IMF နည်းပညာဖြင့် ပြည်တွင်းငွေလဲလှယ်နူန်းထားတူညီသည့်ဈေးနှုန်းဖြင့် ရောင်းချနိုင်ရေးစီစဉ်နေ - Property News in Myanmar from iMyanmarHouse.com
1306 Views

IMF နည်းပညာဖြင့် ပြည်တွင်းငွေလဲလှယ်နူန်းထားတူညီသည့်ဈေးနှုန်းဖြင့် ရောင်းချနိုင်ရေးစီစဉ်နေ

ပြည်တွင်းငွေလဲလှယ်နူန်းထားကို ပြင်ပပေါက်ဈေးအတိုင်း အမှန်တ ကယ် ရောင်းဝယ်နေသည့် တူညီသည့်နူန်းထားတရပ် ဘဏ်အချင်းချင်း အကြား၌ ဖြစ်ပေါ်လာရေးအတွက် IMF (နိုင်ငံတကာ ငွေကြေးရန်ပုံငွေ အ ဖွဲ့) နည်းပညာ အကူအညီဖြင့် ဆောင်ရွက်နေကြောင်း သိရသည်။

မြန်မာနိုင်ငံဗဟိုဘဏ် ဒုဥက္ကဌဦးဆက်အောင်က“ အစိုးရရဲ့ ငွေလဲလှယ်နူန်း နဲ့ အပြင်မှာ ဖြစ်နေတဲ့ ဈေးနူန်းနဲ့က ကွာနေတဲ့အတွက် ဦးဆုံးအနေနဲ့ အစိုး ရ ငွေလဲလှယ်နူန်းကို ဖျောက်တဲ့ Multiple Exchange Rate မဖြစ်အောင် လုပ်တာ ဖြစ်တယ်။ ဒါကို IMF အကူအညီနဲ့ သွားခဲ့တာဖြစ်တယ်။ Auction သွားပြီးတဲ့အတွက် အခုချိန်မှာ Inter Bank Market နဲ့သွားဖို့ အားလုံးအ သင့် ဖြစ်နေပါပြီ” ဟု ၎င်းက ပြောသည်။

ဘဏ်အချင်းချင်း တူညီသည့်နူန်းထားတရပ် အမှန်တကယ် ရောင်းဝယ် သည့် ငွေလဲလှယ်နူန်းထား ပြုလုပ်ရန်အတွက် IMF က နည်းပညာပေး လုပ်ဆောင်မည့် အစီစဉ်နှင့် စက်ပစ္စည်းများမှာ၂၀၁၇ ခုနှစ် မတ်လ ၈ ရက် တွင် ရောက်ရှိမည်ဖြစ်ပြီး၊ နောက်ဆုံးအဆင့်ဖြစ်သည့် ငွေကြေးလဲလှယ်သည့် နှုန်းထား (Inter Bank Market) သို့ ပြောင်းလဲမည်ဟု ဦးဆက်အောင် က ဆက်ပြောသည်။

Inter Bank System ဆိုသည်မှာ ပုဂ္ဂလိကဘဏ်များတွင် ရောင်းချ သည့် ငွေကြေးလဲလှယ်နှုန်းကို ဗဟိုဘဏ်က သတ်မှတ် တင်ပေးခြင်း ဖြစ် သည်။

ပုဂ္ဂလိက ဘဏ်လုပ်ငန်းဆိုင်ရာ အကြံပေးပုဂ္ဂိုလ် ဦးရဲမင်းဦးက “ အခုက ဗ ဟိုဘဏ်က ဈေးတမျိုး၊ ပုဂ္ဂလိကဘဏ်က ဈေးတမျိုးနဲ့ ရောင်း ဝယ်နေကြ ရတယ်။ တကယ်လို့ အခုလို ဘဏ်အချင်းချင်း အမှန်တကယ် ရောင်း ဝယ် တဲ့ ဈေးနူန်းတခုတည်းကို လုပ်မယ်ဆိုရင် ပိုပြီးကောင်းပါတယ်။ ဈေးနှစ်မျိုး မဖြစ်တော့ဘူး။ ဈေးတမျိုးထဲဆို ဈေးနူန်းကွာဟမှုလည်း မဖြစ်တော့ဘူး။ ဒါ က လုပ်သင့်ပါတယ် ” ဟု ပြောသည်။

