နိုင်ငံ့ဝန်ထမ်းများ အတွက် အိမ်ရာစီမံကိန်း စတင် - Property News in Myanmar from iMyanmarHouse.com
1342 Views

နိုင်ငံ့ဝန်ထမ်းများ အတွက် အိမ်ရာစီမံကိန်း စတင်

နိုင်ငံ့ဝန်ထမ်းများ ပင်စင်ယူသွားချိန်တွင် ဘဝလုံခြုံစိတ်ချစွာ နေထိုင်နိုင်မည့် အာမခံချက် ရှိနိုင်ရန် ဝန်ထမ်းအိမ်ရာ စီမံကိန်း တခုကို အစိုးရက စတင်ဆောင်ရွက်နေကြောင်း ဖေဖော်ဝါရီလ ၁၈ ရက်နေ့ UMFCCI ရုံး ချုပ်တွင် ပြုလုပ်ကျင်းပသည့် ဒုတိယသမ္မတ ၁ နှင့် စီးပွားရေး လုပ်ငန်းရှင်များ တတိယ အကြိမ် တွေ့ဆုံပွဲတွင် စီမံကိန်းနှင့် ဘဏ္ဍာရေး ဝန်ကြီးဌာ န ပြည်ထောင်စုဝန်ကြီး ဦးကျော်ဝင်းက ပြောသည်။

“နိုင်ငံ့ဝန်ထမ်းများ တာဝန်ထမ်းဆောင်ပြီးတဲ့နောက်ပိုင်းမှာ ကျောခင်းစရာ တနေရာတောင်မှ မရသူတွေ အများကြီးပါ။ ပင်စင်ယူပြီးနောက်မှာ သူတို့ဘ ဝကို လုံခြုံစိတ်ချစွာ နေနိုင်ဖို့ ဝန်ထမ်းတွေ အတွက် အိမ်ရာတခု စီမံနေ တယ်” ဟု ပြည်ထောင်စုဝန်ကြီး ဦးကျော်ဝင်းက ပြောသည်။

အဆိုပါ အိမ်ရာစီမံကိန်းနှင့် ပတ်သက်ပြီး ဆောက်လုပ်ရေးနှင့် အိမ်ရာ ဖွံ့ဖြိုးရေးဘဏ်က ချေးငွေ ထုတ်ချေးပေးမည် ဖြစ်ပြီး ဆောက်လုပ်ရေး လုပ်ငန်းရှင်များ အသင်းနှင့်လည်း အိမ်ရာများ ဖော်ထုတ်ပေးရန် ဆွေးနွေးထားကြောင်း သိရသည်။

“တန်ဖိုးနည်းအိမ်ရာတွေ ဖြစ်မယ်။ အဆင့်အတန်းမြင့်မြင့်နဲ့ ဆောက်လုပ်သွားမှာ ဖြစ်တယ်။ လုပ်ငန်းပမာဏက ကြီးမားပါတယ် ။ ဒါပေမယ့် ဖြစ်အောင်လုပ်မယ်။ ပင်စင်ယူချိန်မှာ တက်ပြီး နေနိုင်အောင် လုပ်မယ်။ လစာထဲက သင့်တော်တဲ့ နှုန်းထားနဲ့ သူတို့ သက်တမ်းတလျှောက် အပြီးအပိုင် ဖြစ်လာဖို့ စဉ်းစားသွားမယ်”ဟု ဝန်ကြီး ဦးကျော်ဝင်းက ဆက်လက်ရှင်းပြသည်။

ဝန်ထမ်းအိမ်ရာ ဖော်ဆောင်ခြင်းနှင့် ပတ်သက်၍ ဆောက်လုပ်ရေးဝန်ကြီးဌာနက National Housing Board ပြန်လည် ဖော်ဆောင်ရန် ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့သို့ တင်ပြထားကြောင်း၊ ရန်ကုန် တိုင်းဒေသကြီး အတွင်း ကျုးကျော် ပြဿနာနှင့် ဝန်ထမ်းနေထိုင်မှုအတွက်ပါ ကြိုးစားနေကြောင်း ရန်ကုန်တိုင်းဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက အထက်ပါပွဲတွင် ပြောကြားထားသည်။

