နေပြည်တော်မြေယာပြဿနာလျော်ကြေးနည်း ၊ ပိုင်ဆိုင်မှုပမာဏအတိုင်းမရ ပြန်တောင်းဆိုနေကြ - Property News in Myanmar from iMyanmarHouse.com
966 Views

နေပြည်တော်မြေယာပြဿနာလျော်ကြေးနည်း ၊ ပိုင်ဆိုင်မှုပမာဏအတိုင်းမရ ပြန်တောင်းဆိုနေကြ

နေပြည်တော်တည်ဆောက်စဉ်ကသိမ်းဆည်းမြေများအတွက် စည်ပင်က ၉၀ ရာခိုင်နှုန်းနီးပါးလျော်ကြေးပြန်လည်ပေးအပ်ခဲ့ပေမဲ့ လျော်ကြေးငွေနည်းပြီးမြေဧကအတိုင်းအပြည့်အဝ ပြန်မရတာတွေကိုနေပြည်တော်စည်ပင်မှာ ပြန်လည်တောင်းဆိုနေကြပါတယ် ။

နေပြည်တော်စည်ပင်သာယာရေးကော်မတီအဖွဲ့ဝင် ဦးမင်းသူက‘စည်ပင်သာ ယာရေးကော်မတီကိုမြေယာကိစ္စနဲ့ပတ်သက်ပြီးတင်ပြမှုတွေထဲမှာအများဆုံးပြန်တွေ့ရတာဘာလဲဆိုတော့ လျော်ကြေးတော့ရတယ် ၊ လျော်ကြေးနည်း တယ် ၊ စိုက်ပျိုးမြေဧကအတိုင်းအပြည့်မရဘူး ၊ အဲဒါမျိုးတွေ့ရတယ်’ လို့ ပြောပါတယ် ။

နေပြည်တော်တည်ဆောက်ရေးကာလမှာသိမ်းဆည်းခဲ့တဲ့ လယ်ယာမြေတွေ နဲ့ ပတ်သက်ပြီးနေပြည်တော် စည်ပင်သာယာရေးကော်မတီကြေ ဖရှင်းဆောင်ရွက်ရာမှာသိမ်းဆည်းခံတောင်သူတွေကိုမြေယာလျော်ကြေးပေးလျော်မှု ရှိမရှိ၊ ကျေးရွာရွှေ့ပြောင်းတဲ့နေရာမှာ ရသင့်ရထိုက် တဲ့ တောင် သူတွေ အိမ်ဝိုင်းကွက်ရမရနဲ့ သိမ်းဆည်းမြေတွေနဲ့ ပတ်သက်ပြီးဒေသ ခံတွေကို တရားစွဲဆိုထားတဲ့ ကိစ္စတွေကိုဖြေရှင်းဆောင်ရွက်ပေးနေ တာ ဖြစ်ပါတယ် ။

ဦးမင်းသူက ‘လျော်ကြေးမရဘူးဆိုတဲ့ ပုဂ္ဂိုလ်တွေကြည့်လိုက်တော့ အား လုံးနည်းနည်း ၉၀ ရာခိုင်နှုန်းလောက်ဟာလျော်ကြေးရပြီးသားဖြစ်တယ် ၊ သူရဲ့ဥပဒေနည်းလမ်းနဲ့အတူလျော်ကြေးတွေ ပြန်ပေးတယ် ၊ အဲဒီလိုပဲေ ကျးရွာရွှေ့ပြောင်းတဲ့နေရာမှာကျေးရွာမှာအိမ်ပိုင်အိုးပိုင်နဲ့ သတ်မှတ်ထားတဲ့ အရည်အချင်းနဲ့ ကိုက်ညီတဲ့သူတွေကို ရပ်ကွက်ဖြစ်သွားတဲ့ အချိန်မှြာေ မကွက်တွေ ပြန်ချပေးတယ် ၊ မရဘူးဆိုတဲ့သူကိုရအောင်ပြန်ပေးတယ် ၊ အဲဒီသုံးချက်ကိုအဓိကထားပြီးဆောင်ရွက်ပေးနေပါတယ်’ လို့ ပြောပါတယ် ။

