ကမ္ဘာ့ရွှေဈေး နှင့် ဒေါ်လာဈေး မြင့်တက်ခဲ့ခြင်းကြောင့် စံချိန်တင်ရွှေဈေးကိုမှီရန် ကျပ် ၄၀၀၀ ကျော်သာ လို - Property News in Myanmar from iMyanmarHouse.com
2140 Views

ကမ္ဘာ့ရွှေဈေး နှင့် ဒေါ်လာဈေး မြင့်တက်ခဲ့ခြင်းကြောင့် စံချိန်တင်ရွှေဈေးကိုမှီရန် ကျပ် ၄၀၀၀ ကျော်သာ လို

ကမ္ဘာ့ရွှေဈေး တက်ရိပ်ပြမှုနှင့်အတူ ဒေါ်လာဈေးနှုန်း လိုက်ပါမြင့်တက်ခဲ့ခြင်းကြောင့် ပြည်တွင်းရွှေဈေးနှုန်း ကျပ် ၈၉၅၅၀၀ အထိရောက်ရှိလာရာ စံချိန်တင်ရွှေဈေးနှုန်းကို မီရန် ကျပ် ၄၀၀၀ ကျော်သာ လိုတော့ကြောင်း ဈေးကွက်အတွင်း ရွှေရောင်းဝယ်သူများထံမှ သိရသည်။

ကမ္ဘာ့ရွှေဈေးသည် ဖေဖော်ဝါရီ ၂ ရက်မှ ဖေဖော်ဝါရီ ၇ ရက်အထိ ဆက်တိုက် မြင့်တက်ခဲ့ပြီး ဖေဖော်ဝါရီ ၇ ရက် နံနက်ပိုင်းတွင် ၁၂၃၅ ဒေါ်လာအထိ ရောက်ရှိခဲ့ကာ ဖေဖော်ဝါရီ ၈ ရက်တွင်လည်း ၁၂၃၅ ဒသမ ၂၂ ဒေါ်လာဖြင့် စဖွင့်ခဲ့ပြီး ညနေ ၄ နာရီခန့်တွင် ၁၂၃၇ ဒေါ်လာအထိ ဆက်လက်မြင့်တက်ခဲ့သည်။

ဖေဖော်ဝါရီ ၁ ရက်တွင် ၁၂၀၅ ဒေါ်လာသာရှိသော ကမ္ဘာ့ရွှေဈေးနှုန်းသည် ဖေဖော်ဝါရီ ၂ ရက်တွင် ၁၂၁၆ ဒေါ်လာ၊ ဖေဖော်ဝါရီ ၆ ရက်တွင် ၁၂၃၀ ဒေါ်လာ၊ ဖေဖော်ဝါရီ ၇ ရက် တွင် ၁၂၃၅ ဒေါ်လာအထိ ဆက်တိုက်မြင့်တက်ခဲ့ခြင်း ဖြစ်သည်။

ကမ္ဘာ့ရွှေဈေးသည် ဒီဇင်ဘာ ၁၅ ရက်က တစ်အောင်စ ဒေါ်လာ ၁၁၂၀ ကျော်အထိ ထိုးဆင်းသွားခဲ့ပြီး ဒီဇင်ဘာ ၂၆ ရက်အထိ ၁၁၃၃ ဒေါ်လာဝန်းကျင်တွင်ရှိခဲ့သည်။ ထို့နောက် ဒီဇင်ဘာ ၂၇ မှစ၍ ဈေးပြန်တက်လာပြီး ဒီဇင်ဘာ ၂၇ ရက်တွင် ၁၁၄၅ ဒေါ် လာ၊ ဒီဇင်ဘာ ၂၉ ရက်တွင် ၁၁၄၉ ဒေါ်လာ၊ ဒီဇင်ဘာ ၃၀ ရက်တွင် ၁၁၅၉ ဒေါ်လာ၊
ဇန်န၀ါရီ ၄ ရက်တွင် ၁၁၆၆ ဒေါ်လာ၊ ဇန်န၀ါရီ ၉ ရက်တွင် ၁၁၇၆ ဒေါ်လာ၊ ဇန်န၀ါရီ ၁၀ ရက်တွင် ၁၁၈၆ ဒေါ်လာ၊ ဇန်န၀ါရီ ၁၂ ရက် မှစတင်ကာ ဒေါ်လာ ၁၂၀၀ အထက် ရောက်ရှိလာခြင်းဖြစ်ပြီး ဖေဖော်ဝါရီ ၈ ရက်တွင် ၁၂၃၇ ဒေါ်လာအထိ ဆက်လက်မြင့်တက်လာခဲ့သည်။

ဖေဖော်ဝါရီ ၂ ရက်က ကမ္ဘာ့ရွှေဈေး မြင့်တက်မှုနှင့်အတူ ပြည်တွင်းရွှေဈေး ကျပ် ၈၈၀၂၀၀ အထိ မြင့်တက်သွားပြီး ဖေဖော်ဝါရီ ၃ ရက်တွင် ကျပ် ၈၇၆၇၀၀ ၀န်းကျင် ဈေးနှုန်းရှိခဲ့သည်။ ဖေဖော်ဝါရီ ၄ ရက်တွင် ကျပ် ၈၈၀၃၀၀ အထိ ဆက်လက်မြင့်တက်ခဲ့ခြင်းဖြစ်ပြီး ဖေဖော်ဝါရီ ၆ ရက်တွင် ကျပ် ၈၈၁၅၀၀၊ ဖေဖော်ဝါရီ ၇ ရက်တွင် ကျပ် ၈၈၇၁၀၀၊ ဖေဖော်ဝါရီ ၈ ရက်တွင် ၈၉၅၅၀၀ အထိရောက်ရှိလာခြင်း ဖြစ်သည်။