ဦးဖြိုးမင်းသိန်းက “မြေကိုလည်း စီမံခန့်ခွဲမှု တခု လုပ်နေပါတယ်။ မြေရဲ့တန်ဖိုးတွေကိုလည်း တဖြည်းဖြည်း ကျသွားနိုင်ဖို့ အတွက်လည်း ကြိုးစားဆောင်ရွက်နေတယ်။ မြေအပေါ်မှာ မျှော်လင့်ချက်ဖြစ်မှာ စိုးရိမ်ပါတယ်။ ဒါကြောင့်လည်း မြေတန်ဖိုးကို တဖြည်းဖြည်း ရန်ကုန်မှာ ထိန်းနိုင်အောင် ကြိုးစားမယ်”ဟု ပြောဆိုခဲ့သည်။

လက်ရှိတွင် ဝင်ငွေနည်း လူတန်းစားများ အိမ်ရာပိုင်ဆိုင်နိုင်ရန် မြို့ရွာနှင့် အိုးအိမ်ဖွံ့ဖြိုးမှု ဦးစီးဌာနက ဆောက်လုပ်ထားသော တန်ဖိုးနည်းအိမ်ရာများကို ဆောက်လုပ်ရေးနှင့် အိမ်ရာဖွံ့ဖြိုးရေးဘဏ် ( CHDB Bank )နှင့် ချိတ်ဆက်ပြီး ချေးငွေရယူကာ အိမ်ရာ ၂၂၀၈ လုံး ရောင်းချပေးနေပြီး အဆိုပါအိမ်ရာများ၏ ၇၀ ရာခိုင်နှုန်းကို တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံးက ရယူထားကြောင်း သိရသည်။


Credit: Irrawaddy
နိုင်ငံ့ဝန်ထမ်းများ အတွက် အိမ်ရာစီမံကိန်း စတင် - Property News in Myanmar from iMyanmarHouse.com

