ရှယ်ယာဈေးနှုန်းများ ဆွဲတင်နိုင်ရန် FMI ကုမ္ပဏီ ပြင်ဆင် - Property News in Myanmar from iMyanmarHouse.com
1160 Views

ရှယ်ယာဈေးနှုန်းများ ဆွဲတင်နိုင်ရန် FMI ကုမ္ပဏီ ပြင်ဆင်

စတော့ရှယ်ယာတန်ဖိုးများ ကျဆင်းနေခြင်းအပေါ် ပထမ မြန်မာ့ရင်းနှီးမြှုပ်နှံ မှု ကုမ္ပဏီ FMI လုပ်ငန်းစုက စီမံကိန်းများ အကောင်အ ထည်ဖော်ခြင်းဖြင့် ပြန်လည်ဆွဲတင်ရန် လုပ်ဆောင်လျက် ရှိသည်။

ပထမမြန်မာ့ရင်းနှီးမြှုပ်နှံမှုကုမ္ပဏီ FMI လုပ်ငန်းသည် ၄င်းတို့၏ စီးပွားရေး စီမံကိန်းတစ်ခုဖြစ်သော Yoma Central (Landmark Project) ကို စတင်သည့် အုပ်မြစ်ချ အခမ်းအနားတစ်ရပ်ကို ယခု ဖေဖော်ဝါရီ ၁၆ ရက် တွင် အကောင်အထည်ဖော်လိုက်သည်။

ဖေဖော်ဝါရီ ၄ ရက်ကမူ သတ်မှတ်ရှယ်ယာတန်ဖိုးအောက် ဈေးနှုန်းများ ကျဆင်းလာနေခြင်းကြောင့် FMI လုပ်ငန်းစု၏ ဥက္ကဋ္ဌ ဦးသိမ်းဝေသည် ရန်ကုန်စတော့အိတ်ချိန်းရုံးတွင် ရှယ်ယာရှင်များနှင့် တွေ့ဆုံမှု တစ်ရပ် ပြုလုပ်ခဲ့သည်။ ထို့အတူ အကောင်အထည်ဖော် စတင်မည့် စီမံကိန်းများနှင့် ကုမ္ပဏီ၏ ရှေ့လုပ်ငန်းစဉ်များအကြောင်း ရှယ်ယာရှင် များအား ပြောခြင်းကိုလည်း ဆောင်ရွက် ခဲ့သည်။ ထိုကဲ့သို့ ပြုလုပ်ပြီးနောက် ရက်ပိုင်းအတွင်း ၄င်း၏ ရှယ်ယာတစ်စုတန်ဖိုးသည် တစ်ရက်
အတွင်း ကျပ် ၁,၅ဝဝ မြင့်တက်လာခဲ့ကာ ရှယ်ယာတစ်စုလျှင် ကျပ် ၁၅,ဝဝဝ သို့ ပြန်လည် ရောက်ရှိလာခဲ့သည်။

ထိုကဲ့သို့ ရှယ်ယာတန်ဖိုး မြင့်တက်လာခြင်းကြောင့်လည်း FMI လုပ်ငန်းစုက ရှယ်ယာအသစ်များကို ထပ်မံရောင်းချသွားရန်လည်း ရှိနေခြင်းဖြစ်သည်။

''ထပ်ပြီးတိုးချဲ့လုပ်ကိုင်သွားမယ့် စီမံကိန်းတွေအတွက် ရင်းနှီးမြှုပ်နှံ မယ့် ငွေကြေးတွေ လိုအပ်လာမှာပါ။ အဲဒီလို လိုအပ်လာခဲ့ရင် ရှယ်ယာ အသစ်တွေကိုလည်း ထုတ်ရောင်းသွားရပါမယ်။ ဒါပေမဲ့ ဘယ်တော့ ရောင်း မယ်၊ အစုဘယ်လောက် ထုတ်ရောင်းမယ်ဆိုတာက ဈေးကွက်ထဲမှာ
ဖြစ်နေ တဲ့ ရှယ်ယာတန်ဖိုးတက်လာတဲ့ အနေအထားအပေါ် မူတည်နိုင် ပါတယ်'' ဟု လုပ်ငန်းစုဥက္ကဋ္ဌ ဦးသိမ်းဝေက ဖေဖော်ဝါရီ ၄ ရက်က ပြော သည်။

