ကမ္ဘာ့ရွှေဈေး ကျဆင်းလာခြင်းကြောင့် ပြည်တွင်းရွှေဈေး ကျပ် ၈၉၇၀၀၀ သို့ ပြန်လည်ရောက်ရှိ - Property News in Myanmar from iMyanmarHouse.com
2162 Views

ကမ္ဘာ့ရွှေဈေး ကျဆင်းလာခြင်းကြောင့် ပြည်တွင်းရွှေဈေး ကျပ် ၈၉၇၀၀၀ သို့ ပြန်လည်ရောက်ရှိ

မတ် ၁ ရက်တွင် ကမ္ဘာ့ရွှေဈေး ၁၀ ဒေါ် လာကျော် ကျဆင်းလာခြင်းေ ကြာင့် ပြည်တွင်းရွှေဈေး ကျပ် ၈၉၇၀၀၀ သို့ ပြန်လည် ရောက်ရှိ လာေ ကြာင်း ဈေးကွက်အတွင်း ရွှေရောင်းဝယ်သူများထံမှ သိရသည်။

ဖေဖော်ဝါရီ ၂၇ ရက်က ၁၂၅၇ ဒသမ ၄၀ ဒေါ်လာ အထိရှိခဲ့သော ကမ္ဘာ့ေ ရွှဈေးနှုန်းသည် ဖေဖော်ဝါရီ ၂၈ ရက် ညနေ ၃ နာရီ တွင် ၁၂၅၁ ဒေါ်လာအ ထိ ကျဆင်းလာခြင်း ဖြစ်သည်။ မတ် ၁ ရက် နံနက်ပိုင်းတွင် ၁၂၄၂ ဒေါ်လာ အထိ ဆက်လက် ကျဆင်းခဲ့ပြီး နောက်မွန်းလွဲ ၂ နာရီခွဲခန့်တွင် ၁၂၄၄ ဒေါ် လာ ၀န်းကျင်တွင် ရှိနေသည်။ ဖေဖော်ဝါရီ ၂၄ ရက်တွင် ကမ္ဘာ့ရွှေဈေး တစ် ရက်အတွင်း ဒေါ်လာ ၂၀ ကျော် ခုန်တက်ခဲ့ပြီး ဖေဖော်ဝါရီ ၂၇ ရက်တွင် ၁၂၅၈ ဒေါ်လာ ၀န်းကျင်အထိ ဆက်လက် မြင့်တက်ပြီးနောက် ဖေဖော်ဝါရီ ၂၈ ရက်နှင့် မတ် ၁ ရက်တို့တွင် ပြန်လည် ကျဆင်းခဲ့ခြင်းဖြစ်သည်။

ကမ္ဘာ့ရွှေဈေးသည် ၂၀၁၆ ခုနှစ် ဒီဇင်ဘာ ၁၅ ရက်က တစ်အောင်စ ဒေါ် လာ ၁၁၂၀ ကျော်အထိ ထိုးဆင်းသွားခဲ့ပြီး ဒီဇင်ဘာ ၂၆ ရက်အထိ ၁၁၃၃ ဒေါ်လာဝန်းကျင်တွင် ရှိခဲ့သည်။ ထို့နောက် ဒီဇင်ဘာ ၂၇ မှစ၍ ဈေြး ပန်တက်လာပြီး ဒီဇင်ဘာ ၂၇ ရက်တွင် ၁၁၄၅ ဒေါ်လာ၊ ဒီဇင်ဘာ ၃၀ ရက် တွင် ၁၁၅၉ ဒေါ်လာ၊ ဇန်န၀ါရီ ၉ ရက်တွင် ၁၁၇၆ ဒေါ်လာ၊ ဇန်န၀ါရီ ၁၂ ရက်တွင် ဒေါ်လာ ၁၂၀၀ အထက်၊ ဖေဖော်ဝါရီ ၂၄ ရက် မှစတင်ကာ ဒေါ် လာ ၁၂၅၀ အထက်သို့ ရောက်ရှိလာခြင်း ဖြစ်သည်။ ဖေဖော်ဝါရီ ၂၄ ရက် မှ ဖေဖော်ဝါရီ ၂၈ ရက်အထိ ငါးရက်ကြာ ဒေါ်လာ ၁၂၅၀ အထက် ရောက် ရှိခဲ့ပြီး မတ် ၁ ရက်တွင် ဈေးနှုန်း ပြန်ကျလာခြင်းဖြစ်သည်။

