မြို့ကွက်သစ်အတွက် ချထားပေးသည့် မြေကွက်များရယူပြီး ဂရန်မဖောက်၊ အိမ်မဆောက်သည့်မြေကွက်များကို အစိုးရမြေအဖြစ် ပြန်သိမ်းမည် - Property News in Myanmar from iMyanmarHouse.com
983 Views

မြို့ကွက်သစ်အတွက် ချထားပေးသည့် မြေကွက်များရယူပြီး ဂရန်မဖောက်၊ အိမ်မဆောက်သည့်မြေကွက်များကို အစိုးရမြေအဖြစ် ပြန်သိမ်းမည်

မန္တလေးမြို့တော် စည်ပင်သာယာရေးကော်မတီ နယ်နိ မိတ်အတွင်း မြို့ကွက်သစ်ဖော် ထုတ်ရေးအဖွဲ့က ချထားပေး သည့် မြေကွက်များကို ရယူပြီး အုတ်တံတိုင်းဝင်းခြံကာရံခြင်း၊ အဆောက်အအုံဆောက်လုပ် ခြင်းနှင့် မြေငှားဂရန်လျှောက် ထားခြင်းမရှိသည့် မြေကွက်များ ကို သတ်မှတ်ရက်ကျော်လွန်ပါက မြေချထားအမိန့်များ ပယ်ဖျက်ပြီး အစိုးရမြေအဖြစ် ပြန်လည်သိမ်း ယူမည်ဖြစ်ကြောင်း သတင်းရရှိ သည်။

၁၉၉၀ ခန့်ကစတင်ကာ မန္တလေးစည်ပင် နယ်နိမိတ်အ တွင်း မြို့ကွက်သစ်ဖော်ထုတ်ရေး အဖွဲ့က မြေကွက်များ ချထားခဲ့သော်လည်း လက်ရှိအချိန်ထိ ဝင်းခြံကာရံခြင်း၊ အဆောက်အ အုံ ဆောက်လုပ်ခြင်းနှင့် မြေငှားဂရန် လျှောက်ထားခြင်းများမရှိဘဲ မြေကွက်လပ်များအဖြစ် ဆက် လက်ကျန်ရှိနေဆဲဖြစ်ရာ မြေကွက်ရယူထားသူများအနေဖြင့် သတ်မှတ်စည်းကမ်းအတိုင်း လိုက်နာလုပ်ဆောင်ကြရန် မန္တလေးမြို့တော် စည်ပင်သာယာရေးကော် မတီက ဖေဖော်ဝါရီ ၁၅ ရက်တွင် သတိပေးကြေညာချက် ထုတ်ပြန် သည်။

မြေကွက်များရယူထားသူ များအနေဖြင့် စည်ပင်ဥပဒေ၊ နည်းဥပဒေအတိုင်း မြေငှားဂရန် လျှောက်ထားရယူရန်၊ မြေငှား ဂရန်ရရှိပြီးသူများ အနေဖြင့် ခြောက်လအတွင်း ဝင်းခြံကာရံ ခြင်း၊ အုတ်တံတိုင်းခတ်ခြင်း အဆောက်အအုံဆောက်လုပ်ရန် ခွင့်ပြုမိန့်များ လျှောက်ထားရယူ ရန်နှင့် အဆောက်အအုံဆောက် ရန် ခွင့်ပြုမိန့်ရပြီးပါက ကိုးလ အတွင်း လုပ်ငန်းများအကောင် အထည်ဖော်ရန် စည်ပင်သာယာ က သတိပေးထုတ်ပြန်သည်။ သတ်မှတ်ရက် ကျော်လွန်သည် အထိ အဆောက်အအုံဆောက် လုပ်နေထိုင်ခြင်းမရှိပါက မြေ ကွက်လပ်များကို ပြန်လည်စိစစ် ၍ မြေချထားမိန့်၊ မြေစလစ်နှင့် မြေငှားဂရန်များကို ပြန်လည် ပယ်ဖျက်ကာ အစိုးရစီမံ ခန့်ခွဲ သည့်မြေ(အစိုးရမြေ)အဖြစ် သတ်မှတ်ဆောင်ရွက်မည်ဟု စည်ပင် သာယာ သတိပေးကြေညာချက် တွင် ဖော်ပြထားသည်။