ရန်ကုန်စတော့အိတ်ချိန်းဈေးကွက်သည် စာရင်းဝင် ကုမ္ပဏီအသီးသီး ရှယ်ယာတန်ဖိုးများ ကျဆင်းနေသည့်ဈေးကွက် ဖြစ်လာခဲ့သည်။ ထို့အတူ အက်ဖ်အမ်အိုင်လုပ်ငန်းစုသည်လည်း အမြင့်ဆုံး ရှယ်ယာတန် ဖိုး ခြောက်သောင်း ဝန်းကျင်မှ တဖြည်းဖြည်းကျဆင်းခဲ့ပြီး ၂ဝ၁၇ ခုနှစ်၊
ဖေဖော်ဝါရီ လဆန်းပိုင်းတွင် ရှယ်ယာတစ်စုကို ကျပ် ၁၃,၅ဝဝ အထိ ကျဆင်းခဲ့သည်။

''အခုချိန်မှာ ဈေးကွက်က ကုမ္ပဏီရဲ့တန်ကြေးကို ပိုပြီးမြင်သာထင်သာ ရှိလာတယ်လို့ ထင်ပါတယ်။ အဲဒီလိုထင်လာတာနဲ့အမျှ ကုမ္ပဏီရဲ့ ရှယ်ယာအမှန် တန်ဖိုးကိုလည်း တဖြည်းဖြည်း ပြန်ရောက်လာမှာပါ။ အခုလို စီမံကိန်းတွေ ပေါ်ပေါက်လာတာနဲ့အမျှ ကုမ္ပဏီရဲ့ ရှယ်ယာတစ်စု တန်ဖိုးဟာ လည်း မြင့်တက်မှာပါ ''ဟု FMI ၏ ဘဏ္ဍာရေးအမှုဆောင်အရာရှိချုပ် ဦးထွန်းထွန်းက ဖေဖော်ဝါရီ ၁၆ ရက်တွင် မီဒီယာများကို ပြောသည်။

အဆိုပါ Yoma Central (Landmark Project ) သည် မြေဧရိယာအားဖြင့် အကျယ်အဝန်း ကိုးဧကကျော်ရှိပြီး ရင်းနှီးမြှုပ်နှံမှုပမာဏ ကန်ဒေါ်လာ သန်း ၆ဝဝ ကျော် မြှုပ်နှံလုပ်ကိုင်မည့် စီမံကိန်းတစ်ခုဖြစ်သည်။ စီမံကိန်းအ တွင်း မြန်မာနိုင်ငံ၏ ရှေးဟောင်းအမွေအနှစ် အဆောက်အအုံ တစ် ခုဖြစ်သည့် မြန်မာ့ မီးရထားရုံးချုပ်ဟောင်းကိုThe Peninsula Yangon အမည်ရှိအဆင့်မြင့်ဇိမ်ခံဟိုတယ် တည်ဆောက်မည့် စီမံကိန်းတစ်ခုလည်း ပါဝင်သည်။

ထို့အတူ Peninsula အမှတ်တံဆိပ်ဖြင့် လူနေအိမ်ခန်းများနှင့် Grade A အဆင့်ရှိ ရုံးခန်းများပါဝင်သော တာဝါနှစ်လုံး၊ စီးပွားရေးလုပ်ငန်းသုံး ဟိုတယ်တစ်လုံးနှင့် ၄င်းတို့အား ဆက်စပ်ပေါင်းကူး အဖြစ် ဆောင်ရွက်မည့် လက်လီအရောင်းဆိုင်ခန်းတွဲ တစ်ခုလည်း ထည့်သွင်းတည်ဆောက် မည်ဖြစ်ကြောင်း ထုတ်ဖော်ထားသည်။

၎င်းစီမံကိန်းကိုလည်း အပိုင်းနှစ်ပိုင်း ခွဲခြားထားပြီး Yoma Central စီမံကိန်းတွင် စင်ကာပူစတော့ စာရင်းဝင်ကုမ္ပဏီ Yoma Strategic က ၄၈ ရာခိုင်နှုန်း၊ Mitsubishi ကုမ္ပဏီများက ၃ဝ ရာခိုင်နှုန်း၊IFC က ငါးရာခိုင်နှုန်းနှင့် ADB ငါး ရာခိုင်နှုန်းဖြင့် ရင်းနှီးမြှုပ်နှံမှု ပါဝင်ထားသည်။
သို့သော် ရန်ကုန် စတော့အိတ်ချိန်းစာရင်းဝင်FMI ကုမ္ပဏီကမူ ရင်းနှီးမြှုပ်နှံမှု ၁၂ ရာခိုင်နှုန်းသာပါဝင်ထားသည်။

