ပုဂံတွင် တားမြစ်ထားသည့် ဟိုတယ်များ ပြန်လည်တည်ဆောက်ခွင့်ပြုမည် - Property News in Myanmar from iMyanmarHouse.com
1322 Views

ပုဂံတွင် တားမြစ်ထားသည့် ဟိုတယ်များ ပြန်လည်တည်ဆောက်ခွင့်ပြုမည်

ပုဂံရှေးဟောင်းယဉ်ကျေးမှုနယ်မြေနှင့် မလွတ်ကင်းသောကြောင့် ဟို တယ်ဆောက်လုပ်ခွင့် တားမြစ်ခံထားရသော ပုဂံဒေသရှိ ဟိုတယ် ၂၅ လုံးကို တစ်ခန်းလျှင် ကျပ် ငါးသောင်းနှုန်း အလှူငွေ ထည့်ခြင်းဖြင့် ပြန် လည် ဆောက်လုပ်ခွင့်ပြုရန် သဘောတူထားကြောင်း မန္တလေးတိုင်းဒေ သကြီး လွှတ်တော်လက်အောက်ရှိ သာသနာရေး၊ လူမှုရေးနှင့် ယဉ်ကျေးမှု ဆိုင်ရာ လွှတ်တော်ကော်မတီ ဥက္ကဋ္ဌ ဦးဝင်းမြင့်ခိုင်က ပြောသည်။

သက်ဆိုင်ရာဌာနများ၊ ရှေးဟောင်းသုတေသနဌာနနှင့် ညောင်ဦးလွှတ်တော်ကိုယ်စားလှယ်များပါဝင်သော ပေါင်းစပ်ညှိနှိုင်း ရေးကော်မတီက အကြိမ် ကြိမ်တွေ့ဆုံဆွေးနွေးပြီးနောက် ယခုကဲ့သို့ သဘော တူညီချက်ဖြင့် ပြန်လည်ခွင့်ပြုပေးရန် ဆုံးဖြတ်ခဲ့ခြင်း ဖြစ်သည်။

"အရင်အစိုးရ သက်တမ်းကတည်းက ဟိုတယ်ဆက်လက်ဆောက်လုပ်ခွင့် တားမြစ်ခံထားရတဲ့ ဟိုတယ် ၄၂ လုံးထဲက ဆောက်လက်စဟိုတယ် ၂၅ လုံးကို ပြန်လည်ဆောက် လုပ်ခွင့်ပြုပေးဖို့ဆွေးနွေးနေပါတယ်။ အဲဒီအတွက် သက်ဆိုင်ရာ ဟိုတယ်လုပ်ငန်းရှင်များက ပုဂံရှေးဟောင်းသုတေသန နယ်မြေ ဖွံ့ဖြိုးတိုးတက်ရေးအတွက် တစ်ခန်းကို အလှူငွေကျပ်ငါးသောင်းနှုန်း
လှူဒါန်းသွားမယ်လို ပြောပါတယ်"ဟု ဦးဝင်းမြင့်ခိုင်က ပြောသည်။

ကျန်ရှိနေသည့် မဆောက်ရသေးသော ဟိုတယ် ၁၇ လုံးကိုလည်း ရှေးဟောင်း ယဉ်ကျေးမှု နယ်မြေနှင့် လွတ်ကင်းပါက ခွင့်ပြုသွားရန် ရည်ရွယ်ထားကြောင်း ၎င်းက ပြောသည်။

"ဟိုတယ် ဆက်လက်ဆောက်လုပ်ခွင့်ရပြီး တရားဝင် ဟိုတယ် ဖွင့်လှစ်ခွင့်ရ မယ်ဆိုရင် တစ်ခန်းကို အလှူငွေ ကျပ်ငါးသောင်း ထည့်ရမယ်ဆိုလည်း ထည့်ပါမယ်။ ဒါပေမဲ့ အဲဒီလို ဆောင်ရွက်နိုင်ဖို့ ရှေးဟောင်းသုတေ သန ဌာနက ခုချိန်ထိ တိကျသေချာတဲ့ တရားဝင် ခွင့်ပြုချက် တစ်စုံတစ်ရာ
မထုတ်ပြန်သေးဘူး"ဟု တားမြစ်ခံဟိုတယ် ၂၅ လုံးတွင် ပါဝင်သည့် လုပ်ငန်းရှင်တစ်ဦးက ပြောသည်။

