သီလ၀ါ အထူးစီးပွားရေးဇုန် အပိုင်း (ခ) စီမံကိန်း တည်ဆောက်မှုစတင် - Property News in Myanmar from iMyanmarHouse.com
2188 Views

သီလ၀ါ အထူးစီးပွားရေးဇုန် အပိုင်း (ခ) စီမံကိန်း တည်ဆောက်မှုစတင်

ရင်းနှီးမြှုပ်နှံမှု အမေရိ ကန်ဒေါ်လာ တစ်ဘီလီယံကျော်ရရှိထားသော သီလ၀ါ အထူးစီးပွား ရေးဇုန်အပိုင်း (က) ဖွင့်လှစ်ပြီး တစ်နှစ်ခွဲခန့်အကြာ တွင် ဇုန်အပိုင်း(ခ) စတင် အကောင်အထည်ဖော် ရန် ဖေဖော်ဝါရီ ၂၄ ရက်က ဖွင့်ပွဲ ပြုလုပ်ခဲ့သည်။

သီလ၀ါအထူးစီးပွားရေးဇုန် စီမံကိန်းကို မြေဟက်တာ ၂,၄၀၀ ကျော် (ဧက ၆,၀၀၀ ကျော်)တွင် အမေရိကန်ဒေါ်လာ ၁ဒသမ၅ ဘီ လီယံရင်းနှီးပြီး ဂျ ပန်-မြန်မာနှစ် နိုင်ငံ ပူးပေါင်းအကောင်အထည် ဖော်နေသည်။

သီလ၀ါအထူးစီးပွားရေးဇုန် အပိုင်း (ခ) စီမံကိန်းတွင် ဦးစွာမြေ ၁၀၁ ဟက်တာ (ဧက ၂၅၀ ကျော်)အကောင်အထည်ဖော်ရန် စီစဉ်ထား ပြီး နိုင်ငံတော်ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူက ဖွင့်လှစ်ပေးခဲ့သည်။

ပထမအဆင့်ကို ၂၀၁၅ ရွေးကောက်ပွဲ ကျင်းပရန် တစ်လ ကျော်အလိုတွင် ဒုတိယ သမ္မတ ဦးဉာဏ်ထွန်းက ဦးဆောင်ဖွင့် လှစ်ပေးခဲ့သည်။ ပထမ အဆင့်တွင် မြေဟက်တာ ၄၀၀ ကျော်၌ နိုင်ငံပေါင်း ၁၆ နိုင်ငံမှ ကုမ္ပ ဏီပေါင်း ၇၈ ခုက ရင်းနှီးမြှုပ်နှံမှု တန်ဖိုး အမေရိကန်ဒေါ်လာ ၁,၀၅၅ သန်းရှိခဲ့သည်။

‘‘အပိုင်း (ခ) ကို အကောင် အထည်ဖော်တဲ့အခါမှာ ရွာနှစ်ရွာကို ဂျပန်နိုင်ငံ တကာပူးပေါင်းဆောင်ရွက်မှု အေဂျင်စီ (JICA) ရဲ့ စံသတ်မှတ်ချက် အ တိုင်း လျော် ကြေးပေးထားပါတယ်’’ဟု သီလ ၀ါအထူးစီးပွားရေးဇုန် စီမံ ခန့်ခွဲမှု ကော်မတီဥက္ကဋ္ဌ ဒေါက်တာ ဆက် အောင်က ပြောသည်။

ဒေသခံရွာနှစ်ရွာမှ ကျေးရွာ သားများကို မြေလျော်ကြေးနှင့် သီးနှံ ခြောက်နှ စ်စာ လျော်ကြေး အပါအ၀င် မြေအစား ပြန် လည် ပေးအပ်ခြင်း၊ နေ အိမ်ပြန်လည် တည်ဆောက်ပေးခြင်းနှင့် အသက် မွေးဝမ်းကျောင်း လုပ်ငန်း များလုပ် ကိုင်နိုင်ရန်လည်း လူမှုရေးအကူအညီများ ပေးထားသည်ဟု ဦးဆက်အောင်က ပြောသည်။