လက်ရှိအစိုးရအနေနဲ့ ရွှေးကောက်ပွဲမဲဆွယ်စည်းရုံးစဉ်မှာလယ်ယာမြေသိမ်းဆည်းမှုကြောင့် နေထိုင်ရေးအခက်အခဲဖြစ်နေတဲ့ ပြည်သူများရဲ့ အခက် အခဲများကို ပြန်လည်ဖြေရှင်းပေးမယ်ဆိုတဲ့ ကတိပြုခဲ့မှုကြောင့် တစ်နိုင် ငံလုံးမှာ ရှိနေတဲ့ လယ်ယာမြေ သိမ်းဆည်းခြံ ပည်သူတွေရဲ့ ပြဿနာကိြုေ ဖရှင်းပေးနေပါတယ် ။

တောင်းဆိုနေကြမြေယာလျော်ကြေးအစား ဝိုင်းကွက်တွေ ချပေးခဲ့တာရှိပေမဲ့ လုံးဝမရလိုက်တဲ့ တောင်သူတွေကလည်းမြေနေရာ ပြန်လည်ရရှိဖို့ တောင်းဆိုထားပါတယ် ။ သိမ်းဆည်းပြီးသားဖြစ်တဲ့ မြေယာတွေ အပေါ်မှာ အစိုးရ အနေနဲ့စီမံကိန်းအဖြစ် ဆောင်ရွက်ခြင်းမရှိတဲ့ မြေကွက်တွေကိုမှုလပိုင်ရှင်တောင်သူများက ပြန်လည်ပေးဖို့ တောင်းဆိုထားပါတယ် ။

‘အဲဒီတောင်သူတွေ တင်ထားတဲ့ တောင်းဆိုချက်တွေကိုခေတ်ကာလနဲ့ ကိုက်ညီတဲ့ လျော်ကြေးပေးမှုတွေ ဖြစ်လာအောင် သက်ဆိုင် ရာ မြေယြာ ပန်လည် စိစစ်ရေးအဖွဲ့ကနေ အဆင့်ဆင့် စိစစ်သွားပြီးမှ ဗဟိုမှုဝါဒ က နေချ မှတ်လာရင်တော့ ဆောင်ရွက်ပေးသွားမယ်လို့ တောင်သူတွေကို အကြောင်းပြန်ပြီးပြီ’ လို့ ဦးမင်းသူက ဆိုပါတယ် ။

နေပြည်တော် တည်ဆောက်စဉ်က သိမ်းဆည်းခဲ့တဲ့ မြေယာတွေက လယ် ယာမြေပေါင်း ဧက ၂၃,၀၀၀ ကျော် ၊ သစ်တောမြေကို ပယ်ဖျက်ပြီး ပြည် ထဲရေးမှ တစ်ဆင့် နေပြည်တော်စည်ပင်သာယာရေး ကော်မတီက အသုံြး ပုဖို့ မြေအဖြစ် ဧကပေါင်း ၃၀,၀၀၀ ခန့်နဲ့ ပျဉ်းမနား ၊ လယ်ဝေး ၊ တပ်ကုန်ြး မို့ဟောင်းမှ မြို့မြေကွက်အဖြစ် သတ်မှတ်ခဲ့တဲ့ ဧက ၅၀၀၀ ခန့် ၊ မြေ လွတ်မြေရိုင်း ၊ စားကျက်မြေများသိမ်းဆည်းမှု ၇၅ ဧကခန့် ရှိတာကြောင့် သိမ်းဆည်းမြေဧက စုစုပေါင်း ခြောက်သောင်းကျော်ခန့် ရှိပါတယ် ။

