ဆော်ဒီအာရေးဗီးယားတွင် စတုရန်းမိုင် ၄၀ အကျယ်အဝန်းရှိ ဂျာဇန်စီးပွားရေးမြို့ တော် (JEC) တည်ဆောက်လျက်ရှိ - Property News in Myanmar from iMyanmarHouse.com
899 Views

ဆော်ဒီအာရေးဗီးယားတွင် စတုရန်းမိုင် ၄၀ အကျယ်အဝန်းရှိ ဂျာဇန်စီးပွားရေးမြို့ တော် (JEC) တည်ဆောက်လျက်ရှိ

ဆော်ဒီအာရေးဗီးယားတွင် ဂျာဇန်စီးပွားရေးမြို့ တော် (JEC) တည်ဆောက်မှုလုပ်ငန်းများ အပြည့်အဝ လုပ်ဆောင်လျက် ရှိနေပြီ ဖြစ်ကြောင်း ဆော်ဒီအာရေးဗီးယား၏ ထိပ်တန်းရေနံကုမဏီ အာရမ်ကိုက ထုတ်ဖော်ပြောကြားသည်ဟု အရှေ့ အလယ်ပိုင်းအခြေစိုက် အိမ်ခြံမြေသတင်းဝက်ဘ်ဆိုက်တစ်ခုတွင် ဖော်ပြသည်။

ဆော်ဒီအာရေးဗီးယားနိုင်ငံ၏ အနောက်တောင်ပိုင်းတွင် ဆောက်လုပ်ရေးလုပ်ငန်းများ
အလုံးအရင်းဖြင့် တည်ဆောက်အကောင်အထည် ဖော်လျက် ရှိခြင်းမှာ ဒေသတွင်းတစ်ခုလုံးကို ပြောင်းလဲလာစေမည်ဖြစ်သည်။
တိုင်းပြည်စီးပွားရေးအနာဂတ်နှင့် ဆော်ဒီက ချမှတ်ထားသည့် Vision 2030 စီးပွားရေးလမ်းညွှန်မြေပုံအတွက် ခိုင်မာသည့် လမ်းကြောင်းခင်းကျင်းပေးရန် ယခုကဲ့သို့ ကြီးမားသည့် ဆောက်လုပ်ရေးလုပ်ငန်းများ အကောင်အထည်ဖော်လာခြင်းလည်း ဖြစ်သည်။

၁၀၆ စတုရန်းကီလိုမီတာ (၄၀ ဒသမ ၉ စတုရန်းမိုင်) အကျယ်အဝန်းရှိမည့် ဂျာဇန်စီးပွားရေးမြို့ တော်သည် ဂျာဇန်ဒေသတွင်း စီးပွားရေးဖွံ့ဖြိုးမှုအတွက် အရေးပါရုံမျှမကဘဲ ဆော်ဒီသို့ နိုင်ငံခြားတိုက်ရိုက်ရင်းနှီးမြှုပ်နှံမှုများ စီးဝင်လာစေရေးအတွက် အဓိက မောင်းနှင်ပေးမည့် သော့ချက်တစ်ခုလည်းဖြစ်ကြောင်း
အာရမ်ကို၏ ထုတ်ပြန်ချက်တွင် ဖော်ပြသည်။

အဆိုပါစီးပွားရေးမြို့ တော်စီမံကိန်းအပြင် ဂျာဇန်ရေနံသန့်စင်စက်ရုံကွန်ပလက်ဇ်ကိုလည်း တည်ဆောက်လျက်ရှိပြီး ၇၀ ရာခိုင်နှုန်းခန့် ပြီးစီးနေပြီ ဖြစ်သည်။
ဂျာဇန်ရေနံသန့်စင်စက်ရုံကွန်ပလက်ဇ်တွင် အဆင့်မြင့်ဆိပ်ကမ်းတစ်ခုပါဝင်မည်ဖြစ်သည့်အပြင် စက်ရုံအတွက်အသုံးပြုရန် ၄ ဂီဂါဝပ် ဓာတ်အားပေးစက်ရုံတစ်ခုလည်း ပါဝင်မည်ဖြစ်ပြီး ဒေသတွင်းရှိ ကုန်ထုတ်လုပ်ရေးနှင့် ဝန်ဆောင်မှုကုမဏီများသို့လည်း ဓာတ်အားထောက်ပံ့ပေးရန် ရည်ရွယ်ထားသည်ဟု ဆိုသည်။