လက်ရှိ အကောင်အထည် ဖော်မည့် သီလ၀ါအထူးစီးပွားရေး ဇုန် အပိုင်း (ခ)တွင် ရင်းနှီးမြှုပ်နှံ မှုကို အများပြည်သူထံသို့ အစု ရှယ်ယာ အသစ် များရောင်းချပြီး ဖြည့်တင်းမည်မဟုတ်ဟု မြန်မာ သီလ၀ါအထူးစီးပွားရေးဇုန် ဟိုးလ် ဒင်းအများပိုင်ကုမ္ပဏီလီမိတက် ဥက္ကဋ္ဌ ဦးဝင်းအောင် က ပြောကြား သည်။

သီလ၀ါအထူးစီးပွားရေးဇုန် တွင် ကုမ္ပဏီများနှင့် အများပြည် သူက အစုရှယ်ယာထည့်ဝင်ငွေ ကြေး ကျပ်ငွေ ၃၉ ဘီလီယံခန့်ရှိ ထား၍ အပိုင်း (ခ) ကို အကောင် အထည်ဖော်ရာတွင် အစုရှယ်ယာ အသစ်ရောင်းချရန် မလိုသေး ကြောင်း ၎င်းက ပြောသည်။

သီလ၀ါအထူးစီးပွားရေးဇုန်အပိုင်း (ခ)ကို တည်ဆောက်အ ကောင်အ ထည်ဖော်ရန် တစ်နှစ် ကျော်အချိန်ယူမည်ဖြစ်ပြီး စီးပွား ရေးဇုန်အတွက် လိုအပ်သည့် လျှပ်စစ်မီးကိုလည်း ရန်ကုန်တိုင်းဒေသ ကြီးအစိုးရထံမှ ရ ယူဆောင်ရွက် မည်ဟု ဒေါက်တာ ဆက်အောင် က ပြောသည်။