မြို့အင်္ဂါရပ်နှင့်အညီ အ ဆောက်အအုံ ဆောက်လုပ်ရန်နှင့် မြေကွက်ချထားပေးသည့် ခွင့်ပြု မိန့်စလစ်များ ရယူပြီး လက် လွှဲရောင်းချကာ မြေကစားနေမှု များကို ထိန်းချုပ်နိုင်ရန်နှင့် ဈေး ကစားမှုများကြောင့် အိမ်ခြံမြေ ဈေးမြင့်တက်နေမှု ကျဆင်းလာ စေရန် ယခုကဲ့သို့ သတိပေးကြေ ညာချက် ထုတ်ပြန်ခြင်းဖြစ် ကြောင်း မန္တလေးမြို့တော်ဝန် ဒေါက်တာရဲလွင်က ပြောသည်။

‘‘စလစ်တွေကို ဂရန် လျှောက်၊ ပြီးရင် အဆောက်အအုံ ဆောက်ပေါ့။ အဲဒီလိုမဟုတ်ဘူး ဆိုရင်တော့ သတ်မှတ်ရက်ကျော် တာနဲ့ ခွင့်ပြုမိန့်စလစ်တွေ အကုန် သိမ်းမှာပါ’’ဟု ဒေါက်တာရဲလွင် က ပြောကြားသည်။

မန္တလေး စည်ပင်သာယာ နယ်နိမိတ်အတွင်း မြို့ကွက်သစ် ဖော်ထုတ်ရေးအဖွဲ့က ချထားပေး ပြီး အဆောက်အအုံ ဆောက်လုပ် ခြင်းမရှိဘဲ ရယူထားသည့် မြေ ကွက်ပေါင်း ၉,၀၀၀ ကျော်ရှိသည် ဟု မန္တလေးမြို့တော်ဝန်ကဆို သည်။ တိုင်းလွှတ်တော်၏ တိုက် တွန်းချက်အရလုပ်ဆောင်ခြင်း ဖြစ်၍ အများပြည်သူအကျိုး အတွက် ယခုကဲ့သို့ ဆောင်ရွက် ခြင်းဖြစ်သည်ဟု မြို့တော်ဝန်က ပြောသည်။

‘‘ရှင်းရှင်းပြောရရင် တစ် ယောက်တည်းအတွက် လေးငါး ဆယ် ရယူထားတဲ့သူတွေကို ရည်ရွယ်ပါတယ်။ ဘာအလုပ်မှ မလုပ်ဘဲ ဒီမြေကွက်တွေရယူပြီး ဈေးက စားနေတာတွေရှိတယ်။ နိုင်ငံခြားသားတွေလက်ထဲ မြေ ကွက်တွေ ရောက်နေတယ်ဆို ရင်လည်း ပြန်ပေါ်လာမယ်ထင် ပါတယ်’’ဟု မြို့တော်ဝန်က ပြော သည်။ မန္တလေး အိမ်ခြံမြေဈေး ကွက်အတွင်း စလစ်မြေများကိုအရောင်းအဝယ်ပြုလုပ်နေမှုများ ရှိပြီး စည်ပင်သာယာ သတိပေး ကြေညာချက်ကြောင့် အိမ်ခြံမြေ အရောင်းအဝယ်ဈေးကွက် အတွင်း ရိုက်ခတ်မှုများရှိနေ ကြောင်း မန္တလေးမြို့ခံ အိမ်ခြံမြေ အကျိုးဆောင်များက ပြောသည်။

‘‘မြေဈေးကျ၊ မကျကတော့ စောင့်ကြည့်ရဦးမယ်။ လောလော ဆယ် ဈေးကွက်ထဲမှာတော့ လန့် ဖျပ်သွားကြတယ်’’ဟု မန္တလေး မြို့ ဖိုးလမင်းအိမ်ခြံမြေအကျိုး ဆောင်လုပ်ငန်းမှ ဦးဝဏ္ဏစိုးက ပြောသည်။

