တည်ဆောက်ပြီး တိုက်ခန်းတွေ ဝယ်လိုအားကောင်းမှ ဈေးကွက် ပြန်ဦးမော့မည် - Property News in Myanmar from iMyanmarHouse.com
1528 Views

တည်ဆောက်ပြီး တိုက်ခန်းတွေ ဝယ်လိုအားကောင်းမှ ဈေးကွက် ပြန်ဦးမော့မည်

ကျဆင်းနေတဲ့ အိမ်ခြံ မြေ ဈေးကွက်ဘယ်တော့လောက်ပြန်ပြီး ဦးမော့နိုင်မ လဲဆိုတဲ့ အခြေအနေထက် လက်ရှိ အိမ်ခြံမြေ ဈေးကွက်ကို ဦးဆောင်နေတဲ့ ရန်ကုန်မြို့က တည်ဆောက်ပြီးစီး နေတဲ့ တိုက်ခန်းတွေ ဝယ်လို အားပြန် ကောင်းဖို့ ခက်ခဲနေဆဲ အခြေနေမှာ ရှိနေတယ်လို့ သိရပါတယ်။

အိမ်ခြံမြေနှင့် ဥပဒေရေးရာ ကျွမ်းကျင်သူ ဦးတင်သန်းဦးက “နောက်ထပ် အဆောက်အအုံဈေးကွက်တွေ ပြန်ပြီး ပွင့်လန်းလာဖို့က ခဏနေဦးပေါ့၊ ရှိ ပြီးသား ဈေးကွက်ရဲ့ အအောက်အအုံကိုပဲ ပြန်ပြီးတော့ အသက်ဝင်လာေ အာင် လုပ်ရမှာပါ"လို့ ပြောပါတယ်။

အိမ်ခြံမြေဈေးကွက်ရဲ့ သဘောသ ဘာဝအရ လူဦးရေ ပြောင်းရွှေ့နေထိုင် မှု၊ ဝင်ငွေ၊ ဘဏ်စနစ်နဲ့ နိုင်ငံခြားသားဈေး ကွက်စတဲ့ အချက်တွေပေါ်မှာ မှီခိုနေတာ ဖြစ်ပါတယ်။

ပြောင်းရွှေ့မှုက တစ်နှစ်ထက်တစ်နှစ် အဲသည်လောက်ကောင်းနေတာ မ ဟုတ်ဘဲ ဥပမာ မြို့တစ်မြို့ကို ဖျက်လိုက်လို့ တစ် နေရာက တစ်ခုခု ဖြစ်တာ ကလွဲပြီးတော့ အိမ်ခြံမြေဆိုတာ အမြဲလိုအပ်နေတာ မ ဟုတ်ပါဘူး။ တစ်ခါ ဝယ်ပြီးသွားရင် ထပ်ဝယ်ဖို့ မလွယ်သလို လူတွေရဲ့ လိုအပ်ချက်အရ တအား ကြီး လိုနေတာ မဟုတ် ပါဘူး ဈေးကွက်ရဲ့ လိုအပ်ချက်အရလည်း တအား ကြီး ဖြုန်းတီး နိုင်ဖို့ မလွယ်ပါဘူး။

ဝင်ငွေတိုးလာပြီလား

အိမ်ခြံမြေဈေးကွက်က လူတွေ ဝင်ငွေနဲ့လည်း တိုက်ရိုက်သက်ဆိုင်နေပါ တယ်။ လူတွေရဲ့ ဝင်ငွေတွေ ကောင်းလာရင် လက်ရှိနေထိုင်တာထက် မြင့် တဲ့ အိမ်တွေ ပြောင်းရွှေ့တတ်တဲ့ သဘာဝလေး ရှိပါတယ်။ သည်အချက်အ ရ မြန်မာနိုင်ငံက လူတွေ ဝင်ငွေ ကောင်းလာဖို့လိုသလို လုပ်ငန်းတွေလည်း တိုးတက်ဖို့ လိုပါတယ်။