Credit: 7DayDaily

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ဘီလ်ဂိတ်က သမီးဖြစ်သူ မြင်းစီးလေ့ကျင့်ရန်အတွက် ဖလော်ရီဒါမှ မြေဈေးကောင်းသောနေရာတွင် ၁၈ ဧက ဖြန့်ကျက်တည်ရှိသော တစ်လမ်းလုံးကိ
ဘီလ်ဂိတ်က သမီးဖြစ်သူ မြင်းစီးလေ့ကျင့်ရန်အတွက် ဖလော်ရီဒါမှ မြေဈေးကောင်းသောနေရာတွင် ၁၈ ဧက ဖြန့်ကျက်တည်ရှိသော တစ်လမ်းလုံးကိ
တရုတ်ပြည်တွင် အသက် ၁၅ နှစ်အရွယ်အထိ သူတောင်းစားဂိုဏ်းသားအဖြစ် တောင်းရမ်းခဲ့ရပြီး အသက် ၁၆ နှစ်တွင် မူလတန်းကျောင်း စတင်ကျော
တရုတ်ပြည်တွင် အသက် ၁၅ နှစ်အရွယ်အထိ သူတောင်းစားဂိုဏ်းသားအဖြစ် တောင်းရမ်းခဲ့ရပြီး အသက် ၁၆ နှစ်တွင် မူလတန်းကျောင်း စတင်ကျော
ရိုးမရိပ်သာ တန်ဖိုးနည်းအိမ်ရာ အခန်းနေရာမဲနှိုက်ခြင်းကို ဇွန်လ ၂၆ ရက်မှ ၂၈ ရက်အထိ မြို့ပြနှင့်အိမ်ရာ ဖွံ့ဖြိုးရေးဦးစီးဌာန
ရိုးမရိပ်သာ တန်ဖိုးနည်းအိမ်ရာ အခန်းနေရာမဲနှိုက်ခြင်းကို ဇွန်လ ၂၆ ရက်မှ ၂၈ ရက်အထိ မြို့ပြနှင့်အိမ်ရာ ဖွံ့ဖြိုးရေးဦးစီးဌာန
[ရုပ်ရည်ကျဆင်း အိုမင်းခြင်းကား ပျိုမျစ်နောက်ဆုံးရှိချေ၏] အိုမင်းသော ရုပ်ရည်မှ ဆန်းကြယ်စွာ နုပျိုသွားသော ဂျပန်အမျိုးသားတစ
[ရုပ်ရည်ကျဆင်း အိုမင်းခြင်းကား ပျိုမျစ်နောက်ဆုံးရှိချေ၏] အိုမင်းသော ရုပ်ရည်မှ ဆန်းကြယ်စွာ နုပျိုသွားသော ဂျပန်အမျိုးသားတစ
စင်္ကာပူအစိုးရက နိုင်ငံပိုင် မြေကွက်ကို မလေးရှားဘုရင်၏ သားတော်ပိုင်ဆိုင်သော မြေကွက် (စင်္ကာပူ ရုက္ခဗေဒဥယျာဉ်အနီးရှိ) နှင
စင်္ကာပူအစိုးရက နိုင်ငံပိုင် မြေကွက်ကို မလေးရှားဘုရင်၏ သားတော်ပိုင်ဆိုင်သော မြေကွက် (စင်္ကာပူ ရုက္ခဗေဒဥယျာဉ်အနီးရှိ) နှင
ဂျပန်အလုပ်သမားတစ်ဦးက တစ်ရက်လျှင် ၁၈ နာရီခန့် ရုန်းကန်လှုပ်ရှားရသည့် သူ၏ဘဝကို လူမှုကွန်ရက်တွင် ဗွီဒီယိုဖိုင်တင်ခဲ့ပုံ ဂယက
ဂျပန်အလုပ်သမားတစ်ဦးက တစ်ရက်လျှင် ၁၈ နာရီခန့် ရုန်းကန်လှုပ်ရှားရသည့် သူ၏ဘဝကို လူမှုကွန်ရက်တွင် ဗွီဒီယိုဖိုင်တင်ခဲ့ပုံ ဂယက
ဘောလိဝုဒ်ကို ရုပ်ရှင်တစ်ကားတည်းဖြင့် ထာဝရ သိမ်းပိုက်ထားသူ ရုပ်ရှင်မင်းသား မီသွန်း၏ မွမ်ဘိုင်းစံအိမ်
ဘောလိဝုဒ်ကို ရုပ်ရှင်တစ်ကားတည်းဖြင့် ထာဝရ သိမ်းပိုက်ထားသူ ရုပ်ရှင်မင်းသား မီသွန်း၏ မွမ်ဘိုင်းစံအိမ်
ဂျက်ဘေးဇော့စ်က နယူးယောက်မြို့လယ်ရှိ သူ၏ ဒေါ်လာသန်း ၁၀၀ ကျော်တန် Penthouse ခန်းသို့ ကရိန်းဖြင့် ပရိဘောဂများ တင်ရန်အတွက် လ
ဂျက်ဘေးဇော့စ်က နယူးယောက်မြို့လယ်ရှိ သူ၏ ဒေါ်လာသန်း ၁၀၀ ကျော်တန် Penthouse ခန်းသို့ ကရိန်းဖြင့် ပရိဘောဂများ တင်ရန်အတွက် လ
ဒေါ်နယ်ထရမ့်ကို ပြန်လည်ဝန်ချတောင်းပန်လိုက်ပြီးနောက် Elon Musk ၏ ကြွယ်ဝမှု ပြန်လည်မြင့်တက်လာ
ဒေါ်နယ်ထရမ့်ကို ပြန်လည်ဝန်ချတောင်းပန်လိုက်ပြီးနောက် Elon Musk ၏ ကြွယ်ဝမှု ပြန်လည်မြင့်တက်လာ
[အဓိပ္ပာယ်ရှိသောလူ] မလေးရှားတွင် အမျိုးသားတစ်ဦးမှာ ပိုက်ဆံအိတ်ထဲမှ မသုံးဖြစ်ဘဲရှိနေသော ရင်းဂစ် ၅၀ တန်တွင် ပါသည့် နံပါတ်ဖ
[အဓိပ္ပာယ်ရှိသောလူ] မလေးရှားတွင် အမျိုးသားတစ်ဦးမှာ ပိုက်ဆံအိတ်ထဲမှ မသုံးဖြစ်ဘဲရှိနေသော ရင်းဂစ် ၅၀ တန်တွင် ပါသည့် နံပါတ်ဖ

Upcoming Property Events

From 28 Jun To 29 Jun

Magical World Apartment

From 28 Jun To 29 Jun

Pan Swal Taw Condominium

From 02 Jun To 30 Jun

Central Shophouse

From 05 Jul To 06 Jul

Mingalar Market

From 09 Jun To 09 Jul

The Vista Luxury Residence

Pan Swal Taw Condominium

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service