ပုံတောင်ပုံညာဒေသကို ကမ္ဘာ့အမွေအနှစ် စာရင်းတင်သွင်းရန် ဆုံးဖြတ် - Property News in Myanmar from iMyanmarHouse.com
2500 Views

ပုံတောင်ပုံညာဒေသကို ကမ္ဘာ့အမွေအနှစ် စာရင်းတင်သွင်းရန် ဆုံးဖြတ်

ကမ္ဘာဦးအစ လူသားကျောက်ဖြစ် ရုပ်ကြွင်းများ တွေ့ရှိရာ မကွေးတိုင်းဒေသကြီး ပုံတောင်၊ ပုံညာဒေသကို ကမ္ဘာ့အမွေအနှစ် လျာထားစာရင်း (UNESCO's tentative list) ထည့်သွင်းရန် အဆိုပြု ဆုံးဖြတ်ထားကြောင်း သာသနာရေးနှင့် ယဉ်ကျေးမှု ဝန်ကြီးဌာန၊ ကမ္ဘာ့အမွေအနှစ်များဌာနခွဲ ညွှန်ကြားရေးမှူး ဦးသန့်ဇော်ဦးက ပြောကြားသည်။

“မြန်မာနိုင်ငံမှာ ဒီလိုအထိမ်းအမှတ် နေရာတွေရှိတာကို လူပိုသိမယ်၊ နောက်ပြီး အဲ့လို သတ်မှတ်နိုင်ရင် နိုင်ငံတကာအဆင့်နဲ့လိုက်ပြီး ထိန်းသိမ်းစောင့်ရှောက်မှု ပိုကောင်းအောင် လုပ်နိုင်မယ်”ဟု ၎င်းက ဆိုသည်။

ကမ္ဘာ့အမွေအနှစ်များ လျာထား စာရင်းများတွင် လက်ရှိ၌ ရွှေတိဂုံစေတီတော်၊ ဆံတော်ရှင် ကျိုက်ထီးရိုး စေတီတော်၊ ဖိုလ်ဝင်တောင်နှင့် ပုံတောင်၊ ပုံညာဒေသတို့ကို အဆိုပြုထားမှုများ ရှိနေသည်။

ကမ္ဘာ့အမွေအနှစ်စာရင်း ဝင်ရောက်ရန် လျာထားစာရင်း တင်သွင်းနိုင်ရန် သက်ဆိုင်ရာ နေရာဒေသများအလိုက် အဆိုပြုချက်များ၊ လိုအပ်သည့် အချက်အလက်များကို ပြင်ဆင်၍ ကမ္ဘာ့အမွေအနှစ် စင်တာသို့ ပြန်လည် ဆန်းစစ်ထားသည့်စာရင်းကို တင်ပြရခြင်းဖြစ်ကြောင်း ဦးသန်းဇော်ဦးက ဆိုသည်။

မြန်မာနိုင်ငံရှိ ရှေးဟောင်းယဉ်ကျေးမှုဆိုင်ရာ အထိမ်းအမှတ် နေရာဒေသများကို ကမ္ဘာ့အမွေအနှစ်များ လျာထားစာရင်း သတ်မှတ်နိုင်ရန် ယူနက်စကိုမှ သတ်မှတ်ထားသော စံနှုန်များနှင့် ကိုက်ညီမှုအပေါ် မူတည်၍ အဆိုပြု ရွေးချယ်ရခြင်းဖြစ်ကြောင်း ကမ္ဘာ့အမွေအနှစ်များ ဌာနခွဲထံမှ သိရသည်။

“မြန်မာနိုင်ငံမှာ ယူနက်စကို ဝင်ရောက်တဲ့နေရာတွေ များလေလေ ကမ္ဘာလှည့် ခရီးသည်တွေကို ဆွဲဆောင်နိုင်မှု ရှိလေလေပဲ။ လက်ရှိမှာ တိုးရစ်တွေက ယူနက်စကို ဝင်တဲ့ဒေသတွေကို အရမ်းစိတ်ဝင်စားတယ်။ ဥပမာ-အန်ကောဝပ်လို နေရာမျိုးပေါ့၊ ဒါကြောင့် မြန်မာနိုင်ငံမှာ ယူနက်စကို ဝင်တဲ့ဒေသတွေ ရှိလာရင် ဧည့်သည်ဝင်တာ များမှာပါ”ဟု မြန်မာနိုင်ငံ ဧည့်လမ်းညွှန်များအသင်းမှ အလုပ်အမှုဆောင် ဦးသန်းနိုင်က ဆိုသည်။

