အမေရိကန်-မြန်မာ ကုန်သွယ်မှုနှင့် ငွေလွှဲပြောင်းမှုများကို ဆောင်ရွက်မည့် USD Settlement Account ကမ္ဘောဇဘဏ် ဖွင့်လှစ် - Property News in Myanmar from iMyanmarHouse.com
897 Views

အမေရိကန်-မြန်မာ ကုန်သွယ်မှုနှင့် ငွေလွှဲပြောင်းမှုများကို ဆောင်ရွက်မည့် USD Settlement Account ကမ္ဘောဇဘဏ် ဖွင့်လှစ်

အမေရိ ကန်နှင့်မြန်မာနှစ်နိုင်ငံအကြား ငွေကြေးကုန်သွယ်မှုနှင့် ငွေလွှဲပြောင်းမှုများကိုဆောင်ရွက်စေမည့်
USD Settlement Account အား အမေရိကန်ပြည်ထောင်စုတွင် ကမ္ဘောဇဘဏ်က ဖွင့်လှစ်လိုက်ကြောင်းသိရသည်။
ကမ္ဘောဇဘဏ်အနေဖြင့် အဆိုပါအကောင့်ကို နိုင်ငံတကာဘဏ်တစ်ခုဖြစ်သော Sumitomo Mitsui ကော်ပိုရေးရှင်းဘဏ်၏ နယူးယောက်(SMBC NY) ဘဏ်ခွဲနှင့်အတူ USD Settlement Account တစ်ခုအား ဖွင့်လှစ်ခဲ့ခြင်းဖြစ်ကြောင်း ဖေဖော်ဝါရီ ၂၇ ရက်ကပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲမှ သိရသည်။

ကမ္ဘောဇဘဏ်၏ နိုင်ငံတကာ ဘဏ်လုပ်ငန်းဌာနမှ မန်နေဂျင်းဒါရိုက်တာ ဦးဝင်းလွင်က '' USD Settlement Account တစ်ခုကို အမေရိကန်ပြည်ထောင်စုမှာ ပထမဆုံးမြန်မာ့ဘဏ်လုပ်ငန်းစုအနေနဲ့ကမ္ဘောဇဘဏ်က ပြုလုပ်ခွင့်ရခဲ့ပါတယ်။ ဒါဟာနိုင်ငံရဲ့ ဘဏ်လုပ်ငန်းကဏ္ဍကို ပိုမိုအားကောင်းလာစေရေးအတွက် ဆန်းသစ်တဲ့ဈေးကွက်ထိပ် တန်းငွေကြေးဝန်ဆောင်မှုတွေကို ပေးဖို့ ကမ္ဘောဇဘဏ်က ကြိုးပမ်းအားထုတ်နေတယ်ဆိုတာကို ပေါ်လွင်စေပါတယ်။ Customer တွေဟာ အခုဆိုရင် ပိုမိုချောမွေ့မြန်ဆန်တဲ့ ငွေလွှဲလုပ်ငန်းစဉ်အား ပိုမိုလျော့နည်းသက်သာတဲ့နှုန်းထားနဲ့ အမေရိကန်နဲ့ မြန်မာနိုင်ငံအကြား အပြန်အလှန်အသုံးပြုနိုင်ပြီဖြစ်ပါတယ်''ဟုဆိုသည်။ ကမ္ဘောဇဘဏ်၏ Customers များသည် ငွေလွှဲပြောင်းမှုများပြုလုပ်ရာတွင် ယခင်ကကြားခံဘဏ်များမှ တစ်ဆင့်ဆောင်ရွက်ခဲ့ပြီး ယခုအခါ ငွေပေးချေမှုလုပ်ငန်းစဉ်များကို အချိန်နှင့်တပြေးညီ တိုက်ရိုက်ဆောင်ရွက်နိုင်တော့မည်ဖြစ်ရာ အချိန်နှင့် ကုန်ကျစရိတ်များသက်သာလာစေမည်ဖြစ်ဖြစ်ကြောင်းသိရသည်။

