တန်ဖိုးနည်းအိမ်ရာများတည်ဆောက်ရန် ဧဒင်ကုမ္ပဏီက လေ့လာမှူများစတင်နေ - Property News in Myanmar from iMyanmarHouse.com
2134 Views

တန်ဖိုးနည်းအိမ်ရာများတည်ဆောက်ရန် ဧဒင်ကုမ္ပဏီက လေ့လာမှူများစတင်နေ

ဧဒင်ကုမ္ပဏီအုပ်စုသည် မြန်မာနိုင်ငံ၌ တန်ဖိုးနည်းအိမ်ရာ အကောင်အထည်ဖော်ရန်အတွက် လေ့လာမှုများစတင်နေပြီးချေးငွေများ
ထုတ်ချေးရန် စီစဉ်နေ ကြောင်း သတင်းရရှိသည်။

‘‘အဓိကကတော့ ကျေးလက်ကို ဦးစားပေးပြီး တည်ဆောက်သွားမယ်။ တန်ဖိုးကမျှတ ပြီး ပြည်သူတွေဝယ်ပြီး နေနိုင်အောင် တည်ဆောက်ဖို့ အခု ကျွန်တော်တို့ ကုမ္ပဏီက လေ့လာမှု တွေလုပ်နေပါတယ်’’ဟု ဧဒင် ကုမ္ပဏီ အုပ်စု အမှုဆောင်ဒါရိုက်တာ ကိုရဲမင်းအောင်ကပြောသည်။

ဧဒင်ကုမ္ပဏီအုပ်စု လက်အောက်ရှိ ဘဏ်လုပ်ငန်းစုဖြစ် သည့်
Myanmar Apex Bank က လည်း ပြည်တွင်းမှ အိမ်ရာများကို ပြည်သူများဝယ်ယူနိုင်ရန် ငွေချေးမည့်အစီအစဉ်များလည်း
လုပ်ကိုင်ရန် ရည်မှန်းထားကြောင်း ကိုရဲမင်းအောင်က ပြောသည်။
မြန်မာနိုင်ငံတွင် အိမ်ရာဝယ်ယူရန် ချေးငွေထုတ်ချေးရာ၌
ကာလတိုချေးငွေသာထုတ်ချေးနိုင်ပြီး ကာလရှည်ချေးငွေ ၀န်ဆောင်မှု မပေးနိုင်သေးကြောင်း ၎င်းက ရှင်းပြသည်။

ထို့ကြောင့် ကာလရှည် နှစ် ၂၀ နှစ် ၃၀ အထိအိမ်ရာဝယ်ယူ ရန် ချေးငွေများထုတ်ချေးနိုင်ရန် ဗဟိုဘဏ်နှင့် ဆွေးနွေးမှုအချို့ ပြုလုပ်မည်ဖြစ်ကြောင်း
ဧဒင်ကုမ္ပဏီအုပ်စုက ရည်ရွယ်ထား သည်။

ဆောက်လုပ်ရေးလုပ်ငန်း များ၊ စိုက်ပျိုးရေးလုပ်ငန်းများနှင့် ဘဏ်လုပ်ငန်းများ လုပ်ကိုင်နေ သည့် ဧဒင်ကုမ္ပဏီသည် မြို့စွန် ဧရိယာများတွင် တန်ဖိုးနည်းအိမ် ရာစီမံကိန်းများ အကောင်အထည် ဖော်ရန် အစီအစဉ်များမရှိကြောင်း ဧဒင်ကုမ္ပဏီ ဥက္ကဋ္ဌ ဦးချစ်ခိုင်က ဒီဇင်ဘာအတွင်း ဂျပန်နိုင်ငံ တို ကျိုမြို့တွင် ပြုလုပ်သည့် မြန်မာ့ စီးပွားရေးဆွေးနွေးပွဲ၌ ထည့်သွင်း ပြောကြားခဲ့သည်။
မြို့လယ်ကောင်တွင် နေရာကျဉ်းမြောင်းပြီး အကန့်အသတ် များရှိနေခြင်းအတွက် မြန်မာနိုင်ငံ ၌ ရင်းနှီးမြှုပ်နှံရာတွင် ရွေးချယ် စရာ အခွင့်အလမ်းနည်းပါးကြောင်း ဦးချစ်ခိုင်က ပြောကြားခဲ့သည်။