အဆိုပါရေနံသန့်စင်စက်ရုံမှ တစ်နေ့လျှင် ရေနံစည်ပေါင်း ၄၀၀၀၀၀ ထုတ်လုပ်ပေးနိုင်စွမ်းရှိမည်ဖြစ်ပြီး ပြည်တွင်းနှင့် နိုင်ငံတကာ ဖောက်သည်များထံ ဖြန့်ဖြူးပေးမည် ဖြစ်သည်။
“စီးပွားရေးလုပ်ငန်းတွေနဲ့ ရင်းနှီးမြှုပ်နှံမှုတွေကို ဒီနေရာမှာရှိတဲ့ အသေးစားနဲ့ အလတ်စား စက်မှုလုပ်ငန်းတွေဆီကို စွဲဆောင်နိုင်ဖို့ လိုပါတယ်။ လာမယ့် ငါးနှစ်အကြာမှာ အခုအခြေအနေနဲ့ အလွန်ခြားနားနေတဲ့ မြို့ သစ်တစ်ခုကို တွေ့မြင်ရဖို့ ရှိပါတယ်။ ဒီစီမံကိန်းကို အထမြောက်အောင်လုပ်ဆောင်နိုင်ဖို့လိုပါတယ်။ ဒီလိုအလွန်ကြီးမားတဲ့ စီမံကိန်းကြီးတစ်ခုကို အကောင်အထည်ဖော်ခွင့်ရတဲ့အတွက် ကျွန်တော်တို့ အလွန်ဂုဏ်ယူမိပါတယ် ” ဟု အာရမ်ကို၏ အမှုဆောင်အရာရှိချုပ်က ပြောကြားသည်။

Credit: iMyanmarHouse.com
(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)
ဆော်ဒီအာရေးဗီးယားတွင် စတုရန်းမိုင် ၄၀ အကျယ်အဝန်းရှိ ဂျာဇန်စီးပွားရေးမြို့ တော် (JEC) တည်ဆောက်လျက်ရှိ - Property News in Myanmar from iMyanmarHouse.com
ဆော်ဒီအာရေးဗီးယားတွင် စတုရန်းမိုင် ၄၀ အကျယ်အဝန်းရှိ ဂျာဇန်စီးပွားရေးမြို့ တော် (JEC) တည်ဆောက်လျက်ရှိ - Property News in Myanmar from iMyanmarHouse.com

