ရန်ကုန်မြို့ပတ်ရထား မြန်နှုန်းမြှင့် ပြေးဆွဲမှု ၂၀၁၉ တွင်သာ စတင်နိုင်မည် - Property News in Myanmar from iMyanmarHouse.com
2377 Views

ရန်ကုန်မြို့ပတ်ရထား မြန်နှုန်းမြှင့် ပြေးဆွဲမှု ၂၀၁၉ တွင်သာ စတင်နိုင်မည်

ရန်ကုန်မြို့ပတ်ရထား မြန်နှုန်းမြှင့်ပြေးဆွဲခြင်းကို ၂၀၁၉ မှသာ စတင်နိုင် မည်ဖြစ်ကြောင်း သတင်းရရှိသည်။

မြန်မာ့မီးရထားသည် ရန်ကုန်မြို့ပတ်ရထားပြေးဆွဲမှု အဆင့်မြှင့်တင်ရေး စီမံကိန်းကို ၂၀၁၇-၁၈ ဘဏ္ဍာနှစ်က စတင် မည်ဖြစ်ပြီး ရထားမြန်နှုန်းမြှ င့်ပြေးဆွဲနိုင်ရေးသည် အဓိကလုပ်ငန်းတစ်ရပ်အနေဖြင့် ပါဝင်နေ ခြင်းဖြစ် သည်။

ကနဦးနှစ်များတွင် ထိုသို့မြန်နှုန်းမြှင့် ပြေးဆွဲနိုင်ရေးအတွက် အခြေခံ လုပ် ငန်းစဉ်များဖြစ်သော ရထားသံလမ်းများ ပြုပြင်ခြင်း၊ ရထားသံလမ်း တစ်လျှောက် ခြံစည်းရိုးကာရံခြင်း၊ လူကူးနှင့်ကားလမ်းကူး ခုံးကျော်တံတား အသစ်များ ထပ်မံတည်ဆောက်ခြင်း၊ ရထားအချက်ပြ စနစ်များ ပြောင်းလဲ အဆင့်မြှင့် တင်ခြင်း စသည့်လုပ်ငန်းစဉ်များ လုပ်ဆောင်မည် ဟု မြန်မာ့ မီး ရထားအင်ဂျင်နီယာနှင့် စီမံဌာန အထွေထွေမန်နေဂျာ ဦးအောင် ၀င်းကြေ ပာသည်။

‘‘ပထမ တစ်နှစ်၊ ၂ နှစ် လောက်က အခြေခံတည်ဆောက် ရေး လုပ် ငန်းတွေပဲ ဇောက်ချလုပ် သွားရမှာ။ ၂၀၁၈-၁၉ မှာ အဲဒီ လုပ်ငန်းတွေ လည်း ပြီးပြီ။ မှာထားတဲ့ ရထားတွဲသစ်တွေလည်း ရောက်ပြီ။ ဒါဆို ရင်တော့ မြန်နှုန်း မြှင့်နိုင်မယ့် အဆင့်ရောက်ပြီဆို ရမှာပေါ့’’ဟု ၎င်းကပြော သည်။

ရန်ကုန်မြို့ပတ်ရထားကို လက်ရှိတွင် တစ်နာရီလျှင် ကီလို ၂၀ နှုန်းဖြင့် ပြေး ဆွဲနေရာမှ တစ်နာရီ ကီလို ၄၀ နှုန်းဖြင့် ပြေးဆွဲရန် မျှော်မှန်းထားသည်။

မြန်နှုန်းမြှင့်မည့် အချိန်တွင် လက်ရှိမြို့ပတ်လမ်းပိုင်း၌ ပြေး ဆွဲနေသည့် ရထားတွဲဆိုင်းအား လုံးနီးပါး ဖြုတ်မည်ဖြစ်ပြီး အသစ် မှာယူထားသည့် ရထားတွဲဆိုင်း ၁၁ ဆိုင်း၊ ယခင်အသုံးပြုပြီးသားတွဲဆိုင်း သုံးဆိုင်းတို့ဖြင့် သာ ပြေးဆွဲမည်ဟု ၎င်းကပြောသည်။

