ဈေးနှုန်းထိန်းချုပ်သော စီမံချက်များကြောင့် တရုတ်အိမ်ခြံမြေကဏ္ဌ ဆက်လက်တည်ငြိမ် - Property News in Myanmar from iMyanmarHouse.com
1039 Views

ဈေးနှုန်းထိန်းချုပ်သော စီမံချက်များကြောင့် တရုတ်အိမ်ခြံမြေကဏ္ဌ ဆက်လက်တည်ငြိမ်

တရုတ်တွင် အထင်ကရအဓိကမြို့ကြီးများမှ ဟော့ခဲ့သော အိမ်ခြံမြေဈေးကွက်များသည်
အာဏာပိုင်များက ထိုမြင့်တက်လာခဲ့သောဈေးနှုန်းများကို ထိန်းချုပ်ရန် စီမံချက်များစွာချမှတ်ခဲ့ပြီးနောက် ယခုနှစ် ဇန်န၀ါရီတွင် ဆက်လက်တည်ငြိမ်လာခဲ့ကြောင်း ဖေဖော်ဝါရီ
၂၂ တွင် ထွက်ရှိခဲ့သော တရားဝင်ကိန်းဂဏန်းများက ဖော်ပြခဲ့သည်။ တရားဝင်မထွက်ရှိခင် ရက်ပိုင်းအလိုကတည်းက အိမ်ခြံမြေကျွမ်းကျင်သူများကလည်း အလားတူပင်
ပြောကြားခဲ့ကြပြီးဖြစ်သည်။

"ပြီးခဲ့တဲ့နှစ်က အကျပ်အတည်းပြဿနာလေးတွေ ရှိခဲ့ပေမဲ့လည်း
ကျွန်တော်တို့ ဒီနှစ်
မှာ အိမ်ခြံမြေဈေးကွက်ကို ဆက်လက်တည်တည်ငြိမ်ငြိမ်နဲ့ ကျန်းမာဖွံ့ဖြိုးအောင် စွမ်းဆောင်နိုင်ပါပြီ" ဟု တရုတ်အိုးအိမ်နှင့် မြို့ပြကျေးလက်ဖွံဖြိုးတိုးတက်ရေးဝန်ကြီး ချန်
ကျန်းကောင်ကလည်း ဖေဖော်ဝါရီ ၂၃ က ပြုလုပ်ခဲ့သော သတင်းစာရှင်းလင်းပွဲတစ်ခု
တွင် ပြောကြားခဲ့သည်။

ပထမတန်းစားမြို့ကြီးများတွင် ပြီးခဲ့သည့်လက ပျမ်းမျှအိမ်သစ်ဈေးများသည် ဒုတိယမြောက်ဆက်တိုက်လအဖြစ် မပြောင်းမလဲတည်ငြိမ်နေခဲ့သည်။ ဒုတိယတန်းစားမြို့ကြီးများ
တွင် ၀ ဒသမ ၁ ရာခိုင်နှုန်း မြင့်တက်ခဲ့သော်လည်း ဒီဇင်ဘာက
မြင့်တက်နှုန်း ၀ ဒသမ ၂ရာခိုင်နှုန်းအောက် လျော့နည်းခဲ့ကြောင်း တရုတ်အမျိုးသားစာရင်းအင်းဗျူရိုက ထုတ်ပြန်
ခဲ့သည်။ ယင်းဗျူရိုသည် အဓိကမြို့ကြီး ၇၀ ၏ အိမ်သစ်ဈေးကွက်နှင့် ကြိုပွိုင့်အိမ်ဈေးကွက်များ၏ ဈေးနှုန်းများကို စောင့်ကြည့်လေ့လာ၍ ယခုကဲ့သို့ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။

