Landmark Development စီမံကိန်းအတွက် ဘတ်ဂျက်လိုအပ်မှုရှိလာလျှင် FMI က ရှယ်ယာသစ်ထုတ်ရောင်းသွားမည် - Property News in Myanmar from iMyanmarHouse.com
1182 Views

Landmark Development စီမံကိန်းအတွက် ဘတ်ဂျက်လိုအပ်မှုရှိလာလျှင် FMI က ရှယ်ယာသစ်ထုတ်ရောင်းသွားမည်

ရန်ကုန်မြို့ ဗိုလ်ချုပ်အောင်ဆန်းလမ်းနှင့် ဆူးလေဘုရားလမ်းထောင့်ရှိ သမိုင်းဝင် မြန်မာ့မီးရထားရုံးချုပ်ဟောင်း နေရာတွင် အမေရိကန်ဒေါ်လာသန်း ၆၀၀ ကျော် ရင်းနှီးမြှုပ်နှံသွားမည့် Landmark Development တည်ဆောက်ရေး စီမံကိန်းအတွက် ဘတ်ဂျက်လိုအပ်မှုရှိလာပါက ရှယ်ယာသစ်ထုတ်ရောင်းသွားမည်ဖြစ် ကြောင်း First Myanmar Investment (FMI) ကုမ္ပဏီမှ သိရသည်။

ရန်ကုန်စတော့အိပ်ချိန်း(YSX)တွင် ရှယ်ယာအရောင်းအ၀ယ်ပြုလုပ်လျက်ရှိသည့် FMI ကုမ္ပဏီက ရှယ်ယာသစ်ထုတ်ရောင်းရန် အစီအစဉ်ရှိကြောင်း YSX ၌ ဖေဖော်ဝါ၇ီ ၄ ရက်က ကျင်းပသော ရင်းနှီး မြှုပ်နှံမှုဆိုင်ရာ ဆွေးနွေးပွဲအပြီးတွင် (FMI) ကုမ္ပဏီဥက္ကဋ္ဌဦးသိမ်းဝေက ပြောကြားခြင်း ဖြစ်သည်။

" ရှယ်ယာထုတ် ရောင်းရမယ်ဆိုတာကတော့ လိုအပ်မယ်ဆိုတာကို ပြောတဲ့သဘောဖြစ်ပါတယ်။ ဘယ်တော့လိုမယ်၊ အစုဘယ်လောက် ရောင်းမယ်၊ ဘယ်လောက်နှုန်းနဲ့ရောင်းမယ်။ အဲဒါတွေ အကုန်လုံးက မဆုံးဖြတ်ရသေးဘူး''ဟု ၎င်းက ပြောသည်။

Landmark Development စီမံကိန်းများအတွက် ဇန်န၀ါရီ ၁၃ ရက်တွင် မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင်မှ ခွင့်ပြုမိန့်ရရှိခဲ့ပြီး စီမံကိန်းပန္နက်တင်အခမ်းအနားကို ဖေဖော်ဝါရီလလယ်တွင် ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။ ယင်းစီမံကိန်းတွင် Peninsula အမှတ်တံဆိပ် အဆင့်မြင့် ဇိမ်ခံလူနေအိမ်များ၊ ရုံး အဆောက်အဦတာဝါနှစ်လုံး၊ ဟိုတယ်တလုံး၊ ၀န်ဆောင်မှုပါရှိသော လူနေအိမ်ခန်းများ ပါဝင်သည့် စုပေါင်းအိမ်ရာတည်ဆောက်ရေးစီမံကိန်းတို့ပါဝင်ပြီး ယင်းအဆောက်အဦများကို ဈေးဝယ်စင်တာများဖြင့် ချိတ်ဆက်ထားမည်ဖြစ်သည်။ ထို့ပြင် မြန်မာ့မီးရထားရုံးချုပ်ဟောင်းကိုလည်း Yangon Peninsula Hotel အဖြစ် ရှေးမူမပျက် ပြုပြင်တည်ဆောက်သွားမည်ဖြစ်ကြောင်း သိရသည်။