‘‘လက်ရှိဆွဲနေတာ ရထား တွဲဆိုင်း ၂၂ ဆိုင်းပေါ့။ အဲဒီအချိန် ကျရင် စု စုပေါင်း ၁၄ ဆိုင်းနဲ့ပဲ ဆွဲ တော့မယ်။ ရထားမြန်နှုန်းလည်း မြှင့် လိုက် တာကြောင့် တွဲဆိုင်းအ ရေအတွက် လျော့ပေမယ့် စီးနင်း ရမယ့်အချိန် က မြန်သွားမှာဆို တော့ ခရီးသည်တွေ ပိုအဆင်ပြေ မှာပါ’’ဟု ဦးအောင်ဝင်း ကပြော ကြားသည်။

ရန်ကုန်မြို့ပတ်ရထားလမ်း ပိုင်းသည် စုစုပေါင်း မိုင် ၃၀ ခန့် ရှိပြီး လက်ရှိ ခရီးစဉ်တစ်ပတ်လျှင် စုစုပေါင်းကြာချိန် သုံးနာရီခန့်ရှိ သည်။ မြန်နှုန်း တိုးမြှင့်ပါက မြို့တစ်ပတ်လျှင် မောင်းနှင်ချိန် တစ်နာရီခွဲမှ နှစ်နာရီခန့်သာ ရှိတော့မည်ဖြစ်ကြောင်း သတင်းရှိသည်။


