၄၅ ရက်အတွင်း ဒူဘိုင်းတွင် အိမ်ခြံမြေ ကန်ဒေါ်လာ ၁၁ ဘီလီယံကျော်ဖိုး အရောင်းအဝယ်ဖြစ် - Property News in Myanmar from iMyanmarHouse.com
980 Views

၄၅ ရက်အတွင်း ဒူဘိုင်းတွင် အိမ်ခြံမြေ ကန်ဒေါ်လာ ၁၁ ဘီလီယံကျော်ဖိုး အရောင်းအဝယ်ဖြစ်

ဒူဘိုင်းအိမ်ခြံမြေဈေးကွက်သည် ၂၀၁၇ နှစ်သစ်တွင် အဖွင့်ကောင်းခဲ့ပြီး နှစ်စပထမ ၄၅ ရက်အတွင်း ဒူဘိုင်းငွေ ၄၂ ဘီလီယံ (ကန်ဒေါ်လာ ၁၁ ဒသမ ၄ ဘီလီယံ) ဖိုးအထိ အရောင်းအဝယ်ဖြစ်ခဲ့ကြောင်း ဒူဘိုင်းမြေယာဌာန (DLD) က ထုတ်ဖော်ပြောကြားသည်ဟု အရှေ့အလယ်ပိုင်းအခြေစိုက် အိမ်ခြံမြေသတင်းဝက်ဘ်ဆိုက်တစ်ခုတွင် ဖော်ပြသည်။

ယင်းပမာဏမှာ ပြီးခဲ့သော ၂၀၁၆ ခုနှစ် တစ်နှစ်တာကာလပတ်လုံး စုစုပေါင်းအိမ်ခြံမြေကဏ္ဍ အရောင်းအဝယ် တန်ဖိုး ဒူဘိုင်းငွေ ၉၁ ဘီလီယံ (ကန်ဒေါ်လာ ၂၄ ဒသမ ၇ ဘီလီယံ) ၏ ထက်ဝက်နီးပါးရှိနေသည်ဟု ဆိုသည်။

၂၀၁၆ အိမ်ခြံမြေအရောင်းအဝယ် ၉၁ ဘီလီယံရှိခဲ့ရာတွင် ရင်းနှီးမြှုပ်နှံသူပေါင်း ၄၂၀၁၈ ဦး ပါဝင်လုပ်ကိုင်ခဲ့ကြခြင်းဖြစ်ကြောင်း ဒူဘိုင်းမြေယာဌာနမှ အိမ်ခြံမြေရင်းနှီးမြှုပ်နှံမှု စီမံခန့်ခွဲရေးနှင့် အရောင်းမြှင့်တင်ရေးဌာန၏ အဆင့်မြှင့်ညွှန်ကြားရေးမှူး မဂျစ် ဆကာ အယ်လ် မာရီက ပြောကြားသည်။

အယ်လ်မာရီထံသို့ အိမ်ခြံမြေကုမ္ပဏီများမှ အကြီးအကဲများ လာရောက်တွေ့ဆုံကာ ဒူဘိုင်းတွင် ကျင်းပမည့် ၁၃ ကြိမ်မြောက် နိုင်ငံတကာ အိမ်ခြံမြေပြပွဲ ၂၀၁၇ ကျင်းပရာတွင် ပြုလုပ်မည့် ၎င်းတို့၏ အစီအစဉ်များကို တင်ပြခဲ့ကြသည်ဟုဆိုသည်။

