စက်မှုဇုန်များတွင် ကျူးကျော်တဲများ ဆောက်လုပ်ကာ ခြိမ်းခြောက်ငွေတောင်းမှုများ ရှိနေ - Property News in Myanmar from iMyanmarHouse.com
1493 Views

စက်မှုဇုန်များတွင် ကျူးကျော်တဲများ ဆောက်လုပ်ကာ ခြိမ်းခြောက်ငွေတောင်းမှုများ ရှိနေ

ရန်ကုန်တိုင်းဒေသကြီးရှိ စက်မှုဇုန်အချို့တွင် ကျူးကျော်တဲများ ဆောက်လုပ် ကာ အုပ်စုဖွဲ့ ခြိမ်းခြောက် ငွေတောင်းခံမှုများ ရှိနေပြီး သက်ဆိုင်ရာထံမှ လုံလောက်သော တရားဥပဒေ အကာအကွယ် မရရှိသေးကြောင်း စက်မှုဇုန် လုပ်ငန်းရှင်များက ပြောဆိုနေကြသည်။

စက်မှုဇုန်များရှိ စက်ရုံမြေကွက်လပ်များ၊ ဝင်ပေါက် ထွက်ပေါက်များတွင် ကျူးကျော်သူများက တဲများ ပိတ်ဆို့ဆောက်လုပ်ထားပြီး ကျပ်သိန်းရာနှင့် ချီ လျော်ကြေးပေးမှ ဖယ်ပေးမည်ဟုဆိုကာ ခြိမ်းခြောက် မှုများ ရှိနေေ ကြာင်း လှိုင်သာယာမြို့နယ် ရွှေလင်ဗန်းစက်မှုဇုန်ရှိ ကနောင်ခန်းမ စီမံခန့်ခွဲ မှု ကော်မတီ ရုံးတွင် မတ်လ ၁ရက်နေ့က ပြုလုပ်သည့် သတင်းစာ ရှင်း လင်းပွဲ၌ ရွှေလင်ဗန်းစက်မှုဇုန် စီမံခန့်ခွဲရေး ကော်မတီ အတွင်းရေးမှူး ဦးနေ လင်းဇင်က ပြောသည်။

“ ဥပဒေနဲ့ အကာအကွယ် မပေးနိုင်ဘူးဆိုရင် စီးပွားရေး လုပ်ငန်းတွေ၊ စက် ရုံလုပ်ငန်းတွေ မလုပ်နိုင် ပါဘူး။ ကျနော်တို့ နိုင်ငံရဲ့ စီးပွားရေး ဖွံ့ဖြိုးတိုး တက်မှုကို လုပ်နိုင်စွမ်း ရှိမှာ မဟုတ်ပါဘူး” ဟု ၎င်းက ပြောသည်။

စက်ရုံအပေါက်ဝများတွင် ပိတ်ဆို့ပြီး ကျူးကျော်တဲများ ဆောက်လုပ်ထားကာ တဦးလျှင် လျော်ကြေး ငွေ ကျပ်သိန်း ၁၅၀ တောင်းခံမှုကို ကိုယ်တွေ့ကြုံနေ ရကြောင်း၊ တဲများကို ဖျက်ပေးခြင်း မရှိသဖြင့် တိုးချဲ့ ဆောက်လုပ်ရမည့် လုပ် ငန်းများကို ယခုအချိန်ထိ မလုပ်ကိုင်နိုင်သေးကြောင်း ရွှေလင်ဗန်း စက်မှုဇုန် ရှိ မြတ်ရွှေနဒီ ကုမ္ပဏီ မန်နေဂျာ ဒေါ်ရီရီမြက ပြောသည်။

သူက “ ပိုင်ဆိုင်မှု အထောက်အထား ပြနိုင်ရင် ပြနိုင်တဲ့သူအားလုံးကို ကရု ဏာကြေး ပေးမယ်လို့ ပြောတယ်။ ဒါပေမယ့် မရှိကြဘူး” ဟု ရှင်းပြသည်။

