စရိတ်သက်သာ၊ လွယ်ကူ၊ ဆွဲဆောင်မှုရှိသော ဗယ်လင်တိုင်းဒေးအိမ်အပြင်အဆင် - Property Knowledge in Myanmar from iMyanmarHouse.com
1015 Views

စရိတ်သက်သာ၊ လွယ်ကူ၊ ဆွဲဆောင်မှုရှိသော ဗယ်လင်တိုင်းဒေးအိမ်အပြင်အဆင်

Knowledge | Posted by Si Thu Aung

မနက်ဖြန်(ဖေဖော်ဝါရီ ၁၄) ဆိုရင် ချစ်သူများနေ့လို့ မြန်မာမှုပြုခေါ်ဝေါ်ကြတဲ့ Valentine'sDay (ဗယ်လင်တိုင်းဒေး) ကျရောက်ပါပြီ။
အေဒီ ၄၉၈ လောက်တုန်းက ရောမမှာ
ကလောဒီးယပ်စ်ဆိုတဲ့ သဘောထားသေးတဲ့ ဧကရာဇ်ဘုရင်လက်ထက် သူ့အမိန့်ကိုသွေဖည်ပြီး ချစ်သူတွေကို လက်ထပ်ပေးခဲ့လို့
တာနီမြို့က ခရစ်ယာန်ဘုန်းတော်ကြီး
စိန့်ဗယ်လင်တိုင်း ဖေဖော်ဝါရီ ၁၄ မှာ ကွပ်မျက်ခံခဲ့ရပါတယ်။ သူ့ကိုဂုဏ်ပြုတဲ့အနေနဲ့ဗယ်လင်တိုင်းဒေးလို့ အမှတ်တရသတ်မှတ်ခဲ့တဲ့ ဖေဖော်ဝါရီ ၁၄ ဟာ တကယ်တော့
အနောက်တိုင်းခရစ်ယာန်ဘာသာရေးအသိုင်းအ၀ိုင်းက ခွင့်ပြုလက်ခံထားတဲ့
အားလပ်ရက်တစ်ရက်ပါပဲ။

နိုင်ငံတိုင်းမှာ အများပြည်သူရုံးပိတ်ရက်အဖြစ်သတ်မှတ်တဲ့
အားလပ်ရက်တစ်ရက်တော့ မဟုတ်ပေမယ့် ကမ္ဘာတစ်ဝန်း ဒေသအများအပြားမှာ
အထူးတလှယ်ကျင်းပတဲ့ နေ့တစ်နေ့အဖြစ် အသိအမှတ်ပြုထားကြပါတယ်။ ကိုးကွယ်ရာနဲ့ယဉ်ကျေးမှုချင်း လားလားမျှမတူညီတဲ့ မြန်မာနိုင်ငံမှာလည်း ရိုးရာအထိမ်းအမှတ်နေ့အဖြစ်
မသတ်မှတ်ထားပေမယ့် စီးပွားရေးသမားတွေနဲ့ ချစ်သူစုံတွဲတွေအကြား နေ့ထူးတစ်ရက်
ဖြစ်လို့လာနေပါပြီ။

သီတင်းပတ်အနည်းငယ်အလိုကတည်းက
ဈေးဝယ်စင်တာတွေ၊လက်ဆောင်ပစ္စည်းဆိုင်တွေမှာ
ရောင်းသူရော ၀ယ်သူရော လှုပ်လှုပ်ရွရွဖြစ်နေကြပါပြီ။
အမှတ်တရလက်ဆောင်ပေးကြတာမျိုးနဲ့တင်မကဘဲ သင့်ရဲ့အိမ်ဂေဟာကိုလည်း လှပပြီး
ဆွဲဆောင်မှုရှိကာ ကျက်သရေအပေါင်းနဲ့ ခညောင်းတဲ့ဗယ်လင်တိုင်းဒေးအပြင်အဆင်
ဖြစ်ဖို့ရာ လွယ်လင့်တကူပဲ ပြုလုပ်လိုက်ကြပါစို့။