မြေကွက်စလစ်ရယူထားသူ များ အဆောက်အအုံ၊ ဂရန် လျှောက်ရန် သတိပေးကြေညာထားပြီး အချက်အလက်၊အထောက် အထား ပြည့်စုံသူများကိုအခက် အခဲမရှိဘဲ ခွင့်ပြုမိန့်များ လွယ်ကူ စွာ လျှောက်ထားရယူနိုင်ရန် စည်ပင်သာယာအနေဖြင့်လည်း လမ်းဖွင့်ပေးသင့်ကြောင်း ဦးဝဏ္ဏ စိုးက ပြောသည်။

မြေကွက်ရယူထားသူများ အနေဖြင့် ဝင်းခြံကာရံခြင်း၊ အဆောက်အအုံဆောက်လုပ် ခြင်းနှင့် မြေငှားဂရန် လျှောက် ထားရယူရန် ၂၀၁၃အတွင်းက လည်း သုံးကြိမ်တိုင် သတိပေး ကြေညာခဲ့သည်ဟု စည်ပင်သာ ယာမှ သတင်းရရှိသည်။


Credit: 7DayDaily

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

အိန္ဒိယတွင် ပလတ်စတစ်မိုး ကျူးကျော်တဲလေးတစ်လုံး၌ နေထိုင်သော မိန်းကလေးတစ်ဦးကို ဟောလိဝုဒ် ရုပ်ရှင်သရုပ်ဆောင်တစ်ဦးက တွေ့ရှိသ
အိန္ဒိယတွင် ပလတ်စတစ်မိုး ကျူးကျော်တဲလေးတစ်လုံး၌ နေထိုင်သော မိန်းကလေးတစ်ဦးကို ဟောလိဝုဒ် ရုပ်ရှင်သရုပ်ဆောင်တစ်ဦးက တွေ့ရှိသ
အမေရိကန်တွင် ဘီလျံနာသူဌေးကြီးက စိတ်ကူးအိပ်မက်ထားသည့် စံအိမ်ကြီးဆောက်လုပ်ရန် ဖလော်ရီဒါမှ ဒေါ်လာ ၅၅ ဒသမ ၅ သန်း တန်ကြေးရှိ
အမေရိကန်တွင် ဘီလျံနာသူဌေးကြီးက စိတ်ကူးအိပ်မက်ထားသည့် စံအိမ်ကြီးဆောက်လုပ်ရန် ဖလော်ရီဒါမှ ဒေါ်လာ ၅၅ ဒသမ ၅ သန်း တန်ကြေးရှိ
အိန္ဒိယနိုင်ငံ၊ ဂူဂျာရတ်ပြည်နယ် ဝန်ကြီးချုပ် ဗီဂျေး ရူပနိ (ရန်ကုန်သား) နှင့် နံပါတ် ၁၂ တို့၏ ဆန်းကြယ်သော ဆက်နွှယ်မှုအကြေ
အိန္ဒိယနိုင်ငံ၊ ဂူဂျာရတ်ပြည်နယ် ဝန်ကြီးချုပ် ဗီဂျေး ရူပနိ (ရန်ကုန်သား) နှင့် နံပါတ် ၁၂ တို့၏ ဆန်းကြယ်သော ဆက်နွှယ်မှုအကြေ
ကမ္ဘာ့အချမ်းသာဆုံးပုဂ္ဂိုလ် ၁၀ ဦးတွင် ပါဝင်သော Zara ၏ တည်ထောင်သူ အော်တေးဂါးက ဘာစီလိုနာမှ ရုံးခန်း အဆောက်အအုံကြီးကို ကန်ဒ
ကမ္ဘာ့အချမ်းသာဆုံးပုဂ္ဂိုလ် ၁၀ ဦးတွင် ပါဝင်သော Zara ၏ တည်ထောင်သူ အော်တေးဂါးက ဘာစီလိုနာမှ ရုံးခန်း အဆောက်အအုံကြီးကို ကန်ဒ