ယင်းအိမ်ခြံမြေပြပွဲတွင် ပြည်တွင်းနှင့် နိုင်ငံတကာမှ အိမ်ခြံမြေများကို ရောင်းချခြင်း၊ ဝယ်ယူခြင်းများ ပြုလုပ်ခွင့်ပေးမည် ဖြစ်သည်။
နိုင်ငံပေါင်း ၄၀ ကျော်မှ ကုမ္ပဏီပေါင်း ၁၀၀ ကျော် ပါဝင်ပြသမည်ဖြစ်ပြီး နိုင်ငံတကာ အိမ်ခြံမြေ developer များ၊ အိမ်ခြံမြေအကျိုးဆောင်များ၊ အတိုင်ပင်ခံပုဂ္ဂိုလ်များ၊ ကမ္ဘာတစ်ဝန်းမှ ရင်းနှီးမြှုပ်နှံသူများ လာရောက်ကြမည်ဖြစ်ကြောင်း အိမ်ခြံမြေပြပွဲစီစဉ်သည့် Strategic Marketing & Exhibitions က ထုတ်ဖော်ပြောကြားသည်။

Credit: iMyanmarHouse.com
(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ဂွင်းနက်ပက်ထရိုးက သူ၏ ဒေါ်လာ ၄ ဒသမ ၉ သန်းတန် စံအိမ်အတွင်း အပေါ်ပိုင်းအဝတ်မပါဘဲ ချက်ပြုတ်နေသည့် ဗွီဒီယိုမှာ လူမှုကွန်ရက်တ
ဂွင်းနက်ပက်ထရိုးက သူ၏ ဒေါ်လာ ၄ ဒသမ ၉ သန်းတန် စံအိမ်အတွင်း အပေါ်ပိုင်းအဝတ်မပါဘဲ ချက်ပြုတ်နေသည့် ဗွီဒီယိုမှာ လူမှုကွန်ရက်တ
[လွယ်မယ်ထင်လို့လား ] ဘာမှ မလုပ်ဘဲ မိနစ် ၉၀ ငြိမ်ငြိမ်လေး ထိုင်နေရတဲ့ တောင်ကိုရီးယားက ပြိုင်ပွဲ အင်စတာဂရမ်တွင် နာမည်ကြီးန
[လွယ်မယ်ထင်လို့လား ] ဘာမှ မလုပ်ဘဲ မိနစ် ၉၀ ငြိမ်ငြိမ်လေး ထိုင်နေရတဲ့ တောင်ကိုရီးယားက ပြိုင်ပွဲ အင်စတာဂရမ်တွင် နာမည်ကြီးန
[ရုပ်ရည်ကျဆင်း အိုမင်းခြင်းကား ပျိုမျစ်နောက်ဆုံးရှိချေ၏] အိုမင်းသော ရုပ်ရည်မှ ဆန်းကြယ်စွာ နုပျိုသွားသော ဂျပန်အမျိုးသားတစ
[ရုပ်ရည်ကျဆင်း အိုမင်းခြင်းကား ပျိုမျစ်နောက်ဆုံးရှိချေ၏] အိုမင်းသော ရုပ်ရည်မှ ဆန်းကြယ်စွာ နုပျိုသွားသော ဂျပန်အမျိုးသားတစ
ဘီလ်ဂိတ်က ဖက်ရှင်လုပ်ငန်း စတင်ထူထောင်သည့် သမီးဖြစ်သူအား တစ်ပြားတစ်ချပ်မှပင် အရင်းအနှီး ထုတ်မပေးသည့် ဖြစ်အင်
ဘီလ်ဂိတ်က ဖက်ရှင်လုပ်ငန်း စတင်ထူထောင်သည့် သမီးဖြစ်သူအား တစ်ပြားတစ်ချပ်မှပင် အရင်းအနှီး ထုတ်မပေးသည့် ဖြစ်အင်
ဂျပန်အလုပ်သမားတစ်ဦးက တစ်ရက်လျှင် ၁၈ နာရီခန့် ရုန်းကန်လှုပ်ရှားရသည့် သူ၏ဘဝကို လူမှုကွန်ရက်တွင် ဗွီဒီယိုဖိုင်တင်ခဲ့ပုံ ဂယက