ဘဏ်လုပ်ငန်း

ဘဏ်လုပ်ငန်းကလည်း ပြည်တွင်းအဆောက်အအုံတွေကို  ငွေထုတ်ချေးတာနည်းပါးနေပါတယ်။ဘဏ်နဲ့ ချိတ်ဆက်ပြီး တိုက်ခန်းအရစ်ကျ ဝယ်ယူ တာတွေကို ပြည်တွင်းပုဂ္ဂလိကဘဏ်တွေက ကျယ်ကျယ်ပြန့်ပြန့် မဆောင် ရွက်နိုင်သေးပါဘူး။ ဆောက်လုပ်ရေးဝန်ကြီးဌာနကတည်ထောင်ထားတဲ့ ဆောက်လုပ်ရေးနှင့် အိမ်ရာဖွံ့ဖြိုးရေး ဘဏ်တစ်ခုပဲ နှစ်ရှည်(ရှစ် နှစ်ကနေ ၁၂ အထိ) အရစ်ကျ စနစ်နဲ့ အစိုးရပိုင် တိုက်ခန်းတွေကို ရောင်းချပေးနေ တာ ဖြစ်ပါတယ်။ လက်ရှိ ပုဂ္ဂလိကဘဏ်တချို့နဲ့ ချိတ်ဆက် ပြီး ရောင်းချတဲ့ အရစ်ကျတိုက်ခန်းတွေက အတိုးနှုန်းများတာ၊ ပေးဆပ်ရမယ့်နှစ် တို တာတွေကြောင့်ဝယ်ယူမှုနည်းပါးနေပါတယ်။

အိမ်ခြံမြေနှင့် ဥပဒေရေးရာ ကျွမ်းကျင်သူ ဦးတင်သန်းဦးက ‘ပြည်တွင်းက ဘဏ်လုပ်ငန်းမဖွံ့ဖြိုးသေးဘူးလေ၊ ဘဏ်လုပ်ငန်းမဖွံ့ဖြိုးသေးတော့ ဘဏ်တွေနဲ့ ချိတ်ဆက်ရောင်းဖို့ ကြိုးစားတယ်ဆိုတဲ့ အဆောက်အအုံေ တွ တော်တော်ခက်ခဲဦးမယ်လို့ ပြောရမှာပါ၊ တစ်နည်းအားဖြင့် ပြော ရ ရင် မြန်မာနိုင်ငံရဲ့ စီးပွားရေးဝင်ငွေတွေ ကောင်းလာဖို့၊ လူနေထိုင်မှု မြင့် မားလာဖို့ အဓိကကတော့ ငွေပေါ့၊ ဝင်ငွေ မြင့်တာက နေထိုင်မှု အဆင့် ကို မြင့်စေတယ် ဆိုတော့ မြန်မာနိုင်ငံရဲ့ အခြေအနေက ခက်ခဲဦးမှာ ပါ”လို့ ပြောပါတယ်။

နိုင်ငံခြားသား ဝယ်ယူမှု

နိုင်ငံခြားသား တွေကို မျှော်လင့်ပြီး ဆောက်ထားတဲ့ အဆောက်အအုံမျိုးတွေ မြို့တွင်းမှာ တော်တော်များများ ရှိပါတယ်။ Business တာဝါတွေ၊ ကွန်ဒိုမီနီ ယံတွေ အများအပြားကို ပြီးခဲ့တဲ့ အစိုးရလက်ထက်မှာ တော်တော်များများ ခွင့်ပြုပြီး တည်ဆောက်ခွင့်ပေးခဲ့ပါတယ်။

အမေရိကန်ဆန်ရှင် ကင်းလွတ်ခွင့်ရ ရင် နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုတွေ အများ အပြား တစ်ရှိန်ထိုးဝင်လာမယ်လို့ မျှော်လင့်ထားပေမဲ့ လက်ရှိ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု ဝင်ရောက်မှုက ထင်သလောက် မဝင်တာတွေ့ရပါတယ်။

မြန်မာရွှေဥဒါင်းမင်းနဲ့ မဟာနဝရတ် မြေ ဆောက်လုပ်ရေးလုပ်ငန်း ဥက္ကဋ္ဌ ဦးနိုင်ဝင်းက ကွန်ဒိုတိုက်ခန်းတွေနဲ့ ဈေးမြင့် အခန်းကျယ်တွေ အရောင်းအ ဝယ် လုံးဝရပ်တန့်နေပြီး တန်ဖိုးနည်း အခန်းတွေသာ အရောင်းအ ဝယ် ဖြစ်နေတယ်လို့ ပြောပါတယ်။