အဆင့် ၁။ ကျက်သရေမင်္ဂလာရှိတဲ့
အိမ်ဂေဟာလေးကို ဗယ်လင်းတိုင်းဒေးအပြင်အဆင်
ပြုလုပ်ရာမှာ ပထမဆုံးအဆင့်အနေနဲ့ အနီရောင်ပန်းစည်းနှစ်စည်းကို တစ်စည်းနဲ့တစ်စည်းကြက်ခြေခတ်အနေအထား ပြုလုပ်ပါ။ ပန်းရောင်ပန်းစည်းကိုတော့ စက်ဝိုင်းပုံခွေပြီးအိမ်ရှေ့တံခါးမှာ ပုံပါအတိုင်းချိတ်ဆွဲပါ။ အပေါ်ဆုံးကနေပြီး အဖြူရောင်ဖဲကြိုးကြီးကိုဖဲပြားပုံချည်နှောင်ပါ။ ကြက်ခြေခတ်ပုံနဲ့ စက်ဝိုင်းပုံတို့ဟာ အမျိုးသားနဲ့ အမျိုးသမီးတို့ကို
ကိုယ်စားပြုပါတယ်။

အဆင့် ၂။ နံရံကပ်ဗြောင်စက္ကူအရောင်နှစ်မျိုးကို
တြိဂံလေးတွေညှပ်ပြီး ပုံပါအတိုင်း နံရံမှာ
အသည်းပုံဖော်ပြီး ကပ်ပါ။

အဆင့် ၃။ ဆွဲကြိုးလော့ကတ်သီးစတိုင်လ် အသည်းရုပ်လေးတွေကို ဘောင်သွင်းပြီး နံရံမှာ
ချိတ်ဆွဲပါ။

အဆင့် ၄။ ကော်ဖီစားပွဲကို ပုံပါအတိုင်းအလှဆင်ပါ။ ပန်းအစစ်တွေသုံးရင် ကောင်းပေမဲ့
လည်း ပုံပါ ကျူးလစ်ပန်းပုံဖယောင်းတိုင်ခွက်လေးတွေက
ဗယ်လင်တိုင်းဒေးနဲ့ ပိုလို့လိုက်ဖက်ပါတယ်။

အဆင့် ၅။ နှုတ်ခမ်းဟာ ဗယ်လင်တိုင်းဒေးရဲ့ အလှအပဆုံး
ပုံရိပ်ဖြစ်ပါတယ်။ ဒါပေမဲ့
နှုတ်ခမ်းနဲ့ ဗယ်လင်တိုင်းဒေးကို အလှဆင်တာဟာ လွယ်မယောင်နဲ့ခက်ပါတယ်။
ဘာကြောင့်လဲဆိုတော့ အရောင်ရွေးမှန်ဖို့ အလွန်အရေးကြီးလို့ဖြစ်ပါတယ်။ အနီရောင်၊ပန်းရောင်နှင့် ပန်းဆီရောင်၊ ပန်းခရမ်းရောင်
နှုတ်ခမ်းပန်းချီတွေဟာ ကလေးအလွန်
ဆန်ပြီး အဲ့ဒါနဲ့ဆန့်ကျင်ဘက် ပြီးပြည့်စုံတဲ့နှုတ်ခမ်းပန်းချီအတွက် ရွှေအိုရောင်နဲ့
အပြာရောင်တွေကို ရွေးချယ်ဖို့ လိုအပ်ပါတယ်။

အဆင့် ၆။ နှင်းဆီဖြူပန်းအိုးတစ်အိုးနဲ့ ပန်းရောင်ဖယောင်းတိုင်နှစ်ချောင်း
တို့ကိုထမင်းစားစားပွဲပေါ်ထားလိုက်ရုံနဲ့ သင့်ညစာကို ဗယ်လင်တိုင်းဒေး
အရသာအပြည့်အ၀ခံစားစေရမှာပါ။

အဆင့် ၇။ Live Well, Laugh Often, Love Much
(ကောင်းစွာနေထိုင်ပါ၊
မကြာခဏရယ်ပါ၊ များများချစ်ပါ) အဓိပ္ပါယ်ရ စာတန်းတစ်ခုခုကိုလည်း ညစားစားပွဲပေါ်တင်ထားလိုက်မယ်ဆိုရင်
ဗယ်လင်းတိုင်းဒေးနဲ့ အလွန်လိုက်ဖက်ပြီးပြည့်စုံတဲ့
အိမ်ဂေဟာအပြင်အဆင်ကို ရရှိပြီပေါ့ရှင်။

