မြိတ်ကျွန်းစုဒေသကို Marine Tourism ဒေသအဖြစ် ဆောင်ရွက်လျက်ရှိ - Property News in Myanmar from iMyanmarHouse.com
1122 Views

မြိတ်ကျွန်းစုဒေသကို Marine Tourism ဒေသအဖြစ် ဆောင်ရွက်လျက်ရှိ

မြန်မာနိုင်ငံတောင်ပိုင်းရှိ မြိတ်ကျွန်းစုဒေသကို Marine Tourism ဒေသအဖြစ် အစိုးရအဖွဲ့အစည်းများ၊ NGO များ၊ မိတ်ဖက်အဖွဲ့အစည်းများ ပူးပေါင်းအကောင်အထည် ဖော် ဆောင်ရွက်လျှက်ရှိကြောင်း ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးအုန်းမောင်က Myanmar International Travel Mart 2017 တွင် ပြောကြားခဲ့သည်။

မြိတ်ကျွန်းစုဒေသတွင် အချို့ ပြည်တွင်းအဖွဲ့အစည်းများနှင့် NGO များက နိုင်ငံခြားသား ခရီးသွားများအတွက် ဈေးနှုန်းချိုသာစွာ လည်ပတ်သွားလာနိုင်ရန် ဆောင်ရွက်နေကြကြောင်း၊ အမှန် မှာ ထိုသို့ ပြုလုပ်ရန် မလိုအပ်ကြောင်း၊ မြန်မာနိုင်ငံသည် ကမ္ဘာ့ခရီးသွားကဏ္ဍတွင် ကောင်းမွန်စွာ စတင်ဖွံ့ဖြိုးလာစပြုသည့် နိုင်ငံဖြစ်ပါကြောင်း၊ ထိုက်သင့်သော
ဈေးနှုန်းရယူ၍ အရည်အသွေး ကောင်း ရန်နှင့် ဦးတည်ချက်မပျောက်အောင် ထိန်းထိန်းသိမ်းသိမ်း ဆောင်ရွက်ကြရန်သာ လိုပါကြောင်း၊ ခရီး သွားကုမ္ပဏီများမှလည်း ကိုယ်ကျိုးအတွက်သာမက အများအကျိုးအတွက်ပါ ဆောင်ရွက်ကြစေလို ကြောင်း၊ နယ်စွန်နယ်ဖျားရှိ ခရီးစဉ်များဖော်ထုတ်၍ ဒေသခံများ၏ လူနေမှုဘ၀ မြှင့်တင်အောင် လုပ် ပေးခြင်းဖြင့်လူနေမှုပုံစံကလည်း မြင့်တက်လာမှာဖြစ်ပါကြောင်း၊
မြန်မာနိုင်ငံ၏ ခရီးသွားလုပ်ငန်းစဉ် ဆက်မပြတ် တိုးတက်စေရေးအတွက် ၀န်ကြီးဌာနတစ်ခုတည်းဖြင့် လုံးဝလုပ်ဆောင်၍ မရပါကြောင်း ၊ ခရီးသွားလုပ်ငန်းရှင်များ ၊ ဟိုတယ် လုပ်ငန်းရှင်များ ပါဝင်ကူညီဖို့ လိုပါကြောင်း ၊ Outbound Tourism အတွက် ခရီးသွားကုမ္ပဏီ (၄၁၀) အား လိုင်စင်ထုတ်ပေးခဲ့ပြီးဖြစ်ပါကြောင်း ၊ ၄င်းကုမ္ပဏီများမှလည်း ပြည်ပကုမ္ပဏီများအား သွားရောက် လေ့လာ၍ အားသာချက်များအား အတုယူဆောင်ရွက်ကြစေလို ကြောင်း ၊ နိဂုံးချုပ်အနေဖြင့်ဟိုတယ် နှင့်ခရီးသွားလာရေးဝန်ကြီးဌာနနှင့် မြန်မာနိုင်ငံခရီးသွားလုပ်ငန်း အဖွဲ့ချုပ် ဦးဆောင်သော ညီနောင်အသင်း အဖွဲ့များ ၊ မိတ်ဖက်အဖွဲ့အစည်းများ ပူးပေါင်း၍ ဆေင်ရွက် လျှက်ရှိရာ ကမ္ဘာ့အသိအမှတ်ပြုများလည်း ရရှိထားပါကြောင်း ၊ ၀န်ကြီးဌာနမှ ချမှတ်ထားသော စည်းကမ်းများအတိုင်း လိုက်နာပြီး ကိုယ်ချင်းစာတရား ၊ မေတ္တာတရားတို့ဖြင့် လုပ်ဆောင်ကြရန် လိုကြောင်း ၊ စုပေါင်း၍ ညီညီညွတ်ညွတ် ဆောင်ရွက်ကြရန် လိုကြောင်း ပြောကြားသွားပါသည်။