Credit: 7DayDaily

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

တရုတ်နာမည်ကြီး ရက်ပ်အဆိုတော် ဘီလျံနာသူဌေး Huang Zitao (Exo အဖွဲ့သားဟောင်း) က မိန်းကလေး လစဉ်သုံးပစ္စည်း စက်ရုံတည်ထောင်ကာ
တရုတ်နာမည်ကြီး ရက်ပ်အဆိုတော် ဘီလျံနာသူဌေး Huang Zitao (Exo အဖွဲ့သားဟောင်း) က မိန်းကလေး လစဉ်သုံးပစ္စည်း စက်ရုံတည်ထောင်ကာ
အိန္ဒိယနိုင်ငံ၊ ဂူဂျာရတ်ပြည်နယ် ဝန်ကြီးချုပ် ဗီဂျေး ရူပနိ (ရန်ကုန်သား) နှင့် နံပါတ် ၁၂ တို့၏ ဆန်းကြယ်သော ဆက်နွှယ်မှုအကြေ
အိန္ဒိယနိုင်ငံ၊ ဂူဂျာရတ်ပြည်နယ် ဝန်ကြီးချုပ် ဗီဂျေး ရူပနိ (ရန်ကုန်သား) နှင့် နံပါတ် ၁၂ တို့၏ ဆန်းကြယ်သော ဆက်နွှယ်မှုအကြေ
iPhone 5 ထွက်ရှိစဉ်ကတည်းက တစ်နာရီလျှင် ၃၃ ဒေါ်လာယူကာ တန်းစီဝယ်ယူပေးခဲ့သော အမေရိကန် အမျိုးသားမှာ ယခုအခါ iPhone ဝယ်ယူလိုသူ
iPhone 5 ထွက်ရှိစဉ်ကတည်းက တစ်နာရီလျှင် ၃၃ ဒေါ်လာယူကာ တန်းစီဝယ်ယူပေးခဲ့သော အမေရိကန် အမျိုးသားမှာ ယခုအခါ iPhone ဝယ်ယူလိုသူ
ဂျပန်တွင် သားကို အလွန်ချစ်သော အိမ်ခြံမြေလုပ်ငန်းရှင် ဖခင်တစ်ဦးက ယန်းငွေ သန်း ၁၀၀ ခန့် သုံးစွဲကာ စတိုးဆိုင်၊ မြေအောက်ဘူတာ
ဂျပန်တွင် သားကို အလွန်ချစ်သော အိမ်ခြံမြေလုပ်ငန်းရှင် ဖခင်တစ်ဦးက ယန်းငွေ သန်း ၁၀၀ ခန့် သုံးစွဲကာ စတိုးဆိုင်၊ မြေအောက်ဘူတာ
ဘရာဇီးတွင် နိုင်ငံခြားသားများ လွှင့်ပစ်ခဲ့သော ပုလင်းခွံများကို ကောက်ယူစုဆောင်းကာ အိပ်ခန်း ၇ ခန်းပါ အိမ်တစ်လုံးကို ၂ နှစ်
ဘရာဇီးတွင် နိုင်ငံခြားသားများ လွှင့်ပစ်ခဲ့သော ပုလင်းခွံများကို ကောက်ယူစုဆောင်းကာ အိပ်ခန်း ၇ ခန်းပါ အိမ်တစ်လုံးကို ၂ နှစ်
ဘီလ်ဂိတ်က ဖက်ရှင်လုပ်ငန်း စတင်ထူထောင်သည့် သမီးဖြစ်သူအား တစ်ပြားတစ်ချပ်မှပင် အရင်းအနှီး ထုတ်မပေးသည့် ဖြစ်အင်
ဘီလ်ဂိတ်က ဖက်ရှင်လုပ်ငန်း စတင်ထူထောင်သည့် သမီးဖြစ်သူအား တစ်ပြားတစ်ချပ်မှပင် အရင်းအနှီး ထုတ်မပေးသည့် ဖြစ်အင်
ဘောလိဝုဒ်ကို ရုပ်ရှင်တစ်ကားတည်းဖြင့် ထာဝရ သိမ်းပိုက်ထားသူ ရုပ်ရှင်မင်းသား မီသွန်း၏ မွမ်ဘိုင်းစံအိမ်
ဘောလိဝုဒ်ကို ရုပ်ရှင်တစ်ကားတည်းဖြင့် ထာဝရ သိမ်းပိုက်ထားသူ ရုပ်ရှင်မင်းသား မီသွန်း၏ မွမ်ဘိုင်းစံအိမ်
သြစတေးလျတွင် အမျိုးသားတစ်ဦးက ၇ နှစ်ကြာအချိန်ယူကာ ဘူးခွံ၊ ပုလင်းခွံပေါင်း ၄၅၀,၀၀၀ ကောက်ယူစုဆောင်းခဲ့ကာ ရောင်းရငွေဖြင့် အိ
သြစတေးလျတွင် အမျိုးသားတစ်ဦးက ၇ နှစ်ကြာအချိန်ယူကာ ဘူးခွံ၊ ပုလင်းခွံပေါင်း ၄၅၀,၀၀၀ ကောက်ယူစုဆောင်းခဲ့ကာ ရောင်းရငွေဖြင့် အိ
[အဓိပ္ပာယ်ရှိသောလူ] မလေးရှားတွင် အမျိုးသားတစ်ဦးမှာ ပိုက်ဆံအိတ်ထဲမှ မသုံးဖြစ်ဘဲရှိနေသော ရင်းဂစ် ၅၀ တန်တွင် ပါသည့် နံပါတ်ဖ
[အဓိပ္ပာယ်ရှိသောလူ] မလေးရှားတွင် အမျိုးသားတစ်ဦးမှာ ပိုက်ဆံအိတ်ထဲမှ မသုံးဖြစ်ဘဲရှိနေသော ရင်းဂစ် ၅၀ တန်တွင် ပါသည့် နံပါတ်ဖ
ဒေါ်နယ်ထရမ့်ကို ပြန်လည်ဝန်ချတောင်းပန်လိုက်ပြီးနောက် Elon Musk ၏ ကြွယ်ဝမှု ပြန်လည်မြင့်တက်လာ
ဒေါ်နယ်ထရမ့်ကို ပြန်လည်ဝန်ချတောင်းပန်လိုက်ပြီးနောက် Elon Musk ၏ ကြွယ်ဝမှု ပြန်လည်မြင့်တက်လာ

Upcoming Property Events

From 28 Jun To 29 Jun

Magical World Apartment

From 28 Jun To 29 Jun

Pan Swal Taw Condominium

From 02 Jun To 30 Jun

Central Shophouse

From 05 Jul To 06 Jul

Mingalar Market

From 09 Jun To 09 Jul

The Vista Luxury Residence

Pan Swal Taw Condominium

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service