ဂွင်းနက်ပက်ထရိုးက သူ၏ ဒေါ်လာ ၄ ဒသမ ၉ သန်းတန် စံအိမ်အတွင်း အပေါ်ပိုင်းအဝတ်မပါဘဲ ချက်ပြုတ်နေသည့် ဗွီဒီယိုမှာ လူမှုကွန်ရက်တ
ဂွင်းနက်ပက်ထရိုးက သူ၏ ဒေါ်လာ ၄ ဒသမ ၉ သန်းတန် စံအိမ်အတွင်း အပေါ်ပိုင်းအဝတ်မပါဘဲ ချက်ပြုတ်နေသည့် ဗွီဒီယိုမှာ လူမှုကွန်ရက်တ
ဂျပန်အလုပ်သမားတစ်ဦးက တစ်ရက်လျှင် ၁၈ နာရီခန့် ရုန်းကန်လှုပ်ရှားရသည့် သူ၏ဘဝကို လူမှုကွန်ရက်တွင် ဗွီဒီယိုဖိုင်တင်ခဲ့ပုံ ဂယက
ဂျပန်အလုပ်သမားတစ်ဦးက တစ်ရက်လျှင် ၁၈ နာရီခန့် ရုန်းကန်လှုပ်ရှားရသည့် သူ၏ဘဝကို လူမှုကွန်ရက်တွင် ဗွီဒီယိုဖိုင်တင်ခဲ့ပုံ ဂယက
ပြင်သစ်တွင် နေအိမ်တစ်ခု၏ နံရံထဲ၌ လျှို့ဝှက်သိမ်းဆည်းထားသော ရွှေဒင်္ဂါးပြားများ ရှာဖွေတွေ့ခဲ့ပြီး လေလံတင်ရောင်းချရာတွင် ဒ
ပြင်သစ်တွင် နေအိမ်တစ်ခု၏ နံရံထဲ၌ လျှို့ဝှက်သိမ်းဆည်းထားသော ရွှေဒင်္ဂါးပြားများ ရှာဖွေတွေ့ခဲ့ပြီး လေလံတင်ရောင်းချရာတွင် ဒ
ဘရာဇီးတွင် နိုင်ငံခြားသားများ လွှင့်ပစ်ခဲ့သော ပုလင်းခွံများကို ကောက်ယူစုဆောင်းကာ အိပ်ခန်း ၇ ခန်းပါ အိမ်တစ်လုံးကို ၂ နှစ်
ဘရာဇီးတွင် နိုင်ငံခြားသားများ လွှင့်ပစ်ခဲ့သော ပုလင်းခွံများကို ကောက်ယူစုဆောင်းကာ အိပ်ခန်း ၇ ခန်းပါ အိမ်တစ်လုံးကို ၂ နှစ်
မလာနီယာ ထရမ့် (ဒေါ်နယ်ထရမ့်၏ ဇနီး) ၏ ကြေးရုပ်တုကြီး အခိုးခံရမှု
မလာနီယာ ထရမ့် (ဒေါ်နယ်ထရမ့်၏ ဇနီး) ၏ ကြေးရုပ်တုကြီး အခိုးခံရမှု
စင်္ကာပူအစိုးရက နိုင်ငံပိုင် မြေကွက်ကို မလေးရှားဘုရင်၏ သားတော်ပိုင်ဆိုင်သော မြေကွက် (စင်္ကာပူ ရုက္ခဗေဒဥယျာဉ်အနီးရှိ) နှင
စင်္ကာပူအစိုးရက နိုင်ငံပိုင် မြေကွက်ကို မလေးရှားဘုရင်၏ သားတော်ပိုင်ဆိုင်သော မြေကွက် (စင်္ကာပူ ရုက္ခဗေဒဥယျာဉ်အနီးရှိ) နှင

Upcoming Property Events

From 02 Jun To 30 Jun

Central Shophouse

From 05 Jul To 06 Jul

Mingalar Market

From 09 Jun To 09 Jul

The Vista Luxury Residence

Pan Swal Taw Condominium

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service