ဦးပိန်တံတားကို ယခင်မူရင်းကျွန်းတိုင် ၃၅ တိုင်ဖြင့် ပြန်လည်လဲလှယ်မည် - Property News in Myanmar from iMyanmarHouse.com
1354 Views

ဦးပိန်တံတားကို ယခင်မူရင်းကျွန်းတိုင် ၃၅ တိုင်ဖြင့် ပြန်လည်လဲလှယ်မည်

မန္တလေးတိုင်းဒေသကြီး တွင် ပြည်တွင်း၊ ပြည်ပခရီးသွား များ အမြဲ လာရောက်သည့် ဦးပိန်တံတားကို ရေရှည်ထိန်းသိမ်းရန် ပြင်ဆင်မှုများ ပြု လုပ်မည်ဖြစ်ရာ တံတားရှိ ယခင်မူရင်းကျွန်းတိုင် ၃၅ တိုင်ကို ပြန်လည် အသုံးပြု လဲလှယ်မည်ဖြစ်ကြောင်း သတင်း ရရှိသည်။

ဦးပိန်တံတား ပြင်ဆင်မှုကို ဖေဖော်ဝါရီလလယ်တွင် စတင် ပြုလုပ်မည်ဖြစ် ကာ ပြည်တွင်း ကုမ္ပဏီတစ်ခုဖြစ်သည့် Myan-mar Teak Wood ကုမ္ပဏီနှင့် ပူးပေါင်းညှိနှိုင်းဆောင်ရွက်မည် ဖြစ်ကြောင်း ရှေးဟောင်းသုတေ သနနှင့် အမျိုးသားပြတိုက်ဦးစီး ဌာန (မန္တလေးဌာနခွဲ) ညွှန်ကြား ရေးမှူး ဦးညိုမြင့်ထွန်းက ပြော ကြားသည်။

‘‘တံတားရေရှည်ထိန်းသိမ်း ဖို့အတွက် ပြင်ဆင်မှုအပိုင်းတွေ ကို လာမယ့် တစ်ပတ်မှာ စတင် လုပ်ဆောင်မှာဖြစ်တယ်။ ပြင်ဆင် မှုရဲ့ ပထမအဆင့် အနေနဲ့ကတော့ ၂၀၀၄ က ရေကြီးတဲ့အချိန် တံတားရဲ့ ကျွန်းတိုင်တွေ က ပြုတ်ထွက် သွားတယ်။ ဒါကို ရေဦးဘုန်းကြီး ကျောင်းက ဆယ်ယူပြီး ဒါတွေကို ကျောင်းမှာ သုံးလိုက်တယ်။ အခု ကျွန်းတိုင်တွေကို ဘုန်းကြီး ကျောင်းက ပြန်ပေးတဲ့အတွက် ပြန်လည်အသုံးပြုတပ်ဆင်မှာပါ’’ ဟု ဦးညိုမြင့်ထွန်းက ပြောကြား သည်။

အဆိုပါ မူရင်းကျွန်းတိုင် ၃၅ တိုင်သည် ပျက်စီးမှုအနည်းငယ် သာရှိ ၍ ပြန်လည်တပ်ဆင်အသုံး ပြုရန် စီစဉ်ခြင်းဖြစ်ကြောင်း ၎င်း က ဆိုသည်။

ဦးပိန်တံတား ရှေးမူမပျက် ပြုပြင်ခြင်းလုပ်ငန်းကို Myanmar Teak Wood ကုမ္ပဏီက အကုန် အကျခံ၍ ၂၀၁၆ မတ်လ ၂၃ ရက်က တံတားအနောက် ပိုင်း ကြံ့ခိုင်မှုအားနည်းနေသည့် ကျွန်းတိုင် များ လဲလှယ်ခြင်း၊ ကြမ်းခင်း များ၊ ချုပ်တန်းများ အစားထိုးလဲလှယ် ခြင်းများ ပြုလုပ်ခဲ့သည်။