ယဉ်ကျေးမှုတန်ဖိုး၊ သမိုင်းတန်ဖိုး များစွာရှိသည့် မြန်မာနိုင်ငံရှိ ယဉ်ကျေးမှု နေရာဒေသရှစ်ခုကို ၁၉၉၆ ခုနှစ်တွင် ယူနက်စကို လျာထားစာရင်း ထည့်သွင်းခဲ့ပြီး အဆိုပါဒေသ ရှစ်ခုအနက် ပျူမြို့ဟောင်း သုံးခုသည် ၂၀၁၄ ခုနှစ် တွင် ကမ္ဘာ့ အမွေအနှစ် စာရင်းဝင်အဖြစ် တင်သွင်းနိုင်ခဲ့သည်။

မြန်မာနိုင်ငံက ကမ္ဘာ့အမွေအနှစ် လျာထားစာရင်း ဝင်ထားသည့်နေရာများမှာ (၁)အင်းဝ၊ အမရပူရ၊ စစ်ကိုင်း၊ မင်းကွန်း နှင့်မန္တလေး၊ (၂) ပုဂံရှေးဟောင်းနယ်မြေ၊ (၃) အင်းလေးကန်၊ (၄) မြောက်ဦးရှေးဟောင်းနယ်မြေနှင့် သမိုင်းဝင် အထိမ်းအမှတ်နေရာများ၊ (၅) မွန်မြို့ဟောင်းများ ဖြစ်သည့် ပဲခူးနှင့် ဟံသာဝတီ၊ (၆) ပြဒါး လင်းဂူနှင့် (၇) စလေ၊ ပခန်းကြီး၊ ပခန်းငယ်၊ စကု၊ မန္တလေးရှိ ရွှေကျောင်း စသည့် ကုန်းဘောင်ခေတ် ရှေးဟောင်း သစ်သားဘုန်းကြီးကျောင်းများ ဖြစ်သည်။

ကမ္ဘာ့အမွေအနှစ်များ စာရင်းဝင်ရန် အဓိက စံနှုန်းများအဖြစ် ရှေးဟောင်း မြို့တော်နေရာများ၊ ယဉ်ကျေးမှုထွန်း ကားရာ မူလဒေသများ၊ ရှေးဟောင်း လိုဏ်ဂူများနှင့် အခြားဗိသုကာအထိမ်း အမှတ်အဆောက်အအုံများကို သတ် မှတ်ထားသည်။