ရန်ကုန်တိုင်း ရဲတပ်ဖွဲ့မှ ရဲမှူးကြီး မျိုးဆွေကမူ လုပ်ငန်းရှင်များ အနေဖြင့် ခြိမ်းခြောက် ငွေတောင်းခံရမှုများ ရှိပါက တိကျစွာ စာရေးသား တိုင် ကြား စေလိုကြောင်းနှင့် ထိရောက်သော ဥပဒေများနှင့် ကိုင်တွယ်မှ သာ ဖြေရှင်းနိုင်မည်ဖြစ်သည့်အတွက် အားလုံး ပူးပေါင်းဆောင်ရွက်ကြရန် အကြံပြု တိုက်တွန်းထားသည်။

ရန်ကုန်တိုင်းဒေသကြီးတွင် ရွှေလင်ဗန်းစက်မှုဇုန်အပါအဝင် စက်မှုဇုန် ၂၉ ခုရှိပြီး ယင်းသို့ ခြိမ်းခြောက်ငွေတောင်းခံမှု များမှာ ၂၀၁၄ခုနှစ် ကတည်းက စတင်ဖြစ်ပွားခဲ့ပြီး ရွှေလင်ဗန်း စက်မှုဇုန်၌ အမှု ၁၅ မှုခန့် ရှိကြောင်း၊ စက်ရုံ များရှေ့တွင် တဲထိုးပိတ်ဆို့ကာ လယ်ယာမြေ အငြင်းပွား မှုဖြင့် ငွေတောင်း ခံမှုများတွင် သက်ဆိုင်ရာ ဌာနဆိုင်ရာများက ဖြေရှင်း မပေးနိုင်သည့်အ တွက် နှစ်ဖက်ညှိနှိုင်းကာ ကျပ် ၂၅ သိန်းမှ ကျပ်သိန်း ၁၂၀ဝ အထိ ပေးခဲ့ရ မှုများ ရှိကြောင်း ဇန်နဝါရီ ၂၈ ရက်က UMFCCI တွင် ပြုလုပ်ခဲ့သည့် ပွဲတွင် လည်း လုပ်ငန်းရှင်များက ပြောခဲ့သည်။