ပို့ကုန်၊ သွင်းကုန်လုပ်ငန်းရှင် ဒေါ်ကေသီအောင်က ''အရင်ကဆို ငွေလွှဲတဲ့လုပ်ငန်းတွေက အချိန်အနည်းဆုံးတစ်ပတ်လောက်ကြာတယ်။ အခုတော့ ကမ္ဘောဇဘဏ်က USD Settlement Account ဖွင့်လိုက်တဲ့အတွက် တစ်ရက်ပဲကြာ တော့တယ်။ နောက်ပိုင်းဆိုရင်တော့ လုပ်ငန်းအတွက် ငွေပို့၊ ငွေလွှဲတွေက ပိုပြီးအဆင်ပြေသွားတော့မှာပါ''ဟုဆိုသည်။
အဆိုပါ USD Settlement Account အား ဂျပန်နိုင်ငံတကာ ဘဏ်လုပ်ငန်းနှင့်ငွေကြေးဝန်ဆောင်မှုဆိုင်ရာကုမ္ပဏီဖြစ်သော Sumitomo Mitsui Banking Corpration (SMBC) နှင့် ပူးပေါင်းကာ ကမ္ဘောဇ ဘဏ်အနေဖြင့် ဖေဖော်ဝါရီ ၁၆ ရက် ကဖွင့်လှစ်ကာ ငွေလွှဲဝန်ဆောင်မှုများကိုစတင်ဆောင်ရွက်နေပြီဖြစ် ကြောင်း သိရသည်။

