လူမှုစွန့်ဦးတီထွင်သူတွေအကြောင်း သိထားသင့်တဲ့အချက် ၃ ချက်... - Property Knowledge in Myanmar from iMyanmarHouse.com
1303 Views

လူမှုစွန့်ဦးတီထွင်သူတွေအကြောင်း သိထားသင့်တဲ့အချက် ၃ ချက်...

Knowledge | Posted by Zarni Kyaw

လူမှုစွန့်ဦးတီထွင်သူဆိုတာဘယ်လိုလူတွေလဲ၊ သူတို့မှာရှိတတ်တဲ့ အရည်အချင်းတွေကဘာတွေလဲ၊ သူတို့ဖြစ်ထွန်းအောင်မြင်ခဲ့တဲ့နမူနာတွေကဘာတွေလဲ???

ဒီနေ့ခေတ်မှာ လူမှုစွန့်ဦးတီထွင်သူတွေဟာ ကော်ပိုရေးရှင်းကြီးတွေကို လူမှုဝန်းကျင်အပေါ်
အကျိုးပြုနိုင်တဲ့ စီးပွားရေးလုပ်ငန်းတွေဖြစ်လာအောင် ယင်းကော်ပိုရေးရှင်းကြီးတွေရဲ့အတွင်းပိုင်းကနေ ကူညီပေးနေကြတာကို တွေ့မြင်ကြရပါလိမ့်မယ်။

ဒါကြောင့်လူမှုစွန့်ဦးတီထွင်သူဆိုတာဘယ်လိုလူတွေလဲ၊ သူတို့မှာရှိတတ်တဲ့ အရည်အချင်းတွေက
ဘာတွေလဲ၊ သူတို့ဖြစ်ထွန်းအောင်မြင်ခဲ့တဲ့နမူနာတွေကဘာတွေလဲဆိုတဲ့ အချက် ၃ ချက်ကိုဝေမျှပေးချင်ပါတယ်။

၁။ လူမှုစွန့်ဦးတီထွင်သူဆိုတာဘယ်လိုလူတွေလဲ???

လူမှုစွန့်ဦးတီထွင်သူတွေဆိုတာလူမှုဝန်းကျင်မှာကောင်းမွန်တဲ့အပြောင်းအလဲတွေဖြစ်ပေါ်လာစေဖို့
အတွက်များသောအားဖြင့်ကြီးမားတဲ့၊နိုင်ငံစုံအဖွဲ့အစည်းကြီးတွေရဲ့အတွင်းပိုင်းကနေလုပ်ကိုင်နေကြ
သူတွေဖြစ်ပါတယ်။သူတို့ဟာ စွန့်ဦးတီထွင်သူတွေမှာရှိတတ်တဲ့ ခွန်အား၊တက်ကြွမှု နဲ့ စွန့်စားရဲတဲ့
စိတ်နေစိတ်ထားတို့ကို ပိုင်ဆိုင်ထားသူတွေလည်း ဖြစ်ပြီးသူတို့ပါဝင်လုပ်ကိုင်နေတဲ့ လုပ်ငန်းတွေရဲ့
ရှိရင်းစွဲ ဖွဲ့စည်းပုံနဲ့ အထူးပြုကျွမ်းကျင်မှုတွေကို လူမှုဝန်းကျင်ရဲ့ ပြဿနာတွေကို ဖြေရှင်းပေးနိုင်အောင် အသုံးချဖို့ ကြိုးစားသူတွေပဲ ဖြစ်ပါတယ်။

