မကွေးတိုင်းတွင် ရေကြီးခဲ့သော လယ်ယာမြေများအတွက် သမ္မတ၏ အထူးရန်ပုံငွေမှ ကျပ်သန်း ၄၄၀ ကျော် ထောက်ပံ့မည် - Property News in Myanmar from iMyanmarHouse.com
1084 Views

မကွေးတိုင်းတွင် ရေကြီးခဲ့သော လယ်ယာမြေများအတွက် သမ္မတ၏ အထူးရန်ပုံငွေမှ ကျပ်သန်း ၄၄၀ ကျော် ထောက်ပံ့မည်

မကွေးတိုင်းမြို့နယ် ၁၂ ခုရှိ ရေကြီးနစ်မြုပ်ပျက်စီးခဲ့ သော လယ်ယာမြေများ အတွက် နိုင်ငံတော်သမ္မတ၏ အထူးရန်ပုံ ငွေမှ ကျပ်သန်း ၄၄၀ ကျော် ကို ထောက်ပံ့ကြေးအဖြစ် ယခုလအ တွင်း ပေးအပ်မည်ဖြစ်ကြောင်း သ တင်းရရှိသည်။

ပြီးခဲ့သည့် ၂၀၁၆ သြဂုတ် အတွင်း ဧရာဝတီမြစ်ရေ မြင့် တက်မှုကြောင့် ရေ ကြီးနစ်မြုပ် ပျက်စီးခဲ့သော ဂန့်ဂေါ၊ ဆော၊ ဆိပ်ဖြူ၊ မကွေး၊ မင်းဘူး၊ ပွင့်ဖြူ၊ စလင်း၊ စေတုတ္တရာ၊ သရက်၊ မင်းလှ၊ အောင်လံ၊ ဆင်ပေါင်ဝဲ စသည့် မြို့ နယ်ပေါင်း ၁၂ မြို့နယ်မှ လယ်ယာမြေပေါင်း ၂၄,၀၃၂ အတွက် ပျက်စီးဆုံး ရှုံးမှု သီးနှံအခြေအနေအလိုက် နိုင်ငံတော် သမ္မတ၏ အထူးရန်ပုံငွေမှ ကျပ် ၄၄၈ ဒသမ ၂၇၅ သန်းကို ခွဲဝေပေးအပ် ထောက်ပံ့ခြင်းဖြစ်ကြောင်း မကွေး တိုင်းစိုက်ပျိုးရေးဦးစီးဌာန တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

‘‘စိုက်ပျိုးရေးဌာနအနေနဲ့က ရေကြီးနစ်မြုပ်လယ်ယာမြေတွေ အတွက် အ ဆင့်သုံးဆင့်သတ် မှတ်ထောက်ပံ့ပေးအပ်ပါတယ်။ ပထမအဆင့်က ကူညီ ကယ်ဆယ် ပေးရေး၊ ပြန်လည်ထူထောင်ရေး နဲ့ ရေရှည် တည်တံ့စေရေးေ ပါ့ နော်။ အဲဒီလိုလုပ်ပေးတယ်။ ကူညီ ကယ်ဆယ်ရေးအပိုင်းက အစိုးရ အ ဖွဲ့၊ ကူညီပေးရေးအဖွဲ့တွေနဲ့ ပူး ပေါင်းလုပ်ပေးခဲ့သလို ပြန်လည် ထူေ ထာင်ရေးအပိုင်းမှာ တောင်သူ တွေပြန်လည်စိုက်ပျိုးနိုင်ဖို့ မျိုး စပါးတွေကို ပျက်စီးဧကအလိုက် ထောက်ပံ့ပေးတာ လုပ်တယ်။ အခုက ရေရှည် တည် တံ့ရေးပေါ့။ လုပ်အားခ၊ အရင်းအနှီးစသဖြင့် ပေါ့။ ရရှိစေဖို့ငွေကြေးထောက် ပံ့ ပေးတာပါ’’ဟု မကွေးတိုင်းစိုက် ပျိုးရေးဦးစီးဌာန တိုင်းဦးစီးမှူး ဦးခင်မောင် ၀င်းက ပြောကြားသည်။

တိုင်းအတွင်း မြို့နယ်များသို့ ထောက်ပံ့ကြေး ရန်ပုံငွေများ လည်း ပေးအပ် ထားပြီဖြစ်ပြီး မြို့ နယ်များအလိုက် ဌာနဆိုင်ရာများ၊ လွှတ်တော် ကိုယ်စား လှယ်များ ပါဝင်သော ပေးအပ်ရေးကော်မတီ များ ဖွဲ့စည်းကာ ဒေသ အာ ဏာ ပိုင်များမှတစ်ဆင့် ပျက်စီးဧကများအလိုက် ထောက်ပံ့ကြေး များ ပေး အပ်မည်ဖြစ်ကြောင်း အောင်လံမြို့နယ် စိုက်ပျိုးရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးဌေးမောင်က ပြောသည်။

