၂၀၁၇ အတွင်း ထိုင်းဟိုတယ်လုပ်ငန်းတွင် ဘတ် ၂၀ ဘီလီယံအထိ ရင်းနှီးမြှုပ်နှံမှုများ မြင့်တက်မည် - Property News in Myanmar from iMyanmarHouse.com
1337 Views

၂၀၁၇ အတွင်း ထိုင်းဟိုတယ်လုပ်ငန်းတွင် ဘတ် ၂၀ ဘီလီယံအထိ ရင်းနှီးမြှုပ်နှံမှုများ မြင့်တက်မည်

ထိုင်းနိုင်ငံအတွင်း ဟိုတယ်လုပ်ငန်းကဏ္ဍ ရင်းနှီးမြှုပ်နှံမှုများသည် ယခုနှစ်အတွင်း စံချိန်တင် မြင့်တက်ဖွယ်ရာရှိနေပြီး ဘတ်ငွေ ၂၀ ဘီလီယံအထိ ရောက်ရှိဖွယ်ရှိကြောင်း နိုင်ငံတကာ အိမ်ခြံမြေအ
တိုင်ပင်ခံအဖွဲ့ JLL ၏ ထုတ်ပြန်ချက်တစ်ရပ်တွင် ဖော်ပြသည်။

ပြီးခဲ့သောနှစ်များအတွင်းတွင်မူ ထိုင်းဟိုတယ်လုပ်ငန်းတွင် ရင်းနှီးမြှုပ်နှံမှုများ ကျဆင်းခဲ့ရာ ၂၀၁၆ ခုနှစ်တွင် ဘတ် ၉ ဒသမ ၆ ဘီလီယံ၊ ၂၀၁၅ ခုနှစ်တွင် ဘတ်ငွေ ၁၁ ဒသမ ၃ ဘီလီယံတို့သာ ရှိခဲ့သည်။

ဟိုတယ်လုပ်ငန်းကဏ္ဍရင်းနှီးမြှုပ်နှံမှုတန်ဖိုးများကို တွက်ချက်ရာတွင် အဓိကအားဖြင့် ဟိုတယ်ရောင်းဝယ်မှုများအပေါ် အခြေခံသည် ဖြစ်ရာ ယခုနှစ်အတွင်း အရောင်းအဝယ်ဖြစ်ဖွယ်ရှိသည့် ဆွစ်ဇာလန်
ဟိုတယ်ဖြစ်သော ဘတ်ငွေ ၁၀ ဒသမ ၈ ဘီလီယံတန်ကြေးရှိ
Nai Lert Park ဟိုတယ်အရောင်းအဝယ်အပေါ်တွင်လည်း အခြေခံနေသည်။

JLL ၏ ထုတ်ပြန်ချက်အရ ၂၀၁၆ ခုနှစ်အတွင်း ထိုင်းနိုင်ငံတွင် ရင်းနှီးမြှုပ်နှံမှုများ အားကောင်းခဲ့ပြီး ဘန်ကောက်နှင့် အဓိကပြည်နယ် များတွင် ဟိုတယ် ၁၀ လုံးကျော် အရောင်းအဝယ်ဖြစ်ခဲ့သည်။
ယင်းအရောင်းအဝယ်များအနက် ၅ ခုမှာ JLL က အကျိုးတော်ဆောင်အဖြစ် ဆောင်ရွက်ပေးခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။
သို့ရာတွင် ၂၀၁၅ ခုနှစ်နှင့် နှိုင်းယှဉ်လျှင် အရောင်းအဝယ်ပြုလုပ်သည့် ငွေကြေးပမာဏစုစုပေါင်းမှာ ၁၅ ရာခိုင်နှုန်းခန့် ကျဆင်းသွားသည်ကိုလည်း တွေ့ရသည်။