နိုင်ငံ၏ စီးပွားရေးမှာ ကိန်းဂဏန်းများနှင့် ခန့်မှန်းချက်များအရတိုးတက်မည်ဟု ဆိုထားသော်လည်း အိမ်ခြံမြေဈေးကွက်မှာ လတ်တလောတွင် အခြေအနေမကောင်းကြောင်း ဦးချစ်ခိုင်၏ ပြောကြားချက်ကို ဂျပန်နိုင်ငံအ ခြေစိုက် Nikkei Asia Review သ တင်းဌာနက ပြန်လည်ရေးသား ဖော်ပြသည်။

၁၉၉၀ ပြည့်နှစ်ကစတင်ပြီး ပြည်တွင်း၌ စီးပွားရေးလုပ်ငန်း များလုပ်ကိုင်သည့် ဧဒင်ကုမ္ပဏီ သည်ဆောက်လုပ်ရေး၊ ဘဏ် လုပ်ငန်း၊ ရေနံနှင့် သဘာဝဓာတ် ငွေ့၊ ဆန်စပါးလုပ်ငန်းများတွင် အဓိကရင်းနှီးမြှုပ်နှံထားသော ထိပ်သီးကုမ္ပဏီတစ်ခုဖြစ်သည်။

နေးရှင်းမြန်မာ မှ iMyanmarHouse.com အတွက် အထူးရေးသားဖော်ပြသည်။
Credit: iMyanmarHouse.com