"ဈေးနှုန်းမြင့်တက်နှုန်းတွေအရမ်းမြင့်နေတာကို တည်ငြိမ်သွားအောင် တင်းကျပ်လိုက်တဲ့
စီမံချက်တွေ ချမှတ်မှုတွေကြောင့် ထိပ်တန်းမြို့ကြီး ၁၅ မြို့မှာ အိမ်ခြံမြေဈေးနှုန်းတွေ
ဆက်လက်တည်ငြိမ်ခဲ့ပါတယ်" ဟု ၎င်းဗျူရို၏ အကြီးတန်းစာရင်းအင်းပညာရှင်
လျိုကျန်းဝေက ပြောကြားခဲ့သည်။ "ပထမတန်းစားနဲ့ ဒုတိယတန်းစားမြို့ကြီးပြကြီးတွေက အိမ်ဈေးနှုန်းတွေ လုံးဝမတက်သလောက်ကိုဖြစ်ခဲ့ပြီး တတိယတန်းစားမြို့ကြီး
တွေက အိမ်ဈေးတွေကလည်း ဆက်လက်တည်ငြိမ်ခဲ့ပါတယ်" ဟုလည်း သူက ပြောကြားခဲ့သည်။

ထိုထိပ်တန်းမြို့ကြီး ၁၅ မြို့တွင် ကွမ်ကျိုးက ဒီဇင်ဘာထက် ဇန်န၀ါရီတွင် အိမ်သစ်
ဈေးနှုန်း ၀ ဒသမ ၆ ရာခိုင်နှုန်းမြင့်တက်မှုဖြင့် ဈေးနှုန်းမြင့်တက်ခဲ့သည့် တစ်ခုတည်းသော

မြို့ကြီးဖြစ်သည်။ ယင်း ၁၅ မြို့အနက် အခြား ၃ မြို့တွင် ဈေးနှုန်းများ မပြောင်းလဲခဲ့ဘဲ
ကျန် ၁၁ မြို့တွင် ဒီဇင်ဘာအောက် ကျဆင်းခဲ့သည်။

ပေကျင်းတွင် အိမ်သစ်ဈေးများသည် မပြောင်းလဲခဲ့ဘဲ ရှန်ဟိုင်းတွင် ၀ ဒသမ ၁ ရာခိုင်နှုန်းကျဆင်းခဲ့ကာ စန်းကျန်းတွင် ၀ ဒသမ ၅ ရာခိုင်နှုန်း ကျဆင်းခဲ့သည်။

တတိယတန်းစားမြို့ကြီးများတွင် အိမ်သစ်ဈေးများ ၀ ဒသမ ၄ ရာခိုင်နှုန်း မြင့်တက်ခဲ့ပြီးပြန်လည်နာလန်ထူလာတော့မည့် လက္ခဏာများ ပြခဲ့သည်။

တရုတ်ခေါင်းဆောင်များက ၂၀၁၇ တွင် အိမ်ခြံမြေဈေးကွက်၌ ဈေးကစားဝယ်ယူကြခြင်း
ကို ထိန်းချုပ်ရန်နှင့် နိုင်ငံ့စီးပွားရေးကို ထိခိုက်စေနိုင်သော အိမ်ခြံမြေပူဖောင်းဖြစ်စဉ်များ
ကို လျှော့ချရန် ကြွေးကြော်ထားကြသည်။

"အိမ်ဝယ်ယူရာမှာ ကန့်သတ်ချက်တွေနဲ့ အိမ်ဝယ်ယူမှုအတွက် ချေးငွေကန့်သတ်ချက်
တွေလိုမျိုး စီမံချက်တွေက ထိရောက်ခဲ့တာမို့ အဓိကမြို့ကြီးတွေက အိမ်သစ်ဈေးနှုန်းတွေ
ဟာ ကြိုပွိုင့်အိမ်တွေနဲ့ယှဉ်ရင် ပိုပြီးနှေးနှေးကွေးကွေးဈေးတက်ခဲ့ပါတယ်" ဟု Centalineအိမ်ခြံမြေမှ ခွဲခြမ်းစိတ်ဖြာသုံးသပ်သူချုပ် ကျန်တဝေကလည်း ပြောကြားခဲ့သည်။