The Peninsula Yangon အမည်ရှိ ဇိမ်ခံဟိုတယ်စီမံကိန်းကိုမူ Hong Kong and Shanghai Hotels က ၇ဝ ရာခိုင်နှုန်း၊ Yoma Strategic ကုမ္ပဏီက ၂၄ ရာခိုင်နှုန်း အသီးသီး မြှုပ်နှံထားသော်လည်း FMI ကုမ္ပဏီက ခြောက် ရာခိုင်နှုန်းသာ ရင်းနှီးမြှုပ်နှံထားခြင်းဖြစ်သည်။ သို့ရာတွင် FMI လုပ်ငန်းစု အနေဖြင့် ရိုးမဘဏ်လုပ်ငန်းနှင့် ခရီးသွားဝန်ဆောင်မှုလုပ်ငန်းများတွင်
ရင်းနှီးမြှုပ်နှံမှုများ မြှင့်တင်ခြင်းနှင့် လုပ်ငန်းတိုးချဲ့ခြင်း လုပ်ဆောင်မည် ဟု ပြောထားသည်။

လက်ရှိတွင် ရန်ကုန်စတော့အိတ်ချိန်းရှိ စာရင်းကုမ္ပဏီ လေးခုအနက် FMI ကုမ္ပဏီ၊ MTSH ကုမ္ပဏီနှင့် FPB ကုမ္ပဏီတို့သည် ရှယ်ယာတန်ဖိုး အကျပိုင်း တွင် ရပ်တည်နေဆဲ လုပ်ငန်းများအဖြစ်ရှိနေသည်။ MTSH ကုမ္ပဏီသည် လက်ရှိတွင် ရှယ်ယာတစ်စု ကျပ် ၄,၁ဝဝ (ဆယ်စုခွဲစိတ် ထားပြီးနှုန်းထား)ဈေးရှိနေသော်လည်း ၂ဝ၁၆ ခုနှစ်အတွင်းကမူ တစ်စုလျှင် ကျပ် ကိုးသောင်းဝန်းကျင်အထိ ပေါက်ခဲ့ဖူးသည်။ FPB ကုမ္ပဏီကမူ ရှယ်ယာတန်ဖိုး ကျပ် ၃၉,ဝဝဝ ဖြင့် သတ်မှတ် ရောင်းချခဲ့သော်လည်း လက်ရှိတွင် တစ်စု လျှင် ကျပ် ၃၁,ဝဝဝ ဈေးသာ ရှိနေခြင်းဖြစ်သည်။

MCB ဘဏ်တစ်ခုတည်းကသာ မူလရှယ်ယာတန်ဖိုး ကျပ် ၆,၈ဝဝ သာသတ်မှတ်ခဲ့သော်လည်း လက်ရှိတွင် ကျပ် ၈,၉ဝဝ ဈေးဖြင့်ပေါက်နေခြင်းဖြစ် သည်။