လယ်သီးနှံဖြစ်သော မိုးစပါးစိုက်ခင်း တစ်ဧကလျှင် ကျပ် ၁၀,၀၀၀ နှုန်း၊ မိုး စပါးပျိုးခင်းတစ်ဧကလျှင် ၁၀၀,၀၀၀ ကျပ်နှုန်းနှင့် နွေစပါးတစ်ဧကလျှင် ၂၅၀,၀၀၀ ကျပ်နှုန်း ထောက်ပံ့ပေးအပ်မည် ဖြစ်သည်။

ထို့အပြင် ယာသီးနှံများ ဖြစ်သည့် ဖူးစားပြောင်း တစ်ဧကလျှင် ၅,၀၀၀ ကျပ်နှုန်း၊ နွေနှမ်း တစ်ဧကလျှင် ၁၅,၀၀၀ ကျပ်၊ မိုးမြေပဲတစ်ဧကလျှင် ၃၀,၀၀၀ ကျပ်၊ မိုးနှမ်း ၅,၀၀၀ ကျပ်၊ မိုးနေကြာ ၅,၀၀၀ ကျပ်၊ မိုးပဲတီစိမ်း ၅,၀၀၀ ကျပ်၊ ပဲစင်းငုံ ၅,၀၀၀ ကျပ်၊ မိုးငရုတ်စို ၁၀,၀၀၀ ကျပ်၊ ချည်မျှင် ရှည်ဝါ ၁၀,၀၀၀ ကျပ်၊ ဟင်းသီးဟင်းရွက်တစ်ဧကလျှင် ၁၀,၀၀၀ ကျပ်နှင့် ကျွဲ၊ နွားစာ စိုက်ခင်းတစ်ဧက ပျက်စီးခဲ့လျှင် ၁၀ ,၀၀၀ ကျပ် ထောက်ပံ့ပေး အပ်မည်ဖြစ်ကြောင်း သိရသည်။

ပြီးခဲ့သည့် ၂၀၁၆ နှစ်ကုန် ကလည်း အဆိုပါ မြို့နယ် ၁၂ ခုရှိ ရေကြီး နစ်မြုပ် ခဲ့သည့် လယ်ယာစိုက်ခင်းများအတွက် စိုက်ပျိုးရေးဦးစီးဌာနက မိုးစပါးတစ်ဧ က လျှင် စပါးမျိုး ၁၈ ပြည်နှုန်း ထောက်ပံ့ခဲ့သည်။