ကမ္ဘာ့ရွှေဈေး တက်ရိပ်ပြလာခြင်းကြောင့် ပြည်တွင်း ဈေးကွက်တွင် ဖေဖော် ၀ါရီ ၂၄ ရက်တွင် ကျပ် ၉၀၀၅၀၀ အထိရောက်ရှိလာခဲ့သည်။ ဖေဖော်ဝါရီ ၂၅ ရက်တွင် ပြည်တွင်း ရွှေဈေးနှုန်း ကျပ် ၉၀၂၄၀၀ အထိ ဆက်လက် မြင့် တက်လာပြီး ဖေဖော်ဝါရီ ၂၆ ရက်၌ ကျပ် ၉၀၂၀၀၀ ဈေး ဖြစ်ပေါ်ခဲ့ သည်။ ဖေဖော်ဝါရီ ၂၇ ရက်တွင် ကျပ် ၉၀၂၂၀၀ ဖြင့်ဈေးဖွင့်ခဲ့ပြီး မွန်းလွဲ ပိုင်းတွင် ကျပ် ၉၀၃၅၀၀ အထိ ဆက်လက် မြင့်တက်ခဲ့သည်။ ဖေဖော်ဝါရီ ၂၈ ရက်တွင် ကမ္ဘာ့ရွှေဈေး ကျဆင်းလာခြင်းကြောင့် ပြည်တွင်းရွှေဈေး ကျပ် ၉၀၁၇၀၀ ဖြင့်စဖွင့်ခဲ့ပြီး ညနေ ၄ နာရီတွင် ကျပ် ၉၀၀၆၀၀ အထိ ပြန်လည် ကျဆင်းလာခြင်းဖြစ်ကြောင်း သိရသည်။

မတ် ၁ ရက် နံနက်ပိုင်းတွင် ကမ္ဘာ့ရွှေဈေး ဆက်လက် ကျဆင်းမှုနှင့်အတူ ကျပ် ၈၉၈၀၀၀ ဖြင့်ဈေးဖွင့်ခဲ့ပြီး မွန်းလွဲပိုင်း၌ ကျပ် ၈၉၇၀၀၀ အထိ ဆက် လက် ရောက်ရှိခဲ့ခြင်းဖြစ်သည်။



