Landmark Development စီမံကိန်းအတွက် FMI စင်တာနှင့် ဂရင်းမီးရထားဟိုတယ် အဆောက်အဦတို့ကို ဖြိုချတော့မည် - Property News in Myanmar from iMyanmarHouse.com
1126 Views

Landmark Development စီမံကိန်းအတွက် FMI စင်တာနှင့် ဂရင်းမီးရထားဟိုတယ် အဆောက်အဦတို့ကို ဖြိုချတော့မည်

ရန်ကုန်မြို့ဗိုလ်ချုပ်အောင်ဆန်းလမ်းနှင့် ဆူးလေဘုရားလမ်းထောင့်ရှိ သမိုင်းဝင် မြန်မာ့မီးရထားရုံးချုပ်ဟောင်း နေရာတွင် တည်ဆောက်မည့် Landmark Development စီမံကိန်းဧရိယာတွင် ပါဝင်သော FMI စင်တာနှင့် ဂရင်းမီးရထားဟိုတယ် အဆောက်အဦတို့ကို ဖြိုချတော့မည်ဖြစ်ကြောင်း First Myanmar Invrestment (FMI) ကုမ္ပဏီ၏ ဘဏ္ဍာရေးအမှုဆောင်အရာရှိချုပ် ဦးထွန်းထွန်းက ပြောသည်။

''ကျွန်တော်တို့မှန်းထားတာကတော့ ဇွန်၊ ဇူလိုင်လလောက်ဖြစ်ပါတယ်။ ဒီဘက်အခြမ်းက ဂရင်းမီးရထား အလုံးကတော့ စနေပါပြီ''ဟု ၎င်းကပြော သည်။

အဆိုပါစီမံကိန်း ပန္နက်တော်တင် တွင်းတော်ဝန် မင်္ဂလာအခမ်းအနားကို ဖေဖော်ဝါရီ ၁၆ ရက်က စီမံကိန်းဧရိယာအတွင်းရှိ ယခင်မီးရထားရုံးချုပ်ဟောင်းနေရာတွင် ကျင်းပပြုလုပ်ခဲ့သည်။
''ဆိုင်ခန်းတွေကတော့ အရင်ငှားထားတဲ့ဟာတွေက တခုပြီးတခု ပိတ်ပြီးတော့ ပြောင်းသွားကြပြီ။ ကျွန်တော်တို့ ရုံးလည်း ဇွန်လမတိုင်ခင် နောက်ဆုံးရှုံးရွှေ့ရမှာပါ။ ဒီ FMI မှာရှိတဲ့ ဆိုင်ခန်းတွေအကုန်လုံးကို စည်းမျဉ်းစည်းကမ်းနဲ့အညီ နို့တစ်ပေး ညှိနှိုင်းဆောင်ရွက်ထားပါတယ်။ Parkson ပိတ်သွားပြီ။ city market place မကြာခင်ပိတ်တော့မယ်။ ဒီနှစ်ပတ်၊ သုံးပတ်အတွင်းမှာပဲ ပိတ်တော့မယ်''ဟု ဦးထွန်းထွန်းက ပြောသည်။

FMI စင်တာနှင့် ဂရင်းမီးရထားဟိုတယ် အဆောက်အဦကိုဖြိုချပြီး Peninsula အမှတ်တံဆိတ် အဆင့်မြင့် ဇိမ်ခံလူနေအိမ်များ၊Grade A အဆင့်ရှိ ရုံးခန်းများပါဝင်သောတာဝါနှစ်လုံး၊ စီးပွားရေးလုပ်ငန်းသုံးဟိုတယ်တလုံး၊ ၀န်ဆောင်မှုပါရှိသော လူနေအိမ်ခန်းများပါဝင်သည့် တိုက်အဆောက်အဦလေးလုံးတည်ဆောက် သွားမည်ဖြစ်ကြောင်းနှင့် ယင်းတိုက်လေးလုံးကို ဆက်စပ်ထားသော ရှောလ်ပင်း ဧရိယာရှိပြီး စီမံကိန်းတခုလုံး၏ အောက်တွင် ကားပါကင်တည်ဆောက်မည်ဖြစ်ကြောင်း သိရသည်။