ဦးပိန်တံတားကို ၁၉၄၆ တွင် ရေအလွန်ကြီးခြင်းကြောင့် ပထမဦးဆုံး အကြိမ်အဖြစ် တံတားအခန်းများကို ပြုလုပ်ထိန်းသိမ်းခဲ့ ပြီး ခေတ် အဆက် ဆက် ပြုပြင် ထိန်းသိမ်းလာရာ ၂၀၁၄ တွင် ငွေ ကျပ်သိန်း ၁၃၀ ကျော် အသုံးပြု ၍ နောက်ဆုံးပြုပြင်ခဲ့ကြောင်း ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာန (မန္တလေး ဌာနခွဲ) မှတ်တမ်းအရ သိရသည်။

ဦးပိန်တံတားကို အမရပူရ ခေတ် ပုဂံမင်းလက်ထက်က မြို့ စားစာရေး ဦးပိန်က အင်းဝနန်း တော်ဟောင်းမှ သစ်သားတိုင်လုံး ကျွန်းတိုင် ၁,၀၈၆ လုံး၊ အခန်း ပေါင်း ၄၈၂၊ တံတားအရှည်၃,၉၆၇ ပေဖြင့် ခရစ်နှစ် ၁၈၄၉ တွင် ဆောက်လုပ်ခဲ့သည်။