အဓိကအားဖြင့် ဟိုတယ်ကြီးများ အရောင်းအဝယ်မရှိခြင်းကြောင့်လည်း ဖြစ်သည်။
ဆွစ်ဇာလန်ဟိုတယ် Nai Lert Park အရောင်းအဝယ်မှာမူ
ယခုနှစ်အတွင်း အပြီးသတ်လိမ့်မည်ဟု ခန့်မှန်းထားကြသည်။
၂၀၁၆ ခုနှစ်အတွင်း ရောင်းချခဲ့သော ဟိုတယ်များကို ဝယ်ယူခဲ့ကြသည်မှာ ထိုင်းလူမျိုးများ၊ ဟောင်ကောင်နှင့် စင်္ကာပူတို့မှ
ရင်းနှီးမြှုပ်နှံသူများဖြစ်ကြသည်။

Credit: iMyanmarHouse.com
(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ဘီလ်ဂိတ်က သမီးဖြစ်သူ မြင်းစီးလေ့ကျင့်ရန်အတွက် ဖလော်ရီဒါမှ မြေဈေးကောင်းသောနေရာတွင် ၁၈ ဧက ဖြန့်ကျက်တည်ရှိသော တစ်လမ်းလုံးကိ
ဘီလ်ဂိတ်က သမီးဖြစ်သူ မြင်းစီးလေ့ကျင့်ရန်အတွက် ဖလော်ရီဒါမှ မြေဈေးကောင်းသောနေရာတွင် ၁၈ ဧက ဖြန့်ကျက်တည်ရှိသော တစ်လမ်းလုံးကိ
စင်္ကာပူအစိုးရက နိုင်ငံပိုင် မြေကွက်ကို မလေးရှားဘုရင်၏ သားတော်ပိုင်ဆိုင်သော မြေကွက် (စင်္ကာပူ ရုက္ခဗေဒဥယျာဉ်အနီးရှိ) နှင
စင်္ကာပူအစိုးရက နိုင်ငံပိုင် မြေကွက်ကို မလေးရှားဘုရင်၏ သားတော်ပိုင်ဆိုင်သော မြေကွက် (စင်္ကာပူ ရုက္ခဗေဒဥယျာဉ်အနီးရှိ) နှင
မည်သည့်အခါမှ လူ ၉၉ ဦးထက် အပိုမခံသည့် ဆန်းကြယ်သော တိုင်းရင်းသားမျိုးနွှယ်စုတစ်ခုအကြောင်း၊ ကလေးတစ်ဦး မွေးဖွားလျှင် လူတစ်ဦး
မည်သည့်အခါမှ လူ ၉၉ ဦးထက် အပိုမခံသည့် ဆန်းကြယ်သော တိုင်းရင်းသားမျိုးနွှယ်စုတစ်ခုအကြောင်း၊ ကလေးတစ်ဦး မွေးဖွားလျှင် လူတစ်ဦး
အိမ်ရာစုဆောင်းငွေ သိန်း (၃၀) အထက် စုဆောင်းပြီးသူများအနေဖြင့် မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေး ဦးစီးဌာန၏ သတ်မှတ်ချက်များနှင
အိမ်ရာစုဆောင်းငွေ သိန်း (၃၀) အထက် စုဆောင်းပြီးသူများအနေဖြင့် မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေး ဦးစီးဌာန၏ သတ်မှတ်ချက်များနှင
အိန္ဒိယတွင် ပလတ်စတစ်မိုး ကျူးကျော်တဲလေးတစ်လုံး၌ နေထိုင်သော မိန်းကလေးတစ်ဦးကို ဟောလိဝုဒ် ရုပ်ရှင်သရုပ်ဆောင်တစ်ဦးက တွေ့ရှိသ
အိန္ဒိယတွင် ပလတ်စတစ်မိုး ကျူးကျော်တဲလေးတစ်လုံး၌ နေထိုင်သော မိန်းကလေးတစ်ဦးကို ဟောလိဝုဒ် ရုပ်ရှင်သရုပ်ဆောင်တစ်ဦးက တွေ့ရှိသ