၂။ လူမှုစွန့်ဦးတီထွင်သူတွေမှာတွေ့ရတတ်တဲ့အရည်အချင်းတွေက ဘာတွေလဲ လူမှုစွန့်ဦးတီထွင်
သူတွေဟာ စွန့်ဦးတီထွင်သူတွေလိုပဲ တွေးခေါ်ပါတယ်။ သူတို့ဟာ တီထွင်ဖန်တီးမှုနဲ့ ဖြေရှင်းပေးနိုင်မယ့် ပြဿနာတွေကို မြင်တတ်ကြပါတယ်။ ဒါပေမဲ့ စွန့်ဦးတီထွင်သူတွေလို ရှိပြီးသား ဖွဲ့စည်းပုံတွေရဲ့ပြင်ပ ကနေလုပ်ကိုင်သူ မဟုတ်တာကြောင့် သူတို့ရဲ့အိုင်ဒီယာတွေအတွက် အရင်းအနှီးထည့်ဝင်မယ့် သူတွေကို ရှာဖွေမနေဘဲ ထိရောက်တဲ့ အပြောင်းအလဲတွေ ဖြစ်ပေါ်ဖို့ အတွက် ရှိရင်းစွဲအရင်းအမြစ်တွေကို အသုံးချတတ်ကြပါတယ်။ နောက်ပြီးရှေးရိုးစွဲ မန်နေဂျာတွေနဲ့ အမှုဆောင်တွေလို စွန့်စားရမှာကို ရှောင်ရှားတတ်သူတွေမဟုတ်ဘဲ ကော်ပိုရေးရှင်းက ဘာတွေ လုပ်နိုင်ပြီး ဘာတွေ ရရှိလာနိုင်တယ်ဆိုတာနဲ့ပတ်သက်လို့လည်း ပိုမိုအမြင်ကျယ်တတ်ကြပါတယ်။

၃။ လူမှုစွန့်ဦးတီထွင်သူတွေဖြစ်ထွန်းအောင်မြင်ခဲ့တဲ့ နမူနာတွေကဘာတွေလဲ အထင်ရှားဆုံး
နမူနာပြစရာလူမှုစွန့်ဦးတီထွင်သူတွေကတော့ ၂၀၀၀ခုနှစ်လွန်အလယ်ပိုင်းနှစ်တွေမှာ ကင်ညာမှာ ကမ္ဘာ့အကြီးဆုံး မိုဘိုင်းလ်ပေးချေမှုစနစ်ဖြစ်ထွန်းပေါ်ပေါက်အောင်ဆောင်ရွက်နိုင်ခဲ့တဲ့ Vodafone ကုမ္ပဏီရဲ့ အမှုဆောင်တစ်ဦးဖြစ်သူ နစ်ခ်ဟုခ်ျ နဲ့ Microsoft ရဲ့ Kinect လှုပ်ရှားမှုအာရုံခံကိရိယာကို စကားမပြောနိုင်တဲ့သူတွေနဲ့ လက်ဟန်ပြ ဘာသာစကားကို နားမလည်သူတို့ အကြား ဆက်သွယ် နိုင်မယ့် ကိရိယာအဖြစ် ဖော်ဆောင်ခဲ့တဲ့ မိုက်ခရိုဆော့ဖ်ရဲ့ ပရိုဂရမ်မန်နေဂျာ Sidharth Sehgalတို့ပဲ ဖြစ်ပါတယ်။ သူတို့နှစ်ယောက်အပြင် အခြားဖြစ်ထွန်းအောင်မြင်ခဲ့တဲ့ လူမှုစွန့်ဦးတီထွင်သူတွေလည်း ယနေ့ခေတ်မှာ အများကြီးရှိနေပါသေးတယ်။