Landmark Development တည် ဆောက်ရေးစီမံကိန်း၏ခန့်မှန်းကြမ်းပြင်ဧရိယာမှာ စုစုပေါင်းစတုရန်းပေ ၂ ဒသမ ၄၄ သန်းခန့်ရှိပြီး ၁၀ ဧက အကျယ်အ၀န်းတွင် စီမံကိန်းကိုအကောင်အထည်ဖော်မည်ဖြစ်သည်။ ၉ ဒသမ ၅ ဧက အကျယ်အ၀န်းကို ဟိုတယ်အတွက်နှင့်ကျန်သည့်အပိုင်းများကို စီးပွားရေးလုပ်ငန်းများအတွက်ဟူ၍ လျာထားပြီး
တည်ဆောက်ရေးစီမံကိန်းကို ၂၀၂၀ ပြည့်နှစ်တွင် အပြီးတည်ဆောက်သွားမည်ဖြစ်ကြောင်း သိရသည်။

Landmark Development စီမံကိန်းတွင် FMI မှ ၁၂ ရာခိုင်နှုန်း၊ Yoma Strategic မှ ၄၈ ရာခိုင်နှုန်း၊ မစ်ဆူဘီရှီ ကော်ပိုရေးရှင်းမှ ၃၀ ရာခိုင်နှုန်း၊ The International Finance Corporation (IFC) မှ ၅ ရာခိုင်နှုန်းနှင့် အာရှဖွံ့ဖြိုးရေးဘဏ်(ADB)မှ ၅ ရာခိုင်နှုန်းဖြင့် ပူးပေါင်းဆောင်ရွက်ထားခြင်းဖြစ်ပြီး Peninsula Yangon ဟိုတယ် စီမံကိန်းကို FMI မှ ၆ ရာခိုင်နှုန်း၊ Yoma Strategic မှ ၂၄ ရာခိုင်နှုန်း၊ Hongkong and Shanghai Hotels Limited မှ ၇၀ ရာခိုင်နှုန်းဖြင့် ပူးပေါင်းဆောင်ရွက်ထားခြင်းဖြစ်ကြောင်း သိရသည်။