ခင်အေးချမ်း မှ iMyanmarHouse.com အတွက် အထူးဘာသာပြန် ရေးသားဖော်ပြသည်။
Credit: iMyanmarHouse.com
စရိတ်သက်သာ၊ လွယ်ကူ၊ ဆွဲဆောင်မှုရှိသော ဗယ်လင်တိုင်းဒေးအိမ်အပြင်အဆင် - Property Knowledge in Myanmar from iMyanmarHouse.com
စရိတ်သက်သာ၊ လွယ်ကူ၊ ဆွဲဆောင်မှုရှိသော ဗယ်လင်တိုင်းဒေးအိမ်အပြင်အဆင် - Property Knowledge in Myanmar from iMyanmarHouse.com
စရိတ်သက်သာ၊ လွယ်ကူ၊ ဆွဲဆောင်မှုရှိသော ဗယ်လင်တိုင်းဒေးအိမ်အပြင်အဆင် - Property Knowledge in Myanmar from iMyanmarHouse.com
စရိတ်သက်သာ၊ လွယ်ကူ၊ ဆွဲဆောင်မှုရှိသော ဗယ်လင်တိုင်းဒေးအိမ်အပြင်အဆင် - Property Knowledge in Myanmar from iMyanmarHouse.com

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ပြင်သစ်တွင် နေအိမ်တစ်ခု၏ နံရံထဲ၌ လျှို့ဝှက်သိမ်းဆည်းထားသော ရွှေဒင်္ဂါးပြားများ ရှာဖွေတွေ့ခဲ့ပြီး လေလံတင်ရောင်းချရာတွင် ဒ
ပြင်သစ်တွင် နေအိမ်တစ်ခု၏ နံရံထဲ၌ လျှို့ဝှက်သိမ်းဆည်းထားသော ရွှေဒင်္ဂါးပြားများ ရှာဖွေတွေ့ခဲ့ပြီး လေလံတင်ရောင်းချရာတွင် ဒ
အိမ်ရာစုဆောင်းငွေ သိန်း (၃၀) အထက် စုဆောင်းပြီးသူများအနေဖြင့် မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေး ဦးစီးဌာန၏ သတ်မှတ်ချက်များနှင
အိမ်ရာစုဆောင်းငွေ သိန်း (၃၀) အထက် စုဆောင်းပြီးသူများအနေဖြင့် မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေး ဦးစီးဌာန၏ သတ်မှတ်ချက်များနှင
ထိုင်းတွင် လမ်းမအလယ်သို့ ကားတစ်စင်းပေါ်မှ ခေါင်းတလားကြီးတစ်ခု ပြုတ်ကျခဲ့ပုံ ဗွီဒီယိုဖိုင် TikTok တွင် ဂယက်ရိုက်ခဲ့၊ အခေါ
ထိုင်းတွင် လမ်းမအလယ်သို့ ကားတစ်စင်းပေါ်မှ ခေါင်းတလားကြီးတစ်ခု ပြုတ်ကျခဲ့ပုံ ဗွီဒီယိုဖိုင် TikTok တွင် ဂယက်ရိုက်ခဲ့၊ အခေါ
ဘောလိဝုဒ်ကို ရုပ်ရှင်တစ်ကားတည်းဖြင့် ထာဝရ သိမ်းပိုက်ထားသူ ရုပ်ရှင်မင်းသား မီသွန်း၏ မွမ်ဘိုင်းစံအိမ်
ဘောလိဝုဒ်ကို ရုပ်ရှင်တစ်ကားတည်းဖြင့် ထာဝရ သိမ်းပိုက်ထားသူ ရုပ်ရှင်မင်းသား မီသွန်း၏ မွမ်ဘိုင်းစံအိမ်