ရှေ့ဆက်၍ အိမ်သစ်ဈေးမြင့်တက်နှုန်းများ နှေးကွေးဦးမည်ဟုလည်း
သူက ခန့်မှန်းခဲ့သည်။

ခင်အေးချမ်း မှ iMyanmarHouse.com အတွက် အထူးဘာသာပြန် ရေးသားဖော်ပြသည်။
Credit: iMyanmarHouse.com

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

အိန္ဒိယတွင် အမျိုးသားတစ်ဦး၏ ဘဏ်စာရင်းထဲသို့ ရူပီးငွေ ၁၀၀,၁၃၅,၆၀၀,၀၀၀,၁၃၉, ၅၄၂,၁၀၀,၂၃၅, ၆၀၀,၀၀၀,၁၃၉, ၅၄၂ ရုတ်တရက် ငွေဝင်လ
အိန္ဒိယတွင် အမျိုးသားတစ်ဦး၏ ဘဏ်စာရင်းထဲသို့ ရူပီးငွေ ၁၀၀,၁၃၅,၆၀၀,၀၀၀,၁၃၉, ၅၄၂,၁၀၀,၂၃၅, ၆၀၀,၀၀၀,၁၃၉, ၅၄၂ ရုတ်တရက် ငွေဝင်လ
တရုတ်ပြည်တွင် အသက် ၁၅ နှစ်အရွယ်အထိ သူတောင်းစားဂိုဏ်းသားအဖြစ် တောင်းရမ်းခဲ့ရပြီး အသက် ၁၆ နှစ်တွင် မူလတန်းကျောင်း စတင်ကျော
တရုတ်ပြည်တွင် အသက် ၁၅ နှစ်အရွယ်အထိ သူတောင်းစားဂိုဏ်းသားအဖြစ် တောင်းရမ်းခဲ့ရပြီး အသက် ၁၆ နှစ်တွင် မူလတန်းကျောင်း စတင်ကျော
ဘရာဇီးတွင် နိုင်ငံခြားသားများ လွှင့်ပစ်ခဲ့သော ပုလင်းခွံများကို ကောက်ယူစုဆောင်းကာ အိပ်ခန်း ၇ ခန်းပါ အိမ်တစ်လုံးကို ၂ နှစ်
ဘရာဇီးတွင် နိုင်ငံခြားသားများ လွှင့်ပစ်ခဲ့သော ပုလင်းခွံများကို ကောက်ယူစုဆောင်းကာ အိပ်ခန်း ၇ ခန်းပါ အိမ်တစ်လုံးကို ၂ နှစ်
ဂျက်ဘေးဇော့စ်က နယူးယောက်မြို့လယ်ရှိ သူ၏ ဒေါ်လာသန်း ၁၀၀ ကျော်တန် Penthouse ခန်းသို့ ကရိန်းဖြင့် ပရိဘောဂများ တင်ရန်အတွက် လ
ဂျက်ဘေးဇော့စ်က နယူးယောက်မြို့လယ်ရှိ သူ၏ ဒေါ်လာသန်း ၁၀၀ ကျော်တန် Penthouse ခန်းသို့ ကရိန်းဖြင့် ပရိဘောဂများ တင်ရန်အတွက် လ
[အဓိပ္ပာယ်ရှိသောလူ] မလေးရှားတွင် အမျိုးသားတစ်ဦးမှာ ပိုက်ဆံအိတ်ထဲမှ မသုံးဖြစ်ဘဲရှိနေသော ရင်းဂစ် ၅၀ တန်တွင် ပါသည့် နံပါတ်ဖ
[အဓိပ္ပာယ်ရှိသောလူ] မလေးရှားတွင် အမျိုးသားတစ်ဦးမှာ ပိုက်ဆံအိတ်ထဲမှ မသုံးဖြစ်ဘဲရှိနေသော ရင်းဂစ် ၅၀ တန်တွင် ပါသည့် နံပါတ်ဖ