Credit: News Watch

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

အိန္ဒိယတွင် အမျိုးသားတစ်ဦး၏ ဘဏ်စာရင်းထဲသို့ ရူပီးငွေ ၁၀၀,၁၃၅,၆၀၀,၀၀၀,၁၃၉, ၅၄၂,၁၀၀,၂၃၅, ၆၀၀,၀၀၀,၁၃၉, ၅၄၂ ရုတ်တရက် ငွေဝင်လ
အိန္ဒိယတွင် အမျိုးသားတစ်ဦး၏ ဘဏ်စာရင်းထဲသို့ ရူပီးငွေ ၁၀၀,၁၃၅,၆၀၀,၀၀၀,၁၃၉, ၅၄၂,၁၀၀,၂၃၅, ၆၀၀,၀၀၀,၁၃၉, ၅၄၂ ရုတ်တရက် ငွေဝင်လ
အိမ်ရာစုဆောင်းငွေ သိန်း (၃၀) အထက် စုဆောင်းပြီးသူများအနေဖြင့် မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေး ဦးစီးဌာန၏ သတ်မှတ်ချက်များနှင
အိမ်ရာစုဆောင်းငွေ သိန်း (၃၀) အထက် စုဆောင်းပြီးသူများအနေဖြင့် မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေး ဦးစီးဌာန၏ သတ်မှတ်ချက်များနှင
တရုတ်နာမည်ကြီး ရက်ပ်အဆိုတော် ဘီလျံနာသူဌေး Huang Zitao (Exo အဖွဲ့သားဟောင်း) က မိန်းကလေး လစဉ်သုံးပစ္စည်း စက်ရုံတည်ထောင်ကာ
တရုတ်နာမည်ကြီး ရက်ပ်အဆိုတော် ဘီလျံနာသူဌေး Huang Zitao (Exo အဖွဲ့သားဟောင်း) က မိန်းကလေး လစဉ်သုံးပစ္စည်း စက်ရုံတည်ထောင်ကာ
ဘရာဇီးတွင် နိုင်ငံခြားသားများ လွှင့်ပစ်ခဲ့သော ပုလင်းခွံများကို ကောက်ယူစုဆောင်းကာ အိပ်ခန်း ၇ ခန်းပါ အိမ်တစ်လုံးကို ၂ နှစ်
ဘရာဇီးတွင် နိုင်ငံခြားသားများ လွှင့်ပစ်ခဲ့သော ပုလင်းခွံများကို ကောက်ယူစုဆောင်းကာ အိပ်ခန်း ၇ ခန်းပါ အိမ်တစ်လုံးကို ၂ နှစ်
ဘောလိဝုဒ်ကို ရုပ်ရှင်တစ်ကားတည်းဖြင့် ထာဝရ သိမ်းပိုက်ထားသူ ရုပ်ရှင်မင်းသား မီသွန်း၏ မွမ်ဘိုင်းစံအိမ်
ဘောလိဝုဒ်ကို ရုပ်ရှင်တစ်ကားတည်းဖြင့် ထာဝရ သိမ်းပိုက်ထားသူ ရုပ်ရှင်မင်းသား မီသွန်း၏ မွမ်ဘိုင်းစံအိမ်
ရိုးမရိပ်သာ တန်ဖိုးနည်းအိမ်ရာ အခန်းနေရာမဲနှိုက်ခြင်းကို ဇွန်လ ၂၆ ရက်မှ ၂၈ ရက်အထိ မြို့ပြနှင့်အိမ်ရာ ဖွံ့ဖြိုးရေးဦးစီးဌာန
ရိုးမရိပ်သာ တန်ဖိုးနည်းအိမ်ရာ အခန်းနေရာမဲနှိုက်ခြင်းကို ဇွန်လ ၂၆ ရက်မှ ၂၈ ရက်အထိ မြို့ပြနှင့်အိမ်ရာ ဖွံ့ဖြိုးရေးဦးစီးဌာန
Telegram တည်ထောင်သူ ဘီလျံနာသူဌေးက ၎င်းကြွယ်ဝသော ကန်ဒေါ်လာ ၁၄ ဘီလီယံကို သားသမီး ၁၀၆ ဦးအား အမွေပေးမည်ဖြစ်ကြောင်း ထုတ်ဖော်ပ
Telegram တည်ထောင်သူ ဘီလျံနာသူဌေးက ၎င်းကြွယ်ဝသော ကန်ဒေါ်လာ ၁၄ ဘီလီယံကို သားသမီး ၁၀၆ ဦးအား အမွေပေးမည်ဖြစ်ကြောင်း ထုတ်ဖော်ပ
အမေရိကန်တွင် ဘီလျံနာသူဌေးကြီးက စိတ်ကူးအိပ်မက်ထားသည့် စံအိမ်ကြီးဆောက်လုပ်ရန် ဖလော်ရီဒါမှ ဒေါ်လာ ၅၅ ဒသမ ၅ သန်း တန်ကြေးရှိ
အမေရိကန်တွင် ဘီလျံနာသူဌေးကြီးက စိတ်ကူးအိပ်မက်ထားသည့် စံအိမ်ကြီးဆောက်လုပ်ရန် ဖလော်ရီဒါမှ ဒေါ်လာ ၅၅ ဒသမ ၅ သန်း တန်ကြေးရှိ
သြစတေးလျတွင် အမျိုးသားတစ်ဦးက ၇ နှစ်ကြာအချိန်ယူကာ ဘူးခွံ၊ ပုလင်းခွံပေါင်း ၄၅၀,၀၀၀ ကောက်ယူစုဆောင်းခဲ့ကာ ရောင်းရငွေဖြင့် အိ
သြစတေးလျတွင် အမျိုးသားတစ်ဦးက ၇ နှစ်ကြာအချိန်ယူကာ ဘူးခွံ၊ ပုလင်းခွံပေါင်း ၄၅၀,၀၀၀ ကောက်ယူစုဆောင်းခဲ့ကာ ရောင်းရငွေဖြင့် အိ
တရုတ်ပြည်တွင် အမျိုးသားကြီးတစ်ဦးက သူ၏ ၅ လွှာတိုက်ခန်း ဝရန်တာ၌ ကိုယ်ပိုင်ဓာတ်လှေကားတစ်ခု တီထွင်တပ်ဆင်ခဲ့ပုံအပေါ် ပြည်မကြီ
တရုတ်ပြည်တွင် အမျိုးသားကြီးတစ်ဦးက သူ၏ ၅ လွှာတိုက်ခန်း ဝရန်တာ၌ ကိုယ်ပိုင်ဓာတ်လှေကားတစ်ခု တီထွင်တပ်ဆင်ခဲ့ပုံအပေါ် ပြည်မကြီ

Upcoming Property Events

From 02 Jun To 30 Jun

Central Shophouse

From 05 Jul To 06 Jul

Mingalar Market

From 05 Jul To 06 Jul

Golden City Condo

From 09 Jun To 09 Jul

The Vista Luxury Residence

Mingalar Market

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service