၂၀၁၇ ခုနှစ် တွင် ရင်းနှီးမြှုပ်နှံမှုအလားအလာ ပြန်လည်ကောင်းမွန်မည်ဟု အမေရိကန် အိမ်ခြံမြေ၀န်ဆောင်မှု ကုမ္ပဏီ မျှော်မှန်း - Property News in Myanmar from iMyanmarHouse.com
727 Views

၂၀၁၇ ခုနှစ် တွင် ရင်းနှီးမြှုပ်နှံမှုအလားအလာ ပြန်လည်ကောင်းမွန်မည်ဟု အမေရိကန် အိမ်ခြံမြေ၀န်ဆောင်မှု ကုမ္ပဏီ မျှော်မှန်း

အိမ်ခြံမြေကဏ္ဍ ဖွံ့ဖြိုးရေးအတွက် အဓိကသော့ချက်ဖြစ်စေမည့် ကောင်း မွန်သော စီးပွားရေး မူဝါဒများ ချမှတ်ပေးပါက ၂၀၁၇ ခုနှစ်တွင် ရင်းနှီးမြှုပ်နှံ မှု အလားအလာ ပြန်လည်ကောင်းမွန်မည်ဟု အမေရိကန် အခြေစိုက် အိမ်ခြံမြေ ၀န်ဆောင်မှု ကုမ္ပဏီတစ်ခုသော Colliers International
က မျှော်မှန်းထားကြောင်း သိရသည်။

“မြန်မာ့အိမ်ခြံမြေ ဈေးကွက်ဆီကို ဦးတည်တဲ့ အဓိကသော့ချက်ဖြစ်တဲ့ စီးပွားရေးမူဝါဒတွေကို အစိုးရက ချမှတ်မှုနဲ့အတူ ၂၀၁၇ ခုနှစ်မှာ သာလွန်ကောင်းမွန်တဲ့ ရင်းနှီးမြှုပ်နှံမှု အလားအလာ ပြန်လည် ဦးမော့ လာပါမယ်။ ကွဲလွဲတဲ့ ရင်းနှီးမြှုပ်နှံမှု ကဏ္ဍတွေမှာ အဆက် မပြတ်ြေ ဖလျှော့ပေးမှု အထူးသဖြင့် ငွေရေးကြေးရေးနဲ့ အာမခံလုပ်ငန်း ကဏ္ဍတွေ
ကို ဖြေလျှော့ပေးမှုက ရုံးခန်းနဲ့ လူနေအိမ်ခန်းတွေအတွက် ၀ယ်လို အား တိုးတက်မှုကို အထောက်အကူ ပြုနိုင်ပါလိမ့်မယ်။ ကွန်ဒိုမီနီယမ် ရောင်းချမှု လုပ်ငန်းတွေ ထိုင်းနေပေမယ့် အိမ်ခြံမြေဈေးကွက်က ပြန်လည် တုံ့ ပြန်နိုင်စွမ်း ရှိနေဆဲဖြစ်ပြီး နိုင်ငံခြား ရင်းနှီးမြှုပ်နှံသူတွေ အ တွက် မြန်မာနိုင်ငံက ကမ္ဘာ့နိုင်ငံတွေအကြား ပြန်လည်ထင်ရှားလာတာေ ကြာင့် အာရုံစူးစိုက်လာကြကာ အမြင်သစ်နဲ့ ရှုမြင်လာကြပါမယ်”
ဟု Colliers International Myanmar မှ ဒုတိယဥက္ကဋ္ဌ Tony Picon က ပြောကြားသည်။

Colliers က ၂၀၁၇ ခုနှစ်အတွက် မြန်မာ့အိမ်ခြံမြေဈေးကွက်
ထိပ်တန်းကြိုတင်ခန့်မှန်းချက် ၁၀ ချက်ကို ထုတ်ပြန်ထားပြီး ပထမအချက်၌ ပိုမိုကောင်းမွန်သော အရည်အသွေးပြည့် ၀န်ဆောင်မှုပေးသည့် တိုက်ခန်း များ ပြီးစီးမှုနှင့်အတူ အိမ်ငှားနေထိုင်သူများသည် ပြုပြင်ထိန်းသိမ်းမှု ညံ့ဖျင်းပြီး အိုဟောင်းသော အဆောက်အအုံများမှ စတင်ထွက်ခွာ
ကြမည်ဖြစ်ပြီး အဆင့်မြင့်တိုက်ခန်းများနှင့် နှိုင်းယှဉ်လျှင် အလယ်အ လတ် ၀န်ဆောင်မှုရှိသော တိုက်ခန်းများက ပိုမို ခိုင်မာသော ၀ယ်လို အားဖြစ်လာမည်ဟု ခန့်မှန်းထားသည်။