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ဒေါ်နယ်ထရမ့်ကို ပြန်လည်ဝန်ချတောင်းပန်လိုက်ပြီးနောက် Elon Musk ၏ ကြွယ်ဝမှု ပြန်လည်မြင့်တက်လာ
ဒေါ်နယ်ထရမ့်ကို ပြန်လည်ဝန်ချတောင်းပန်လိုက်ပြီးနောက် Elon Musk ၏ ကြွယ်ဝမှု ပြန်လည်မြင့်တက်လာ
တရုတ်နာမည်ကြီး ရက်ပ်အဆိုတော် ဘီလျံနာသူဌေး Huang Zitao (Exo အဖွဲ့သားဟောင်း) က မိန်းကလေး လစဉ်သုံးပစ္စည်း စက်ရုံတည်ထောင်ကာ
တရုတ်နာမည်ကြီး ရက်ပ်အဆိုတော် ဘီလျံနာသူဌေး Huang Zitao (Exo အဖွဲ့သားဟောင်း) က မိန်းကလေး လစဉ်သုံးပစ္စည်း စက်ရုံတည်ထောင်ကာ
တရုတ်ပြည်တွင် အမျိုးသားကြီးတစ်ဦးက သူ၏ ၅ လွှာတိုက်ခန်း ဝရန်တာ၌ ကိုယ်ပိုင်ဓာတ်လှေကားတစ်ခု တီထွင်တပ်ဆင်ခဲ့ပုံအပေါ် ပြည်မကြီ
တရုတ်ပြည်တွင် အမျိုးသားကြီးတစ်ဦးက သူ၏ ၅ လွှာတိုက်ခန်း ဝရန်တာ၌ ကိုယ်ပိုင်ဓာတ်လှေကားတစ်ခု တီထွင်တပ်ဆင်ခဲ့ပုံအပေါ် ပြည်မကြီ
မလာနီယာ ထရမ့် (ဒေါ်နယ်ထရမ့်၏ ဇနီး) ၏ ကြေးရုပ်တုကြီး အခိုးခံရမှု
မလာနီယာ ထရမ့် (ဒေါ်နယ်ထရမ့်၏ ဇနီး) ၏ ကြေးရုပ်တုကြီး အခိုးခံရမှု
ဘရာဇီးတွင် နိုင်ငံခြားသားများ လွှင့်ပစ်ခဲ့သော ပုလင်းခွံများကို ကောက်ယူစုဆောင်းကာ အိပ်ခန်း ၇ ခန်းပါ အိမ်တစ်လုံးကို ၂ နှစ်
ဘရာဇီးတွင် နိုင်ငံခြားသားများ လွှင့်ပစ်ခဲ့သော ပုလင်းခွံများကို ကောက်ယူစုဆောင်းကာ အိပ်ခန်း ၇ ခန်းပါ အိမ်တစ်လုံးကို ၂ နှစ်
ထိုင်းမှာ ဘတ် သန်း ၂၄၀ (ကန်ဒေါ်လာ ၇ ဒသမ ၄ သန်းခန့်) ထီပေါက်ခဲ့တဲ့ စပိန် ဆောက်လုပ်ရေးလုပ်သား ဘာကြောင့် အိမ်ရာမဲ့ ဖြစ်သွား
ထိုင်းမှာ ဘတ် သန်း ၂၄၀ (ကန်ဒေါ်လာ ၇ ဒသမ ၄ သန်းခန့်) ထီပေါက်ခဲ့တဲ့ စပိန် ဆောက်လုပ်ရေးလုပ်သား ဘာကြောင့် အိမ်ရာမဲ့ ဖြစ်သွား
အမေရိကန်ပြည်တွင် အမျိုးသားတစ်ဦးက အလုပ်မှထွက်လိုက်ကာ အိုစာမင်းစာ စုဆောင်းထားငွေဖြင့် ရွက်လှေငယ်တစ်စင်းဝယ်လိုက်ပြီး သူ၏ကြေ
အမေရိကန်ပြည်တွင် အမျိုးသားတစ်ဦးက အလုပ်မှထွက်လိုက်ကာ အိုစာမင်းစာ စုဆောင်းထားငွေဖြင့် ရွက်လှေငယ်တစ်စင်းဝယ်လိုက်ပြီး သူ၏ကြေ
iPhone 5 ထွက်ရှိစဉ်ကတည်းက တစ်နာရီလျှင် ၃၃ ဒေါ်လာယူကာ တန်းစီဝယ်ယူပေးခဲ့သော အမေရိကန် အမျိုးသားမှာ ယခုအခါ iPhone ဝယ်ယူလိုသူ
iPhone 5 ထွက်ရှိစဉ်ကတည်းက တစ်နာရီလျှင် ၃၃ ဒေါ်လာယူကာ တန်းစီဝယ်ယူပေးခဲ့သော အမေရိကန် အမျိုးသားမှာ ယခုအခါ iPhone ဝယ်ယူလိုသူ
ရိုးမရိပ်သာ တန်ဖိုးနည်းအိမ်ရာ အခန်းနေရာမဲနှိုက်ခြင်းကို ဇွန်လ ၂၆ ရက်မှ ၂၈ ရက်အထိ မြို့ပြနှင့်အိမ်ရာ ဖွံ့ဖြိုးရေးဦးစီးဌာန
ရိုးမရိပ်သာ တန်ဖိုးနည်းအိမ်ရာ အခန်းနေရာမဲနှိုက်ခြင်းကို ဇွန်လ ၂၆ ရက်မှ ၂၈ ရက်အထိ မြို့ပြနှင့်အိမ်ရာ ဖွံ့ဖြိုးရေးဦးစီးဌာန
ဘီလ်ဂိတ်က ဖက်ရှင်လုပ်ငန်း စတင်ထူထောင်သည့် သမီးဖြစ်သူအား တစ်ပြားတစ်ချပ်မှပင် အရင်းအနှီး ထုတ်မပေးသည့် ဖြစ်အင်
ဘီလ်ဂိတ်က ဖက်ရှင်လုပ်ငန်း စတင်ထူထောင်သည့် သမီးဖြစ်သူအား တစ်ပြားတစ်ချပ်မှပင် အရင်းအနှီး ထုတ်မပေးသည့် ဖြစ်အင်

Upcoming Property Events

From 28 Jun To 29 Jun

Magical World Apartment

From 28 Jun To 29 Jun

Pan Swal Taw Condominium

From 02 Jun To 30 Jun

Central Shophouse

From 05 Jul To 06 Jul

Mingalar Market

From 09 Jun To 09 Jul

The Vista Luxury Residence

Magical World Apartment

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service