လက်ရှိအချိန်၌ ငွေလဲလှယ်နူန်းနှင့် ပတ်သတ်ပြီးဗဟိုဘဏ်က ပြင်ပ ပုဂ္ဂလိ က ဘဏ်များသို့ ညွန်ကြားချက် တစုံတရာထုတ်ပြန်ထားခြင်း မရှိေ သးကြောင်း ပုဂ္ဂလိကဘဏ်လုပ်ငန်းရှင် တချို့က ပြောသည်။

ယနေ့ ( ဖေဖော်ဝါရီလ ၂၈ ရက်) တွင် ငွေကြေးလဲလှယ် နှုန်းထားမှာ အမေရိကန် တဒေါ်လာလျှင် ဗဟိုဘဏ်မှ ရောင်းဈေးမှာ ၁၃၆၀ ကျပ် ဖြစ် ပြီး ပြင်ပပုဂ္ဂလိဘဏ်များ၌ ရောင်းဈေးမှာ ၁၃၆၁ ကျပ်နှင့် ဝယ်ဈေးမှာ ၁၃၆၇ ကျပ်တို့ဖြင့် ငွေလဲလှယ်လျက်ရှိကြောင်း ဘဏ်များမှ သိရသည်။

အလားတူ ငွေကြေးလဲလှယ်နှုန်းထား ကွာခြားနေမှုနှင့် ပတ်သက်ပြီး ပြင်ပ ၌ ငွေကြေးရောင်းဝယ်ရေး လုပ်ကိုင်နေသူ တဦးဖြစ်သည့် ဦးမိုးက “ လက်ရှိ ရှိနေတဲ့ အခြအနေကိုပဲ ထိထိရောက်ရောက် ကိုယ့်တာဝန် ကိုယ်ယူ ပြီး ဆောင်ရွက်မယ်ဆိုရင် အလိုလိုနေရင်း မှောင်ခိုဈေးကွက် ပျောက်သွား မယ်။ လူထုနဲ့ ကိုက်ညီတဲ့ စနစ်တခုကို မဖန်တီးနိုင်သရွေ့ ဒီအတိုင်းသွား မှာ ဖြစ်တယ်။ ဒါကြောင့် လူထုနဲ့ကိုက်ညီတဲ့စနစ် သွားသင့်တယ်”ဟု ၎င်း က ပြောသည်။

အလားတူ ဘဏ်လုပ်ငန်းပညာရှင် အငြိမ်းစားဦးဖေမြင့်က “ပြင်ပငွေလဲ လှယ်နူန်းနဲ့ ဗဟိုဘဏ် ငွေလဲလှယ်နူန်းက နဲနဲတော့ ကွာတယ်။ ဒီလိုမျိုး အမှန်တကယ် ဘဏ်အချင်းချင်းကြား ငွေလဲလှယ် တဲ့နူန်း ဆောင်ရွက်ပေး မယ် ဆိုရင် ဈေးနူန်းတူသွားရင် ဈေးကွက်ပိုပြီး ယှဉ်ပြိုင်မှု ကောင်း လာ မှာ ဖြစ်တယ်” ဟု ပြောသည်။

ယခုအခါ ဘဏ်များ၌ ရောင်းချသည့် ငွေကြေးလဲလှယ်နှုန်းထားကို ဗဟိုဘ ဏ် က သတ်မှတ်ပေးသည့် နှုန်းထားအတိုင်း မဟုတ်တော့ဘဲ ပြင် ပဈေးကွက် အတိုင်း ဘဏ်အချင်းချင်း အမှန်တကယ် ရောင်းဝယ်သည့်နှုန်း ထား( InterBank Transaction Rate) ဖြစ်သွားရန် လုပ်ဆောင်သွား မည်ဖြစ်ကြောင်း သိရသည်။