Credit: 7DayDaily

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ဂျပန်အလုပ်သမားတစ်ဦးက တစ်ရက်လျှင် ၁၈ နာရီခန့် ရုန်းကန်လှုပ်ရှားရသည့် သူ၏ဘဝကို လူမှုကွန်ရက်တွင် ဗွီဒီယိုဖိုင်တင်ခဲ့ပုံ ဂယက
ဂျပန်အလုပ်သမားတစ်ဦးက တစ်ရက်လျှင် ၁၈ နာရီခန့် ရုန်းကန်လှုပ်ရှားရသည့် သူ၏ဘဝကို လူမှုကွန်ရက်တွင် ဗွီဒီယိုဖိုင်တင်ခဲ့ပုံ ဂယက
ဘီလ်ဂိတ်က ဖက်ရှင်လုပ်ငန်း စတင်ထူထောင်သည့် သမီးဖြစ်သူအား တစ်ပြားတစ်ချပ်မှပင် အရင်းအနှီး ထုတ်မပေးသည့် ဖြစ်အင်
ဘီလ်ဂိတ်က ဖက်ရှင်လုပ်ငန်း စတင်ထူထောင်သည့် သမီးဖြစ်သူအား တစ်ပြားတစ်ချပ်မှပင် အရင်းအနှီး ထုတ်မပေးသည့် ဖြစ်အင်
တရုတ်ပြည်တွင် အသက် ၁၅ နှစ်အရွယ်အထိ သူတောင်းစားဂိုဏ်းသားအဖြစ် တောင်းရမ်းခဲ့ရပြီး အသက် ၁၆ နှစ်တွင် မူလတန်းကျောင်း စတင်ကျော
တရုတ်ပြည်တွင် အသက် ၁၅ နှစ်အရွယ်အထိ သူတောင်းစားဂိုဏ်းသားအဖြစ် တောင်းရမ်းခဲ့ရပြီး အသက် ၁၆ နှစ်တွင် မူလတန်းကျောင်း စတင်ကျော
အိန္ဒိယတွင် လယ်သမားတစ်ဦးက မိုးဦးတဖြိုက်ကျအပြီး လယ်ကွင်းထဲသို့ ဆင်းခဲ့ရာ စိန်ကြီးတစ်ပွင့် ရှာတွေ့ခဲ့အပြီး တစ်ရွာလုံး အုံး
အိန္ဒိယတွင် လယ်သမားတစ်ဦးက မိုးဦးတဖြိုက်ကျအပြီး လယ်ကွင်းထဲသို့ ဆင်းခဲ့ရာ စိန်ကြီးတစ်ပွင့် ရှာတွေ့ခဲ့အပြီး တစ်ရွာလုံး အုံး
တရုတ်နာမည်ကြီး ရက်ပ်အဆိုတော် ဘီလျံနာသူဌေး Huang Zitao (Exo အဖွဲ့သားဟောင်း) က မိန်းကလေး လစဉ်သုံးပစ္စည်း စက်ရုံတည်ထောင်ကာ
တရုတ်နာမည်ကြီး ရက်ပ်အဆိုတော် ဘီလျံနာသူဌေး Huang Zitao (Exo အဖွဲ့သားဟောင်း) က မိန်းကလေး လစဉ်သုံးပစ္စည်း စက်ရုံတည်ထောင်ကာ
ဥရောပသားတွေ ဘာကြောင့် ကြောင်အိမ်ထဲမှာ အိပ်ခဲ့ကြတာလဲ
ဥရောပသားတွေ ဘာကြောင့် ကြောင်အိမ်ထဲမှာ အိပ်ခဲ့ကြတာလဲ
အိန္ဒိယတွင် အမျိုးသားတစ်ဦး၏ ဘဏ်စာရင်းထဲသို့ ရူပီးငွေ ၁၀၀,၁၃၅,၆၀၀,၀၀၀,၁၃၉, ၅၄၂,၁၀၀,၂၃၅, ၆၀၀,၀၀၀,၁၃၉, ၅၄၂ ရုတ်တရက် ငွေဝင်လ
အိန္ဒိယတွင် အမျိုးသားတစ်ဦး၏ ဘဏ်စာရင်းထဲသို့ ရူပီးငွေ ၁၀၀,၁၃၅,၆၀၀,၀၀၀,၁၃၉, ၅၄၂,၁၀၀,၂၃၅, ၆၀၀,၀၀၀,၁၃၉, ၅၄၂ ရုတ်တရက် ငွေဝင်လ
[အဓိပ္ပာယ်ရှိသောလူ] မလေးရှားတွင် အမျိုးသားတစ်ဦးမှာ ပိုက်ဆံအိတ်ထဲမှ မသုံးဖြစ်ဘဲရှိနေသော ရင်းဂစ် ၅၀ တန်တွင် ပါသည့် နံပါတ်ဖ
[အဓိပ္ပာယ်ရှိသောလူ] မလေးရှားတွင် အမျိုးသားတစ်ဦးမှာ ပိုက်ဆံအိတ်ထဲမှ မသုံးဖြစ်ဘဲရှိနေသော ရင်းဂစ် ၅၀ တန်တွင် ပါသည့် နံပါတ်ဖ
[ဆန်းကြယ်သော ကံကြမ္မာ] အမေရိကန်တွင် အမျိုးသားတစ်ဦးမှာ ဒေါ်လာ ၁၆၇ သန်း ထီပေါက်ပြီး ရက်ပိုင်းအကြာတွင် ဖမ်းဆီးခံရ
[ဆန်းကြယ်သော ကံကြမ္မာ] အမေရိကန်တွင် အမျိုးသားတစ်ဦးမှာ ဒေါ်လာ ၁၆၇ သန်း ထီပေါက်ပြီး ရက်ပိုင်းအကြာတွင် ဖမ်းဆီးခံရ
အမေရိကန်ပြည်တွင် အမျိုးသားတစ်ဦးက အလုပ်မှထွက်လိုက်ကာ အိုစာမင်းစာ စုဆောင်းထားငွေဖြင့် ရွက်လှေငယ်တစ်စင်းဝယ်လိုက်ပြီး သူ၏ကြေ
အမေရိကန်ပြည်တွင် အမျိုးသားတစ်ဦးက အလုပ်မှထွက်လိုက်ကာ အိုစာမင်းစာ စုဆောင်းထားငွေဖြင့် ရွက်လှေငယ်တစ်စင်းဝယ်လိုက်ပြီး သူ၏ကြေ

Upcoming Property Events

From 28 Jun To 29 Jun

Magical World Apartment

From 28 Jun To 29 Jun

Pan Swal Taw Condominium

From 02 Jun To 30 Jun

Central Shophouse

From 05 Jul To 06 Jul

Mingalar Market

From 09 Jun To 09 Jul

The Vista Luxury Residence

Pan Swal Taw Condominium

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service