စည်းကမ်းမညီ ပြန်သိမ်းမြေ သပိတ်ကျင်းနဲ့ ပြင်ဦးလွင် အများဆုံး - Property News in Myanmar from iMyanmarHouse.com
1584 Views

စည်းကမ်းမညီ ပြန်သိမ်းမြေ သပိတ်ကျင်းနဲ့ ပြင်ဦးလွင် အများဆုံး

အရင်အစိုးရလက်ထပ်က မြေလွတ်မြေရိုင်း စိုက်ပျိုးလုပ်ကိုင်ခွင့်အတွက် မန္တလေးတိုင်းအတွင်းမှာ ဧက ၅၈,၀၀၀ ကျော် ချထားပေးခဲ့ပေမဲ့ အမှန်တကယ် လုပ်ကိုင်တဲ့ ဧက ၁၄,၀၀၀ ကျော်သာ ရှိလို့ ဧကပေါင်း ၄၀,၀၀၀ ကျော် ကို ပြန်လည် သိမ်းဆည်းရမှာ ဖြစ်တယ်။

သပိတ်ကျင်းမြို့နယ်နဲ့ ပြင်ဦးလွင်မြို့နယ်တို့က အများဆုံး ဖြစ်တယ်လို့ မန္တလေးတိုင်းအစိုးရအဖွဲ့က သိရပါ တယ်။

သပိတ်ကျင်းမြို့နယ်အတွင်းမှာဆိုရင် မြေလွတ်မြေရိုင်း လုပ်ပိုင်ခွင့်အတွက် လူပုဂ္ဂိုလ်တစ်ဦးတည်းရဲ့ နာမည်နဲ့ ရယူထားတာဟာ ဧက ၈၀၀၀ အထိ ရှိပြီး ကွင်းဆင်းစစ်ဆေးမှုတွေအရ ရယူထားတဲ့ မြေဧရိယာအတွင်းမှာ လုပ် ငန်းဆောင်ရွက်ထားတာ မတွေ့ရဘူးလို့ ဆိုပါတယ်။

မန္တလေးတိုင်း အစိုးရအဖွဲ့၊ စိုက်ပျိုးရေး မွေးမြူရေး နှင့် ဆည်မြောင်းဝန်ကြီးဌာန ဒေါက်တာ စိုးသန်းက “မြေ လွတ်မြေရိုင်း ဥပဒေပုဒ်မ ၂၂(ဂ) အရ အကျုံးဝင်တဲ့ ဧရိယာတွေ ပြန်သိမ်းမယ်၊ ချထားပေးတာ လေးနှစ်ပြည့် ပေမဲ့ ဘာမှ မလုပ်ထားဘူး၊ မြေလွတ်မြေရိုင်း လုပ်ပိုင်ခွင့် ရတယ်ဆိုတာ သာမန်လူတွေ မဟုတ်ပါဘူး” လို့ ပြော ပါတယ်။

ဥပဒေနဲ့ ညီညွန်မှု ရှိမရှိ ဆိုတာကို သိရှိရဖို့အတွက် ၂၀၁၆ ခုနှစ် ဇွန်လမှာ တစ်ကြိမ်ကွင်းဆင်း စစ်ဆေးခဲ့သလို အဲ့သည်နှစ် ဒီဇင်ဘာလအတွင်းကလည်း စစ်ဆေးမှုတွေ ပြုလုပ်ခဲ့ကြသည်။

နောက်ဆုံး အဆင့်အနေနဲ့တော့ အခုနှစ် ဇန်နဝါရီလက စတင်က ပြန်လည် ကောက်ယူနေပြီး အခုလ ၂၈ ရက် နေ့ နောက်ဆုံးထားကာ တိုင်းဒေသကြီး အစိုးရကို စာရင်းတွေ ပေးပို့ဖို့ ညွှန်ကြားထားတယ်လို့ သိရပါတယ်။

“မြို့နယ်တွေက ပြန်တင်ပြလာရင် အရင်ရထားတဲ့ စာရင်းနှစ်ခုနဲ့ ပြန်တိုက်ပြီး စစ်မယ်၊ သေချာပြီ confirm ဖြစ် ရင် ပြည်ထောင်စု ဝန်ကြီးဆီကို ပို့မယ်၊ ပို့လိုက်တာနဲ့ တစ်ပြိုင်တည်း ဟိုက လက်ခံတာနဲ့ သိမ်းပြီးသား ဖြစ်ပြီ၊ စာရင်းတွေ လွဲမှာ စိုးလို့ သုံးကြိမ် စစ်တယ်” လို့ ဒေါက်တာ စိုးသန်းက ပြောပါတယ်။