တရုတ်ပြည်တွင် အသက် ၁၅ နှစ်အရွယ်အထိ သူတောင်းစားဂိုဏ်းသားအဖြစ် တောင်းရမ်းခဲ့ရပြီး အသက် ၁၆ နှစ်တွင် မူလတန်းကျောင်း စတင်ကျော
တရုတ်ပြည်တွင် အသက် ၁၅ နှစ်အရွယ်အထိ သူတောင်းစားဂိုဏ်းသားအဖြစ် တောင်းရမ်းခဲ့ရပြီး အသက် ၁၆ နှစ်တွင် မူလတန်းကျောင်း စတင်ကျော
ဂျပန်အလုပ်သမားတစ်ဦးက တစ်ရက်လျှင် ၁၈ နာရီခန့် ရုန်းကန်လှုပ်ရှားရသည့် သူ၏ဘဝကို လူမှုကွန်ရက်တွင် ဗွီဒီယိုဖိုင်တင်ခဲ့ပုံ ဂယက
ဂျပန်အလုပ်သမားတစ်ဦးက တစ်ရက်လျှင် ၁၈ နာရီခန့် ရုန်းကန်လှုပ်ရှားရသည့် သူ၏ဘဝကို လူမှုကွန်ရက်တွင် ဗွီဒီယိုဖိုင်တင်ခဲ့ပုံ ဂယက
အိန္ဒိယတွင် လယ်သမားတစ်ဦးက မိုးဦးတဖြိုက်ကျအပြီး လယ်ကွင်းထဲသို့ ဆင်းခဲ့ရာ စိန်ကြီးတစ်ပွင့် ရှာတွေ့ခဲ့အပြီး တစ်ရွာလုံး အုံး
အိန္ဒိယတွင် လယ်သမားတစ်ဦးက မိုးဦးတဖြိုက်ကျအပြီး လယ်ကွင်းထဲသို့ ဆင်းခဲ့ရာ စိန်ကြီးတစ်ပွင့် ရှာတွေ့ခဲ့အပြီး တစ်ရွာလုံး အုံး
[ရုပ်ရည်ကျဆင်း အိုမင်းခြင်းကား ပျိုမျစ်နောက်ဆုံးရှိချေ၏] အိုမင်းသော ရုပ်ရည်မှ ဆန်းကြယ်စွာ နုပျိုသွားသော ဂျပန်အမျိုးသားတစ
[ရုပ်ရည်ကျဆင်း အိုမင်းခြင်းကား ပျိုမျစ်နောက်ဆုံးရှိချေ၏] အိုမင်းသော ရုပ်ရည်မှ ဆန်းကြယ်စွာ နုပျိုသွားသော ဂျပန်အမျိုးသားတစ
Telegram တည်ထောင်သူ ဘီလျံနာသူဌေးက ၎င်းကြွယ်ဝသော ကန်ဒေါ်လာ ၁၄ ဘီလီယံကို သားသမီး ၁၀၆ ဦးအား အမွေပေးမည်ဖြစ်ကြောင်း ထုတ်ဖော်ပ
Telegram တည်ထောင်သူ ဘီလျံနာသူဌေးက ၎င်းကြွယ်ဝသော ကန်ဒေါ်လာ ၁၄ ဘီလီယံကို သားသမီး ၁၀၆ ဦးအား အမွေပေးမည်ဖြစ်ကြောင်း ထုတ်ဖော်ပ
ဂျက်ဘေးဇော့စ်က နယူးယောက်မြို့လယ်ရှိ သူ၏ ဒေါ်လာသန်း ၁၀၀ ကျော်တန် Penthouse ခန်းသို့ ကရိန်းဖြင့် ပရိဘောဂများ တင်ရန်အတွက် လ
ဂျက်ဘေးဇော့စ်က နယူးယောက်မြို့လယ်ရှိ သူ၏ ဒေါ်လာသန်း ၁၀၀ ကျော်တန် Penthouse ခန်းသို့ ကရိန်းဖြင့် ပရိဘောဂများ တင်ရန်အတွက် လ

Upcoming Property Events

From 05 Jul To 06 Jul

Mingalar Market

From 05 Jul To 06 Jul

Golden City Condo

From 09 Jun To 09 Jul

The Vista Luxury Residence

Mingalar Market

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service