သီလ၀ါအထူးစီးပွားရေးဇုန် Zone A ၌ ရင်းနှီးမြှုပ်နှံမှု ပမာဏ ဒေါ်လာတစ်ဘီလျံကျော် ရှိနေပြီး Zone B တွင်လည်း အလုပ်အကိုင် အခွင့်အလမ်းနှင့် ပို့ကုန်တိုးမြှင့်နိုင်မည့် မူဝါဒ ချမှတ်ထား
သီလ၀ါ အထူးစီးပွားရေးဇုန် တစ်ခုလုံးတွင် အကောင်အထည်ဖော်မည့် ဧရိယာမှာ ဟက်တာ၂၄၀၀ ရှိပြီး Zone A တွင် ဟက်တာ ၄၀၀ ပါဝင်ေ ကြာင်း၊ လက်ရှိ အချိန်၌ Zone A မှာ ၉၆ ရာခိုင်နှုန်း ပြီးစီးနေပြီဖြစ်သည်။ Zone A ၏ တည်ဆောက်ရေး လုပ်ငန်းများ ပြီးစီးသဖြင့် Zone B ထပ်မံ တည်ဆောက်ရန် ၁၀၁ ဟက်တာ စီမံကိန်း တည်ဆောက်မှု စတင်တော့ မည်ဖြစ်သည်။
“Zone B တည်ဆောက်ရေးက တစ်နှစ်ခွဲလောက် ကြာမှာပါ။ Zone B မပြီးခင်မှာ ရင်းနှီးမြှုပ်နှံသူတွေကို စတင်လက်ခံမှာ ဖြစ်ပါတယ်။ အခုေ လာလောဆယ် Zone B မစသေးခင်မှာ လာပြီး ရင်းနှီးမြှုပ်နှံဖို့ ဆက်သွယ် ထားပြီး ဖြစ်ပါတယ်။ Zone B တည်ဆောက်ရေး ပြီးသွားမှ ဒီရင်းနှီးမြှုပ်နှံ သူတွေရဲ့ စတင် စက်ရုံတွေ တည်ဆောက်ရမှာ ဖြစ်ပါတယ်” ဟု ဦးဆက်ေ အာင်က ဆက်လက်ပြောကြားသည်။
သီလ၀ါ အထူးစီးပွားရေးဇုန် Zone B တည်ဆောက်ပြီးစီးပါက အလုပ် အကိုင်ပေါင်း ၄၀၀၀၀ ကျော်ကိုလည်း ဖန်တီးပေးနိုင်မည်ဟု သိရသည်။