အထပ်မြင့် အဆောက်အအုံရှိ မြေညီထပ်အခန်း အမြင့်ပေ ပြောင်းမည်ဟုဆို - Property News in Myanmar from iMyanmarHouse.com
1476 Views

အထပ်မြင့် အဆောက်အအုံရှိ မြေညီထပ်အခန်း အမြင့်ပေ ပြောင်းမည်ဟုဆို

ရန်ကုန်မြို့အတွင်း ဆောက်လုပ်နေသည့် အထပ်မြင့် အဆောက်အအုံများရှိ မြေညီထပ် အခန်းများကို နှစ်ခန်းခွဲကာ ရောင်းချနေမှုများကြောင့် အဆိုပါအခန်း တည်ဆောက်မှုကို
ယခုနှစ်အတွင်း အမြင့်ပေ ပြောင်းလဲ သတ်မှတ်ရန် စီစဉ်နေကြောင်း ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီထံမှ သိရသည်။

"လက်ရှိ အထပ်မြင့် အဆောက်အအုံများ၏ မြေညီထပ် အခန်းကို ၁၇ ပေအထိ ခွင့်ပြုထားရာမှ ၁၄ ပေခန့်အထိသာ သတ်မှတ်သွားမည်ဖြစ်ကြောင်း ရန်ကုန် မြို့တော်စည်ပင်သာယာရေး ကော်မတီမှ အကြီးတန်းအရာရှိ တစ်ဦးက ဆိုသည်။ "

“လက်ရှိဆောက်နေတဲ့ အထပ်မြင့်တိုက်တွေက မြေညီထပ်တွေမှာ မှန်ခန်းတွေ ဆောက်လာတယ်။ အဲဒီအခန်းကို ပြန်လည် ရောင်းချတယ်။ အဲဒီလိုအခန်းတွေ မရှိစေဖို့ အမြင့်ပေ ကန့်သတ်ဖို့ လိုအပ် လို့ ဆောင်ရွက်ဖို့ စီစဉ်တာပါ။ လက်ရှိကတော့ မြေညီထပ်တွေကို အရင်မူအတိုင်း ဆောက်လုပ်ခွင့် ပေးထားပါတယ်” ဟု ၎င်းက ဆိုသည်။

အထပ်မြင့် ဆောက်လုပ်သူများ အနေဖြင့် မြေညီထပ် အခန်းအများစုကို ၉ ပေ၊ ၈ပေ ပြန်လည် ဆောက်လုပ်ပြီး အရှေ့ဘက်အပိတ်နှင့် အပြည့်အခန်းများ ဆောက်လုပ်လာခြင်းကြောင့် လူနေထိုင် ရာတွင် အဆင်မပြေမှုများ ဖြစ်ပေါ်နေသောကြောင့် မြေညီထပ် အမြင့်ပေကို ကန့်သတ်ရခြင်း
ဖြစ်ကြောင်း ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီထံမှ သိရသည်။

“အခု မြေညီထပ်တွေက ထပ်ခိုးနဲ့ မဆောက်ကြတော့ဘူး။ မြေညီထပ်ကို နှစ်ခန်းခွဲ ဆောက်ပြီး ပထမအထပ်ကို အပိတ်လုပ်ပြီး စီးပွားဖြစ်ရောင်းစားလာကြတယ်။အဲဒီလို မြေညီထပ် အခန်းတွေက အလုံပိတ်ဖြစ်နေတဲ့အတွက် နေထိုင်တဲ့ ပြည်သူတွေ ကျန်းမာရေးကို ထိခိုက်စေပါတယ်။ ၁၄ ပေ
ဆိုရင်တော့ ထပ်ခိုးလောက်ဘဲ ဆောက်လုပ်ခွင့် ရတော့မှာပေါ့”ဟု ဆောက်လုပ်ရေး လုပ်ငန်းရှင်
ကိုထွန်းထွန်းက ဆိုသည်။

တရားဝင် အဆောက်အအုံများကို ၂၀၁၅-၂၀၁၆ ခုနှစ်ဘဏ္ဍာနှစ်က အထပ်မြင့် အဆောက်အအုံ စုစုပေါင်းအလုံး ၆၀ဝ၀ ကျော် ခွင့်ပြုပေးခဲ့ပြီး ၂၀၁၆-၂၀၁၇ ဘဏ္ဍာနှစ်တွင် အထပ်မြင့် အဆောက် အအုံ စုစုပေါင်းအလုံး ၄၀ဝ၀ ခန့် ခွင့်ပြုခဲ့ကြောင်း ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီ ထံမှ သိရသည်။