အခု အစိုးရ လက်ထပ်မှာ မြေလွတ်မြေရိုင်း လုပ်ကိုင်ခွင့် ရရှိဖို့ လျှောက်ထားသူ ၁၀၀ ကျော်ခန့် ရှိပေမဲ့ အခုအ ချိန်အထိတော့ လုပ်ကိုင်ခွင့် ချထားပေးခြင်း မရှိသေးပေမဲ့ သိပ်မကြာခင် ကာလမှာတော့ ပြန်လည် ချထားပေးဖို့ အစီအစဉ် ရှိတယ် လို့ ဆိုပါတယ်။

“အရင်လို ပုံစံတော့ ရော့အင့်ဆိုပြီး ပေးပြီး ပစ်ထားမှာ မဟုတ်ဘူး၊ အမြဲ စစ်မယ်၊ ခြောက်လ တစ်ကြိမ် ဖြစ်စေ၊ တစ်နှစ်တစ်ကြိမ်ဖြစ်စေ ပြန်စိစစ်မယ်၊ မလုပ်တာနဲ့ ပြန်သိမ်းမယ်၊ အရင်လို ဦးထားလို့ မရဘူး၊ တကယ်လုပ်မယ့် သူတွေ ရှိတယ်” လို့ ဒေါက်တာ စိုးသန်း က ပြောပါတယ်။


