ရန်ကုန်မြို့ရှိ တံတား ကိုးစင်း ဧပြီလမှ စတင်ကာ ဖြတ်သန်းခ ကောက်ခံတော့မည် မဟုတ် - Property News in Myanmar from iMyanmarHouse.com
2721 Views

ရန်ကုန်မြို့ရှိ တံတား ကိုးစင်း ဧပြီလမှ စတင်ကာ ဖြတ်သန်းခ ကောက်ခံတော့မည် မဟုတ်

ရန်ကုန်မြို့အတွင်းရှိ တံတားကိုးစင်း၌ ဧပြီလမှစတင်ကာ တံတားဖြတ်သန်း ခ ကောက်ခံတော့မည် မဟုတ်ကြောင်း ဆောက်လုပ်ရေးဝန်ကြီးဌာနမှ သိရ သည်။ ယာဉ်ဖြတ်သန်းခ မကောက်ခံခြင်းမှာ ကုန်စည်စီးဆင်းမှု လွယ်ကူမြန် ဆန်စေရန်နှင့် သယ်ယူပို့ဆောင်ရေးလုပ်ငန်းတွေ လွယ်ကူလျင်မြန်စေ ရန်အတွက်ဖြစ်ကြောင်း သိရသည်။

''ဧပြီ ၁ ရက်ကစပြီးတော့ ရန်ကုန်အတွင်းမှာရှိတဲ့ တံတားကိုးစင်း ဖြတ် သန်းခပေး ဆောင်စရာ မလိုတော့ပါဘူး။ ဒါပေမဲ့ လက်ရှိခွင့်ပြုပေးထားတဲ့ ယာဉ်အမျိုးအစားအလိုက် တန်ချိန်အတိုင်းပဲ ခွင့်ပြုပေးမှာပါ'' ဟု ဆောက် လုပ်ရေး ဝန်ကြီးဌာနမှ အမြဲတမ်းအတွင်းဝန် ဦးကျော်လင်း က ပြောကြား သည်။ ကုန်တင်ယာဉ်များ တန်ပိုတင်ဆောင် ဖြတ်သန်းမှုအား မတ် ၃၁ ရက်အထိ သိရှိလိုက်နာဆောင်ရွက်ရန် အသိပေးခြင်း၊ ပညာပေးကာလ အဖြစ် သတ်မှတ်ခြင်းများ ဆောက်ရွက်သွားမည်ဖြစ်ကာ ဧပြီလတစ်ရက်မှ စတင်ကာ ခွဲခြား၍မရသော ပစ္စည်းများမှအပ (ဥပမာ- စက်ပစ္စည်းများ၊ ထရန်စဖော်မာများ) အခြား ကုန်တင်ယာဉ်များသည် လမ်းဦး စီးဌာနပိုင် လမ်း၊ တံတားများပေါ်တွင် တန်ပိုတင်ဆောင် ဖြတ်သန်းသွားခွင့်မပြုရေး၊ B.O.T လေလံလမ်း၊ တံတားဂိတ်များမှ တန်ပိုတင်ဆောင် တားဆီးရေး များ ဆောင်ရွက် သွားမည်ဖြစ်ကြောင်း ဆောက် လုပ်ရေးဝန်ကြီးဌာနမှ သတင်းထုတ်ပြန်ထားသည်။ ''သတ်မှတ်တန်ချိန်အတိုင်းပဲ တင်ရမယ်။ တန်ပိုတင်ရင် တန်ပိုကြေးလဲမတောင်းဘူး။ ပေးလည်းမဖြတ်ဘူး''ဟု ၎င်း ကပြော ကြားသည်။

တန်ပိုတင်ဆောင်သည့် ယာဉ်များအား လမ်းမကြီးများ ဥပဒေအ ခန်း (၅) ပြစ်မှုနှင့် ပြစ်ဒဏ်ပုဒ်မ(၈)၊ အပိုဒ်ခွဲ(၁)အရ ထိရောက်စွာ အရေး ယူ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။ ''ကုန်တွေကို အာဆီ ယံစံနှုန်းအတိုင်းပဲ တင်ဆောင်ခွင့်ပြုပါတယ်။ တံတားဖြတ်သန်းခ မကောက် ခံတော့ဘူးဆိုပြီး ကုန်ပိုတင်ဆောင်လို့ စစ်ဆေးတွေ့ရှိရင် အရေးယူမှာ ပါ''ဟု ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ်က မြန်မာနိုင်ငံကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များအသင်းချုပ်တွင် ပြုလုပ်သည့် ဒုတိယသမ္မတနှင့် စီးပွားရေးကဏ္ဍအလိုက်ပါဝင်ကာ လုပ်ငန်းရှင် များနှင့် တွေ့ဆုံပွဲ တွင် ပြော ကြား ခဲ့သည်။ ကုန်ပစ္စည်းတင်ဆောင်မှုမှာ အာဆီယံ သတ်မှတ်စံနှုန်းအရ ဆယ်နှစ်ဘီး ကုန်တင် ယာဉ်တစ်စီးလျှင် တန်ချိန် ၂၅ တန်၊ ၂၂ ဘီး ကုန် တင်ယာဉ်တစ်စီးလျှင် ၅၂ တန်ဖြစ် ကြောင်း သိရသည်။