ဂျပန်အလုပ်သမားတစ်ဦးက တစ်ရက်လျှင် ၁၈ နာရီခန့် ရုန်းကန်လှုပ်ရှားရသည့် သူ၏ဘဝကို လူမှုကွန်ရက်တွင် ဗွီဒီယိုဖိုင်တင်ခဲ့ပုံ ဂယက
တရုတ်ပြည်တွင် ခင်ပွန်းဖြစ်သူက ဦးနှောက်သေရောဂါအခြေအနေခံစားနေရသော ဇနီးဖြစ်သူကို နေ့စဉ် သီချင်းဆိုပြ၊ ကပြခဲ့ရာ နောက်ဆုံးတွင
တရုတ်ပြည်တွင် ခင်ပွန်းဖြစ်သူက ဦးနှောက်သေရောဂါအခြေအနေခံစားနေရသော ဇနီးဖြစ်သူကို နေ့စဉ် သီချင်းဆိုပြ၊ ကပြခဲ့ရာ နောက်ဆုံးတွင
တရုတ်ပြည်တွင် အမျိုးသားကြီးတစ်ဦးက သူ၏ ၅ လွှာတိုက်ခန်း ဝရန်တာ၌ ကိုယ်ပိုင်ဓာတ်လှေကားတစ်ခု တီထွင်တပ်ဆင်ခဲ့ပုံအပေါ် ပြည်မကြီ
တရုတ်ပြည်တွင် အမျိုးသားကြီးတစ်ဦးက သူ၏ ၅ လွှာတိုက်ခန်း ဝရန်တာ၌ ကိုယ်ပိုင်ဓာတ်လှေကားတစ်ခု တီထွင်တပ်ဆင်ခဲ့ပုံအပေါ် ပြည်မကြီ
အမေရိကန်တွင် ဘီလျံနာသူဌေးကြီးက စိတ်ကူးအိပ်မက်ထားသည့် စံအိမ်ကြီးဆောက်လုပ်ရန် ဖလော်ရီဒါမှ ဒေါ်လာ ၅၅ ဒသမ ၅ သန်း တန်ကြေးရှိ
အမေရိကန်တွင် ဘီလျံနာသူဌေးကြီးက စိတ်ကူးအိပ်မက်ထားသည့် စံအိမ်ကြီးဆောက်လုပ်ရန် ဖလော်ရီဒါမှ ဒေါ်လာ ၅၅ ဒသမ ၅ သန်း တန်ကြေးရှိ
ထိုင်းတွင် လမ်းမအလယ်သို့ ကားတစ်စင်းပေါ်မှ ခေါင်းတလားကြီးတစ်ခု ပြုတ်ကျခဲ့ပုံ ဗွီဒီယိုဖိုင် TikTok တွင် ဂယက်ရိုက်ခဲ့၊ အခေါ
ထိုင်းတွင် လမ်းမအလယ်သို့ ကားတစ်စင်းပေါ်မှ ခေါင်းတလားကြီးတစ်ခု ပြုတ်ကျခဲ့ပုံ ဗွီဒီယိုဖိုင် TikTok တွင် ဂယက်ရိုက်ခဲ့၊ အခေါ
ဘရာဇီးတွင် နိုင်ငံခြားသားများ လွှင့်ပစ်ခဲ့သော ပုလင်းခွံများကို ကောက်ယူစုဆောင်းကာ အိပ်ခန်း ၇ ခန်းပါ အိမ်တစ်လုံးကို ၂ နှစ်
ဘရာဇီးတွင် နိုင်ငံခြားသားများ လွှင့်ပစ်ခဲ့သော ပုလင်းခွံများကို ကောက်ယူစုဆောင်းကာ အိပ်ခန်း ၇ ခန်းပါ အိမ်တစ်လုံးကို ၂ နှစ်

Upcoming Property Events

From 28 Jun To 29 Jun

Magical World Apartment

From 28 Jun To 29 Jun

Pan Swal Taw Condominium

From 02 Jun To 30 Jun

Central Shophouse

From 05 Jul To 06 Jul

Mingalar Market

From 09 Jun To 09 Jul

The Vista Luxury Residence

Magical World Apartment

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service