မြေကွက်စံနှုန်း စည်းကြပ်ရန် သတ်မှတ်မှု အမြင့်ဆုံးအဖြစ် တစ်စတုရန်းပေ ကျပ်လေးသိန်း သတ်မှတ်ထားပြီး ရွှေလင်ပန်း စက်မှုဇုန်၌ တစ်ဧက ကျပ်သိန်း ၂၁၀၀ ဖြင့် အမြင့်ဆုံးသတ်မှတ် - Property News in Myanmar from iMyanmarHouse.com
5033 Views

မြေကွက်စံနှုန်း စည်းကြပ်ရန် သတ်မှတ်မှု အမြင့်ဆုံးအဖြစ် တစ်စတုရန်းပေ ကျပ်လေးသိန်း သတ်မှတ်ထားပြီး ရွှေလင်ပန်း စက်မှုဇုန်၌ တစ်ဧက ကျပ်သိန်း ၂၁၀၀ ဖြင့် အမြင့်ဆုံးသတ်မှတ်

ရန်ကုန်တိုင်းဒေသကြီးအတွင်း လက်ရှိ စည်းကြပ်နှစ်အတွက် ကာလတန်ဖိုး စိစစ်သတ်မှတ်ရေးအဖွဲ့မှ အခွန်စည်းကြပ်ရန် သတ်မှတ်ပေးသည့် မြေကွက် စံနှုန်းများတွင် သတ်မှတ်မှု အမြင့်ဆုံးအဖြစ် ပြည်လမ်းနှင့် ကမ္ဘာအေးဘုရား လမ်း၊ ကမ္ဘာအေးစေတီလမ်းများ တစ်လျှောက်တွင် တစ်စတုရန်းပေ ကျပ်လေးသိန်း သတ်မှတ်ထားပြီး စက်မှုဇုန်များတွင်မူ ရွှေလင်ပန်းစက်မှုဇုန်၌ တစ်ဧက ကျပ်သိန်း ၂၁၀၀ ဖြင့် အမြင့်ဆုံး သတ်မှတ်ထားကြောင်း ပြည် တွင်းအခွန်များ ဦးစီးဌာန၊ ကာလတန်ဖိုး စိစစ်သတ်မှတ်ရေးအဖွဲ့မှ ထုတ်ပြန် ထားမှုအရ သိရသည်။

ဗဟန်းမြို့နယ် ကမ္ဘာအေးစေတီလမ်းနှင့် ကိုယ့်မင်းကိုယ်ချင်းလမ်း၊ မရမ်း ကုန်းမြို့နယ် ပြည်လမ်း၊ ကမ္ဘာအေးဘုရားလမ်း၊ စမ်းချောင်း၊ လှိုင်၊ ကမာ ရွတ်မြို့နယ်များ၏ ပြည်လမ်းများတွင် တစ်စတုရန်းပေ ကျပ်လေးသိန်းအဖြစ် အမြင့်ဆုံး စည်းကြပ်ရန် သတ်မှတ်ထားပြီး မြို့တွင်းမြို့နယ်များဖြစ်သည့် ပန်း ဘဲတန်း၊ လမ်းမတော်၊ လသာ၊ ပုဇွန်တောင်၊ ကျောက်တံတား စသည့်မြို့ နယ်များတွင်မူ အမြင့်ဆုံးအဖြစ် တစ်စတုရန်းပေ ကျပ် သုံးသိန်းနှင့် ကျပ် ၂၅၀၀၀၀ အကြား သတ်မှတ်ထားပြီး အနိမ့်ဆုံးနှုန်းတွင် လမ်းကျဉ်းများကို တစ်စတုရန်းပေ အတွက် ကျပ် ၁၇၅၀၀၀ စည်းကြပ်ရန် သတ်မှတ်ထားသည်။