Credit: Eleven Media Group

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ဘီလ်ဂိတ်က ဖက်ရှင်လုပ်ငန်း စတင်ထူထောင်သည့် သမီးဖြစ်သူအား တစ်ပြားတစ်ချပ်မှပင် အရင်းအနှီး ထုတ်မပေးသည့် ဖြစ်အင်
ဘီလ်ဂိတ်က ဖက်ရှင်လုပ်ငန်း စတင်ထူထောင်သည့် သမီးဖြစ်သူအား တစ်ပြားတစ်ချပ်မှပင် အရင်းအနှီး ထုတ်မပေးသည့် ဖြစ်အင်
အိန္ဒိယတွင် အမျိုးသားတစ်ဦး၏ ဘဏ်စာရင်းထဲသို့ ရူပီးငွေ ၁၀၀,၁၃၅,၆၀၀,၀၀၀,၁၃၉, ၅၄၂,၁၀၀,၂၃၅, ၆၀၀,၀၀၀,၁၃၉, ၅၄၂ ရုတ်တရက် ငွေဝင်လ
အိန္ဒိယတွင် အမျိုးသားတစ်ဦး၏ ဘဏ်စာရင်းထဲသို့ ရူပီးငွေ ၁၀၀,၁၃၅,၆၀၀,၀၀၀,၁၃၉, ၅၄၂,၁၀၀,၂၃၅, ၆၀၀,၀၀၀,၁၃၉, ၅၄၂ ရုတ်တရက် ငွေဝင်လ
ပြင်သစ်တွင် နေအိမ်တစ်ခု၏ နံရံထဲ၌ လျှို့ဝှက်သိမ်းဆည်းထားသော ရွှေဒင်္ဂါးပြားများ ရှာဖွေတွေ့ခဲ့ပြီး လေလံတင်ရောင်းချရာတွင် ဒ
ပြင်သစ်တွင် နေအိမ်တစ်ခု၏ နံရံထဲ၌ လျှို့ဝှက်သိမ်းဆည်းထားသော ရွှေဒင်္ဂါးပြားများ ရှာဖွေတွေ့ခဲ့ပြီး လေလံတင်ရောင်းချရာတွင် ဒ
သြစတေးလျတွင် အမျိုးသားတစ်ဦးက ၇ နှစ်ကြာအချိန်ယူကာ ဘူးခွံ၊ ပုလင်းခွံပေါင်း ၄၅၀,၀၀၀ ကောက်ယူစုဆောင်းခဲ့ကာ ရောင်းရငွေဖြင့် အိ
သြစတေးလျတွင် အမျိုးသားတစ်ဦးက ၇ နှစ်ကြာအချိန်ယူကာ ဘူးခွံ၊ ပုလင်းခွံပေါင်း ၄၅၀,၀၀၀ ကောက်ယူစုဆောင်းခဲ့ကာ ရောင်းရငွေဖြင့် အိ
ဟောင်ကောင်က ဆင်းရဲသားမိသားစုလေး ထီပေါက်ခဲ့ပြီးနောက် အလွန်ချမ်းသာသွားသော်လည်း လောင်းကစားသမား အဒေါ်မသိစေရန် နှစ်ပေါင်းများ
ဟောင်ကောင်က ဆင်းရဲသားမိသားစုလေး ထီပေါက်ခဲ့ပြီးနောက် အလွန်ချမ်းသာသွားသော်လည်း လောင်းကစားသမား အဒေါ်မသိစေရန် နှစ်ပေါင်းများ
[ရုပ်ရည်ကျဆင်း အိုမင်းခြင်းကား ပျိုမျစ်နောက်ဆုံးရှိချေ၏] အိုမင်းသော ရုပ်ရည်မှ ဆန်းကြယ်စွာ နုပျိုသွားသော ဂျပန်အမျိုးသားတစ
[ရုပ်ရည်ကျဆင်း အိုမင်းခြင်းကား ပျိုမျစ်နောက်ဆုံးရှိချေ၏] အိုမင်းသော ရုပ်ရည်မှ ဆန်းကြယ်စွာ နုပျိုသွားသော ဂျပန်အမျိုးသားတစ
ဂျက်ဘေးဇော့စ်က နယူးယောက်မြို့လယ်ရှိ သူ၏ ဒေါ်လာသန်း ၁၀၀ ကျော်တန် Penthouse ခန်းသို့ ကရိန်းဖြင့် ပရိဘောဂများ တင်ရန်အတွက် လ
ဂျက်ဘေးဇော့စ်က နယူးယောက်မြို့လယ်ရှိ သူ၏ ဒေါ်လာသန်း ၁၀၀ ကျော်တန် Penthouse ခန်းသို့ ကရိန်းဖြင့် ပရိဘောဂများ တင်ရန်အတွက် လ
အိမ်ရာစုဆောင်းငွေ သိန်း (၃၀) အထက် စုဆောင်းပြီးသူများအနေဖြင့် မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေး ဦးစီးဌာန၏ သတ်မှတ်ချက်များနှင
အိမ်ရာစုဆောင်းငွေ သိန်း (၃၀) အထက် စုဆောင်းပြီးသူများအနေဖြင့် မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေး ဦးစီးဌာန၏ သတ်မှတ်ချက်များနှင
Telegram တည်ထောင်သူ ဘီလျံနာသူဌေးက ၎င်းကြွယ်ဝသော ကန်ဒေါ်လာ ၁၄ ဘီလီယံကို သားသမီး ၁၀၆ ဦးအား အမွေပေးမည်ဖြစ်ကြောင်း ထုတ်ဖော်ပ
Telegram တည်ထောင်သူ ဘီလျံနာသူဌေးက ၎င်းကြွယ်ဝသော ကန်ဒေါ်လာ ၁၄ ဘီလီယံကို သားသမီး ၁၀၆ ဦးအား အမွေပေးမည်ဖြစ်ကြောင်း ထုတ်ဖော်ပ
မလာနီယာ ထရမ့် (ဒေါ်နယ်ထရမ့်၏ ဇနီး) ၏ ကြေးရုပ်တုကြီး အခိုးခံရမှု
မလာနီယာ ထရမ့် (ဒေါ်နယ်ထရမ့်၏ ဇနီး) ၏ ကြေးရုပ်တုကြီး အခိုးခံရမှု

Upcoming Property Events

From 28 Jun To 29 Jun

Magical World Apartment

From 28 Jun To 29 Jun

Pan Swal Taw Condominium

From 02 Jun To 30 Jun

Central Shophouse

From 09 Jun To 09 Jul

The Vista Luxury Residence

Pan Swal Taw Condominium

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service