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

စင်္ကာပူတွင် ချမ်းသာသော အဘိုးတစ်ဦးက အစားအသောက်များ အလဟဿ မဖြစ်စေရန်ဟုဆိုကာ စားသောက်ဆိုင်တစ်ခု၌ စားကြွင်းစားကျန်များ လိုက်
စင်္ကာပူတွင် ချမ်းသာသော အဘိုးတစ်ဦးက အစားအသောက်များ အလဟဿ မဖြစ်စေရန်ဟုဆိုကာ စားသောက်ဆိုင်တစ်ခု၌ စားကြွင်းစားကျန်များ လိုက်
အိန္ဒိယတွင် ပလတ်စတစ်မိုး ကျူးကျော်တဲလေးတစ်လုံး၌ နေထိုင်သော မိန်းကလေးတစ်ဦးကို ဟောလိဝုဒ် ရုပ်ရှင်သရုပ်ဆောင်တစ်ဦးက တွေ့ရှိသ
အိန္ဒိယတွင် ပလတ်စတစ်မိုး ကျူးကျော်တဲလေးတစ်လုံး၌ နေထိုင်သော မိန်းကလေးတစ်ဦးကို ဟောလိဝုဒ် ရုပ်ရှင်သရုပ်ဆောင်တစ်ဦးက တွေ့ရှိသ
ဒေါ်နယ်ထရမ့်ကို ပြန်လည်ဝန်ချတောင်းပန်လိုက်ပြီးနောက် Elon Musk ၏ ကြွယ်ဝမှု ပြန်လည်မြင့်တက်လာ
ဒေါ်နယ်ထရမ့်ကို ပြန်လည်ဝန်ချတောင်းပန်လိုက်ပြီးနောက် Elon Musk ၏ ကြွယ်ဝမှု ပြန်လည်မြင့်တက်လာ
ဟောင်ကောင်က ဆင်းရဲသားမိသားစုလေး ထီပေါက်ခဲ့ပြီးနောက် အလွန်ချမ်းသာသွားသော်လည်း လောင်းကစားသမား အဒေါ်မသိစေရန် နှစ်ပေါင်းများ
ဟောင်ကောင်က ဆင်းရဲသားမိသားစုလေး ထီပေါက်ခဲ့ပြီးနောက် အလွန်ချမ်းသာသွားသော်လည်း လောင်းကစားသမား အဒေါ်မသိစေရန် နှစ်ပေါင်းများ
တရုတ်ပြည်တွင် အသက် ၁၅ နှစ်အရွယ်အထိ သူတောင်းစားဂိုဏ်းသားအဖြစ် တောင်းရမ်းခဲ့ရပြီး အသက် ၁၆ နှစ်တွင် မူလတန်းကျောင်း စတင်ကျော
တရုတ်ပြည်တွင် အသက် ၁၅ နှစ်အရွယ်အထိ သူတောင်းစားဂိုဏ်းသားအဖြစ် တောင်းရမ်းခဲ့ရပြီး အသက် ၁၆ နှစ်တွင် မူလတန်းကျောင်း စတင်ကျော
ပြင်သစ်တွင် နေအိမ်တစ်ခု၏ နံရံထဲ၌ လျှို့ဝှက်သိမ်းဆည်းထားသော ရွှေဒင်္ဂါးပြားများ ရှာဖွေတွေ့ခဲ့ပြီး လေလံတင်ရောင်းချရာတွင် ဒ
ပြင်သစ်တွင် နေအိမ်တစ်ခု၏ နံရံထဲ၌ လျှို့ဝှက်သိမ်းဆည်းထားသော ရွှေဒင်္ဂါးပြားများ ရှာဖွေတွေ့ခဲ့ပြီး လေလံတင်ရောင်းချရာတွင် ဒ
တရုတ်နာမည်ကြီး ရက်ပ်အဆိုတော် ဘီလျံနာသူဌေး Huang Zitao (Exo အဖွဲ့သားဟောင်း) က မိန်းကလေး လစဉ်သုံးပစ္စည်း စက်ရုံတည်ထောင်ကာ
တရုတ်နာမည်ကြီး ရက်ပ်အဆိုတော် ဘီလျံနာသူဌေး Huang Zitao (Exo အဖွဲ့သားဟောင်း) က မိန်းကလေး လစဉ်သုံးပစ္စည်း စက်ရုံတည်ထောင်ကာ
ဘီလ်ဂိတ်က သမီးဖြစ်သူ မြင်းစီးလေ့ကျင့်ရန်အတွက် ဖလော်ရီဒါမှ မြေဈေးကောင်းသောနေရာတွင် ၁၈ ဧက ဖြန့်ကျက်တည်ရှိသော တစ်လမ်းလုံးကိ
ဘီလ်ဂိတ်က သမီးဖြစ်သူ မြင်းစီးလေ့ကျင့်ရန်အတွက် ဖလော်ရီဒါမှ မြေဈေးကောင်းသောနေရာတွင် ၁၈ ဧက ဖြန့်ကျက်တည်ရှိသော တစ်လမ်းလုံးကိ
တရုတ်ပြည်တွင် အမျိုးသားကြီးတစ်ဦးက သူ၏ ၅ လွှာတိုက်ခန်း ဝရန်တာ၌ ကိုယ်ပိုင်ဓာတ်လှေကားတစ်ခု တီထွင်တပ်ဆင်ခဲ့ပုံအပေါ် ပြည်မကြီ
တရုတ်ပြည်တွင် အမျိုးသားကြီးတစ်ဦးက သူ၏ ၅ လွှာတိုက်ခန်း ဝရန်တာ၌ ကိုယ်ပိုင်ဓာတ်လှေကားတစ်ခု တီထွင်တပ်ဆင်ခဲ့ပုံအပေါ် ပြည်မကြီ
မလာနီယာ ထရမ့် (ဒေါ်နယ်ထရမ့်၏ ဇနီး) ၏ ကြေးရုပ်တုကြီး အခိုးခံရမှု
မလာနီယာ ထရမ့် (ဒေါ်နယ်ထရမ့်၏ ဇနီး) ၏ ကြေးရုပ်တုကြီး အခိုးခံရမှု

Upcoming Property Events

From 05 Jul To 06 Jul

Mingalar Market

From 05 Jul To 06 Jul

Golden City Condo

From 09 Jun To 09 Jul

The Vista Luxury Residence

Mingalar Market

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service