Credit: The Voice

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

[မိဘဟူသည်..] စင်္ကာပူတွင် ဖခင်ကြီးက သမီးဖြစ်သူ မျှော်လင့်အိပ်မက်နေသော လုပ်ငန်း လုပ်ဆောင်နိုင်ရေးအတွက် မိမိ၏ ကုမ္ပဏီကို ရ
[မိဘဟူသည်..] စင်္ကာပူတွင် ဖခင်ကြီးက သမီးဖြစ်သူ မျှော်လင့်အိပ်မက်နေသော လုပ်ငန်း လုပ်ဆောင်နိုင်ရေးအတွက် မိမိ၏ ကုမ္ပဏီကို ရ
တရုတ်ပြည်တွင် အသက် ၁၅ နှစ်အရွယ်အထိ သူတောင်းစားဂိုဏ်းသားအဖြစ် တောင်းရမ်းခဲ့ရပြီး အသက် ၁၆ နှစ်တွင် မူလတန်းကျောင်း စတင်ကျော
တရုတ်ပြည်တွင် အသက် ၁၅ နှစ်အရွယ်အထိ သူတောင်းစားဂိုဏ်းသားအဖြစ် တောင်းရမ်းခဲ့ရပြီး အသက် ၁၆ နှစ်တွင် မူလတန်းကျောင်း စတင်ကျော
အိမ်ရာစုဆောင်းငွေ သိန်း (၃၀) အထက် စုဆောင်းပြီးသူများအနေဖြင့် မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေး ဦးစီးဌာန၏ သတ်မှတ်ချက်များနှင
အိမ်ရာစုဆောင်းငွေ သိန်း (၃၀) အထက် စုဆောင်းပြီးသူများအနေဖြင့် မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေး ဦးစီးဌာန၏ သတ်မှတ်ချက်များနှင
အိန္ဒိယတွင် လယ်သမားတစ်ဦးက မိုးဦးတဖြိုက်ကျအပြီး လယ်ကွင်းထဲသို့ ဆင်းခဲ့ရာ စိန်ကြီးတစ်ပွင့် ရှာတွေ့ခဲ့အပြီး တစ်ရွာလုံး အုံး
အိန္ဒိယတွင် လယ်သမားတစ်ဦးက မိုးဦးတဖြိုက်ကျအပြီး လယ်ကွင်းထဲသို့ ဆင်းခဲ့ရာ စိန်ကြီးတစ်ပွင့် ရှာတွေ့ခဲ့အပြီး တစ်ရွာလုံး အုံး
ဘီလ်ဂိတ်က ဖက်ရှင်လုပ်ငန်း စတင်ထူထောင်သည့် သမီးဖြစ်သူအား တစ်ပြားတစ်ချပ်မှပင် အရင်းအနှီး ထုတ်မပေးသည့် ဖြစ်အင်
ဘီလ်ဂိတ်က ဖက်ရှင်လုပ်ငန်း စတင်ထူထောင်သည့် သမီးဖြစ်သူအား တစ်ပြားတစ်ချပ်မှပင် အရင်းအနှီး ထုတ်မပေးသည့် ဖြစ်အင်
ပြင်သစ်တွင် နေအိမ်တစ်ခု၏ နံရံထဲ၌ လျှို့ဝှက်သိမ်းဆည်းထားသော ရွှေဒင်္ဂါးပြားများ ရှာဖွေတွေ့ခဲ့ပြီး လေလံတင်ရောင်းချရာတွင် ဒ
ပြင်သစ်တွင် နေအိမ်တစ်ခု၏ နံရံထဲ၌ လျှို့ဝှက်သိမ်းဆည်းထားသော ရွှေဒင်္ဂါးပြားများ ရှာဖွေတွေ့ခဲ့ပြီး လေလံတင်ရောင်းချရာတွင် ဒ
သြစတေးလျတွင် အမျိုးသားတစ်ဦးက ၇ နှစ်ကြာအချိန်ယူကာ ဘူးခွံ၊ ပုလင်းခွံပေါင်း ၄၅၀,၀၀၀ ကောက်ယူစုဆောင်းခဲ့ကာ ရောင်းရငွေဖြင့် အိ
သြစတေးလျတွင် အမျိုးသားတစ်ဦးက ၇ နှစ်ကြာအချိန်ယူကာ ဘူးခွံ၊ ပုလင်းခွံပေါင်း ၄၅၀,၀၀၀ ကောက်ယူစုဆောင်းခဲ့ကာ ရောင်းရငွေဖြင့် အိ
လယ်ယာမြေ ဥပဒေအကြောင်း
လယ်ယာမြေ ဥပဒေအကြောင်း
[အဓိပ္ပာယ်ရှိသောလူ] မလေးရှားတွင် အမျိုးသားတစ်ဦးမှာ ပိုက်ဆံအိတ်ထဲမှ မသုံးဖြစ်ဘဲရှိနေသော ရင်းဂစ် ၅၀ တန်တွင် ပါသည့် နံပါတ်ဖ
[အဓိပ္ပာယ်ရှိသောလူ] မလေးရှားတွင် အမျိုးသားတစ်ဦးမှာ ပိုက်ဆံအိတ်ထဲမှ မသုံးဖြစ်ဘဲရှိနေသော ရင်းဂစ် ၅၀ တန်တွင် ပါသည့် နံပါတ်ဖ
ဘရာဇီးတွင် နိုင်ငံခြားသားများ လွှင့်ပစ်ခဲ့သော ပုလင်းခွံများကို ကောက်ယူစုဆောင်းကာ အိပ်ခန်း ၇ ခန်းပါ အိမ်တစ်လုံးကို ၂ နှစ်
ဘရာဇီးတွင် နိုင်ငံခြားသားများ လွှင့်ပစ်ခဲ့သော ပုလင်းခွံများကို ကောက်ယူစုဆောင်းကာ အိပ်ခန်း ၇ ခန်းပါ အိမ်တစ်လုံးကို ၂ နှစ်

Upcoming Property Events

From 28 Jun To 29 Jun

Magical World Apartment

From 28 Jun To 29 Jun

Pan Swal Taw Condominium

From 02 Jun To 30 Jun

Central Shophouse

From 05 Jul To 06 Jul

Mingalar Market

From 09 Jun To 09 Jul

The Vista Luxury Residence

Magical World Apartment

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service