အင်္ဂါဂြိုဟ်ပေါ်တွင် ပထမဆုံးသော မြို့ သွားရောက်တည်ဆောက်မည် - Property News in Myanmar from iMyanmarHouse.com
1569 Views

အင်္ဂါဂြိုဟ်ပေါ်တွင် ပထမဆုံးသော မြို့ သွားရောက်တည်ဆောက်မည်

အာရတ်စောဘွားများ ပြည်ထောင်စု ယူအေအီးနိုင်ငံအနေနဲ့
အင်္ဂါဂြိုဟ်ပေါ်မှာ မြို့တည်ဆောက်ဖို့ စီစဉ်လုပ်ဆောင်နေပြီလို့
သတင်းတစ်ရပ်မှာ ဖော်ပြထားပါတယ်။ ပင်လယ်ကွေ့နိုင်ငံက
အုပ်ချုပ်သူတွေအနေနဲ့ ယင်းတို့ရဲ့ နှစ် ၁၀၀ အမျိုးသားစီမံကိန်း
တစ်ခုအနေနဲ့ အင်္ဂါဂြိုဟ်ပေါ်မှာ ပထမဆုံးသော မြို့ကို သွား
ရောက်တည်ဆောက်ဖို့ စီစဉ်နေတယ်လို့ သိရပါတယ်။

ယခုလို အင်္ဂါဂြိုဟ်ပေါ်မှာ မြို့တည်ဆောက်တော့မယ်ဆိုတဲ့
အစီအစဉ်ကို ယူအေအီး အာဏာပိုင်တွေက အတည်ပြုလိုက်
တာကြောင့် လက်ရှိ နိုင်ငံတကာ အထင်ကရ ဒူဘိုင်းမြို့ကတော့
များမကြာမီ ကာလတစ်ခုမှာ ပြင်းထန်တဲ့ ယှဉ်ပြိုင်မှုတွေနဲ့
ရင်ဆိုင်ရဖို့ရှိနေတယ်လို့ လည်း ဆိုပါတယ်။

ယင်း Mars 2017 စီမံကိန်းကိုတော့ ယူအေအီး အာဏာပိုင်တွေ
က ကမ္ဘာ့အစိုးရများဆိုင်ရာ ထိပ်သီးအစည်းအဝေးတစ်ခု
ဘေးပန်းပြင်ပမှာ ပြောဆိုသွားတာလည်း ဖြစ်ပါတယ်။ ယင်း
ညီလာခံကိုတော့ နိုင်ငံခြားအစိုးရတွေ၊ နိုင်ငံတကာ အဖွဲ့
အစည်းကြီးတွေနဲ့ နိုင်ငံတကာ ဦးဆောင်နည်းပညာလုပ်ငန်းကြီး
တွေဆီက ကိုယ်စားလှယ် ၁၀၀ ကျော် ပါဝင်တက်ရောက်ခဲ့တာ
ဖြစ်ပါတယ်။

ယူအေအီးတို့ရဲ့ အမျိုးသား နှစ် ၁၀၀ စီမံကိန်းမှာတော့ လာမယ့်
ဆယ်စုနှစ်အတွင်း အင်္ဂါဂြိုဟ်ပေါ်ကို လူသားတွေပို့ဆောင်ပေးမှုပိုင်း
ကို ပိုမိုအဆင်ပြေလွယ်ကူစေမယ့် သိပ္ပံဖော်ထုတ်ချက်တွေ
အောင်မြင်နိုင်ဖို့ လေ့ကျင့်သင်ကြားမှုအစီအစဉ်တွေ ပါဝင်
နေတယ်လို့ သိရပါတယ်။

အဘူဒါဘီ အနေနဲ့ ယင်းစီမံကိန်းဖော်ဆောင်မှုပိုင်းနဲ့ပတ်သက်လို့
နိုင်ငံတကာအဖွဲ့အစည်းကြီးတွေနဲ့ သိပ္ပံအဖွဲ့အစည်းတွေကိုပါ
ခေါ်ယူငှားရမ်းလုပ်ကိုင်သွားမယ်လို့လည်း ယုံကြည်ရပါတယ်။

ယခု အစီအစဉ်အသေးစိတ်ကိုတော့ ထုတ်ဖော်ထားခြင်းမရှိသေး
ပေမယ့် မိုးမျှော်တိုက်ကြီးတွေ၊ လူလုပ် ပင်လယ်ကမ်းခြေတွေကို
တော့ မကြာမီ အင်္ဂါဂြိုဟ်ပေါ်မှာ မြင်တွေ့ရဖို့ရှိနေတယ်လို့လည်း
သိရပါတယ်။

