မြန်မာအက်ဂရိုအိတ်စ်ချိန်း(MAEX) အစုရှယ်ယာများကို ၀ယ်ယူလိုသူ များပြားခဲ့ - Property News in Myanmar from iMyanmarHouse.com
1174 Views

မြန်မာအက်ဂရိုအိတ်စ်ချိန်း(MAEX) အစုရှယ်ယာများကို ၀ယ်ယူလိုသူ များပြားခဲ့

မြန်မာအက်ဂရိုအိတ်စ်ချိန်းပတ်ဘလစ်လီမိတက် (MAEX) ရဲ့
အစုရှယ်ယာများကို ရောင်းချရန် သတ်မှတ်ထားသော
အရေအတွက်ထက်ကျော်လွန်ပြီး ၀ယ်ယူလိုသူတွေ
များပြားခဲ့တယ်လို့ MAEX ရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။

MAEX အနေနဲ့ မြန်မာနိုင်ငံ ငွေချေးသက်သေခံလက်မှတ်
လုပ်ငန်း ကြီးကြပ်ရေး ကော်မရှင် (SECM) ရဲ့ ခွင့်ပြုချက်နဲ့
အများပြည်သူသို့ ပထမအကြိမ် အစုရှယ်ယာများ
ကမ်းလှမ်းရောင်းချခဲ့ပါတယ်။

MAEX က ဇန်န၀ါရီ ၁၆ ရက်မှာ အစုရှယ်ယာအရေအတွက်
၅ သိန်းကို စတင်ကမ်းလှမ်းရောင်းချခဲ့ရာမှာ ဖေဖော်ဝါရီ ၇ ရက်မှာ
ကမ်းလှမ်းရောင်းချတဲ့ အစုရှယ်ယာအရေအတွက် ပြည့်မီခဲ့ပြီး
၂၀ ဒသမ ၅၆ ရာခိုင်နှုန်းကျော်လွန်ကာ အစုရှယ်ယာ ၆၀၂,၈၀၀ စု
ကို ၀ယ်ယူဖို့ အဆိုပြုတင်ပြုမှုအထိ ရှိခဲ့ပါတယ်။

အစုရှယ်ယာ ၅ သိန်းစုအတွက် SECM ရဲ့ အတည်ပြု
ထုတ်ပြန်ပေးထားသော MAEX ရဲ့ အလားအလာညွှန်းတမ်းပါ
အစုရှယ်ယာခွဲဝေမှုအစီအစဉ်အရ အစုရှယ်ယာ အရေအတွက်
အနည်းလျှောက်ထားသူများကို ဦးစားပေးပြီး အစု ၄၀၀၀ နဲ့အောက်
ဝယ်ယူရန်လျှောက်ထားတဲ့ ကုမ္ပဏီ/လူပုဂ္ဂိုလ်များရဲ့ အဆိုပြုလွှာများကို
အဆိုပြုခဲ့တဲ့ အရေအတွက် အတိုင်း အပြည့်အ၀ ၀ယ်ယူခွင့်ပြုသွား
မှာဖြစ်ပါတယ်။

အစု ၄၀၀၀ စုနဲ့အထက် လျှောက်ထားသူ ကုမ္ပဏီ/လူပုဂ္ဂိုလ်များရဲ့
အဆိုပြုလွှာများကို အစု ၄၀၀၀ အထိ အပြည့် ၀ယ်ယူခွင့်ရှိမှာဖြစ်ပြီး
ပိုမို လျှောက်ထားတဲ့ အစုများကို အစုရေ ၅ သိန်းပြည့်အထိ အချိုးကျ
ခွဲေ၀၀ယ်ယူခွင့်ပြုမှာ ဖြစ်ပါတယ်။

မူလရောင်းချပေးရန် သတ်မှတ်ထားတဲ့ အစုပေါင်း ၅ သိန်းထက်
ကျော်လွန်ပြီး အဆိုပြုထားတဲ့ အစု ၁၀၂,၈၀၀ စုကို ၀ယ်ယူရန်
ဆန္ဒရှိသူများအား ငွေချေးသက်သေခံလက်မှတ်များ
လဲလှယ်ရောင်းဝယ်ရေး နည်းဥပဒေအရ Private Placement
Share များအဖြစ် လက်ခံဝယ်ယူခွင့်ပြုသွားမယ်လို့ MAEX က
ထုတ်ပြန်အသိပေးခဲ့ပါတယ်။

MAEX က ရန်ကုန်တိုင်းဒေသကြီး၊ အင်းစိန်မြို့နယ်ရှိ တညင်းကုန်းမှာ
နိုင်ငံတကာအဆင့်မီ သစ်သီးဝလံ၊ ဟင်းသီးဟင်းရွက်၊
ပန်းမန်လက်လီလက်ကားဈေးသစ်ကြီးကို ရန်ကုန်မြို့တော်
စည်ပင်သာယာရေးကော်မတီနဲ့ အကျိုးတူပူးပေါင်း
တည်ဆောင်လျက်ရှိပါတယ်။
အဆိုပါအများပိုင်ကုမ္ပဏီက ရင်းနှီးမြှုပ်နှံရန် စိတ်ဝင်စား
တဲ့ပြည်သူများကို အစုရှယ်ယာတစ်စုလျှင် ၁၀၅၀၀ ကျပ်နှုန်းနဲ့
အစုရှယ်ယာပေါင်း ၅ သိန်းကို ရောင်းချခဲ့ပါတယ်။