နေပြည်တော် စည်ပင်သာယာရေး ကော်မတီကို တင်ပြလွှာပေါင်း ၃၀၀ ကျော် ရှိပြီး ၊ အများဆုံး တင်ပြလာမှု မှာ လျော်ကြေးပေးခဲ့စဉ် က လျော်ကြေး အနည်းငယ်သာ ပေးဆောင်ခဲ့တာရယ် ၊ မြေဧက အတိုင်ြး ပန်လည် ပေးဆောင်မှု မရှိတာကို အများဆုံးတင်ပြတောင်းဆို ထားကြတာ ဖြစ်ပါတယ် ။

လယ်ယာမြေဆုံးရှုံးနစ်နာတဲ့ တောင်သူတွေကို အစိုးရသစ်သက်တမ်း အစတည်းက ပြန်လည်လျော်ကြေးပေးဖို့ တိုင်းနဲ့ပြည်နယ် ရပ်ကျေး အဆင့်အထိ ကော်မတီများဖွဲ့ပြီး ဆောင်ရွက်နေတာ ဖြစ်ပါတယ် ။


Credit: The Modern

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

တရုတ်ပြည်တွင် အသက် ၁၅ နှစ်အရွယ်အထိ သူတောင်းစားဂိုဏ်းသားအဖြစ် တောင်းရမ်းခဲ့ရပြီး အသက် ၁၆ နှစ်တွင် မူလတန်းကျောင်း စတင်ကျော
တရုတ်ပြည်တွင် အသက် ၁၅ နှစ်အရွယ်အထိ သူတောင်းစားဂိုဏ်းသားအဖြစ် တောင်းရမ်းခဲ့ရပြီး အသက် ၁၆ နှစ်တွင် မူလတန်းကျောင်း စတင်ကျော
ဂျပန်တွင် သားကို အလွန်ချစ်သော အိမ်ခြံမြေလုပ်ငန်းရှင် ဖခင်တစ်ဦးက ယန်းငွေ သန်း ၁၀၀ ခန့် သုံးစွဲကာ စတိုးဆိုင်၊ မြေအောက်ဘူတာ
ဂျပန်တွင် သားကို အလွန်ချစ်သော အိမ်ခြံမြေလုပ်ငန်းရှင် ဖခင်တစ်ဦးက ယန်းငွေ သန်း ၁၀၀ ခန့် သုံးစွဲကာ စတိုးဆိုင်၊ မြေအောက်ဘူတာ
[မိဘဟူသည်..] စင်္ကာပူတွင် ဖခင်ကြီးက သမီးဖြစ်သူ မျှော်လင့်အိပ်မက်နေသော လုပ်ငန်း လုပ်ဆောင်နိုင်ရေးအတွက် မိမိ၏ ကုမ္ပဏီကို ရ
[မိဘဟူသည်..] စင်္ကာပူတွင် ဖခင်ကြီးက သမီးဖြစ်သူ မျှော်လင့်အိပ်မက်နေသော လုပ်ငန်း လုပ်ဆောင်နိုင်ရေးအတွက် မိမိ၏ ကုမ္ပဏီကို ရ
ထိုင်းတွင် လမ်းမအလယ်သို့ ကားတစ်စင်းပေါ်မှ ခေါင်းတလားကြီးတစ်ခု ပြုတ်ကျခဲ့ပုံ ဗွီဒီယိုဖိုင် TikTok တွင် ဂယက်ရိုက်ခဲ့၊ အခေါ
ထိုင်းတွင် လမ်းမအလယ်သို့ ကားတစ်စင်းပေါ်မှ ခေါင်းတလားကြီးတစ်ခု ပြုတ်ကျခဲ့ပုံ ဗွီဒီယိုဖိုင် TikTok တွင် ဂယက်ရိုက်ခဲ့၊ အခေါ
ဂျပန်အလုပ်သမားတစ်ဦးက တစ်ရက်လျှင် ၁၈ နာရီခန့် ရုန်းကန်လှုပ်ရှားရသည့် သူ၏ဘဝကို လူမှုကွန်ရက်တွင် ဗွီဒီယိုဖိုင်တင်ခဲ့ပုံ ဂယက