တစ်စတုရန်းပေအတွက် စည်းကြပ်ရန် အမြင့်ဆုံး သတ်မှတ်နှုန်းများအဖြစ် ဒဂုံမြို့နယ်တွင် ပြည်လမ်း၌ ကျပ်လေးသိန်းမှ စတင်ကာ ပြည်လမ်း အတွင်း တွင်မူ ကျပ် ၁၈၀၀၀၀ သာ သတ်မှတ်ထားသည်။ ဦးဝိစာရလမ်း၊ န၀ဒေး လမ်း၊ ယောမင်းကြီးလမ်းစသည့် နေရာများတွင် တစ်စတုရန်းပေအတွက် ကျပ် ၃၃၀၀၀၀ သတ်မှတ်ထားကာ ကျန်လမ်းအချို့ကိုမူ ကျပ် ၂၅၀၀၀၀ စည်းကပ်ရန် သတ်မှတ်ပေးထားကြောင်း သိရသည်။

မရမ်းကုန်းမြို့နယ်တွင် ပြည်လမ်း၊ ကမ္ဘာအေးဘုရားလမ်းများကို တစ်စတု ရန်းပေ ကျပ်လေးသိန်း၊ အင်းလျားရိပ်သာ၊ ကန်ရိပ်သာလမ်းများတွင် ကျပ် ၂၅၀၀၀၀၊ မေခ၊ မလိခ၊ မင်းဓမ္မ စသည့်လမ်းများတွင် တစ်စတုရန်းပေ ကျပ်နှစ်သိန်း စည်းကြပ်ရန် သတ်မှတ်ထားကာ စမ်းချောင်းမြို့နယ်တွင် မူ ပြည်လမ်း ကျပ်လေးသိန်း၊ ဟံသာဝတီလမ်းနှင့် ဗဟိုလမ်း ကျပ်နှစ်သိန်း၊ စမ်းချောင်းလမ်းနှင့် မင်္ဂလာလမ်းများအတွက် ကျပ်တစ်သိန်း သတ်မှတ်ပေး ထားကြောင်း သိရသည်။

မြို့ပြင်မြို့နယ်များဖြစ်သည့် မင်္ဂလာဒုံမြို့နယ်တွင် ပြည် လမ်းနှင့် အောက်မင်္ဂ လာဒုံ လမ်းမကြီးအတွက် တစ်စတုရန်းပေ ကျပ်တစ်သိန်း သတ်မှတ်ထားပြီး အနိမ့်ဆုံးအဖြစ် ထောက်ကြန့်လမ်းကျဉ်းများကို တစ်စတုရန်းပေ ကျပ် ၈၀၀၀ သတ်မှတ်ထားသည်။ မြောက်ဥက္ကလာပမြို့နယ်တွင် သုဓမ္မာလမ်းကို ကျပ် တစ်သိန်းအဖြစ် အမြင့်ဆုံး သတ်မှတ်ပေးထားပြီး လမ်းကျဉ်းများတွင် အနိမ့် ဆုံး အဖြစ် ကျပ် ၁၈၀၀၀ အထိ သတ်မှတ်ထားသည်။ တောင်ဥက္ကလာပ မြို့နယ်တွင် ဝေဇယန္တာလမ်းကို တစ်စတုရန်းပေ ကျပ်နှစ်သိန်းခွဲ သတ်မှတ် ပြီး စစ်ကိုင်း၊ တကောင်းသည့် လမ်းများကို အနိမ့်ဆုံးအဖြစ် တစ်စတုရန်းပေ ကျပ် ၆၀၀၀၀၊ လုံးချင်းအိမ်ယာများ ကျပ် ၁၁၀၀၀၀နှင့် ကျန်ရပ်ကွက် အ တွင်းလမ်းများကို တစ်စတုရန်းပေ ကျပ် ၄၅၀၀၀ သတ်မှတ်ပေးထားသည်။