Credit: SFJ Strategy First

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

တချိန်က ကမ္ဘာ့ဆဋ္ဌမမြောက် အချမ်းသာဆုံးပုဂ္ဂိုလ်ဖြစ်ခဲ့ဖူးသော်လည်း ကန်ဒေါ်လာ ၄ ဒသမ ၈ ဘီလီယံ ကြွေးတင်ကာ ရှေ့နေခပေးရန် ဇနီ
တချိန်က ကမ္ဘာ့ဆဋ္ဌမမြောက် အချမ်းသာဆုံးပုဂ္ဂိုလ်ဖြစ်ခဲ့ဖူးသော်လည်း ကန်ဒေါ်လာ ၄ ဒသမ ၈ ဘီလီယံ ကြွေးတင်ကာ ရှေ့နေခပေးရန် ဇနီ
အပြာနုရောင် ရေပြာအိုင်နောက်ခံထား အပန်းဖြေစရာ ပေါများလှတဲ့ ငါးလိပ်ကျောက်လေးများချစ်စဖွယ် ကျက်စားရာ Caye Caulker ကျွန်းငယ်
အပြာနုရောင် ရေပြာအိုင်နောက်ခံထား အပန်းဖြေစရာ ပေါများလှတဲ့ ငါးလိပ်ကျောက်လေးများချစ်စဖွယ် ကျက်စားရာ Caye Caulker ကျွန်းငယ်
သမီး (၂) ဦးကို ပါရဂူတန်းနှင့် မဟာဘွဲ့များရသည်အထိ ကန်စွန်းဥဖုတ်ရောင်းကာ လမ်းဘေးဈေးသည်ဘဝဖြင့် ကျောင်းထားပေးခဲ့သော တရုတ်ပြ
သမီး (၂) ဦးကို ပါရဂူတန်းနှင့် မဟာဘွဲ့များရသည်အထိ ကန်စွန်းဥဖုတ်ရောင်းကာ လမ်းဘေးဈေးသည်ဘဝဖြင့် ကျောင်းထားပေးခဲ့သော တရုတ်ပြ
ချစ်သူကောင်လေးနှင့်အတူ ဂျပန်ရှိ ဟိုတယ်တစ်ခုအတွင်းမှ ထွက်လာသော ဓာတ်ပုံများကြောင့် အွန်လိုင်းတွင် ဂယက်ရိုက်နေသူ BLACKPINK
ချစ်သူကောင်လေးနှင့်အတူ ဂျပန်ရှိ ဟိုတယ်တစ်ခုအတွင်းမှ ထွက်လာသော ဓာတ်ပုံများကြောင့် အွန်လိုင်းတွင် ဂယက်ရိုက်နေသူ BLACKPINK
နယူးယောက်ပြည်နယ်တွင် သမိုင်းဝင် နေအိမ်ကြီးတစ်လုံး ဒေါ်လာ ၄၀၀၀ မျှဖြင့် အရောင်းဈေးကွက်ဝင်လာ
နယူးယောက်ပြည်နယ်တွင် သမိုင်းဝင် နေအိမ်ကြီးတစ်လုံး ဒေါ်လာ ၄၀၀၀ မျှဖြင့် အရောင်းဈေးကွက်ဝင်လာ
ကမ္ဘာကျော် သူဌေးကြီး Charlie Munger သာမန်အိမ်ကလေးတစ်လုံးတွင် နှစ်ပေါင်း ၇၀ နေထိုင်ခဲ့၊ ကြီးကျယ်ခမ်းနားသော နေအိမ်ကြီးများ
ကမ္ဘာကျော် သူဌေးကြီး Charlie Munger သာမန်အိမ်ကလေးတစ်လုံးတွင် နှစ်ပေါင်း ၇၀ နေထိုင်ခဲ့၊ ကြီးကျယ်ခမ်းနားသော နေအိမ်ကြီးများ
အခန်းအလိုက် မသုံးသင့်တဲ့ အိမ်သုတ်ဆေးအရောင်များ
အခန်းအလိုက် မသုံးသင့်တဲ့ အိမ်သုတ်ဆေးအရောင်များ
ချမ်းသာကြွယ်ဝသူတို့၏ ငွေကြေးစီမံခန့်ခွဲပုံ (သို့) ဘီလ်ဂိတ်က ဇနီးလောင်း မီလင်ဒါ အတွက် စေ့စပ်လက်စွပ် ဝယ်ရာတွင် Warren Buff
ချမ်းသာကြွယ်ဝသူတို့၏ ငွေကြေးစီမံခန့်ခွဲပုံ (သို့) ဘီလ်ဂိတ်က ဇနီးလောင်း မီလင်ဒါ အတွက် စေ့စပ်လက်စွပ် ဝယ်ရာတွင် Warren Buff
Britain Got Talent ဒိုင်လူကြီး Simon Cowell ၏ အင်္ဂလန်ကျေးလက်စံအိမ်ခြံဝန်းအတွင်း ပွေးများ သောင်းကျန်းမှုကြောင့် ပန်းဥယျာ
Britain Got Talent ဒိုင်လူကြီး Simon Cowell ၏ အင်္ဂလန်ကျေးလက်စံအိမ်ခြံဝန်းအတွင်း ပွေးများ သောင်းကျန်းမှုကြောင့် ပန်းဥယျာ
ထိုင်းနိုင်ငံက မျောက်ဘူဖေးပွဲတော်
ထိုင်းနိုင်ငံက မျောက်ဘူဖေးပွဲတော်
bkk-projects
shwe-wutthmone

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service