မြန်မာနိုင်ငံရဲ့ အနေအထားတွေက နိုင်ငံခြားသားတွေ ဝင်လာပြီး စီးပွားရေး လုပ်ငန်းလုပ်ကိုင်တာ ဘယ်လောက်ရှိနေ ပြီလဲ၊ ရပ်ကွက်တွေ ထဲ နေထိုင် တာတွေနဲ့ ဟိုတယ်စတာတွေမှာ နေထိုင်တဲ့ နှုန်းတွေကိုပါ တွက်ချက်ပြီး တည်ဆောက်ဖို့ လိုအပ်နေပါတယ်။

ကွန်ဒိုမီနီယံဥပဒေကြမ်းမှာ နိုင်ငံခြားသားတွေကိုပါ ကွန်ဒိုတိုက်ခန်း ဝယ် ယူနိုင်ဖို့ ထည့်သွင်းရေးဆွဲထားတာ ဖြစ်ပါတယ်။

ရန်ကုန်မြို့ရဲ့ အဆောက်အအုံ တည်ဆောက်မှုနှုန်းကလည်း တစ်စတစ်စ ကျ ဆင်းနေပါတယ်။ ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီက အဆောက်အအုံ တည်ဆောက်ခွင့် ပြုမိန့်ထုတ်ပေးတဲ့ စာရင်း ပြီးခဲ့တဲ့ အစိုးရ လက်ထက်ကထက် ခွင့်ပေးတဲ့ အရေအတွက် ၆၀ဝ၀ ကျော် လျော့ နည်းခဲ့တယ်လို့ ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီ အင်ဂျင်နီ ယာဌာန(အဆောက်အအုံ)က သိရပါတယ်။