သို့သော် အဆိုပါ တားမြစ်ခံ ဆောက်လက်စ ဟိုတယ် ၂၅ လုံးအနက် အချို့မှာ သက်ဆိုင်ရာ ၀န်ကြီးဌာန ခွင့်ပြုချက်ဖြင့် ဆောင်ရွက် ခဲ့ခြင်းဖြစ်သော်လည်း ၂၀၁၄ ခုနှစ်တွင် ရှေးဟောင်းဇုန်အတွင်း မလွတ်ကင်းဟု ဆိုကာ ရှေးဟောင်းသုတေသနဌာနက ဟိုတယ် ဆက်လက်ဆောက်လုပ်ခွင့်ရပ်ဆိုင်းခဲ့ခြင်း ဖြစ်သည်။

"ဟိုတယ် ၂၅ လုံးထဲမှာ တချို့လည်း ခွင့်ပြုချက် ရရှိထားတာရှိတယ်။ တချို့လည်း မရှိပါဘူး။ လုပ်ငန်းရှင်တွေက ကိုယ့်နိုင်ငံ သားတွေ ဖြစ်တဲ့ အတွက် အပြီးထိ ဆောင်ရွက်ခွင့်ပြု တယ်။ ဒါပေမဲ့ သက်တမ်းကို ၁၅ နှစ်အ ထိပေးဖို့ ကနဦး သဘောတူထားတယ်။ သတ်မှတ်ကာလပြည့်ရင်တော့ အခြား ဟိုတယ်ဇုန် နေရာကို ရွှေ့ရမှာဖြစ်တယ်" ဟု ယခုလ ၅ ရက်က ရန်ကုန်မြို့တွင် ကျင်းပခဲ့သည့် တတိယအကြိမ်မြောက် ပုဂံဘုရား များပြုပြင်ရေး အလှူငွေပေးအပ်ပွဲတွင် သာသနာရေးနှင့် ယဉ်ကျေးမှု ၀န်ကြီးဌာန ပြည်ထောင်စုဝန်ကြီး သူရဦးအောင်ကိုက ပြောသည်။

"ဟိုတယ်လုပ်ငန်းရှင်တွေနဲ့ ညှိနှိုင်းတဲ့အခါ ပထမပေးတဲ့ ၁၀ နှစ်က နည်းပါတယ်။ သူတို့ ရင်းနှီးရတဲ့ငွေနဲ့ အကျိုးအမြတ် ကိုက်ညီအောင် ၁၅ နှစ်တောင်းဆိုလို့ ခွင့်ပြုထားတယ်။ အဲဒါပြီးရင်တော့ သတ်မှတ်ထား တဲ့ ရှေးဟောင်းဇုန် အပြင်နေရာမှာ သူတို့ကို ဆောက်ခွင့်ပြုမှာဆိုတော့ အဲဒီမှာ သူတို့ အတွက်လည်း အကျိုးအမြတ် ရှိမှာဖြစ်ပါတယ်"ဟု သူရဦးအောင်ကိုက ပြောသည်။

တားမြစ်ခံ ဟိုတယ် ၂၅ လုံးသာ သတ်မှတ်ကာလ ၁၅ နှစ်ပြည့် ပြီးနောက် ရှေးဟောင်းဇုန်နှင့်ကင်းလွတ်ရာသို့ ပြောင်းရွှေ့ရမှာဖြစ်ပြီး ကျန်ရှိသည့် အခြားသော ဟိုတယ်များသည် နဂိုအတိုင်း ဆက်လက် ဖွင့် လှစ်နိုင်မည်ဖြစ်သည်ဟု ရှေးဟောင်းသုတေသန၊ အမျိုးသားပြတိုက်နှင့်
စာကြည့်တိုက်ဦးစီးဌာန ဒုတိယ ညွှန်ကြားရေးမှူးချုပ် ဦးသိန်းလွင်က ပြောသ ည်။

