ဖေ့စ်ဘုတ်တည်ထောင်သူ မာ့ခ်ဇက်ကာဘက်ခ်က ၎င်းပိုင် ဟာဝိုင်အီ ဧက ၇၀၀ ပိုင်နက်အတွင်းနေ ဒေသခံများကို မြေယာများ ရောင်းချထွက်ခွာရန် တရားစွဲဆို - Property News in Myanmar from iMyanmarHouse.com
3215 Views

ဖေ့စ်ဘုတ်တည်ထောင်သူ မာ့ခ်ဇက်ကာဘက်ခ်က ၎င်းပိုင် ဟာဝိုင်အီ ဧက ၇၀၀ ပိုင်နက်အတွင်းနေ ဒေသခံများကို မြေယာများ ရောင်းချထွက်ခွာရန် တရားစွဲဆို

ဖေ့စ်ဘုတ်တည်ထောင်သူ မာ့ခ်ဇက်ကာဘက်ခ်က အမေရိကန်ပြည်ထောင်စု၊ ဟာဝိုင်အီကျွန်းရှိ ၎င်းပိုင် ဟာဝိုင်အီ ဧက ၇၀၀ ပိုင်နက်အတွင်းနေ ဒေသခံများကို မြေယာများ ရောင်းချထွက်ခွာရန် တရားစွဲဆိုလိုက်ကြောင်း usatoday သတင်းတစ်ရပ်တွင် ဖော်ပြသည်။

ဟာဝိုင်အီကျွန်းတွင် အခြေချနေထိုင်ကြသော ဒေသခံအချို့သည် ၁၈၅၀ ခုနှစ်က ပြဌာန်းခဲ့သော Kuleana အက်ဥပဒေအရ မြေယာများ ပိုင်ဆိုင်ထားခဲ့ပြီး ယင်းသို့ ပိုင်ဆိုင်ထားခဲ့ကြသည့်အနက် ကန်ဒေါ်လာ သန်း ၁၀၀ ကျော်တန်ကြေးရှိ မာ့ခ်ဇက်ကာဘက်ခ်၏ ပိုင်နက်အတွင်းတွင် နေထိုင်ကြသော မိသားစု ၁၀ ခုကျော် ပါဝင်လျက်ရှိသည်ဟု ဆိုသည်။

ယင်းသို့ ပိုင်ဆိုင်နေထိုင်ကြသူများသည် နေ့စဉ်သွားလာဖြတ်သန်းရာတွင် ဇက်ကာဘက်ခ်၏ ခြံဝန်းအတွင်းမှ ဖြတ်သန်းသွားလာနေခြင်းများကို ခွင့်ပြုထားရရာ မာ့ခ်ဇက်ကာဘက်ခ်က ၎င်း၏ ပုဂ္ဂလိကလုံခြုံရေးကို ကာကွယ်ရန်အတွက် အဆိုပါ မြေယာပိုင်ရှင်များအနေဖြင့် မြေကွက်ရောင်းချကာ ထွက်ခွာသွားကြစေရန် ကြိုးပမ်းခြင်းလည်း ဖြစ်သည်။

မာ့ခ်ဇက်ကာဘက်ခ်က ယင်းမြေကွက်ပိုင်ရှင်များအနေဖြင့် မြေကွက်များကို ပြန်လည်ရောင်းချစေလိုသည့် ရည်ရွယ်ချက်ဖြင့် ၎င်းပိုင်ကုမ္ပဏီ အမျိုးမျိုးမှတစ်ဆင့် လူပေါင်းရာနှင့်ချီ၍ တရားစွဲထားသည်။

Kuleana အက်ဥပဒေအရ မူလပိုင်ဆိုင်ခွင့်ရခဲ့သူများအနက်အချို့မှာ ကွယ်လွန်သွားကြပြီ ဖြစ်ရာ လက်ရှိမြေပိုင်ရှင်မည်သူဖြစ်သည်ကို ခြေရာခံနိုင်ရန် ခက်ခဲ့လှသည်။
Kuleana အက်ဥပဒေအရ ပိုင်ဆိုင်ခွင့်ရခဲ့သူတို့မှာ အဆင့်ဆင့်ဆက်ခံပိုင်ဆိုင်ခဲ့ရာတွင် စာချုပ်စာတမ်းများ မရှိခဲ့ကြဘဲ လက်လွှဲပိုင်ဆိုင်ခဲ့ကြခြင်း ဖြစ်သည်။