ဒုတိယအချက်အနေဖြင့် ငွေကြေးကဏ္ဍ၏ နောက်ထပ်ဖြေလျှော့ ပေးမှုနှင့်အတူ အာမခံလုပ်ငန်း၏ နောက်ဆုံး ပွင့်လင်းလာမှုသည် ၂၀၁၇ ခုနှစ် တွင် နေထိုင်မှု အဆင့်များ မြင့်တက်လာစေရန် တွန်းအားပေးလိမ့်မည်ဖြစ် ပြီး အစိုးရသည် ရင်းနှီးမြှုပ်နှံမှု အတည်ပြုရေး လုပ်ငန်းများကို မြန်ဆန်
ချောမွေ့အောင် ဆောင်ရွက်ခြင်းဖြင့် နိုင်ငံခြားကုမ္ပဏီများ ပိုမို ၀င်ရောက်ရန် အထောက်အကူ ပြုနိုင်မည် ဖြစ်သည်ဟု သုံးသပ်ထားသည်။

တတိယအချက် အနေဖြင့် ဈေးကွက်လိုအပ်ချက်အရ ဟိုတယ်ပိုင်ရှင် များနှင့် အလယ်အလတ်အလွှာ နိုင်ငံခြား လုပ်ငန်းရှင်များအကြား ပိုမိုစေ့စပ်ညှိနှိုင်းမှု များ ရှိလာမည်ဖြစ်ပြီး အထက်တန်းအဆင့် စီမံကိန်းများနှင့်အတူ ဒေသ
ဖွံ့ဖြိုး တိုးတက်အောင် ဆောင်ရွက်သော ကုမ္ပဏီများကြောင့် နိုင်ငံခြား အလယ်အလတ်တန်းစား ဟိုတယ်အမှတ်တံဆိပ်များ ၀င်ရောက်နိုင်ရန် လမ်းခင်းပေးနိုင်မည်ဟု မျှော်မှန်းထားသည်။

စတုတ္ထအချက်တွင် လူနေကွန်ဒိုမီနီယံ ကဏ္ဍတွင် အားနည်းသော အကောင်အထည်ဖော်မှု ဆက်လက် တည်ရှိနေမည်ဖြစ်ပြီး နာလန်ထူမည့် လက္ခဏာများသည် အလယ်အလတ် နှင့် အထက်လုပ်ငန်းများ တွင် ပေါ်ပေါက် ဖွယ်ရှိသော်လည်း ရောင်းချမှုအပိုင်းတွင် အားနည်းချက် ရှိနေသည်။ မြေယာဈေးနှုန်းများကလည်း ယေဘုယျအားဖြင့် မြင့်တက်ဆဲဖြစ်ပြီး အလားအလာရှိသော စီမံကိန်းများအား အကျိုးမဲ့စေမည်ဟု ခန့်မှန်းထား သည်။

ပဉ္စမအချက် အနေဖြင့် စစ်မှန်သော အိမ်ရာဝယ်လိုအားကို အားပေးရန် အပေါင်စာချုပ်ဖြင့် ချေးငွေအစီအစဉ်များ ရေးဆွဲရန် ဘဏ်များက ကြိုးပမ်း အားထုတ် လာကြသော်လည်း မြင့်မားသော အတိုးနှုန်း အခြေအနေနှင့် အတူ ကနဦးတွင် ဖောက်သည်၏ စိတ်ဝင်စားမှုအားနည်းပုံ
ပေါ်နိုင်မည်ဟု ၎င်းတို့က ယူဆထားသည်။

ဆဋ္ဌမအချက်တွင် မြန်မာနိုင်ငံ၏ လုပ်အားခ ကုန်ကျစရိတ် သက်သာ မှုနှင့် ဆွဲဆောင်မှုရှိသော လူဦးရေဆိုင်ရာ အခြေခံ အကြောင်းတရားများ သည် နိုင်ငံခြား ကုမ္ပဏီများအား ထပ်မံဆွဲဆောင်နိုင်မည်ဖြစ်ပြီး ပိုမိုမျာြး ပားသော ကုန်ထုတ်လုပ်ငန်းများ၊ သိုလှောင်ရုံများနှင့် ထောက်ပံ့ပို့ဆောင်ရေး
အထောက်အကူများ လိုအပ်လာမည် ဖြစ်သော်လည်း မြင့် မားသော စက်မှုလုပ်ငန်းဆိုင်ရာနှုန်းထားများ သို့မဟုတ် ကောင်းမွန်သော အရည် အသွေး မရှိသည့် အထောက်အကူများက စိန်ခေါ်မှုတစ်ရပ် အဖြစ် ပေါ်ထွက်လာနိုင်သည်ဟု ခန့်မှန်းထားသည်။