Credit: The Kumudra

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ဂွင်းနက်ပက်ထရိုးက သူ၏ ဒေါ်လာ ၄ ဒသမ ၉ သန်းတန် စံအိမ်အတွင်း အပေါ်ပိုင်းအဝတ်မပါဘဲ ချက်ပြုတ်နေသည့် ဗွီဒီယိုမှာ လူမှုကွန်ရက်တ
ဂွင်းနက်ပက်ထရိုးက သူ၏ ဒေါ်လာ ၄ ဒသမ ၉ သန်းတန် စံအိမ်အတွင်း အပေါ်ပိုင်းအဝတ်မပါဘဲ ချက်ပြုတ်နေသည့် ဗွီဒီယိုမှာ လူမှုကွန်ရက်တ
မလာနီယာ ထရမ့် (ဒေါ်နယ်ထရမ့်၏ ဇနီး) ၏ ကြေးရုပ်တုကြီး အခိုးခံရမှု
မလာနီယာ ထရမ့် (ဒေါ်နယ်ထရမ့်၏ ဇနီး) ၏ ကြေးရုပ်တုကြီး အခိုးခံရမှု
ဂျပန်တွင် သားကို အလွန်ချစ်သော အိမ်ခြံမြေလုပ်ငန်းရှင် ဖခင်တစ်ဦးက ယန်းငွေ သန်း ၁၀၀ ခန့် သုံးစွဲကာ စတိုးဆိုင်၊ မြေအောက်ဘူတာ
ဂျပန်တွင် သားကို အလွန်ချစ်သော အိမ်ခြံမြေလုပ်ငန်းရှင် ဖခင်တစ်ဦးက ယန်းငွေ သန်း ၁၀၀ ခန့် သုံးစွဲကာ စတိုးဆိုင်၊ မြေအောက်ဘူတာ
အိန္ဒိယတွင် လယ်သမားတစ်ဦးက မိုးဦးတဖြိုက်ကျအပြီး လယ်ကွင်းထဲသို့ ဆင်းခဲ့ရာ စိန်ကြီးတစ်ပွင့် ရှာတွေ့ခဲ့အပြီး တစ်ရွာလုံး အုံး
အိန္ဒိယတွင် လယ်သမားတစ်ဦးက မိုးဦးတဖြိုက်ကျအပြီး လယ်ကွင်းထဲသို့ ဆင်းခဲ့ရာ စိန်ကြီးတစ်ပွင့် ရှာတွေ့ခဲ့အပြီး တစ်ရွာလုံး အုံး
တရုတ်ပြည်၊ ရှန်ဟိုင်းမြို့တွင် မြေအောက်ဘူတာရုံ၊ ဈေးဝယ်စင်တာနှင့် မြေအောက်ဟိုတယ်များ ဆောက်လုပ်ရန်အတွက် တန်ချိန် ၇၅၀၀ ကျော
တရုတ်ပြည်၊ ရှန်ဟိုင်းမြို့တွင် မြေအောက်ဘူတာရုံ၊ ဈေးဝယ်စင်တာနှင့် မြေအောက်ဟိုတယ်များ ဆောက်လုပ်ရန်အတွက် တန်ချိန် ၇၅၀၀ ကျော
[ဆန်းကြယ်သော ကံကြမ္မာ] အမေရိကန်တွင် အမျိုးသားတစ်ဦးမှာ ဒေါ်လာ ၁၆၇ သန်း ထီပေါက်ပြီး ရက်ပိုင်းအကြာတွင် ဖမ်းဆီးခံရ
[ဆန်းကြယ်သော ကံကြမ္မာ] အမေရိကန်တွင် အမျိုးသားတစ်ဦးမှာ ဒေါ်လာ ၁၆၇ သန်း ထီပေါက်ပြီး ရက်ပိုင်းအကြာတွင် ဖမ်းဆီးခံရ
တရုတ်ပြည်တွင် အသက် ၁၅ နှစ်အရွယ်အထိ သူတောင်းစားဂိုဏ်းသားအဖြစ် တောင်းရမ်းခဲ့ရပြီး အသက် ၁၆ နှစ်တွင် မူလတန်းကျောင်း စတင်ကျော
တရုတ်ပြည်တွင် အသက် ၁၅ နှစ်အရွယ်အထိ သူတောင်းစားဂိုဏ်းသားအဖြစ် တောင်းရမ်းခဲ့ရပြီး အသက် ၁၆ နှစ်တွင် မူလတန်းကျောင်း စတင်ကျော
သြစတေးလျတွင် အမျိုးသားတစ်ဦးက ၇ နှစ်ကြာအချိန်ယူကာ ဘူးခွံ၊ ပုလင်းခွံပေါင်း ၄၅၀,၀၀၀ ကောက်ယူစုဆောင်းခဲ့ကာ ရောင်းရငွေဖြင့် အိ
သြစတေးလျတွင် အမျိုးသားတစ်ဦးက ၇ နှစ်ကြာအချိန်ယူကာ ဘူးခွံ၊ ပုလင်းခွံပေါင်း ၄၅၀,၀၀၀ ကောက်ယူစုဆောင်းခဲ့ကာ ရောင်းရငွေဖြင့် အိ
ဂျက်ဘေးဇော့စ်က နယူးယောက်မြို့လယ်ရှိ သူ၏ ဒေါ်လာသန်း ၁၀၀ ကျော်တန် Penthouse ခန်းသို့ ကရိန်းဖြင့် ပရိဘောဂများ တင်ရန်အတွက် လ
ဂျက်ဘေးဇော့စ်က နယူးယောက်မြို့လယ်ရှိ သူ၏ ဒေါ်လာသန်း ၁၀၀ ကျော်တန် Penthouse ခန်းသို့ ကရိန်းဖြင့် ပရိဘောဂများ တင်ရန်အတွက် လ
အိန္ဒိယနိုင်ငံ၊ ဂူဂျာရတ်ပြည်နယ် ဝန်ကြီးချုပ် ဗီဂျေး ရူပနိ (ရန်ကုန်သား) နှင့် နံပါတ် ၁၂ တို့၏ ဆန်းကြယ်သော ဆက်နွှယ်မှုအကြေ
အိန္ဒိယနိုင်ငံ၊ ဂူဂျာရတ်ပြည်နယ် ဝန်ကြီးချုပ် ဗီဂျေး ရူပနိ (ရန်ကုန်သား) နှင့် နံပါတ် ၁၂ တို့၏ ဆန်းကြယ်သော ဆက်နွှယ်မှုအကြေ

Upcoming Property Events

From 28 Jun To 29 Jun

Magical World Apartment

From 28 Jun To 29 Jun

Pan Swal Taw Condominium

From 02 Jun To 30 Jun

Central Shophouse

From 05 Jul To 06 Jul

Mingalar Market

From 09 Jun To 09 Jul

The Vista Luxury Residence

Magical World Apartment

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service