Credit: 7DayDaily

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

စင်္ကာပူအစိုးရက နိုင်ငံပိုင် မြေကွက်ကို မလေးရှားဘုရင်၏ သားတော်ပိုင်ဆိုင်သော မြေကွက် (စင်္ကာပူ ရုက္ခဗေဒဥယျာဉ်အနီးရှိ) နှင
စင်္ကာပူအစိုးရက နိုင်ငံပိုင် မြေကွက်ကို မလေးရှားဘုရင်၏ သားတော်ပိုင်ဆိုင်သော မြေကွက် (စင်္ကာပူ ရုက္ခဗေဒဥယျာဉ်အနီးရှိ) နှင
လီဗာပူးတိုက်စစ်မှူး မိုဟာမက် ဆာလာ၏ စံအိမ်
လီဗာပူးတိုက်စစ်မှူး မိုဟာမက် ဆာလာ၏ စံအိမ်
ဂျပန်တွင် သားကို အလွန်ချစ်သော အိမ်ခြံမြေလုပ်ငန်းရှင် ဖခင်တစ်ဦးက ယန်းငွေ သန်း ၁၀၀ ခန့် သုံးစွဲကာ စတိုးဆိုင်၊ မြေအောက်ဘူတာ
ဂျပန်တွင် သားကို အလွန်ချစ်သော အိမ်ခြံမြေလုပ်ငန်းရှင် ဖခင်တစ်ဦးက ယန်းငွေ သန်း ၁၀၀ ခန့် သုံးစွဲကာ စတိုးဆိုင်၊ မြေအောက်ဘူတာ
တရုတ်ပြည်တွင် အသက် ၁၅ နှစ်အရွယ်အထိ သူတောင်းစားဂိုဏ်းသားအဖြစ် တောင်းရမ်းခဲ့ရပြီး အသက် ၁၆ နှစ်တွင် မူလတန်းကျောင်း စတင်ကျော
တရုတ်ပြည်တွင် အသက် ၁၅ နှစ်အရွယ်အထိ သူတောင်းစားဂိုဏ်းသားအဖြစ် တောင်းရမ်းခဲ့ရပြီး အသက် ၁၆ နှစ်တွင် မူလတန်းကျောင်း စတင်ကျော
မည်သည့်အခါမှ လူ ၉၉ ဦးထက် အပိုမခံသည့် ဆန်းကြယ်သော တိုင်းရင်းသားမျိုးနွှယ်စုတစ်ခုအကြောင်း၊ ကလေးတစ်ဦး မွေးဖွားလျှင် လူတစ်ဦး
မည်သည့်အခါမှ လူ ၉၉ ဦးထက် အပိုမခံသည့် ဆန်းကြယ်သော တိုင်းရင်းသားမျိုးနွှယ်စုတစ်ခုအကြောင်း၊ ကလေးတစ်ဦး မွေးဖွားလျှင် လူတစ်ဦး
ထိုင်းတွင် လမ်းမအလယ်သို့ ကားတစ်စင်းပေါ်မှ ခေါင်းတလားကြီးတစ်ခု ပြုတ်ကျခဲ့ပုံ ဗွီဒီယိုဖိုင် TikTok တွင် ဂယက်ရိုက်ခဲ့၊ အခေါ
ထိုင်းတွင် လမ်းမအလယ်သို့ ကားတစ်စင်းပေါ်မှ ခေါင်းတလားကြီးတစ်ခု ပြုတ်ကျခဲ့ပုံ ဗွီဒီယိုဖိုင် TikTok တွင် ဂယက်ရိုက်ခဲ့၊ အခေါ
iPhone 5 ထွက်ရှိစဉ်ကတည်းက တစ်နာရီလျှင် ၃၃ ဒေါ်လာယူကာ တန်းစီဝယ်ယူပေးခဲ့သော အမေရိကန် အမျိုးသားမှာ ယခုအခါ iPhone ဝယ်ယူလိုသူ
iPhone 5 ထွက်ရှိစဉ်ကတည်းက တစ်နာရီလျှင် ၃၃ ဒေါ်လာယူကာ တန်းစီဝယ်ယူပေးခဲ့သော အမေရိကန် အမျိုးသားမှာ ယခုအခါ iPhone ဝယ်ယူလိုသူ
တရုတ်ပြည်တွင် အမျိုးသားကြီးတစ်ဦးက သူ၏ ၅ လွှာတိုက်ခန်း ဝရန်တာ၌ ကိုယ်ပိုင်ဓာတ်လှေကားတစ်ခု တီထွင်တပ်ဆင်ခဲ့ပုံအပေါ် ပြည်မကြီ
တရုတ်ပြည်တွင် အမျိုးသားကြီးတစ်ဦးက သူ၏ ၅ လွှာတိုက်ခန်း ဝရန်တာ၌ ကိုယ်ပိုင်ဓာတ်လှေကားတစ်ခု တီထွင်တပ်ဆင်ခဲ့ပုံအပေါ် ပြည်မကြီ
Telegram တည်ထောင်သူ ဘီလျံနာသူဌေးက ၎င်းကြွယ်ဝသော ကန်ဒေါ်လာ ၁၄ ဘီလီယံကို သားသမီး ၁၀၆ ဦးအား အမွေပေးမည်ဖြစ်ကြောင်း ထုတ်ဖော်ပ
Telegram တည်ထောင်သူ ဘီလျံနာသူဌေးက ၎င်းကြွယ်ဝသော ကန်ဒေါ်လာ ၁၄ ဘီလီယံကို သားသမီး ၁၀၆ ဦးအား အမွေပေးမည်ဖြစ်ကြောင်း ထုတ်ဖော်ပ
အိန္ဒိယတွင် အလုပ်သင် ဆော့ဖ်ဝဲအင်ဂျင်နီယာ ခေါ်ယူရာတွင် ပလာတာတချပ်ဖိုးပင် မရှိသော လစာဖြင့် ခေါ်ယူခဲ့မှု အပေါ် အိန္ဒိယလူမှု
အိန္ဒိယတွင် အလုပ်သင် ဆော့ဖ်ဝဲအင်ဂျင်နီယာ ခေါ်ယူရာတွင် ပလာတာတချပ်ဖိုးပင် မရှိသော လစာဖြင့် ခေါ်ယူခဲ့မှု အပေါ် အိန္ဒိယလူမှု

Upcoming Property Events

From 28 Jun To 29 Jun

Magical World Apartment

From 28 Jun To 29 Jun

Pan Swal Taw Condominium

From 02 Jun To 30 Jun

Central Shophouse

From 05 Jul To 06 Jul

Mingalar Market

From 09 Jun To 09 Jul

The Vista Luxury Residence

Pan Swal Taw Condominium

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service