န၀မအချက် အနေဖြင့် သုံးစွဲနိုင်သော ၀င်ငွေများ မြင့်တက်
လာခြင်းကြောင့် ပြည်တွင်းခရီးသွားလုပ်ငန်း ပိုမိုတိုးတက်
လာပြီး ခရီးသွားဒေသများဖြစ်သော ငပလီ၊ ငွေဆောင်၊ ပုဂံ၊
အင်းလေးကဲ့သို့ ဒေသများရှိ စီမံကိန်းများ ပိုမိုအကျိုးကျေးဇူး
ဖြစ်ထွန်းစေမည်ဖြစ်ပြီး စီမံကိန်းတိုးချဲ့မှုများအပြင်
အပန်းဖြေစခန်း ဆောင်ရွက်မှုများကို မိုးရာသီအတွင်းပင်
တိုးချဲ့ဖွယ်ရှိနေသည်ဟု မျှော်မှန်းထားသည်။

ဒသမအချက် အနေဖြင့် အစိုးရ စီးပွားရေးမူဝါဒများအား
ခိုင်မာတောင့်တင်းအောင် ဆောင်ရွက်နိုင်ပါက ကြည်လင်
တောက်ပသော ရင်းနှီးမြှုပ်နှံမှု အခြေအနေသည်
၂၀၁၇ ခုနှစ်တွင် ပြန်လည်ဦးမော့လာမည် ဖြစ်သည်။

အကျိုးအမြတ်များ ဖြစ်ထွန်းလာမည်ဖြစ်ပြီး မြန်မာနိုင်ငံ
အနေဖြင့် ကမ္ဘာ့နိုင်ငံများအကြား ပြန်လည်ထင်ရှားလာမည်
ဖြစ်ကာ ရင်းနှီးမြှုပ်နှံသူများက မြန်မာနိုင်ငံအား အမြင်သစ်
ဖြင့် ကြည့်လာကြလိမ့်မည်ဟု Colliers International က
ထင်မြင်သုံး သပ်ထားသည်။