Landmark Development တည်ဆောက်ရေးစီမံကိန်း၏ ခန့်မှန်းကြမ်းပြင်ဧရိယာမှာ စုစုပေါင်း စတုရန်းပေ ၂ ဒသမ ၄၄ သန်းခန့်ရှိပြီး ၁၀ ဧက အကျယ်အ၀န်းတွင်စီမံကိန်းကို အကောင်အထည်ဖော်မည်ဖြစ်သည်။ ၉ ဒသမ ၅ ဧကအကျယ်အ၀န်းကို ဟိုတယ်အတွက်နှင့် ကျန်သည့်အပိုင်းများကို စီးပွားရေးလုပ်ငန်းများ အတွက်ဟူ၍ လျာထားကြောင်း သိရသည်။

လက်ရှိအချိန်တွင် မြေပြင်လုပ်ငန်းများစတင်နေပြီး တည်ဆောက် ရေးစီမံကိန်းတခုလုံးကို ၂၀၂၀ ပြည့်နှစ် နှစ်ကုန်ပိုင်းတွင် အပြီးတည်ဆောက်သွားမည်ဖြစ်ကြောင်း သိရသည်။

အဆိုပါ Landmark Development တည်ဆောက်ရေးစီမံကိန်းကို FMI မှ ၁၂ ရာခိုင်နှုန်း၊ Yoma Strategic မှ ၄၈ ရာခိုင်နှုန်း၊ မစ်ဆူဘီရှီကော်ပိုရေးရှင်းမှ ၃၀ ရာခိုင်နှုန်း၊ The International Finance Corporation(IFC) မှ ၅ ရာခိုင်နှုန်းနှင့် အာရှဖွံ့ဖြိုးရေးဘဏ် (ADB)မှ ၅ ရာခိုင်နှုန်းဖြင့် ပူးပေါင်းဆောင်ရွက်ထားခြင်းဖြစ်ပြီး Peninsula Yangon ဟိုတယ်စီမံကိန်းကို FMI မှ ၆ ရာခိုင်နှုန်း၊ Yoma Strategic မှ ၂၄ ရာခိုင်နှုန်း၊ Hongkong and Shanghai Hotels Limited မှ ၇၀ ရာခိုင်နှုန်းဖြင့် ပူးပေါင်းဆောင်ရွက်ထားခြင်းဖြစ်ကြောင်း သိရသည်။