"သူတို့က ခွင့်ပြုချက်မရှိဘဲ လုပ်ထားတာမို့ အပြစ်ပေးတဲ့အနေနဲ့ သတ်မှတ် ကာလ ၁၅ နှစ် ပြည့်ပြီးရင်ပြောင်းပေးရမှာဖြစ်တယ်။ ကျန်ရှိနေတဲ့ ဟိုတယ် အလုံး ၁၀၀ ကျော်ကို ရွှေ့ရမယ်ဆိုရင်ဘယ်လိုရွှေ့ရမှာလဲ။ ဒီလောက် အများကြီးအတွက်ဆို နေရာအခက်အခဲဖြစ်မှာပေါ့" ဟု ဦးသိန်းလွင်က ပြော သည်။


Credit: Myanmar Times
ပုဂံတွင် တားမြစ်ထားသည့် ဟိုတယ်များ ပြန်လည်တည်ဆောက်ခွင့်ပြုမည် - Property News in Myanmar from iMyanmarHouse.com

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ဟောင်ကောင်က ဆင်းရဲသားမိသားစုလေး ထီပေါက်ခဲ့ပြီးနောက် အလွန်ချမ်းသာသွားသော်လည်း လောင်းကစားသမား အဒေါ်မသိစေရန် နှစ်ပေါင်းများ
ဟောင်ကောင်က ဆင်းရဲသားမိသားစုလေး ထီပေါက်ခဲ့ပြီးနောက် အလွန်ချမ်းသာသွားသော်လည်း လောင်းကစားသမား အဒေါ်မသိစေရန် နှစ်ပေါင်းများ
တရုတ်ပြည်တွင် အမျိုးသားကြီးတစ်ဦးက သူ၏ ၅ လွှာတိုက်ခန်း ဝရန်တာ၌ ကိုယ်ပိုင်ဓာတ်လှေကားတစ်ခု တီထွင်တပ်ဆင်ခဲ့ပုံအပေါ် ပြည်မကြီ
တရုတ်ပြည်တွင် အမျိုးသားကြီးတစ်ဦးက သူ၏ ၅ လွှာတိုက်ခန်း ဝရန်တာ၌ ကိုယ်ပိုင်ဓာတ်လှေကားတစ်ခု တီထွင်တပ်ဆင်ခဲ့ပုံအပေါ် ပြည်မကြီ
အိန္ဒိယတွင် ပလတ်စတစ်မိုး ကျူးကျော်တဲလေးတစ်လုံး၌ နေထိုင်သော မိန်းကလေးတစ်ဦးကို ဟောလိဝုဒ် ရုပ်ရှင်သရုပ်ဆောင်တစ်ဦးက တွေ့ရှိသ
အိန္ဒိယတွင် ပလတ်စတစ်မိုး ကျူးကျော်တဲလေးတစ်လုံး၌ နေထိုင်သော မိန်းကလေးတစ်ဦးကို ဟောလိဝုဒ် ရုပ်ရှင်သရုပ်ဆောင်တစ်ဦးက တွေ့ရှိသ
ဘီလ်ဂိတ်က သမီးဖြစ်သူ မြင်းစီးလေ့ကျင့်ရန်အတွက် ဖလော်ရီဒါမှ မြေဈေးကောင်းသောနေရာတွင် ၁၈ ဧက ဖြန့်ကျက်တည်ရှိသော တစ်လမ်းလုံးကိ
ဘီလ်ဂိတ်က သမီးဖြစ်သူ မြင်းစီးလေ့ကျင့်ရန်အတွက် ဖလော်ရီဒါမှ မြေဈေးကောင်းသောနေရာတွင် ၁၈ ဧက ဖြန့်ကျက်တည်ရှိသော တစ်လမ်းလုံးကိ
[ဆန်းကြယ်သော ကံကြမ္မာ] အမေရိကန်တွင် အမျိုးသားတစ်ဦးမှာ ဒေါ်လာ ၁၆၇ သန်း ထီပေါက်ပြီး ရက်ပိုင်းအကြာတွင် ဖမ်းဆီးခံရ