ကမ္ဘာ့အချမ်းသာဆုံးပုဂ္ဂိုလ် ၁၀ ဦးတွင် ပါဝင်သော Zara ၏ တည်ထောင်သူ အော်တေးဂါးက ဘာစီလိုနာမှ ရုံးခန်း အဆောက်အအုံကြီးကို ကန်ဒ
ကမ္ဘာ့အချမ်းသာဆုံးပုဂ္ဂိုလ် ၁၀ ဦးတွင် ပါဝင်သော Zara ၏ တည်ထောင်သူ အော်တေးဂါးက ဘာစီလိုနာမှ ရုံးခန်း အဆောက်အအုံကြီးကို ကန်ဒ
iPhone 5 ထွက်ရှိစဉ်ကတည်းက တစ်နာရီလျှင် ၃၃ ဒေါ်လာယူကာ တန်းစီဝယ်ယူပေးခဲ့သော အမေရိကန် အမျိုးသားမှာ ယခုအခါ iPhone ဝယ်ယူလိုသူ
iPhone 5 ထွက်ရှိစဉ်ကတည်းက တစ်နာရီလျှင် ၃၃ ဒေါ်လာယူကာ တန်းစီဝယ်ယူပေးခဲ့သော အမေရိကန် အမျိုးသားမှာ ယခုအခါ iPhone ဝယ်ယူလိုသူ
အိန္ဒိယနိုင်ငံ၊ ဂူဂျာရတ်ပြည်နယ် ဝန်ကြီးချုပ် ဗီဂျေး ရူပနိ (ရန်ကုန်သား) နှင့် နံပါတ် ၁၂ တို့၏ ဆန်းကြယ်သော ဆက်နွှယ်မှုအကြေ
အိန္ဒိယနိုင်ငံ၊ ဂူဂျာရတ်ပြည်နယ် ဝန်ကြီးချုပ် ဗီဂျေး ရူပနိ (ရန်ကုန်သား) နှင့် နံပါတ် ၁၂ တို့၏ ဆန်းကြယ်သော ဆက်နွှယ်မှုအကြေ
တရုတ်ပြည်တွင် အမျိုးသားကြီးတစ်ဦးက သူ၏ ၅ လွှာတိုက်ခန်း ဝရန်တာ၌ ကိုယ်ပိုင်ဓာတ်လှေကားတစ်ခု တီထွင်တပ်ဆင်ခဲ့ပုံအပေါ် ပြည်မကြီ
တရုတ်ပြည်တွင် အမျိုးသားကြီးတစ်ဦးက သူ၏ ၅ လွှာတိုက်ခန်း ဝရန်တာ၌ ကိုယ်ပိုင်ဓာတ်လှေကားတစ်ခု တီထွင်တပ်ဆင်ခဲ့ပုံအပေါ် ပြည်မကြီ
ဂျပန်တွင် သားကို အလွန်ချစ်သော အိမ်ခြံမြေလုပ်ငန်းရှင် ဖခင်တစ်ဦးက ယန်းငွေ သန်း ၁၀၀ ခန့် သုံးစွဲကာ စတိုးဆိုင်၊ မြေအောက်ဘူတာ
ဂျပန်တွင် သားကို အလွန်ချစ်သော အိမ်ခြံမြေလုပ်ငန်းရှင် ဖခင်တစ်ဦးက ယန်းငွေ သန်း ၁၀၀ ခန့် သုံးစွဲကာ စတိုးဆိုင်၊ မြေအောက်ဘူတာ

Upcoming Property Events

From 02 Jun To 30 Jun

Central Shophouse

From 05 Jul To 06 Jul

Mingalar Market

From 09 Jun To 09 Jul

The Vista Luxury Residence

Magical World Apartment

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service