Credit: The Kumudra

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

အိန္ဒိယတွင် ပလတ်စတစ်မိုး ကျူးကျော်တဲလေးတစ်လုံး၌ နေထိုင်သော မိန်းကလေးတစ်ဦးကို ဟောလိဝုဒ် ရုပ်ရှင်သရုပ်ဆောင်တစ်ဦးက တွေ့ရှိသ
အိန္ဒိယတွင် ပလတ်စတစ်မိုး ကျူးကျော်တဲလေးတစ်လုံး၌ နေထိုင်သော မိန်းကလေးတစ်ဦးကို ဟောလိဝုဒ် ရုပ်ရှင်သရုပ်ဆောင်တစ်ဦးက တွေ့ရှိသ
တရုတ်ပြည်တွင် အမျိုးသားကြီးတစ်ဦးက သူ၏ ၅ လွှာတိုက်ခန်း ဝရန်တာ၌ ကိုယ်ပိုင်ဓာတ်လှေကားတစ်ခု တီထွင်တပ်ဆင်ခဲ့ပုံအပေါ် ပြည်မကြီ
တရုတ်ပြည်တွင် အမျိုးသားကြီးတစ်ဦးက သူ၏ ၅ လွှာတိုက်ခန်း ဝရန်တာ၌ ကိုယ်ပိုင်ဓာတ်လှေကားတစ်ခု တီထွင်တပ်ဆင်ခဲ့ပုံအပေါ် ပြည်မကြီ
[အဓိပ္ပာယ်ရှိသောလူ] မလေးရှားတွင် အမျိုးသားတစ်ဦးမှာ ပိုက်ဆံအိတ်ထဲမှ မသုံးဖြစ်ဘဲရှိနေသော ရင်းဂစ် ၅၀ တန်တွင် ပါသည့် နံပါတ်ဖ
[အဓိပ္ပာယ်ရှိသောလူ] မလေးရှားတွင် အမျိုးသားတစ်ဦးမှာ ပိုက်ဆံအိတ်ထဲမှ မသုံးဖြစ်ဘဲရှိနေသော ရင်းဂစ် ၅၀ တန်တွင် ပါသည့် နံပါတ်ဖ
တရုတ်ပြည်၊ ရှန်ဟိုင်းမြို့တွင် မြေအောက်ဘူတာရုံ၊ ဈေးဝယ်စင်တာနှင့် မြေအောက်ဟိုတယ်များ ဆောက်လုပ်ရန်အတွက် တန်ချိန် ၇၅၀၀ ကျော
တရုတ်ပြည်၊ ရှန်ဟိုင်းမြို့တွင် မြေအောက်ဘူတာရုံ၊ ဈေးဝယ်စင်တာနှင့် မြေအောက်ဟိုတယ်များ ဆောက်လုပ်ရန်အတွက် တန်ချိန် ၇၅၀၀ ကျော
ဒေါ်နယ်ထရမ့်ကို ပြန်လည်ဝန်ချတောင်းပန်လိုက်ပြီးနောက် Elon Musk ၏ ကြွယ်ဝမှု ပြန်လည်မြင့်တက်လာ
ဒေါ်နယ်ထရမ့်ကို ပြန်လည်ဝန်ချတောင်းပန်လိုက်ပြီးနောက် Elon Musk ၏ ကြွယ်ဝမှု ပြန်လည်မြင့်တက်လာ
အမေရိကန်တွင် ဘီလျံနာသူဌေးကြီးက စိတ်ကူးအိပ်မက်ထားသည့် စံအိမ်ကြီးဆောက်လုပ်ရန် ဖလော်ရီဒါမှ ဒေါ်လာ ၅၅ ဒသမ ၅ သန်း တန်ကြေးရှိ
အမေရိကန်တွင် ဘီလျံနာသူဌေးကြီးက စိတ်ကူးအိပ်မက်ထားသည့် စံအိမ်ကြီးဆောက်လုပ်ရန် ဖလော်ရီဒါမှ ဒေါ်လာ ၅၅ ဒသမ ၅ သန်း တန်ကြေးရှိ
တရုတ်ပြည်တွင် အသက် ၁၅ နှစ်အရွယ်အထိ သူတောင်းစားဂိုဏ်းသားအဖြစ် တောင်းရမ်းခဲ့ရပြီး အသက် ၁၆ နှစ်တွင် မူလတန်းကျောင်း စတင်ကျော
တရုတ်ပြည်တွင် အသက် ၁၅ နှစ်အရွယ်အထိ သူတောင်းစားဂိုဏ်းသားအဖြစ် တောင်းရမ်းခဲ့ရပြီး အသက် ၁၆ နှစ်တွင် မူလတန်းကျောင်း စတင်ကျော
နယ်သာလန် ကမ္ဘာလှည့်ခရီးသည်များ မလေးရှားတွင် လည်ပတ်ရာ “စင်္ကာပူမှာပဲ မိုးမျှော်တိုက်ကြီးတွေ ရှိတယ်ထင်ခဲ့တာ” ဟု တအံ့တသြပြေ
နယ်သာလန် ကမ္ဘာလှည့်ခရီးသည်များ မလေးရှားတွင် လည်ပတ်ရာ “စင်္ကာပူမှာပဲ မိုးမျှော်တိုက်ကြီးတွေ ရှိတယ်ထင်ခဲ့တာ” ဟု တအံ့တသြပြေ
မလာနီယာ ထရမ့် (ဒေါ်နယ်ထရမ့်၏ ဇနီး) ၏ ကြေးရုပ်တုကြီး အခိုးခံရမှု
မလာနီယာ ထရမ့် (ဒေါ်နယ်ထရမ့်၏ ဇနီး) ၏ ကြေးရုပ်တုကြီး အခိုးခံရမှု
အိန္ဒိယတွင် လယ်သမားတစ်ဦးက မိုးဦးတဖြိုက်ကျအပြီး လယ်ကွင်းထဲသို့ ဆင်းခဲ့ရာ စိန်ကြီးတစ်ပွင့် ရှာတွေ့ခဲ့အပြီး တစ်ရွာလုံး အုံး
အိန္ဒိယတွင် လယ်သမားတစ်ဦးက မိုးဦးတဖြိုက်ကျအပြီး လယ်ကွင်းထဲသို့ ဆင်းခဲ့ရာ စိန်ကြီးတစ်ပွင့် ရှာတွေ့ခဲ့အပြီး တစ်ရွာလုံး အုံး

Upcoming Property Events

From 28 Jun To 29 Jun

Magical World Apartment

From 28 Jun To 29 Jun

Pan Swal Taw Condominium

From 02 Jun To 30 Jun

Central Shophouse

From 09 Jun To 09 Jul

The Vista Luxury Residence

Pan Swal Taw Condominium

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service