ဒီနေ့ကမ္ဘာမှာ လူမှုပတ်ဝန်းကျင်နဲ့ သဘာဝပတ်ဝန်းကျင်ဆိုင်ရာ အရေးတကြီး လိုအပ်ချက် တွေကို ဖြည့်ဆည်းပေးနိုင်ဖို့ အတွက် စိတ်အားထက်သန်ပြီး သူတို့ရဲ့ အရည်အသွေးတွေနဲ့ စွမ်းအင်တွေကို ပိုမိုကောင်းမွန်တဲ့ ကမ္ဘာတစ်ခုတည်ဆောက် ရာမှာအသုံးချနေတဲ့ မျိုးဆက်သစ်တစ်ရပ် ရှိနေပါတယ်။ ကျွန်တော်တို့ရဲ့ Chivas Regal ဟာ အဲဒီမျိုးဆက်သစ်တွေကို အဓိပ္ပာယ်ပြည့်ဝတဲ့
နည်းလမ်းတွေနဲ့ ထိတွေ့ဆက်ဆံပြီး သူတို့တွေထဲကနေ အောင်မြင်တဲ့ လူမှုကူညီရေး စွန့်ဦးတီထွင်
လုပ်ငန်းရှင်တွေ ပေါ်ထွက်လာစေဖို့အတွက် အားပေးကူညီသွားဖို့ ဆုံးဖြတ်ထားပါတယ်။