Credit: The Voice

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

တရုတ်ပြည်၊ ရှန်ဟိုင်းမြို့တွင် မြေအောက်ဘူတာရုံ၊ ဈေးဝယ်စင်တာနှင့် မြေအောက်ဟိုတယ်များ ဆောက်လုပ်ရန်အတွက် တန်ချိန် ၇၅၀၀ ကျော
တရုတ်ပြည်၊ ရှန်ဟိုင်းမြို့တွင် မြေအောက်ဘူတာရုံ၊ ဈေးဝယ်စင်တာနှင့် မြေအောက်ဟိုတယ်များ ဆောက်လုပ်ရန်အတွက် တန်ချိန် ၇၅၀၀ ကျော
[မိဘဟူသည်..] စင်္ကာပူတွင် ဖခင်ကြီးက သမီးဖြစ်သူ မျှော်လင့်အိပ်မက်နေသော လုပ်ငန်း လုပ်ဆောင်နိုင်ရေးအတွက် မိမိ၏ ကုမ္ပဏီကို ရ
[မိဘဟူသည်..] စင်္ကာပူတွင် ဖခင်ကြီးက သမီးဖြစ်သူ မျှော်လင့်အိပ်မက်နေသော လုပ်ငန်း လုပ်ဆောင်နိုင်ရေးအတွက် မိမိ၏ ကုမ္ပဏီကို ရ
လီဗာပူးတိုက်စစ်မှူး မိုဟာမက် ဆာလာ၏ စံအိမ်
လီဗာပူးတိုက်စစ်မှူး မိုဟာမက် ဆာလာ၏ စံအိမ်
ဘရာဇီးတွင် နိုင်ငံခြားသားများ လွှင့်ပစ်ခဲ့သော ပုလင်းခွံများကို ကောက်ယူစုဆောင်းကာ အိပ်ခန်း ၇ ခန်းပါ အိမ်တစ်လုံးကို ၂ နှစ်
ဘရာဇီးတွင် နိုင်ငံခြားသားများ လွှင့်ပစ်ခဲ့သော ပုလင်းခွံများကို ကောက်ယူစုဆောင်းကာ အိပ်ခန်း ၇ ခန်းပါ အိမ်တစ်လုံးကို ၂ နှစ်
တရုတ်ပြည်တွင် အမျိုးသားကြီးတစ်ဦးက သူ၏ ၅ လွှာတိုက်ခန်း ဝရန်တာ၌ ကိုယ်ပိုင်ဓာတ်လှေကားတစ်ခု တီထွင်တပ်ဆင်ခဲ့ပုံအပေါ် ပြည်မကြီ
တရုတ်ပြည်တွင် အမျိုးသားကြီးတစ်ဦးက သူ၏ ၅ လွှာတိုက်ခန်း ဝရန်တာ၌ ကိုယ်ပိုင်ဓာတ်လှေကားတစ်ခု တီထွင်တပ်ဆင်ခဲ့ပုံအပေါ် ပြည်မကြီ
[လွယ်မယ်ထင်လို့လား ] ဘာမှ မလုပ်ဘဲ မိနစ် ၉၀ ငြိမ်ငြိမ်လေး ထိုင်နေရတဲ့ တောင်ကိုရီးယားက ပြိုင်ပွဲ အင်စတာဂရမ်တွင် နာမည်ကြီးန
[လွယ်မယ်ထင်လို့လား ] ဘာမှ မလုပ်ဘဲ မိနစ် ၉၀ ငြိမ်ငြိမ်လေး ထိုင်နေရတဲ့ တောင်ကိုရီးယားက ပြိုင်ပွဲ အင်စတာဂရမ်တွင် နာမည်ကြီးန
[အဓိပ္ပာယ်ရှိသောလူ] မလေးရှားတွင် အမျိုးသားတစ်ဦးမှာ ပိုက်ဆံအိတ်ထဲမှ မသုံးဖြစ်ဘဲရှိနေသော ရင်းဂစ် ၅၀ တန်တွင် ပါသည့် နံပါတ်ဖ
[အဓိပ္ပာယ်ရှိသောလူ] မလေးရှားတွင် အမျိုးသားတစ်ဦးမှာ ပိုက်ဆံအိတ်ထဲမှ မသုံးဖြစ်ဘဲရှိနေသော ရင်းဂစ် ၅၀ တန်တွင် ပါသည့် နံပါတ်ဖ
အမေရိကန်တွင် ဘီလျံနာသူဌေးကြီးက စိတ်ကူးအိပ်မက်ထားသည့် စံအိမ်ကြီးဆောက်လုပ်ရန် ဖလော်ရီဒါမှ ဒေါ်လာ ၅၅ ဒသမ ၅ သန်း တန်ကြေးရှိ
အမေရိကန်တွင် ဘီလျံနာသူဌေးကြီးက စိတ်ကူးအိပ်မက်ထားသည့် စံအိမ်ကြီးဆောက်လုပ်ရန် ဖလော်ရီဒါမှ ဒေါ်လာ ၅၅ ဒသမ ၅ သန်း တန်ကြေးရှိ
ဘီလ်ဂိတ်က ဖက်ရှင်လုပ်ငန်း စတင်ထူထောင်သည့် သမီးဖြစ်သူအား တစ်ပြားတစ်ချပ်မှပင် အရင်းအနှီး ထုတ်မပေးသည့် ဖြစ်အင်
ဘီလ်ဂိတ်က ဖက်ရှင်လုပ်ငန်း စတင်ထူထောင်သည့် သမီးဖြစ်သူအား တစ်ပြားတစ်ချပ်မှပင် အရင်းအနှီး ထုတ်မပေးသည့် ဖြစ်အင်
ဂွင်းနက်ပက်ထရိုးက သူ၏ ဒေါ်လာ ၄ ဒသမ ၉ သန်းတန် စံအိမ်အတွင်း အပေါ်ပိုင်းအဝတ်မပါဘဲ ချက်ပြုတ်နေသည့် ဗွီဒီယိုမှာ လူမှုကွန်ရက်တ
ဂွင်းနက်ပက်ထရိုးက သူ၏ ဒေါ်လာ ၄ ဒသမ ၉ သန်းတန် စံအိမ်အတွင်း အပေါ်ပိုင်းအဝတ်မပါဘဲ ချက်ပြုတ်နေသည့် ဗွီဒီယိုမှာ လူမှုကွန်ရက်တ

Upcoming Property Events

From 28 Jun To 29 Jun

Magical World Apartment

From 28 Jun To 29 Jun

Pan Swal Taw Condominium

From 02 Jun To 30 Jun

Central Shophouse

From 05 Jul To 06 Jul

Mingalar Market

From 09 Jun To 09 Jul

The Vista Luxury Residence

Magical World Apartment

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service