Credit: The Yangon Time

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ပြည့်စုံနက်ရှိုင်းတဲ့အချစ်ရဲ့ သင်္ကေတ ကျုးလစ်ပန်းရဲ့အလှ
ပြည့်စုံနက်ရှိုင်းတဲ့အချစ်ရဲ့ သင်္ကေတ ကျုးလစ်ပန်းရဲ့အလှ
လူတွေနဲ့ ဆက်ဆံရမှာကြောက်လို့ အမေသေတာ ဈာပနမလုပ်ဘဲ တိုက်ခန်းထဲမှာ အလောင်းကို ၁၀ နှစ်ကျော် ဖွက်ထားတဲ့ ဂျပန်အမျိုးသား
လူတွေနဲ့ ဆက်ဆံရမှာကြောက်လို့ အမေသေတာ ဈာပနမလုပ်ဘဲ တိုက်ခန်းထဲမှာ အလောင်းကို ၁၀ နှစ်ကျော် ဖွက်ထားတဲ့ ဂျပန်အမျိုးသား
ထိုင်းတွင် တောနက်ထဲ၌ ဒဏ္ဍာရီလာ မီးကျား (သို့မဟုတ်) ကြောင်မင်းတစ်ကောင် ရှာဖွေတွေ့ရှိ
ထိုင်းတွင် တောနက်ထဲ၌ ဒဏ္ဍာရီလာ မီးကျား (သို့မဟုတ်) ကြောင်မင်းတစ်ကောင် ရှာဖွေတွေ့ရှိ
လာဘူဘူ အရုပ်များ ထုတ်လုပ်သူ ဝမ်နင် အသက် ၃၈ နှစ်ရွယ်မျှဖြင့် တရုတ်ပြည်၏ ဒသမမြောက် အချမ်းသာဆုံးဖြစ်လာ
လာဘူဘူ အရုပ်များ ထုတ်လုပ်သူ ဝမ်နင် အသက် ၃၈ နှစ်ရွယ်မျှဖြင့် တရုတ်ပြည်၏ ဒသမမြောက် အချမ်းသာဆုံးဖြစ်လာ
ဆေးအိုးပုတ်အပင်ရဲ့ဆေးအစွမ်း အာနိသင်နှင့် အကျိုးကျေးဇူးများ
ဆေးအိုးပုတ်အပင်ရဲ့ဆေးအစွမ်း အာနိသင်နှင့် အကျိုးကျေးဇူးများ
အမေဇုန်မိုးသစ်တောထဲက မြေဧက ၄ သိန်းကို ဘေးမဲ့ကြိုးဝိုင်းသတ်မှတ်ပေးမယ်ဆိုပြီး ဝယ်ခဲ့တဲ့ ဆွီဒင်ဘီလျံနာ သစ်ပင်ပေါင်း ၂၃၀,၀၀၀
အမေဇုန်မိုးသစ်တောထဲက မြေဧက ၄ သိန်းကို ဘေးမဲ့ကြိုးဝိုင်းသတ်မှတ်ပေးမယ်ဆိုပြီး ဝယ်ခဲ့တဲ့ ဆွီဒင်ဘီလျံနာ သစ်ပင်ပေါင်း ၂၃၀,၀၀၀
အိန္ဒိယ influencer အမျိုးသမီးတစ်ဦးက သူ၏ အင်စတာဂရမ်အကောင့် follower ၂ ဦး ကျဆင်းသွားမှုအတွက် ခင်ပွန်းသည်အား ရဲစခန်းတွင် အမ
အိန္ဒိယ influencer အမျိုးသမီးတစ်ဦးက သူ၏ အင်စတာဂရမ်အကောင့် follower ၂ ဦး ကျဆင်းသွားမှုအတွက် ခင်ပွန်းသည်အား ရဲစခန်းတွင် အမ
ယောက်ျားကို စိတ်ကောက်မိလို့ ရင်နင့်စရာ အဖြစ်ဆိုးရင်ဆိုင်ရတဲ့ အမျိုးသမီး
ယောက်ျားကို စိတ်ကောက်မိလို့ ရင်နင့်စရာ အဖြစ်ဆိုးရင်ဆိုင်ရတဲ့ အမျိုးသမီး
စင်္ကာပူတွင် နေအိမ်မှ နှင်ချခံရမည်စိုးရိမ်သောကြောင့် မွေးစားဖခင်ကို ဓားဖြင့် အချက် ၃၀ ကျော်ခုတ်ကာ ရက်ရက်စက်စက်သတ်ဖြတ်ခဲ့
စင်္ကာပူတွင် နေအိမ်မှ နှင်ချခံရမည်စိုးရိမ်သောကြောင့် မွေးစားဖခင်ကို ဓားဖြင့် အချက် ၃၀ ကျော်ခုတ်ကာ ရက်ရက်စက်စက်သတ်ဖြတ်ခဲ့
အီတလီအမျိုးသားတစ်ဦးက စင်္ကာပူတွင် လူနေမှုစရိတ် အလွန်တရာသက်သာလှကြောင်း ပြောဆိုမှုအပေါ် လူမှုကွန်ရက်တွင် ဝေဖန်သူ များပြားလ
အီတလီအမျိုးသားတစ်ဦးက စင်္ကာပူတွင် လူနေမှုစရိတ် အလွန်တရာသက်သာလှကြောင်း ပြောဆိုမှုအပေါ် လူမှုကွန်ရက်တွင် ဝေဖန်သူ များပြားလ

Upcoming Property Events

From 02 Aug To 03 Aug

Inno City Special Sales Event

From 02 Aug To 03 Aug

Emerald Bay Luxury Condo

From 08 Jul To 08 Aug

Central Shophouse

INNO CITY Luxury Condo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service