူးသော အမျိုးသမီးတစ်ဦး လည်ပင်းအပြင်ဘက်သို့ ငါးရိုးဖောက်ထွက်လာမှု နာမည်က
[ငါးဟင်းကြိုက်သူတွေ သတိပြုစရာ] ထိုင်းတွင် ငါးရိုးစူးသော အမျိုးသမီးတစ်ဦး လည်ပင်းအပြင်ဘက်သို့ ငါးရိုးဖောက်ထွက်လာမှု နာမည်က
ပရလောကသုတေသီက သရဲအလွန်ခြောက်သည်ဟု ကမ္ဘာကျော်သော Annabelle အရုပ်နှင့်အတူ ပရလောက လေ့လာရေးခရီးထွက်စဉ် ရုတ်တရက်ဆန်းကြယ်စွာသေ
ပရလောကသုတေသီက သရဲအလွန်ခြောက်သည်ဟု ကမ္ဘာကျော်သော Annabelle အရုပ်နှင့်အတူ ပရလောက လေ့လာရေးခရီးထွက်စဉ် ရုတ်တရက်ဆန်းကြယ်စွာသေ
တရုတ်ပြည်တွင် အမျိုးသားတစ်ဦးက အလုပ်နှင့် အိမ်ထောင်ရေးမှာ အဓိပ္ပာယ်မရှိဟု ယူဆကာ ယွမ် ၁၀၀၀၀ (ဒေါ်လာ ၁၄၀၀) ရသောအလုပ်မှ နှုတ
တရုတ်ပြည်တွင် အမျိုးသားတစ်ဦးက အလုပ်နှင့် အိမ်ထောင်ရေးမှာ အဓိပ္ပာယ်မရှိဟု ယူဆကာ ယွမ် ၁၀၀၀၀ (ဒေါ်လာ ၁၄၀၀) ရသောအလုပ်မှ နှုတ
ဂန်ဆောဟု လူသိများသော ကိုရီးယား ရုပ်ရှင်မင်းသမီး Kang Seo Ha အစာအိမ်ကင်ဆာ အဆင့် ၄ ဖြင့် ကွယ်လွန်ရှာ
ဂန်ဆောဟု လူသိများသော ကိုရီးယား ရုပ်ရှင်မင်းသမီး Kang Seo Ha အစာအိမ်ကင်ဆာ အဆင့် ၄ ဖြင့် ကွယ်လွန်ရှာ
MMA လက်ဝှေ့သမားကို ရန်သွားစမိတဲ့ မလေးရှားကွန်ဒို လုံခြုံရေး လူမိုက်ရဲ့အဖြစ်
MMA လက်ဝှေ့သမားကို ရန်သွားစမိတဲ့ မလေးရှားကွန်ဒို လုံခြုံရေး လူမိုက်ရဲ့အဖြစ်
စင်္ကာပူတွင် ရွှေ့ပြောင်းအလုပ်သမားတစ်ဦး မိုးရွာထဲ၌ ရေမြောင်းဘေး လူသွားလမ်းပေါ် စားစရာချကာ နေ့လယ်စာစားနေရပုံ နာမည်ကြီးနေ
စင်္ကာပူတွင် ရွှေ့ပြောင်းအလုပ်သမားတစ်ဦး မိုးရွာထဲ၌ ရေမြောင်းဘေး လူသွားလမ်းပေါ် စားစရာချကာ နေ့လယ်စာစားနေရပုံ နာမည်ကြီးနေ
ပါမောက္ခတစ်ဦးက ဘီအီးဒီကျောင်းသူကို မဖွယ်မရာလုပ်လို့ ကျောင်းသူ မီးရှို့သတ်သေသွား တဲ့ကိစ္စ အိန္ဒိယတစ်နိုင်ငံလုံး ဂယက်ရိုက်
ပါမောက္ခတစ်ဦးက ဘီအီးဒီကျောင်းသူကို မဖွယ်မရာလုပ်လို့ ကျောင်းသူ မီးရှို့သတ်သေသွား တဲ့ကိစ္စ အိန္ဒိယတစ်နိုင်ငံလုံး ဂယက်ရိုက်
ဒုတိယ ကမ္ဘာစစ်ကြီးအတွင်း မြန်မာပြည်မှာ ဂျပန်တွေက ကိုယ့်ကျင်းကိုယ်တူးခိုင်းပြီး ကွပ်မျက်တာခံခဲ့ရတဲ့ အင်္ဂလိပ်ဗိုလ်မှူးနှင
ဒုတိယ ကမ္ဘာစစ်ကြီးအတွင်း မြန်မာပြည်မှာ ဂျပန်တွေက ကိုယ့်ကျင်းကိုယ်တူးခိုင်းပြီး ကွပ်မျက်တာခံခဲ့ရတဲ့ အင်္ဂလိပ်ဗိုလ်မှူးနှင
စင်္ကာပူတွင် လာမည့် သြဂုတ်လ၌ ဝင်ငွေနည်းပါးသော အသက် ၂၁ နှစ်အထက် အရွယ်ရောက်ပြီးသူများကို ဒေါ်လာ ၈၅၀ ထောက်ပံ့ရန်စီစဉ်
စင်္ကာပူတွင် လာမည့် သြဂုတ်လ၌ ဝင်ငွေနည်းပါးသော အသက် ၂၁ နှစ်အထက် အရွယ်ရောက်ပြီးသူများကို ဒေါ်လာ ၈၅၀ ထောက်ပံ့ရန်စီစဉ်
ပြည့်စုံနက်ရှိုင်းတဲ့အချစ်ရဲ့ သင်္ကေတ ကျုးလစ်ပန်းရဲ့အလှ
ပြည့်စုံနက်ရှိုင်းတဲ့အချစ်ရဲ့ သင်္ကေတ ကျုးလစ်ပန်းရဲ့အလှ

Upcoming Property Events

From 09 Aug To 10 Aug

THADAR CONDOMINIUM

From 09 Aug To 10 Aug

Mingalar Market

From 27 Sep To 28 Sep

18th Property and Car Expo

THADAR CONDOMINIUM

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service