Credit: Xinhua

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

တရုတ်ပြည်တွင် အမျိုးသားတစ်ဦးက အလုပ်နှင့် အိမ်ထောင်ရေးမှာ အဓိပ္ပာယ်မရှိဟု ယူဆကာ ယွမ် ၁၀၀၀၀ (ဒေါ်လာ ၁၄၀၀) ရသောအလုပ်မှ နှုတ
တရုတ်ပြည်တွင် အမျိုးသားတစ်ဦးက အလုပ်နှင့် အိမ်ထောင်ရေးမှာ အဓိပ္ပာယ်မရှိဟု ယူဆကာ ယွမ် ၁၀၀၀၀ (ဒေါ်လာ ၁၄၀၀) ရသောအလုပ်မှ နှုတ
ထိုင်းမှာ ခွေး ၆ ကောင်အုပ်နဲ့အတူ ကြီးပြင်းလူလားမြောက်လာတဲ့ ၈ နှစ်သားလေး၊ စကားမပြောတတ်ဘဲ ခွေးလိုပဲဟောင်တတ်
ထိုင်းမှာ ခွေး ၆ ကောင်အုပ်နဲ့အတူ ကြီးပြင်းလူလားမြောက်လာတဲ့ ၈ နှစ်သားလေး၊ စကားမပြောတတ်ဘဲ ခွေးလိုပဲဟောင်တတ်
သိုင်းလောကရဲ့ စိန်ခေါ်သံတွင် လင့်ဟူးချုန်းအဖြစ် သရုပ်ဆောင်ကာ နာမည်ကြီးခဲ့သူ ရုပ်ရှင်မင်းသား လီယဖန်က အကြွေးပိကာ စီးပွားရေ
သိုင်းလောကရဲ့ စိန်ခေါ်သံတွင် လင့်ဟူးချုန်းအဖြစ် သရုပ်ဆောင်ကာ နာမည်ကြီးခဲ့သူ ရုပ်ရှင်မင်းသား လီယဖန်က အကြွေးပိကာ စီးပွားရေ
ချောင်ယွန်ဖတ်က ဟောင်ကောင်ရှိ ဒေါ်လာ သန်း ၂၂၀ တန် သူ၏ စံအိမ်ကြီးကို ရောင်းထုတ်နေရာ ရောင်းမထွက်သောကြောင့် ဈေးလျှော့ပေးလာ
ချောင်ယွန်ဖတ်က ဟောင်ကောင်ရှိ ဒေါ်လာ သန်း ၂၂၀ တန် သူ၏ စံအိမ်ကြီးကို ရောင်းထုတ်နေရာ ရောင်းမထွက်သောကြောင့် ဈေးလျှော့ပေးလာ
စင်္ကာပူတွင် လာမည့် သြဂုတ်လ၌ ဝင်ငွေနည်းပါးသော အသက် ၂၁ နှစ်အထက် အရွယ်ရောက်ပြီးသူများကို ဒေါ်လာ ၈၅၀ ထောက်ပံ့ရန်စီစဉ်
စင်္ကာပူတွင် လာမည့် သြဂုတ်လ၌ ဝင်ငွေနည်းပါးသော အသက် ၂၁ နှစ်အထက် အရွယ်ရောက်ပြီးသူများကို ဒေါ်လာ ၈၅၀ ထောက်ပံ့ရန်စီစဉ်
ပျားရည်ကို ကျန်းမာရေးအတွက် အသုံးပြုနည်း (၂၄) မျိုး
ပျားရည်ကို ကျန်းမာရေးအတွက် အသုံးပြုနည်း (၂၄) မျိုး
ကလေးဘဝက မြိုချမိခဲ့တဲ့ သွားတိုက်တံကို ၅၂ နှစ်ကြာမှ ဗိုက်ထဲမှာရှိနေတာ သိရတဲ့အဖြစ်
ကလေးဘဝက မြိုချမိခဲ့တဲ့ သွားတိုက်တံကို ၅၂ နှစ်ကြာမှ ဗိုက်ထဲမှာရှိနေတာ သိရတဲ့အဖြစ်
ကြေးနီနဲ့ ပြုလုပ်ထားတဲ့ ရေဘူးကို သုံးခြင်းရဲ့ ကောင်းကျိုးများ
ကြေးနီနဲ့ ပြုလုပ်ထားတဲ့ ရေဘူးကို သုံးခြင်းရဲ့ ကောင်းကျိုးများ
သိုင်းလောကရဲ့ စိန်ခေါ်သံတွင် လင့်ဟူးချုန်းအဖြစ် သရုပ်ဆောင်ကာ နာမည်ကြီးခဲ့သူ ရုပ်ရှင်မင်းသား လီယဖန်နှင့် ဇနီးတို့ စီးပွား
သိုင်းလောကရဲ့ စိန်ခေါ်သံတွင် လင့်ဟူးချုန်းအဖြစ် သရုပ်ဆောင်ကာ နာမည်ကြီးခဲ့သူ ရုပ်ရှင်မင်းသား လီယဖန်နှင့် ဇနီးတို့ စီးပွား
ထိုင်းတွင် တောနက်ထဲ၌ ဒဏ္ဍာရီလာ မီးကျား (သို့မဟုတ်) ကြောင်မင်းတစ်ကောင် ရှာဖွေတွေ့ရှိ
ထိုင်းတွင် တောနက်ထဲ၌ ဒဏ္ဍာရီလာ မီးကျား (သို့မဟုတ်) ကြောင်မင်းတစ်ကောင် ရှာဖွေတွေ့ရှိ

Upcoming Property Events

From 08 Jul To 08 Aug

Central Shophouse

From 09 Aug To 10 Aug

THADAR CONDOMINIUM

From 09 Aug To 10 Aug

Mingalar Market

THADAR CONDOMINIUM

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service