Credit: News Watch

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

အိန္ဒိယနိုင်ငံ၊ ဂူဂျာရတ်ပြည်နယ် ဝန်ကြီးချုပ် ဗီဂျေး ရူပနိ (ရန်ကုန်သား) နှင့် နံပါတ် ၁၂ တို့၏ ဆန်းကြယ်သော ဆက်နွှယ်မှုအကြေ
အိန္ဒိယနိုင်ငံ၊ ဂူဂျာရတ်ပြည်နယ် ဝန်ကြီးချုပ် ဗီဂျေး ရူပနိ (ရန်ကုန်သား) နှင့် နံပါတ် ၁၂ တို့၏ ဆန်းကြယ်သော ဆက်နွှယ်မှုအကြေ
ရိုးမရိပ်သာ တန်ဖိုးနည်းအိမ်ရာ အခန်းနေရာမဲနှိုက်ခြင်းကို ဇွန်လ ၂၆ ရက်မှ ၂၈ ရက်အထိ မြို့ပြနှင့်အိမ်ရာ ဖွံ့ဖြိုးရေးဦးစီးဌာန
ရိုးမရိပ်သာ တန်ဖိုးနည်းအိမ်ရာ အခန်းနေရာမဲနှိုက်ခြင်းကို ဇွန်လ ၂၆ ရက်မှ ၂၈ ရက်အထိ မြို့ပြနှင့်အိမ်ရာ ဖွံ့ဖြိုးရေးဦးစီးဌာန
အိန္ဒိယတွင် လယ်သမားတစ်ဦးက မိုးဦးတဖြိုက်ကျအပြီး လယ်ကွင်းထဲသို့ ဆင်းခဲ့ရာ စိန်ကြီးတစ်ပွင့် ရှာတွေ့ခဲ့အပြီး တစ်ရွာလုံး အုံး
အိန္ဒိယတွင် လယ်သမားတစ်ဦးက မိုးဦးတဖြိုက်ကျအပြီး လယ်ကွင်းထဲသို့ ဆင်းခဲ့ရာ စိန်ကြီးတစ်ပွင့် ရှာတွေ့ခဲ့အပြီး တစ်ရွာလုံး အုံး
ဟောင်ကောင်က ဆင်းရဲသားမိသားစုလေး ထီပေါက်ခဲ့ပြီးနောက် အလွန်ချမ်းသာသွားသော်လည်း လောင်းကစားသမား အဒေါ်မသိစေရန် နှစ်ပေါင်းများ
ဟောင်ကောင်က ဆင်းရဲသားမိသားစုလေး ထီပေါက်ခဲ့ပြီးနောက် အလွန်ချမ်းသာသွားသော်လည်း လောင်းကစားသမား အဒေါ်မသိစေရန် နှစ်ပေါင်းများ
ဒေါ်နယ်ထရမ့်ကို ပြန်လည်ဝန်ချတောင်းပန်လိုက်ပြီးနောက် Elon Musk ၏ ကြွယ်ဝမှု ပြန်လည်မြင့်တက်လာ
ဒေါ်နယ်ထရမ့်ကို ပြန်လည်ဝန်ချတောင်းပန်လိုက်ပြီးနောက် Elon Musk ၏ ကြွယ်ဝမှု ပြန်လည်မြင့်တက်လာ
ဘီလ်ဂိတ်က ဖက်ရှင်လုပ်ငန်း စတင်ထူထောင်သည့် သမီးဖြစ်သူအား တစ်ပြားတစ်ချပ်မှပင် အရင်းအနှီး ထုတ်မပေးသည့် ဖြစ်အင်
ဘီလ်ဂိတ်က ဖက်ရှင်လုပ်ငန်း စတင်ထူထောင်သည့် သမီးဖြစ်သူအား တစ်ပြားတစ်ချပ်မှပင် အရင်းအနှီး ထုတ်မပေးသည့် ဖြစ်အင်
ဥရောပသားတွေ ဘာကြောင့် ကြောင်အိမ်ထဲမှာ အိပ်ခဲ့ကြတာလဲ
ဥရောပသားတွေ ဘာကြောင့် ကြောင်အိမ်ထဲမှာ အိပ်ခဲ့ကြတာလဲ
စင်္ကာပူအစိုးရက နိုင်ငံပိုင် မြေကွက်ကို မလေးရှားဘုရင်၏ သားတော်ပိုင်ဆိုင်သော မြေကွက် (စင်္ကာပူ ရုက္ခဗေဒဥယျာဉ်အနီးရှိ) နှင
စင်္ကာပူအစိုးရက နိုင်ငံပိုင် မြေကွက်ကို မလေးရှားဘုရင်၏ သားတော်ပိုင်ဆိုင်သော မြေကွက် (စင်္ကာပူ ရုက္ခဗေဒဥယျာဉ်အနီးရှိ) နှင
ထိုင်းမှာ ဘတ် သန်း ၂၄၀ (ကန်ဒေါ်လာ ၇ ဒသမ ၄ သန်းခန့်) ထီပေါက်ခဲ့တဲ့ စပိန် ဆောက်လုပ်ရေးလုပ်သား ဘာကြောင့် အိမ်ရာမဲ့ ဖြစ်သွား
ထိုင်းမှာ ဘတ် သန်း ၂၄၀ (ကန်ဒေါ်လာ ၇ ဒသမ ၄ သန်းခန့်) ထီပေါက်ခဲ့တဲ့ စပိန် ဆောက်လုပ်ရေးလုပ်သား ဘာကြောင့် အိမ်ရာမဲ့ ဖြစ်သွား
iPhone 5 ထွက်ရှိစဉ်ကတည်းက တစ်နာရီလျှင် ၃၃ ဒေါ်လာယူကာ တန်းစီဝယ်ယူပေးခဲ့သော အမေရိကန် အမျိုးသားမှာ ယခုအခါ iPhone ဝယ်ယူလိုသူ
iPhone 5 ထွက်ရှိစဉ်ကတည်းက တစ်နာရီလျှင် ၃၃ ဒေါ်လာယူကာ တန်းစီဝယ်ယူပေးခဲ့သော အမေရိကန် အမျိုးသားမှာ ယခုအခါ iPhone ဝယ်ယူလိုသူ

Upcoming Property Events

From 28 Jun To 29 Jun

Magical World Apartment

From 28 Jun To 29 Jun

Pan Swal Taw Condominium

From 02 Jun To 30 Jun

Central Shophouse

From 05 Jul To 06 Jul

Mingalar Market

From 09 Jun To 09 Jul

The Vista Luxury Residence

Pan Swal Taw Condominium

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service