Credit:Duwun

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

အိမ်သာဆေးသမား၊ လန်ချားဆွဲသူဘဝမှ ဘီလျံနာသူဌေးကြီးဖြစ်လာခဲ့ကာ ပိုင်ဆိုင်သမျှ ယွမ် ၈ ဒသမ ၂ ဘီလီယံကို ဇနီး၊ သားသမီးများအတွက်
အိမ်သာဆေးသမား၊ လန်ချားဆွဲသူဘဝမှ ဘီလျံနာသူဌေးကြီးဖြစ်လာခဲ့ကာ ပိုင်ဆိုင်သမျှ ယွမ် ၈ ဒသမ ၂ ဘီလီယံကို ဇနီး၊ သားသမီးများအတွက်
အမေရိကန်နိုင်ငံသားတစ်ဦး တရုတ်ပြည်တွင် ၁၅ နှစ်တာ ကွန်ဖူးကျင့်ခဲ့ပြီးနောက် အမြဲအခြေချနေထိုင်ခွင့် PR ရရှိခဲ့သည့်အပြင် ဝူတန
အမေရိကန်နိုင်ငံသားတစ်ဦး တရုတ်ပြည်တွင် ၁၅ နှစ်တာ ကွန်ဖူးကျင့်ခဲ့ပြီးနောက် အမြဲအခြေချနေထိုင်ခွင့် PR ရရှိခဲ့သည့်အပြင် ဝူတန
စက်ဘီးတစ်စီးဖြင့် ဆပ်ပြာမှုန့်များ တစ်အိမ်ဝင်တစ်အိမ်ထွက် လိုက်လံရောင်းချခဲ့ရသည့်ဘဝမှ ကန်ဒေါ်လာ ၃ ဒသမ ၄ ဘီလီယံ ချမ်းသာကြွ
စက်ဘီးတစ်စီးဖြင့် ဆပ်ပြာမှုန့်များ တစ်အိမ်ဝင်တစ်အိမ်ထွက် လိုက်လံရောင်းချခဲ့ရသည့်ဘဝမှ ကန်ဒေါ်လာ ၃ ဒသမ ၄ ဘီလီယံ ချမ်းသာကြွ
ဖခင်ဖြစ်သူ၏ ၆၂ နှစ်သက်တမ်းရှိ ဘဏ်ငွေစုစာအုပ်ကို နေအိမ်မှ အမှိုက်ပုံးထဲတွင် တွေ့ရှိသော အမျိုးသားမှာ နေ့ချင်းညချင်း သန်းကြ
ဖခင်ဖြစ်သူ၏ ၆၂ နှစ်သက်တမ်းရှိ ဘဏ်ငွေစုစာအုပ်ကို နေအိမ်မှ အမှိုက်ပုံးထဲတွင် တွေ့ရှိသော အမျိုးသားမှာ နေ့ချင်းညချင်း သန်းကြ
[အချစ်မှာ စုံလုံးမကန်းကြပါနဲ့] မလေးရှား အမျိုးသမီးတစ်ဦးမှာ ခင်ပွန်းဖြစ်သူက အလုပ်လုပ်ရန် ငြင်းဆန်နေသောကြောင့် နေအိမ်နှင့်
[အချစ်မှာ စုံလုံးမကန်းကြပါနဲ့] မလေးရှား အမျိုးသမီးတစ်ဦးမှာ ခင်ပွန်းဖြစ်သူက အလုပ်လုပ်ရန် ငြင်းဆန်နေသောကြောင့် နေအိမ်နှင့်
အင်ဒိုနီးရှား အမျိုးသားတစ်ဦးက သားဖြစ်သူကို “ဆက်သွယ်ရေး၊ သတင်းအချက်အလက်နှင့် စာရင်းအင်းဌာန” ဟု ကြံကြံဖန်ဖန် နာမည်ပေးထားမှ
အင်ဒိုနီးရှား အမျိုးသားတစ်ဦးက သားဖြစ်သူကို “ဆက်သွယ်ရေး၊ သတင်းအချက်အလက်နှင့် စာရင်းအင်းဌာန” ဟု ကြံကြံဖန်ဖန် နာမည်ပေးထားမှ
နာဇီတို့ရန်မှ လွတ်မြောက်ရန်အတွက် လွန်ခဲ့သော နှစ်ပေါင်း ၅၀ ခန့်က မြေမြှုပ်သိုဝှက်ထားခဲ့သော ဒေါ်လာ သန်း ၁၀၀ ကျော် တန်ကြေးရ
နာဇီတို့ရန်မှ လွတ်မြောက်ရန်အတွက် လွန်ခဲ့သော နှစ်ပေါင်း ၅၀ ခန့်က မြေမြှုပ်သိုဝှက်ထားခဲ့သော ဒေါ်လာ သန်း ၁၀၀ ကျော် တန်ကြေးရ
တရုတ်ပြည်တွင် ဂုဏ်ထူးတန်းတက်နေသည့် တက္ကသိုလ်ကျောင်းသားတစ်ဦးက ကျောင်းထွက်ကာ အမေရိကန်ပြည်မှ PhD တန်းကိုလည်း ဆက်မတက်တော့ဘဲ
တရုတ်ပြည်တွင် ဂုဏ်ထူးတန်းတက်နေသည့် တက္ကသိုလ်ကျောင်းသားတစ်ဦးက ကျောင်းထွက်ကာ အမေရိကန်ပြည်မှ PhD တန်းကိုလည်း ဆက်မတက်တော့ဘဲ
ကင်ညာနိုင်ငံတွင် ဘယ်လ်ဂျီယံနိုင်ငံသား လူငယ် ၂ ဦးကို ပုရွက်ဆိတ်အကောင် ၅၀၀၀ ခိုးယူမှုဖြင့် ဖမ်းဆီးခဲ့မှု နာမည်ကြီးနေ၊ ပုရွ
ကင်ညာနိုင်ငံတွင် ဘယ်လ်ဂျီယံနိုင်ငံသား လူငယ် ၂ ဦးကို ပုရွက်ဆိတ်အကောင် ၅၀၀၀ ခိုးယူမှုဖြင့် ဖမ်းဆီးခဲ့မှု နာမည်ကြီးနေ၊ ပုရွ
ငလျင်လှုပ်ချိန်တွင် နေအိမ် အဆောက်အအုံများကို လေအိတ်ဖြင့် ပင့်မ ပေးထားကာ ထိခိုက်ပျက်စီးမှုမရှိစေရန် ကာကွယ်ပေးသည့် ဂျပန်နည
ငလျင်လှုပ်ချိန်တွင် နေအိမ် အဆောက်အအုံများကို လေအိတ်ဖြင့် ပင့်မ ပေးထားကာ ထိခိုက်ပျက်စီးမှုမရှိစေရန် ကာကွယ်ပေးသည့် ဂျပန်နည

Upcoming Property Events

From 10 May To 11 May

Mingalar Market

From 10 May To 11 May

Magical World Apartment

Mingalar Market
CarsDB

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service