Credit: Irrawaddy

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ရိုးမရိပ်သာ တန်ဖိုးနည်းအိမ်ရာ အခန်းနေရာမဲနှိုက်ခြင်းကို ဇွန်လ ၂၆ ရက်မှ ၂၈ ရက်အထိ မြို့ပြနှင့်အိမ်ရာ ဖွံ့ဖြိုးရေးဦးစီးဌာန
ရိုးမရိပ်သာ တန်ဖိုးနည်းအိမ်ရာ အခန်းနေရာမဲနှိုက်ခြင်းကို ဇွန်လ ၂၆ ရက်မှ ၂၈ ရက်အထိ မြို့ပြနှင့်အိမ်ရာ ဖွံ့ဖြိုးရေးဦးစီးဌာန
[လွယ်မယ်ထင်လို့လား ] ဘာမှ မလုပ်ဘဲ မိနစ် ၉၀ ငြိမ်ငြိမ်လေး ထိုင်နေရတဲ့ တောင်ကိုရီးယားက ပြိုင်ပွဲ အင်စတာဂရမ်တွင် နာမည်ကြီးန
[လွယ်မယ်ထင်လို့လား ] ဘာမှ မလုပ်ဘဲ မိနစ် ၉၀ ငြိမ်ငြိမ်လေး ထိုင်နေရတဲ့ တောင်ကိုရီးယားက ပြိုင်ပွဲ အင်စတာဂရမ်တွင် နာမည်ကြီးန
iPhone 5 ထွက်ရှိစဉ်ကတည်းက တစ်နာရီလျှင် ၃၃ ဒေါ်လာယူကာ တန်းစီဝယ်ယူပေးခဲ့သော အမေရိကန် အမျိုးသားမှာ ယခုအခါ iPhone ဝယ်ယူလိုသူ
iPhone 5 ထွက်ရှိစဉ်ကတည်းက တစ်နာရီလျှင် ၃၃ ဒေါ်လာယူကာ တန်းစီဝယ်ယူပေးခဲ့သော အမေရိကန် အမျိုးသားမှာ ယခုအခါ iPhone ဝယ်ယူလိုသူ
အမေရိကန်ပြည်တွင် အမျိုးသားတစ်ဦးက အလုပ်မှထွက်လိုက်ကာ အိုစာမင်းစာ စုဆောင်းထားငွေဖြင့် ရွက်လှေငယ်တစ်စင်းဝယ်လိုက်ပြီး သူ၏ကြေ
အမေရိကန်ပြည်တွင် အမျိုးသားတစ်ဦးက အလုပ်မှထွက်လိုက်ကာ အိုစာမင်းစာ စုဆောင်းထားငွေဖြင့် ရွက်လှေငယ်တစ်စင်းဝယ်လိုက်ပြီး သူ၏ကြေ
အိန္ဒိယတွင် လယ်သမားတစ်ဦးက မိုးဦးတဖြိုက်ကျအပြီး လယ်ကွင်းထဲသို့ ဆင်းခဲ့ရာ စိန်ကြီးတစ်ပွင့် ရှာတွေ့ခဲ့အပြီး တစ်ရွာလုံး အုံး
အိန္ဒိယတွင် လယ်သမားတစ်ဦးက မိုးဦးတဖြိုက်ကျအပြီး လယ်ကွင်းထဲသို့ ဆင်းခဲ့ရာ စိန်ကြီးတစ်ပွင့် ရှာတွေ့ခဲ့အပြီး တစ်ရွာလုံး အုံး
ဘီလ်ဂိတ်က ဖက်ရှင်လုပ်ငန်း စတင်ထူထောင်သည့် သမီးဖြစ်သူအား တစ်ပြားတစ်ချပ်မှပင် အရင်းအနှီး ထုတ်မပေးသည့် ဖြစ်အင်
ဘီလ်ဂိတ်က ဖက်ရှင်လုပ်ငန်း စတင်ထူထောင်သည့် သမီးဖြစ်သူအား တစ်ပြားတစ်ချပ်မှပင် အရင်းအနှီး ထုတ်မပေးသည့် ဖြစ်အင်
အိမ်ရာစုဆောင်းငွေ သိန်း (၃၀) အထက် စုဆောင်းပြီးသူများအနေဖြင့် မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေး ဦးစီးဌာန၏ သတ်မှတ်ချက်များနှင
အိမ်ရာစုဆောင်းငွေ သိန်း (၃၀) အထက် စုဆောင်းပြီးသူများအနေဖြင့် မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေး ဦးစီးဌာန၏ သတ်မှတ်ချက်များနှင
[မိဘဟူသည်..] စင်္ကာပူတွင် ဖခင်ကြီးက သမီးဖြစ်သူ မျှော်လင့်အိပ်မက်နေသော လုပ်ငန်း လုပ်ဆောင်နိုင်ရေးအတွက် မိမိ၏ ကုမ္ပဏီကို ရ
[မိဘဟူသည်..] စင်္ကာပူတွင် ဖခင်ကြီးက သမီးဖြစ်သူ မျှော်လင့်အိပ်မက်နေသော လုပ်ငန်း လုပ်ဆောင်နိုင်ရေးအတွက် မိမိ၏ ကုမ္ပဏီကို ရ
[ရုပ်ရည်ကျဆင်း အိုမင်းခြင်းကား ပျိုမျစ်နောက်ဆုံးရှိချေ၏] အိုမင်းသော ရုပ်ရည်မှ ဆန်းကြယ်စွာ နုပျိုသွားသော ဂျပန်အမျိုးသားတစ
[ရုပ်ရည်ကျဆင်း အိုမင်းခြင်းကား ပျိုမျစ်နောက်ဆုံးရှိချေ၏] အိုမင်းသော ရုပ်ရည်မှ ဆန်းကြယ်စွာ နုပျိုသွားသော ဂျပန်အမျိုးသားတစ
ဘရာဇီးတွင် နိုင်ငံခြားသားများ လွှင့်ပစ်ခဲ့သော ပုလင်းခွံများကို ကောက်ယူစုဆောင်းကာ အိပ်ခန်း ၇ ခန်းပါ အိမ်တစ်လုံးကို ၂ နှစ်
ဘရာဇီးတွင် နိုင်ငံခြားသားများ လွှင့်ပစ်ခဲ့သော ပုလင်းခွံများကို ကောက်ယူစုဆောင်းကာ အိပ်ခန်း ၇ ခန်းပါ အိမ်တစ်လုံးကို ၂ နှစ်

Upcoming Property Events

From 05 Jul To 06 Jul

Mingalar Market

From 05 Jul To 06 Jul

Golden City Condo

From 09 Jun To 09 Jul

The Vista Luxury Residence

Golden City Condo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service