Credit: iMyanmarHouse.com
(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)
ဖေ့စ်ဘုတ်တည်ထောင်သူ မာ့ခ်ဇက်ကာဘက်ခ်က ၎င်းပိုင် ဟာဝိုင်အီ ဧက ၇၀၀ ပိုင်နက်အတွင်းနေ ဒေသခံများကို မြေယာများ ရောင်းချထွက်ခွာရန် တရားစွဲဆို - Property News in Myanmar from iMyanmarHouse.com
ဖေ့စ်ဘုတ်တည်ထောင်သူ မာ့ခ်ဇက်ကာဘက်ခ်က ၎င်းပိုင် ဟာဝိုင်အီ ဧက ၇၀၀ ပိုင်နက်အတွင်းနေ ဒေသခံများကို မြေယာများ ရောင်းချထွက်ခွာရန် တရားစွဲဆို - Property News in Myanmar from iMyanmarHouse.com

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ဂျက်ဘေးဇော့စ်က နယူးယောက်မြို့လယ်ရှိ သူ၏ ဒေါ်လာသန်း ၁၀၀ ကျော်တန် Penthouse ခန်းသို့ ကရိန်းဖြင့် ပရိဘောဂများ တင်ရန်အတွက် လ

ဥရောပသားတွေ ဘာကြောင့် ကြောင်အိမ်ထဲမှာ အိပ်ခဲ့ကြတာလဲ

အိမ်ရာစုဆောင်းငွေ သိန်း (၃၀) အထက် စုဆောင်းပြီးသူများအနေဖြင့် မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေး ဦးစီးဌာန၏ သတ်မှတ်ချက်များနှင

[အဓိပ္ပာယ်ရှိသောလူ] မလေးရှားတွင် အမျိုးသားတစ်ဦးမှာ ပိုက်ဆံအိတ်ထဲမှ မသုံးဖြစ်ဘဲရှိနေသော ရင်းဂစ် ၅၀ တန်တွင် ပါသည့် နံပါတ်ဖ

အမေရိကန်ပြည်တွင် အမျိုးသားတစ်ဦးက အလုပ်မှထွက်လိုက်ကာ အိုစာမင်းစာ စုဆောင်းထားငွေဖြင့် ရွက်လှေငယ်တစ်စင်းဝယ်လိုက်ပြီး သူ၏ကြေ

[မိဘဟူသည်..] စင်္ကာပူတွင် ဖခင်ကြီးက သမီးဖြစ်သူ မျှော်လင့်အိပ်မက်နေသော လုပ်ငန်း လုပ်ဆောင်နိုင်ရေးအတွက် မိမိ၏ ကုမ္ပဏီကို ရ

မည်သည့်အခါမှ လူ ၉၉ ဦးထက် အပိုမခံသည့် ဆန်းကြယ်သော တိုင်းရင်းသားမျိုးနွှယ်စုတစ်ခုအကြောင်း၊ ကလေးတစ်ဦး မွေးဖွားလျှင် လူတစ်ဦး

ဂျပန်အလုပ်သမားတစ်ဦးက တစ်ရက်လျှင် ၁၈ နာရီခန့် ရုန်းကန်လှုပ်ရှားရသည့် သူ၏ဘဝကို လူမှုကွန်ရက်တွင် ဗွီဒီယိုဖိုင်တင်ခဲ့ပုံ ဂယက

ထိုင်းတွင် လမ်းမအလယ်သို့ ကားတစ်စင်းပေါ်မှ ခေါင်းတလားကြီးတစ်ခု ပြုတ်ကျခဲ့ပုံ ဗွီဒီယိုဖိုင် TikTok တွင် ဂယက်ရိုက်ခဲ့၊ အခေါ

မလာနီယာ ထရမ့် (ဒေါ်နယ်ထရမ့်၏ ဇနီး) ၏ ကြေးရုပ်တုကြီး အခိုးခံရမှု

Upcoming Property Events

From 02 Jun To 30 Jun

Central Shophouse

From 05 Jul To 06 Jul

Mingalar Market

From 05 Jul To 06 Jul

Golden City Condo

From 09 Jun To 09 Jul

The Vista Luxury Residence

Mingalar Market

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service