ဗဟိုဘဏ်သည် နိုင်ငံခြားငွေလဲလှယ်နှုန်းအတွက် Exchange Rate တွက်ချက် သတ်မှတ်ပေးခြင်းနှင့် ပြည်တွင်းဘဏ်များ၏ နိုင်ငံခြားငွေ ရောင်း ဝယ်လိုခြင်းများအတွက် နေ့စဉ် Auction ဆောင်ရွက်၍ ဈေးနှုန်း တည်ငြိမ်အောင် ဆောင်ရွက်ခြင်း၊ ဈေးကွက်စီးပွားရေးစနစ်နှင့် ကိုက် ညီ သည့် ငွေရေးကြေးရေးကဏ္ဍနှင့် ဈေးနှုန်းများ တည်ငြိမ်ရေးကို ထိန်းသိမ်း ရန်နှင့် မြန်မာကျပ်ငွေတန်ဖိုး မကျဆင်းရေးအတွက် လုပ်ဆောင်လျက် ရှိသည်။


Credit: Irrawaddy

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

စင်္ကာပူတွင် ချမ်းသာသော အဘိုးတစ်ဦးက အစားအသောက်များ အလဟဿ မဖြစ်စေရန်ဟုဆိုကာ စားသောက်ဆိုင်တစ်ခု၌ စားကြွင်းစားကျန်များ လိုက်
စင်္ကာပူတွင် ချမ်းသာသော အဘိုးတစ်ဦးက အစားအသောက်များ အလဟဿ မဖြစ်စေရန်ဟုဆိုကာ စားသောက်ဆိုင်တစ်ခု၌ စားကြွင်းစားကျန်များ လိုက်
[ဆန်းကြယ်သော ကံကြမ္မာ] အမေရိကန်တွင် အမျိုးသားတစ်ဦးမှာ ဒေါ်လာ ၁၆၇ သန်း ထီပေါက်ပြီး ရက်ပိုင်းအကြာတွင် ဖမ်းဆီးခံရ
[ဆန်းကြယ်သော ကံကြမ္မာ] အမေရိကန်တွင် အမျိုးသားတစ်ဦးမှာ ဒေါ်လာ ၁၆၇ သန်း ထီပေါက်ပြီး ရက်ပိုင်းအကြာတွင် ဖမ်းဆီးခံရ
ဟောင်ကောင်က ဆင်းရဲသားမိသားစုလေး ထီပေါက်ခဲ့ပြီးနောက် အလွန်ချမ်းသာသွားသော်လည်း လောင်းကစားသမား အဒေါ်မသိစေရန် နှစ်ပေါင်းများ
ဟောင်ကောင်က ဆင်းရဲသားမိသားစုလေး ထီပေါက်ခဲ့ပြီးနောက် အလွန်ချမ်းသာသွားသော်လည်း လောင်းကစားသမား အဒေါ်မသိစေရန် နှစ်ပေါင်းများ
စင်္ကာပူအစိုးရက နိုင်ငံပိုင် မြေကွက်ကို မလေးရှားဘုရင်၏ သားတော်ပိုင်ဆိုင်သော မြေကွက် (စင်္ကာပူ ရုက္ခဗေဒဥယျာဉ်အနီးရှိ) နှင
စင်္ကာပူအစိုးရက နိုင်ငံပိုင် မြေကွက်ကို မလေးရှားဘုရင်၏ သားတော်ပိုင်ဆိုင်သော မြေကွက် (စင်္ကာပူ ရုက္ခဗေဒဥယျာဉ်အနီးရှိ) နှင
[အဓိပ္ပာယ်ရှိသောလူ] မလေးရှားတွင် အမျိုးသားတစ်ဦးမှာ ပိုက်ဆံအိတ်ထဲမှ မသုံးဖြစ်ဘဲရှိနေသော ရင်းဂစ် ၅၀ တန်တွင် ပါသည့် နံပါတ်ဖ