ဂျပန်အလုပ်သမားတစ်ဦးက တစ်ရက်လျှင် ၁၈ နာရီခန့် ရုန်းကန်လှုပ်ရှားရသည့် သူ၏ဘဝကို လူမှုကွန်ရက်တွင် ဗွီဒီယိုဖိုင်တင်ခဲ့ပုံ ဂယက
[ဆန်းကြယ်သော ကံကြမ္မာ] အမေရိကန်တွင် အမျိုးသားတစ်ဦးမှာ ဒေါ်လာ ၁၆၇ သန်း ထီပေါက်ပြီး ရက်ပိုင်းအကြာတွင် ဖမ်းဆီးခံရ
[ဆန်းကြယ်သော ကံကြမ္မာ] အမေရိကန်တွင် အမျိုးသားတစ်ဦးမှာ ဒေါ်လာ ၁၆၇ သန်း ထီပေါက်ပြီး ရက်ပိုင်းအကြာတွင် ဖမ်းဆီးခံရ
အိန္ဒိယနိုင်ငံ၊ ဂူဂျာရတ်ပြည်နယ် ဝန်ကြီးချုပ် ဗီဂျေး ရူပနိ (ရန်ကုန်သား) နှင့် နံပါတ် ၁၂ တို့၏ ဆန်းကြယ်သော ဆက်နွှယ်မှုအကြေ
အိန္ဒိယနိုင်ငံ၊ ဂူဂျာရတ်ပြည်နယ် ဝန်ကြီးချုပ် ဗီဂျေး ရူပနိ (ရန်ကုန်သား) နှင့် နံပါတ် ၁၂ တို့၏ ဆန်းကြယ်သော ဆက်နွှယ်မှုအကြေ
ဘီလ်ဂိတ်က ဖက်ရှင်လုပ်ငန်း စတင်ထူထောင်သည့် သမီးဖြစ်သူအား တစ်ပြားတစ်ချပ်မှပင် အရင်းအနှီး ထုတ်မပေးသည့် ဖြစ်အင်
ဘီလ်ဂိတ်က ဖက်ရှင်လုပ်ငန်း စတင်ထူထောင်သည့် သမီးဖြစ်သူအား တစ်ပြားတစ်ချပ်မှပင် အရင်းအနှီး ထုတ်မပေးသည့် ဖြစ်အင်
စင်္ကာပူအစိုးရက နိုင်ငံပိုင် မြေကွက်ကို မလေးရှားဘုရင်၏ သားတော်ပိုင်ဆိုင်သော မြေကွက် (စင်္ကာပူ ရုက္ခဗေဒဥယျာဉ်အနီးရှိ) နှင
စင်္ကာပူအစိုးရက နိုင်ငံပိုင် မြေကွက်ကို မလေးရှားဘုရင်၏ သားတော်ပိုင်ဆိုင်သော မြေကွက် (စင်္ကာပူ ရုက္ခဗေဒဥယျာဉ်အနီးရှိ) နှင
Telegram တည်ထောင်သူ ဘီလျံနာသူဌေးက ၎င်းကြွယ်ဝသော ကန်ဒေါ်လာ ၁၄ ဘီလီယံကို သားသမီး ၁၀၆ ဦးအား အမွေပေးမည်ဖြစ်ကြောင်း ထုတ်ဖော်ပ
Telegram တည်ထောင်သူ ဘီလျံနာသူဌေးက ၎င်းကြွယ်ဝသော ကန်ဒေါ်လာ ၁၄ ဘီလီယံကို သားသမီး ၁၀၆ ဦးအား အမွေပေးမည်ဖြစ်ကြောင်း ထုတ်ဖော်ပ

Upcoming Property Events

From 05 Jul To 06 Jul

Mingalar Market

From 05 Jul To 06 Jul

Golden City Condo

From 09 Jun To 09 Jul

The Vista Luxury Residence

Golden City Condo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service