ဂျပန်အလုပ်သမားတစ်ဦးက တစ်ရက်လျှင် ၁၈ နာရီခန့် ရုန်းကန်လှုပ်ရှားရသည့် သူ၏ဘဝကို လူမှုကွန်ရက်တွင် ဗွီဒီယိုဖိုင်တင်ခဲ့ပုံ ဂယက
ဂျပန်အလုပ်သမားတစ်ဦးက တစ်ရက်လျှင် ၁၈ နာရီခန့် ရုန်းကန်လှုပ်ရှားရသည့် သူ၏ဘဝကို လူမှုကွန်ရက်တွင် ဗွီဒီယိုဖိုင်တင်ခဲ့ပုံ ဂယက
iPhone 5 ထွက်ရှိစဉ်ကတည်းက တစ်နာရီလျှင် ၃၃ ဒေါ်လာယူကာ တန်းစီဝယ်ယူပေးခဲ့သော အမေရိကန် အမျိုးသားမှာ ယခုအခါ iPhone ဝယ်ယူလိုသူ
iPhone 5 ထွက်ရှိစဉ်ကတည်းက တစ်နာရီလျှင် ၃၃ ဒေါ်လာယူကာ တန်းစီဝယ်ယူပေးခဲ့သော အမေရိကန် အမျိုးသားမှာ ယခုအခါ iPhone ဝယ်ယူလိုသူ
တရုတ်ပြည်၊ ရှန်ဟိုင်းမြို့တွင် မြေအောက်ဘူတာရုံ၊ ဈေးဝယ်စင်တာနှင့် မြေအောက်ဟိုတယ်များ ဆောက်လုပ်ရန်အတွက် တန်ချိန် ၇၅၀၀ ကျော
တရုတ်ပြည်၊ ရှန်ဟိုင်းမြို့တွင် မြေအောက်ဘူတာရုံ၊ ဈေးဝယ်စင်တာနှင့် မြေအောက်ဟိုတယ်များ ဆောက်လုပ်ရန်အတွက် တန်ချိန် ၇၅၀၀ ကျော
တရုတ်ပြည်တွင် အသက် ၁၅ နှစ်အရွယ်အထိ သူတောင်းစားဂိုဏ်းသားအဖြစ် တောင်းရမ်းခဲ့ရပြီး အသက် ၁၆ နှစ်တွင် မူလတန်းကျောင်း စတင်ကျော
တရုတ်ပြည်တွင် အသက် ၁၅ နှစ်အရွယ်အထိ သူတောင်းစားဂိုဏ်းသားအဖြစ် တောင်းရမ်းခဲ့ရပြီး အသက် ၁၆ နှစ်တွင် မူလတန်းကျောင်း စတင်ကျော
အိန္ဒိယတွင် အမျိုးသားတစ်ဦး၏ ဘဏ်စာရင်းထဲသို့ ရူပီးငွေ ၁၀၀,၁၃၅,၆၀၀,၀၀၀,၁၃၉, ၅၄၂,၁၀၀,၂၃၅, ၆၀၀,၀၀၀,၁၃၉, ၅၄၂ ရုတ်တရက် ငွေဝင်လ
အိန္ဒိယတွင် အမျိုးသားတစ်ဦး၏ ဘဏ်စာရင်းထဲသို့ ရူပီးငွေ ၁၀၀,၁၃၅,၆၀၀,၀၀၀,၁၃၉, ၅၄၂,၁၀၀,၂၃၅, ၆၀၀,၀၀၀,၁၃၉, ၅၄၂ ရုတ်တရက် ငွေဝင်လ

Upcoming Property Events

From 28 Jun To 29 Jun

Magical World Apartment

From 28 Jun To 29 Jun

Pan Swal Taw Condominium

From 02 Jun To 30 Jun

Central Shophouse

From 05 Jul To 06 Jul

Mingalar Market

From 09 Jun To 09 Jul

The Vista Luxury Residence

Magical World Apartment

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service