စက်မှုဇုန်များတွင် ရွှေပေါက္ကံနှင့် ရန်ကုန်စက်မှုဇုန်ကို တစ်ဧက ကျပ်သိန်း ၁၃၀၀၊ လှိုင်သာယာစက်မှုဇုန် ၁၊ ၂၊ ၃၊ ၄၊ ၅ နှင့် ငွေပင်လယ် (မွေးမြူေ ရးဇုန်) များကို တစ်ဧက ကျပ်သိန်း ၁၉၀၀ ရွှေလင်ပန်းစက်မှုဇုန်ကို တစ်ဧက ကျပ်သိန်း ၂၁၀၀၊ ရွှေပြည်သာ စက်မှုဇုန် ၁၊ ၂၊ ၃၊ ၄၊ သာဓုကန်စသည့် ဇုန် များကို တစ်ဧက ကျပ်သိန်း ၁၂၀၀၊ မင်္ဂလာဒုံ ရန်ကုန်စက်မှုဇုန်ကို တစ်ဧက ကျပ်သိန်း ၁၃၀၀၊ အရှေ့ဒဂုံရှိ စက်မှုဇုန်များကို တစ်ဧက ကျပ်သိန်း ၁၂၀၀ နှင့် အတွင်းပိုင်းများအတွက် တစ်ကွက် ကျပ်သိန်း ၂၀၀၊ တောင်ဒဂုံ စက်မှုဇုန်တွင် လမ်းမတစ်ဧက ကျပ်သိန်း ၁၂၀၀ နှင့် လမ်းအတွင်းပိုင်း တစ် ဧက ကျပ်သိန်း ၁၀၀၀ သတ်မှတ်ကာ သီလ၀ါ စက်မှုဇုန်အတွက် တစ်ဧက ကျပ် သိန်း ၈၅၀ သတ်မှတ်ထားကြောင်း သိရသည်။