[အဓိပ္ပာယ်ရှိသောလူ] မလေးရှားတွင် အမျိုးသားတစ်ဦးမှာ ပိုက်ဆံအိတ်ထဲမှ မသုံးဖြစ်ဘဲရှိနေသော ရင်းဂစ် ၅၀ တန်တွင် ပါသည့် နံပါတ်ဖ
ဘရာဇီးတွင် နိုင်ငံခြားသားများ လွှင့်ပစ်ခဲ့သော ပုလင်းခွံများကို ကောက်ယူစုဆောင်းကာ အိပ်ခန်း ၇ ခန်းပါ အိမ်တစ်လုံးကို ၂ နှစ်
ဘရာဇီးတွင် နိုင်ငံခြားသားများ လွှင့်ပစ်ခဲ့သော ပုလင်းခွံများကို ကောက်ယူစုဆောင်းကာ အိပ်ခန်း ၇ ခန်းပါ အိမ်တစ်လုံးကို ၂ နှစ်
[မိဘဟူသည်..] စင်္ကာပူတွင် ဖခင်ကြီးက သမီးဖြစ်သူ မျှော်လင့်အိပ်မက်နေသော လုပ်ငန်း လုပ်ဆောင်နိုင်ရေးအတွက် မိမိ၏ ကုမ္ပဏီကို ရ
[မိဘဟူသည်..] စင်္ကာပူတွင် ဖခင်ကြီးက သမီးဖြစ်သူ မျှော်လင့်အိပ်မက်နေသော လုပ်ငန်း လုပ်ဆောင်နိုင်ရေးအတွက် မိမိ၏ ကုမ္ပဏီကို ရ
ဒေါ်နယ်ထရမ့်ကို ပြန်လည်ဝန်ချတောင်းပန်လိုက်ပြီးနောက် Elon Musk ၏ ကြွယ်ဝမှု ပြန်လည်မြင့်တက်လာ
ဒေါ်နယ်ထရမ့်ကို ပြန်လည်ဝန်ချတောင်းပန်လိုက်ပြီးနောက် Elon Musk ၏ ကြွယ်ဝမှု ပြန်လည်မြင့်တက်လာ
တရုတ်ပြည်၊ ရှန်ဟိုင်းမြို့တွင် မြေအောက်ဘူတာရုံ၊ ဈေးဝယ်စင်တာနှင့် မြေအောက်ဟိုတယ်များ ဆောက်လုပ်ရန်အတွက် တန်ချိန် ၇၅၀၀ ကျော
တရုတ်ပြည်၊ ရှန်ဟိုင်းမြို့တွင် မြေအောက်ဘူတာရုံ၊ ဈေးဝယ်စင်တာနှင့် မြေအောက်ဟိုတယ်များ ဆောက်လုပ်ရန်အတွက် တန်ချိန် ၇၅၀၀ ကျော
[လွယ်မယ်ထင်လို့လား ] ဘာမှ မလုပ်ဘဲ မိနစ် ၉၀ ငြိမ်ငြိမ်လေး ထိုင်နေရတဲ့ တောင်ကိုရီးယားက ပြိုင်ပွဲ အင်စတာဂရမ်တွင် နာမည်ကြီးန
[လွယ်မယ်ထင်လို့လား ] ဘာမှ မလုပ်ဘဲ မိနစ် ၉၀ ငြိမ်ငြိမ်လေး ထိုင်နေရတဲ့ တောင်ကိုရီးယားက ပြိုင်ပွဲ အင်စတာဂရမ်တွင် နာမည်ကြီးန

Upcoming Property Events

From 28 Jun To 29 Jun

Magical World Apartment

From 28 Jun To 29 Jun

Pan Swal Taw Condominium

From 02 Jun To 30 Jun

Central Shophouse

From 09 Jun To 09 Jul

The Vista Luxury Residence

Pan Swal Taw Condominium

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service