Credit: SFJ Strategy First

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

မှတ်သားစရာ အိမ်ခြံမြေဥပဒေအမေးအဖြေ
မှတ်သားစရာ အိမ်ခြံမြေဥပဒေအမေးအဖြေ
ပလာတူးငါးမှ ရရှိသော ကျန်းမာရေးကောင်းကျိုးများ
ပလာတူးငါးမှ ရရှိသော ကျန်းမာရေးကောင်းကျိုးများ
လက်ထပ်ပြီး ၃ မိနစ်အကြာတွင် တရားရုံးထဲပြန်ဝင်ကာ ကွာရှင်းခဲ့ကြသော ကမ္ဘာ့အိမ်ထောင်သက် အတိုဆုံး စုံတွဲ
လက်ထပ်ပြီး ၃ မိနစ်အကြာတွင် တရားရုံးထဲပြန်ဝင်ကာ ကွာရှင်းခဲ့ကြသော ကမ္ဘာ့အိမ်ထောင်သက် အတိုဆုံး စုံတွဲ
အသက် ၈၂ နှစ်အရွယ် အဘွားအို တင်ပဆုံအောင့်သောကြောင့် ဆေးခန်းပြရာ ကိုယ်ဝန်ရှိနေသည်မှာ နှစ် ၄၀ ကြာ ရှိနေပြီး သန္ဓေသားမှာ ကျေ
အသက် ၈၂ နှစ်အရွယ် အဘွားအို တင်ပဆုံအောင့်သောကြောင့် ဆေးခန်းပြရာ ကိုယ်ဝန်ရှိနေသည်မှာ နှစ် ၄၀ ကြာ ရှိနေပြီး သန္ဓေသားမှာ ကျေ
ဖျော်စက်ထဲ ထည့်မဖျော်သင့်တဲ့ အစားအသောက်များ
ဖျော်စက်ထဲ ထည့်မဖျော်သင့်တဲ့ အစားအသောက်များ
စုပေါင်းပိုင်အ‌ဆောက်အအုံတွင် လိုက်နာသိရှိသင့်သည့်အချက်အလက်များ
စုပေါင်းပိုင်အ‌ဆောက်အအုံတွင် လိုက်နာသိရှိသင့်သည့်အချက်အလက်များ
ကြက်သွန်နီဖြင့် ရက်သတ္တ ၆ ပတ်အတွင်း ဆံပင်ပြန်ပေါက်စေနိုင်ကြောင်း သိပ္ပံပညာရှင်များတွေ့ရှိ
ကြက်သွန်နီဖြင့် ရက်သတ္တ ၆ ပတ်အတွင်း ဆံပင်ပြန်ပေါက်စေနိုင်ကြောင်း သိပ္ပံပညာရှင်များတွေ့ရှိ
အမေရိကန်ရှိ ပြည်နယ်ပေါင်း ၃၂ ခုတွင် ကြောက်မက်ဖွယ် အနမ်းကပ်ပါးပိုး ကူးစက်ပျံ့နှံ့နေ၊ ကပ်ရောဂါဘေးအဖြစ် ကြေညာရန် သိပ္ပံပညာရ
အမေရိကန်ရှိ ပြည်နယ်ပေါင်း ၃၂ ခုတွင် ကြောက်မက်ဖွယ် အနမ်းကပ်ပါးပိုး ကူးစက်ပျံ့နှံ့နေ၊ ကပ်ရောဂါဘေးအဖြစ် ကြေညာရန် သိပ္ပံပညာရ
ဖိလစ်ပိုင်တွင် ရေဘူးများအတွင်း အစွန်းချွတ်ဆေးထည့်ကာ မျက်နှာကြက်မီးလုံးအဖြစ် အသုံးပြုလာတဲ့အိမ် သိန်းနှင့်ချီပြီးရှိလာ၊ လျ
ဖိလစ်ပိုင်တွင် ရေဘူးများအတွင်း အစွန်းချွတ်ဆေးထည့်ကာ မျက်နှာကြက်မီးလုံးအဖြစ် အသုံးပြုလာတဲ့အိမ် သိန်းနှင့်ချီပြီးရှိလာ၊ လျ
ကနေဒါ အမျိုးသားတစ်ဦးမှာ အစွဲလန်းလွန် စိတ်ဝေဒနာ ခံစားနေရချိန် ခေါင်းကို သေနတ်ဖြင့် ပစ်ပြီး အဆုံးစီရင်ရာ ကံကောင်းစွာ မသေဆု
ကနေဒါ အမျိုးသားတစ်ဦးမှာ အစွဲလန်းလွန် စိတ်ဝေဒနာ ခံစားနေရချိန် ခေါင်းကို သေနတ်ဖြင့် ပစ်ပြီး အဆုံးစီရင်ရာ ကံကောင်းစွာ မသေဆု
Myanmar's No. 1 Car Portal
Myanmar's No. 1 C2C E-commerce Portal

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service