Credit: Irrawaddy

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

တရုတ်ပြည်တွင် ခင်ပွန်းဖြစ်သူက ဦးနှောက်သေရောဂါအခြေအနေခံစားနေရသော ဇနီးဖြစ်သူကို နေ့စဉ် သီချင်းဆိုပြ၊ ကပြခဲ့ရာ နောက်ဆုံးတွင
တရုတ်ပြည်တွင် ခင်ပွန်းဖြစ်သူက ဦးနှောက်သေရောဂါအခြေအနေခံစားနေရသော ဇနီးဖြစ်သူကို နေ့စဉ် သီချင်းဆိုပြ၊ ကပြခဲ့ရာ နောက်ဆုံးတွင
ဂျပန်အလုပ်သမားတစ်ဦးက တစ်ရက်လျှင် ၁၈ နာရီခန့် ရုန်းကန်လှုပ်ရှားရသည့် သူ၏ဘဝကို လူမှုကွန်ရက်တွင် ဗွီဒီယိုဖိုင်တင်ခဲ့ပုံ ဂယက
ဂျပန်အလုပ်သမားတစ်ဦးက တစ်ရက်လျှင် ၁၈ နာရီခန့် ရုန်းကန်လှုပ်ရှားရသည့် သူ၏ဘဝကို လူမှုကွန်ရက်တွင် ဗွီဒီယိုဖိုင်တင်ခဲ့ပုံ ဂယက
ဂျက်ဘေးဇော့စ်က နယူးယောက်မြို့လယ်ရှိ သူ၏ ဒေါ်လာသန်း ၁၀၀ ကျော်တန် Penthouse ခန်းသို့ ကရိန်းဖြင့် ပရိဘောဂများ တင်ရန်အတွက် လ
ဂျက်ဘေးဇော့စ်က နယူးယောက်မြို့လယ်ရှိ သူ၏ ဒေါ်လာသန်း ၁၀၀ ကျော်တန် Penthouse ခန်းသို့ ကရိန်းဖြင့် ပရိဘောဂများ တင်ရန်အတွက် လ
ပြင်သစ်တွင် နေအိမ်တစ်ခု၏ နံရံထဲ၌ လျှို့ဝှက်သိမ်းဆည်းထားသော ရွှေဒင်္ဂါးပြားများ ရှာဖွေတွေ့ခဲ့ပြီး လေလံတင်ရောင်းချရာတွင် ဒ
ပြင်သစ်တွင် နေအိမ်တစ်ခု၏ နံရံထဲ၌ လျှို့ဝှက်သိမ်းဆည်းထားသော ရွှေဒင်္ဂါးပြားများ ရှာဖွေတွေ့ခဲ့ပြီး လေလံတင်ရောင်းချရာတွင် ဒ
[အဓိပ္ပာယ်ရှိသောလူ] မလေးရှားတွင် အမျိုးသားတစ်ဦးမှာ ပိုက်ဆံအိတ်ထဲမှ မသုံးဖြစ်ဘဲရှိနေသော ရင်းဂစ် ၅၀ တန်တွင် ပါသည့် နံပါတ်ဖ
[အဓိပ္ပာယ်ရှိသောလူ] မလေးရှားတွင် အမျိုးသားတစ်ဦးမှာ ပိုက်ဆံအိတ်ထဲမှ မသုံးဖြစ်ဘဲရှိနေသော ရင်းဂစ် ၅၀ တန်တွင် ပါသည့် နံပါတ်ဖ
ထိုင်းတွင် လမ်းမအလယ်သို့ ကားတစ်စင်းပေါ်မှ ခေါင်းတလားကြီးတစ်ခု ပြုတ်ကျခဲ့ပုံ ဗွီဒီယိုဖိုင် TikTok တွင် ဂယက်ရိုက်ခဲ့၊ အခေါ
ထိုင်းတွင် လမ်းမအလယ်သို့ ကားတစ်စင်းပေါ်မှ ခေါင်းတလားကြီးတစ်ခု ပြုတ်ကျခဲ့ပုံ ဗွီဒီယိုဖိုင် TikTok တွင် ဂယက်ရိုက်ခဲ့၊ အခေါ
[မိဘဟူသည်..] စင်္ကာပူတွင် ဖခင်ကြီးက သမီးဖြစ်သူ မျှော်လင့်အိပ်မက်နေသော လုပ်ငန်း လုပ်ဆောင်နိုင်ရေးအတွက် မိမိ၏ ကုမ္ပဏီကို ရ
[မိဘဟူသည်..] စင်္ကာပူတွင် ဖခင်ကြီးက သမီးဖြစ်သူ မျှော်လင့်အိပ်မက်နေသော လုပ်ငန်း လုပ်ဆောင်နိုင်ရေးအတွက် မိမိ၏ ကုမ္ပဏီကို ရ
အိမ်ရာစုဆောင်းငွေ သိန်း (၃၀) အထက် စုဆောင်းပြီးသူများအနေဖြင့် မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေး ဦးစီးဌာန၏ သတ်မှတ်ချက်များနှင
အိမ်ရာစုဆောင်းငွေ သိန်း (၃၀) အထက် စုဆောင်းပြီးသူများအနေဖြင့် မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေး ဦးစီးဌာန၏ သတ်မှတ်ချက်များနှင
[လွယ်မယ်ထင်လို့လား ] ဘာမှ မလုပ်ဘဲ မိနစ် ၉၀ ငြိမ်ငြိမ်လေး ထိုင်နေရတဲ့ တောင်ကိုရီးယားက ပြိုင်ပွဲ အင်စတာဂရမ်တွင် နာမည်ကြီးန
[လွယ်မယ်ထင်လို့လား ] ဘာမှ မလုပ်ဘဲ မိနစ် ၉၀ ငြိမ်ငြိမ်လေး ထိုင်နေရတဲ့ တောင်ကိုရီးယားက ပြိုင်ပွဲ အင်စတာဂရမ်တွင် နာမည်ကြီးန
စင်္ကာပူအစိုးရက နိုင်ငံပိုင် မြေကွက်ကို မလေးရှားဘုရင်၏ သားတော်ပိုင်ဆိုင်သော မြေကွက် (စင်္ကာပူ ရုက္ခဗေဒဥယျာဉ်အနီးရှိ) နှင
စင်္ကာပူအစိုးရက နိုင်ငံပိုင် မြေကွက်ကို မလေးရှားဘုရင်၏ သားတော်ပိုင်ဆိုင်သော မြေကွက် (စင်္ကာပူ ရုက္ခဗေဒဥယျာဉ်အနီးရှိ) နှင

Upcoming Property Events

From 28 Jun To 29 Jun

Magical World Apartment

From 28 Jun To 29 Jun

Pan Swal Taw Condominium

From 02 Jun To 30 Jun

Central Shophouse

From 05 Jul To 06 Jul

Mingalar Market

From 09 Jun To 09 Jul

The Vista Luxury Residence

Pan Swal Taw Condominium

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service