Credit: Eleven Media Group

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ဘီလ်ဂိတ်က သမီးဖြစ်သူ မြင်းစီးလေ့ကျင့်ရန်အတွက် ဖလော်ရီဒါမှ မြေဈေးကောင်းသောနေရာတွင် ၁၈ ဧက ဖြန့်ကျက်တည်ရှိသော တစ်လမ်းလုံးကိ
ဘီလ်ဂိတ်က သမီးဖြစ်သူ မြင်းစီးလေ့ကျင့်ရန်အတွက် ဖလော်ရီဒါမှ မြေဈေးကောင်းသောနေရာတွင် ၁၈ ဧက ဖြန့်ကျက်တည်ရှိသော တစ်လမ်းလုံးကိ
[မိဘဟူသည်..] စင်္ကာပူတွင် ဖခင်ကြီးက သမီးဖြစ်သူ မျှော်လင့်အိပ်မက်နေသော လုပ်ငန်း လုပ်ဆောင်နိုင်ရေးအတွက် မိမိ၏ ကုမ္ပဏီကို ရ
[မိဘဟူသည်..] စင်္ကာပူတွင် ဖခင်ကြီးက သမီးဖြစ်သူ မျှော်လင့်အိပ်မက်နေသော လုပ်ငန်း လုပ်ဆောင်နိုင်ရေးအတွက် မိမိ၏ ကုမ္ပဏီကို ရ
မည်သည့်အခါမှ လူ ၉၉ ဦးထက် အပိုမခံသည့် ဆန်းကြယ်သော တိုင်းရင်းသားမျိုးနွှယ်စုတစ်ခုအကြောင်း၊ ကလေးတစ်ဦး မွေးဖွားလျှင် လူတစ်ဦး
မည်သည့်အခါမှ လူ ၉၉ ဦးထက် အပိုမခံသည့် ဆန်းကြယ်သော တိုင်းရင်းသားမျိုးနွှယ်စုတစ်ခုအကြောင်း၊ ကလေးတစ်ဦး မွေးဖွားလျှင် လူတစ်ဦး
ပြင်သစ်တွင် နေအိမ်တစ်ခု၏ နံရံထဲ၌ လျှို့ဝှက်သိမ်းဆည်းထားသော ရွှေဒင်္ဂါးပြားများ ရှာဖွေတွေ့ခဲ့ပြီး လေလံတင်ရောင်းချရာတွင် ဒ
ပြင်သစ်တွင် နေအိမ်တစ်ခု၏ နံရံထဲ၌ လျှို့ဝှက်သိမ်းဆည်းထားသော ရွှေဒင်္ဂါးပြားများ ရှာဖွေတွေ့ခဲ့ပြီး လေလံတင်ရောင်းချရာတွင် ဒ
ဘရာဇီးတွင် နိုင်ငံခြားသားများ လွှင့်ပစ်ခဲ့သော ပုလင်းခွံများကို ကောက်ယူစုဆောင်းကာ အိပ်ခန်း ၇ ခန်းပါ အိမ်တစ်လုံးကို ၂ နှစ်
ဘရာဇီးတွင် နိုင်ငံခြားသားများ လွှင့်ပစ်ခဲ့သော ပုလင်းခွံများကို ကောက်ယူစုဆောင်းကာ အိပ်ခန်း ၇ ခန်းပါ အိမ်တစ်လုံးကို ၂ နှစ်
တရုတ်ပြည်တွင် အသက် ၁၅ နှစ်အရွယ်အထိ သူတောင်းစားဂိုဏ်းသားအဖြစ် တောင်းရမ်းခဲ့ရပြီး အသက် ၁၆ နှစ်တွင် မူလတန်းကျောင်း စတင်ကျော
တရုတ်ပြည်တွင် အသက် ၁၅ နှစ်အရွယ်အထိ သူတောင်းစားဂိုဏ်းသားအဖြစ် တောင်းရမ်းခဲ့ရပြီး အသက် ၁၆ နှစ်တွင် မူလတန်းကျောင်း စတင်ကျော
Telegram တည်ထောင်သူ ဘီလျံနာသူဌေးက ၎င်းကြွယ်ဝသော ကန်ဒေါ်လာ ၁၄ ဘီလီယံကို သားသမီး ၁၀၆ ဦးအား အမွေပေးမည်ဖြစ်ကြောင်း ထုတ်ဖော်ပ
Telegram တည်ထောင်သူ ဘီလျံနာသူဌေးက ၎င်းကြွယ်ဝသော ကန်ဒေါ်လာ ၁၄ ဘီလီယံကို သားသမီး ၁၀၆ ဦးအား အမွေပေးမည်ဖြစ်ကြောင်း ထုတ်ဖော်ပ
မလာနီယာ ထရမ့် (ဒေါ်နယ်ထရမ့်၏ ဇနီး) ၏ ကြေးရုပ်တုကြီး အခိုးခံရမှု
မလာနီယာ ထရမ့် (ဒေါ်နယ်ထရမ့်၏ ဇနီး) ၏ ကြေးရုပ်တုကြီး အခိုးခံရမှု
ဘောလိဝုဒ်ကို ရုပ်ရှင်တစ်ကားတည်းဖြင့် ထာဝရ သိမ်းပိုက်ထားသူ ရုပ်ရှင်မင်းသား မီသွန်း၏ မွမ်ဘိုင်းစံအိမ်
ဘောလိဝုဒ်ကို ရုပ်ရှင်တစ်ကားတည်းဖြင့် ထာဝရ သိမ်းပိုက်ထားသူ ရုပ်ရှင်မင်းသား မီသွန်း၏ မွမ်ဘိုင်းစံအိမ်
ဂျပန်တွင် သားကို အလွန်ချစ်သော အိမ်ခြံမြေလုပ်ငန်းရှင် ဖခင်တစ်ဦးက ယန်းငွေ သန်း ၁၀၀ ခန့် သုံးစွဲကာ စတိုးဆိုင်၊ မြေအောက်ဘူတာ
ဂျပန်တွင် သားကို အလွန်ချစ်သော အိမ်ခြံမြေလုပ်ငန်းရှင် ဖခင်တစ်ဦးက ယန်းငွေ သန်း ၁၀၀ ခန့် သုံးစွဲကာ စတိုးဆိုင်၊ မြေအောက်ဘူတာ

Upcoming Property Events

From 28 Jun To 29 Jun

Magical World Apartment

From 28 Jun To 29 Jun

Pan Swal Taw Condominium

From 02 Jun To 30 Jun

Central Shophouse

From 05 Jul To 06 Jul

Mingalar Market

From 09 Jun To 09 Jul

The Vista Luxury Residence

Pan Swal Taw Condominium

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service