[ဆန်းကြယ်သော ကံကြမ္မာ] အမေရိကန်တွင် အမျိုးသားတစ်ဦးမှာ ဒေါ်လာ ၁၆၇ သန်း ထီပေါက်ပြီး ရက်ပိုင်းအကြာတွင် ဖမ်းဆီးခံရ
တရုတ်ပြည်တွင် အသက် ၁၅ နှစ်အရွယ်အထိ သူတောင်းစားဂိုဏ်းသားအဖြစ် တောင်းရမ်းခဲ့ရပြီး အသက် ၁၆ နှစ်တွင် မူလတန်းကျောင်း စတင်ကျော
တရုတ်ပြည်တွင် အသက် ၁၅ နှစ်အရွယ်အထိ သူတောင်းစားဂိုဏ်းသားအဖြစ် တောင်းရမ်းခဲ့ရပြီး အသက် ၁၆ နှစ်တွင် မူလတန်းကျောင်း စတင်ကျော
iPhone 5 ထွက်ရှိစဉ်ကတည်းက တစ်နာရီလျှင် ၃၃ ဒေါ်လာယူကာ တန်းစီဝယ်ယူပေးခဲ့သော အမေရိကန် အမျိုးသားမှာ ယခုအခါ iPhone ဝယ်ယူလိုသူ
iPhone 5 ထွက်ရှိစဉ်ကတည်းက တစ်နာရီလျှင် ၃၃ ဒေါ်လာယူကာ တန်းစီဝယ်ယူပေးခဲ့သော အမေရိကန် အမျိုးသားမှာ ယခုအခါ iPhone ဝယ်ယူလိုသူ
ဘရာဇီးတွင် နိုင်ငံခြားသားများ လွှင့်ပစ်ခဲ့သော ပုလင်းခွံများကို ကောက်ယူစုဆောင်းကာ အိပ်ခန်း ၇ ခန်းပါ အိမ်တစ်လုံးကို ၂ နှစ်
ဘရာဇီးတွင် နိုင်ငံခြားသားများ လွှင့်ပစ်ခဲ့သော ပုလင်းခွံများကို ကောက်ယူစုဆောင်းကာ အိပ်ခန်း ၇ ခန်းပါ အိမ်တစ်လုံးကို ၂ နှစ်
ဒေါ်နယ်ထရမ့်ကို ပြန်လည်ဝန်ချတောင်းပန်လိုက်ပြီးနောက် Elon Musk ၏ ကြွယ်ဝမှု ပြန်လည်မြင့်တက်လာ
ဒေါ်နယ်ထရမ့်ကို ပြန်လည်ဝန်ချတောင်းပန်လိုက်ပြီးနောက် Elon Musk ၏ ကြွယ်ဝမှု ပြန်လည်မြင့်တက်လာ
တရုတ်ပြည်၊ ရှန်ဟိုင်းမြို့တွင် မြေအောက်ဘူတာရုံ၊ ဈေးဝယ်စင်တာနှင့် မြေအောက်ဟိုတယ်များ ဆောက်လုပ်ရန်အတွက် တန်ချိန် ၇၅၀၀ ကျော
တရုတ်ပြည်၊ ရှန်ဟိုင်းမြို့တွင် မြေအောက်ဘူတာရုံ၊ ဈေးဝယ်စင်တာနှင့် မြေအောက်ဟိုတယ်များ ဆောက်လုပ်ရန်အတွက် တန်ချိန် ၇၅၀၀ ကျော

Upcoming Property Events

From 28 Jun To 29 Jun

Magical World Apartment

From 28 Jun To 29 Jun

Pan Swal Taw Condominium

From 02 Jun To 30 Jun

Central Shophouse

From 05 Jul To 06 Jul

Mingalar Market

From 09 Jun To 09 Jul

The Vista Luxury Residence

Magical World Apartment

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service