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

တရုတ်နာမည်ကြီး ရက်ပ်အဆိုတော် ဘီလျံနာသူဌေး Huang Zitao (Exo အဖွဲ့သားဟောင်း) က မိန်းကလေး လစဉ်သုံးပစ္စည်း စက်ရုံတည်ထောင်ကာ
တရုတ်နာမည်ကြီး ရက်ပ်အဆိုတော် ဘီလျံနာသူဌေး Huang Zitao (Exo အဖွဲ့သားဟောင်း) က မိန်းကလေး လစဉ်သုံးပစ္စည်း စက်ရုံတည်ထောင်ကာ
ဂျပန်တွင် သားကို အလွန်ချစ်သော အိမ်ခြံမြေလုပ်ငန်းရှင် ဖခင်တစ်ဦးက ယန်းငွေ သန်း ၁၀၀ ခန့် သုံးစွဲကာ စတိုးဆိုင်၊ မြေအောက်ဘူတာ
ဂျပန်တွင် သားကို အလွန်ချစ်သော အိမ်ခြံမြေလုပ်ငန်းရှင် ဖခင်တစ်ဦးက ယန်းငွေ သန်း ၁၀၀ ခန့် သုံးစွဲကာ စတိုးဆိုင်၊ မြေအောက်ဘူတာ
ဂျက်ဘေးဇော့စ်က နယူးယောက်မြို့လယ်ရှိ သူ၏ ဒေါ်လာသန်း ၁၀၀ ကျော်တန် Penthouse ခန်းသို့ ကရိန်းဖြင့် ပရိဘောဂများ တင်ရန်အတွက် လ
ဂျက်ဘေးဇော့စ်က နယူးယောက်မြို့လယ်ရှိ သူ၏ ဒေါ်လာသန်း ၁၀၀ ကျော်တန် Penthouse ခန်းသို့ ကရိန်းဖြင့် ပရိဘောဂများ တင်ရန်အတွက် လ
[ဆန်းကြယ်သော ကံကြမ္မာ] အမေရိကန်တွင် အမျိုးသားတစ်ဦးမှာ ဒေါ်လာ ၁၆၇ သန်း ထီပေါက်ပြီး ရက်ပိုင်းအကြာတွင် ဖမ်းဆီးခံရ
[ဆန်းကြယ်သော ကံကြမ္မာ] အမေရိကန်တွင် အမျိုးသားတစ်ဦးမှာ ဒေါ်လာ ၁၆၇ သန်း ထီပေါက်ပြီး ရက်ပိုင်းအကြာတွင် ဖမ်းဆီးခံရ
ဘီလ်ဂိတ်က သမီးဖြစ်သူ မြင်းစီးလေ့ကျင့်ရန်အတွက် ဖလော်ရီဒါမှ မြေဈေးကောင်းသောနေရာတွင် ၁၈ ဧက ဖြန့်ကျက်တည်ရှိသော တစ်လမ်းလုံးကိ
ဘီလ်ဂိတ်က သမီးဖြစ်သူ မြင်းစီးလေ့ကျင့်ရန်အတွက် ဖလော်ရီဒါမှ မြေဈေးကောင်းသောနေရာတွင် ၁၈ ဧက ဖြန့်ကျက်တည်ရှိသော တစ်လမ်းလုံးကိ
လယ်ယာမြေ ဥပဒေအကြောင်း
လယ်ယာမြေ ဥပဒေအကြောင်း
ပြင်သစ်တွင် နေအိမ်တစ်ခု၏ နံရံထဲ၌ လျှို့ဝှက်သိမ်းဆည်းထားသော ရွှေဒင်္ဂါးပြားများ ရှာဖွေတွေ့ခဲ့ပြီး လေလံတင်ရောင်းချရာတွင် ဒ
ပြင်သစ်တွင် နေအိမ်တစ်ခု၏ နံရံထဲ၌ လျှို့ဝှက်သိမ်းဆည်းထားသော ရွှေဒင်္ဂါးပြားများ ရှာဖွေတွေ့ခဲ့ပြီး လေလံတင်ရောင်းချရာတွင် ဒ
ဘရူနိုဆေးလ်ဗားကို UFC တွင် အလဲထိုးအနိုင်ယူသည့်ပွဲအပြီးတွင် မိခင်ကြီးအား အိမ်တစ်လုံး ဝယ်ပေးခဲ့သည့် မြန်မာဖိုက်တာ Joshua V
ဘရူနိုဆေးလ်ဗားကို UFC တွင် အလဲထိုးအနိုင်ယူသည့်ပွဲအပြီးတွင် မိခင်ကြီးအား အိမ်တစ်လုံး ဝယ်ပေးခဲ့သည့် မြန်မာဖိုက်တာ Joshua V
[အဓိပ္ပာယ်ရှိသောလူ] မလေးရှားတွင် အမျိုးသားတစ်ဦးမှာ ပိုက်ဆံအိတ်ထဲမှ မသုံးဖြစ်ဘဲရှိနေသော ရင်းဂစ် ၅၀ တန်တွင် ပါသည့် နံပါတ်ဖ
[အဓိပ္ပာယ်ရှိသောလူ] မလေးရှားတွင် အမျိုးသားတစ်ဦးမှာ ပိုက်ဆံအိတ်ထဲမှ မသုံးဖြစ်ဘဲရှိနေသော ရင်းဂစ် ၅၀ တန်တွင် ပါသည့် နံပါတ်ဖ
ကမ္ဘာ့အချမ်းသာဆုံးပုဂ္ဂိုလ် ၁၀ ဦးတွင် ပါဝင်သော Zara ၏ တည်ထောင်သူ အော်တေးဂါးက ဘာစီလိုနာမှ ရုံးခန်း အဆောက်အအုံကြီးကို ကန်ဒ
ကမ္ဘာ့အချမ်းသာဆုံးပုဂ္ဂိုလ် ၁၀ ဦးတွင် ပါဝင်သော Zara ၏ တည်ထောင်သူ အော်တေးဂါးက ဘာစီလိုနာမှ ရုံးခန်း အဆောက်အအုံကြီးကို ကန်ဒ

Upcoming Property Events

From 05 Jul To 06 Jul

Mingalar Market

From 05 Jul To 06 Jul

Golden City Condo

From 09 Jun To 09 Jul

The Vista Luxury Residence

Mingalar Market

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service