Credit: Democracytoday

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

သြစတေးလျတွင် အမျိုးသားတစ်ဦးက ၇ နှစ်ကြာအချိန်ယူကာ ဘူးခွံ၊ ပုလင်းခွံပေါင်း ၄၅၀,၀၀၀ ကောက်ယူစုဆောင်းခဲ့ကာ ရောင်းရငွေဖြင့် အိ
သြစတေးလျတွင် အမျိုးသားတစ်ဦးက ၇ နှစ်ကြာအချိန်ယူကာ ဘူးခွံ၊ ပုလင်းခွံပေါင်း ၄၅၀,၀၀၀ ကောက်ယူစုဆောင်းခဲ့ကာ ရောင်းရငွေဖြင့် အိ
ကမ္ဘာ့အချမ်းသာဆုံးပုဂ္ဂိုလ် ၁၀ ဦးတွင် ပါဝင်သော Zara ၏ တည်ထောင်သူ အော်တေးဂါးက ဘာစီလိုနာမှ ရုံးခန်း အဆောက်အအုံကြီးကို ကန်ဒ
ကမ္ဘာ့အချမ်းသာဆုံးပုဂ္ဂိုလ် ၁၀ ဦးတွင် ပါဝင်သော Zara ၏ တည်ထောင်သူ အော်တေးဂါးက ဘာစီလိုနာမှ ရုံးခန်း အဆောက်အအုံကြီးကို ကန်ဒ
[အဓိပ္ပာယ်ရှိသောလူ] မလေးရှားတွင် အမျိုးသားတစ်ဦးမှာ ပိုက်ဆံအိတ်ထဲမှ မသုံးဖြစ်ဘဲရှိနေသော ရင်းဂစ် ၅၀ တန်တွင် ပါသည့် နံပါတ်ဖ
[အဓိပ္ပာယ်ရှိသောလူ] မလေးရှားတွင် အမျိုးသားတစ်ဦးမှာ ပိုက်ဆံအိတ်ထဲမှ မသုံးဖြစ်ဘဲရှိနေသော ရင်းဂစ် ၅၀ တန်တွင် ပါသည့် နံပါတ်ဖ
ဂျက်ဘေးဇော့စ်က နယူးယောက်မြို့လယ်ရှိ သူ၏ ဒေါ်လာသန်း ၁၀၀ ကျော်တန် Penthouse ခန်းသို့ ကရိန်းဖြင့် ပရိဘောဂများ တင်ရန်အတွက် လ
ဂျက်ဘေးဇော့စ်က နယူးယောက်မြို့လယ်ရှိ သူ၏ ဒေါ်လာသန်း ၁၀၀ ကျော်တန် Penthouse ခန်းသို့ ကရိန်းဖြင့် ပရိဘောဂများ တင်ရန်အတွက် လ
အိန္ဒိယတွင် ပလတ်စတစ်မိုး ကျူးကျော်တဲလေးတစ်လုံး၌ နေထိုင်သော မိန်းကလေးတစ်ဦးကို ဟောလိဝုဒ် ရုပ်ရှင်သရုပ်ဆောင်တစ်ဦးက တွေ့ရှိသ
အိန္ဒိယတွင် ပလတ်စတစ်မိုး ကျူးကျော်တဲလေးတစ်လုံး၌ နေထိုင်သော မိန်းကလေးတစ်ဦးကို ဟောလိဝုဒ် ရုပ်ရှင်သရုပ်ဆောင်တစ်ဦးက တွေ့ရှိသ
တရုတ်ပြည်တွင် အသက် ၁၅ နှစ်အရွယ်အထိ သူတောင်းစားဂိုဏ်းသားအဖြစ် တောင်းရမ်းခဲ့ရပြီး အသက် ၁၆ နှစ်တွင် မူလတန်းကျောင်း စတင်ကျော
တရုတ်ပြည်တွင် အသက် ၁၅ နှစ်အရွယ်အထိ သူတောင်းစားဂိုဏ်းသားအဖြစ် တောင်းရမ်းခဲ့ရပြီး အသက် ၁၆ နှစ်တွင် မူလတန်းကျောင်း စတင်ကျော
Telegram တည်ထောင်သူ ဘီလျံနာသူဌေးက ၎င်းကြွယ်ဝသော ကန်ဒေါ်လာ ၁၄ ဘီလီယံကို သားသမီး ၁၀၆ ဦးအား အမွေပေးမည်ဖြစ်ကြောင်း ထုတ်ဖော်ပ
Telegram တည်ထောင်သူ ဘီလျံနာသူဌေးက ၎င်းကြွယ်ဝသော ကန်ဒေါ်လာ ၁၄ ဘီလီယံကို သားသမီး ၁၀၆ ဦးအား အမွေပေးမည်ဖြစ်ကြောင်း ထုတ်ဖော်ပ
ဘီလ်ဂိတ်က ဖက်ရှင်လုပ်ငန်း စတင်ထူထောင်သည့် သမီးဖြစ်သူအား တစ်ပြားတစ်ချပ်မှပင် အရင်းအနှီး ထုတ်မပေးသည့် ဖြစ်အင်
ဘီလ်ဂိတ်က ဖက်ရှင်လုပ်ငန်း စတင်ထူထောင်သည့် သမီးဖြစ်သူအား တစ်ပြားတစ်ချပ်မှပင် အရင်းအနှီး ထုတ်မပေးသည့် ဖြစ်အင်
ရိုးမရိပ်သာ တန်ဖိုးနည်းအိမ်ရာ အခန်းနေရာမဲနှိုက်ခြင်းကို ဇွန်လ ၂၆ ရက်မှ ၂၈ ရက်အထိ မြို့ပြနှင့်အိမ်ရာ ဖွံ့ဖြိုးရေးဦးစီးဌာန
ရိုးမရိပ်သာ တန်ဖိုးနည်းအိမ်ရာ အခန်းနေရာမဲနှိုက်ခြင်းကို ဇွန်လ ၂၆ ရက်မှ ၂၈ ရက်အထိ မြို့ပြနှင့်အိမ်ရာ ဖွံ့ဖြိုးရေးဦးစီးဌာန
တရုတ်ပြည်တွင် အမျိုးသားကြီးတစ်ဦးက သူ၏ ၅ လွှာတိုက်ခန်း ဝရန်တာ၌ ကိုယ်ပိုင်ဓာတ်လှေကားတစ်ခု တီထွင်တပ်ဆင်ခဲ့ပုံအပေါ် ပြည်မကြီ
တရုတ်ပြည်တွင် အမျိုးသားကြီးတစ်ဦးက သူ၏ ၅ လွှာတိုက်ခန်း ဝရန်တာ၌ ကိုယ်ပိုင်ဓာတ်လှေကားတစ်ခု တီထွင်တပ်ဆင်ခဲ့ပုံအပေါ် ပြည်မကြီ

Upcoming Property Events

From 02 Jun To 30 Jun

Central Shophouse

From 05 Jul To 06 Jul

Mingalar Market

From 09 Jun To 09 Jul

The Vista Luxury Residence

Myanmar's No. 1 Car Portal
Myanmar's No. 1 C2C E-commerce Portal

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service