Credit: Myanmar Times

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

အိုင်ယာလန်သို့ ပြောင်းရွှေ့အခြေချမည့်သူများကို အိုင်ယာလန်အစိုးရက ဒေါ်လာ ၉၃,၀၀၀ ထောက်ပံ့လျက်ရှိ
အိုင်ယာလန်သို့ ပြောင်းရွှေ့အခြေချမည့်သူများကို အိုင်ယာလန်အစိုးရက ဒေါ်လာ ၉၃,၀၀၀ ထောက်ပံ့လျက်ရှိ
မှတ်သားဖွယ်ရာ ဥပဒေအမေးအဖြေများ
မှတ်သားဖွယ်ရာ ဥပဒေအမေးအဖြေများ
စက်တင်ဘာလ ၇ ရက်တွင် ဖြစ်ပေါ်မည့် သွေးနီလကို ကမ္ဘာ့နေရာ အနှံ့အပြားမှ ၈၂ မိနစ်ကြာ တွေ့မြင်ရမည်
စက်တင်ဘာလ ၇ ရက်တွင် ဖြစ်ပေါ်မည့် သွေးနီလကို ကမ္ဘာ့နေရာ အနှံ့အပြားမှ ၈၂ မိနစ်ကြာ တွေ့မြင်ရမည်
“ကျွန်မ စက်ရုံ ၃ ခုပိုင်ပါတယ်။ ကိုယ်တိုင်ချက်ပြုတ်ကျွေးပါမယ်” (သို့မဟုတ်) အိန္ဒိယ သန်းကြွယ် သူဌေးမလေးက အလုပ်လက်မဲ့ အမျို
“ကျွန်မ စက်ရုံ ၃ ခုပိုင်ပါတယ်။ ကိုယ်တိုင်ချက်ပြုတ်ကျွေးပါမယ်” (သို့မဟုတ်) အိန္ဒိယ သန်းကြွယ် သူဌေးမလေးက အလုပ်လက်မဲ့ အမျို
ဂျပန်ကုမ္ပဏီများ၏ ထက်ဝက်ခန့်တွင် မည်သည့်အလုပ်မှ မလုပ်ရသော လူအိုတစ်ဦး ခန့်ထားကြောင်း တွေ့ရှိ
ဂျပန်ကုမ္ပဏီများ၏ ထက်ဝက်ခန့်တွင် မည်သည့်အလုပ်မှ မလုပ်ရသော လူအိုတစ်ဦး ခန့်ထားကြောင်း တွေ့ရှိ
ကနေဒါ အမျိုးသားတစ်ဦး အမှိုက်ပုံထဲတွင် တွေ့သည့် ကလေးကို ကောက်ယူမွေးစားခဲ့ရာ မိမိ၏ သားအရင်းဖြစ်နေသည်ကို တွေ့လိုက်ရသည့်အဖြစ
ကနေဒါ အမျိုးသားတစ်ဦး အမှိုက်ပုံထဲတွင် တွေ့သည့် ကလေးကို ကောက်ယူမွေးစားခဲ့ရာ မိမိ၏ သားအရင်းဖြစ်နေသည်ကို တွေ့လိုက်ရသည့်အဖြစ
ဂျပန်အမျိုးသားတစ်ဦးက ဇနီးကို စိတ်ကောက်ကာ နှစ်ပေါင်း ၂၀ အတွင်း စကားတစ်ခွန်းမှ မပြောဘဲ နေခဲ့၊ စကားမပြောသော်လည်း သားသမီး ၃
ဂျပန်အမျိုးသားတစ်ဦးက ဇနီးကို စိတ်ကောက်ကာ နှစ်ပေါင်း ၂၀ အတွင်း စကားတစ်ခွန်းမှ မပြောဘဲ နေခဲ့၊ စကားမပြောသော်လည်း သားသမီး ၃
ဘာလို့ အသက်ကြီးလာလေ အိပ်ပျော်ဖို့ခက်လေဖြစ်ရတာလဲ
ဘာလို့ အသက်ကြီးလာလေ အိပ်ပျော်ဖို့ခက်လေဖြစ်ရတာလဲ
ကျွန်းသူကျွန်းသား ၃ ဦးနှင့် ဘုရင်တစ်ပါးသာ နေထိုင်သည့် ထူးဆန်းသော ကျွန်းကလေး
ကျွန်းသူကျွန်းသား ၃ ဦးနှင့် ဘုရင်တစ်ပါးသာ နေထိုင်သည့် ထူးဆန်းသော ကျွန်းကလေး
ညအိပ်ယာဝင်ချိန် သွားမတိုက်လျှင် နှလုံးရောဂါဖြစ်နိုင်ကြောင်း ဂျပန်သိပ္ပံပညာရှင်များ တွေ့ရှိ
ညအိပ်ယာဝင်ချိန် သွားမတိုက်လျှင် နှလုံးရောဂါဖြစ်နိုင်ကြောင်း ဂျပန်သိပ္ပံပညာရှင်များ တွေ့ရှိ

Upcoming Property Events

From 27 Aug To 27 Sep

INNO CITY

From 27 Sep To 28 Sep

18th Property and Car Expo

From 27 Sep To 28 Sep

18th Property and Car Expo

18th Property and Car Expo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service