၂၀၁၆ ခုနှစ်အတွင်း ကမ္ဘာ့ရွှေဈေးမြင့်တက်မှုနှင့် နိုင်ငံခြားငွေလဲနှုန်း မြင့်တက်ခဲ့ခြင်းကြောင့်
ပြည်တွင်းရွှေဈေးနှုန်းသည် အောက်တိုဘာ ၄ ရက်က ကျပ် ၉၀၀၂၀၀ အထိ မြင့်တက်ခဲ့ကာဒီဇင်ဘာ၂၂ရက် နောက်ပိုင်း နိုင်ငံခြားငွေလဲနှုန်း
ပြန်လည်ကျဆင်းမှုကြောင့် ရွှေဈေးပြန်ကျလာပြီး ဒီဇင်ဘာ ၂၄ ရက်တွင် ၂၀၁၆ ဇူလိုင်လကုန်ပိုင်း နောက်ပိုင်း အနိမ့်ဆုံးနှုန်းထားအဖြစ် ကျပ် ၈၄၀၀၀၀ အောက် ပြန်ရောက်ခဲ့ကြောင်း သိရသည်။

ဒီဇင်ဘာ ၂၇ ရက်နောက်ပိုင်းမှ စတင်ကာ ကျပ် ၈၄၃၀၀၀ အထက် ပြန်ရောက်ခဲ့ပြီး ဇန်န၀ါရီ ၈ရက်တွင် ကျပ် ၈၅၀၀၀၀ အထက်၊ ဇန်န၀ါရီ ၁၀ ရက်တွင် ကျပ် ၈၆၀၀၀၀ အထက်သို့ ပြန်ရောက်ခဲ့သည်။ ဇန်န၀ါရီ ၂၄ ရက်တွင် ကျပ် ၈၇၇၇၀၀ အထိ ရောက်ရှိခဲ့ပြီး ဇန်န၀ါရီ ၂၇ ရက်တွင် ကျပ် ၈၆၁၈၀၀ အထိ ပြန်လည် ကျဆင်းခဲ့သည်။

ဇန်န၀ါရီ ၃၀ တွင် ကျပ် ၈၇၀၀၀၀ အထက်ကို ပြန်ရောက်ခဲ့ပြီး ဖေဖော်ဝါရီ ၂ ရက်တွင် ကျပ် ၈၈၀၀၀၀ အထက်သို့ ရောက်ရှိခဲ့ကာ ဖေဖော်ဝါရီ ၈ ရက်တွင် ၈၉၀၀၀၀ အထက် ပြန်လည်ရောက်ရှိလာရာ ၂၀၁၆ ခုနှစ် အောက်တိုဘာ ၄ ရက်၌ ဖြစ်ပေါ်ခဲ့သော ကျပ် ၉၀၀၀၀၀ ကျော် ဈေးနှုန်းကို မီရန် ကျပ် ၄၀၀၀ ကျော်သာ လိုတော့ခြင်း ဖြစ်သည်။

Credit: Eleven Media Group

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

တရုတ်ပြည်တွင် အသက် ၁၅ နှစ်အရွယ်အထိ သူတောင်းစားဂိုဏ်းသားအဖြစ် တောင်းရမ်းခဲ့ရပြီး အသက် ၁၆ နှစ်တွင် မူလတန်းကျောင်း စတင်ကျော
တရုတ်ပြည်တွင် အသက် ၁၅ နှစ်အရွယ်အထိ သူတောင်းစားဂိုဏ်းသားအဖြစ် တောင်းရမ်းခဲ့ရပြီး အသက် ၁၆ နှစ်တွင် မူလတန်းကျောင်း စတင်ကျော
အမေရိကန်တွင် ဘီလျံနာသူဌေးကြီးက စိတ်ကူးအိပ်မက်ထားသည့် စံအိမ်ကြီးဆောက်လုပ်ရန် ဖလော်ရီဒါမှ ဒေါ်လာ ၅၅ ဒသမ ၅ သန်း တန်ကြေးရှိ
အမေရိကန်တွင် ဘီလျံနာသူဌေးကြီးက စိတ်ကူးအိပ်မက်ထားသည့် စံအိမ်ကြီးဆောက်လုပ်ရန် ဖလော်ရီဒါမှ ဒေါ်လာ ၅၅ ဒသမ ၅ သန်း တန်ကြေးရှိ
ထိုင်းမှာ ဘတ် သန်း ၂၄၀ (ကန်ဒေါ်လာ ၇ ဒသမ ၄ သန်းခန့်) ထီပေါက်ခဲ့တဲ့ စပိန် ဆောက်လုပ်ရေးလုပ်သား ဘာကြောင့် အိမ်ရာမဲ့ ဖြစ်သွား
ထိုင်းမှာ ဘတ် သန်း ၂၄၀ (ကန်ဒေါ်လာ ၇ ဒသမ ၄ သန်းခန့်) ထီပေါက်ခဲ့တဲ့ စပိန် ဆောက်လုပ်ရေးလုပ်သား ဘာကြောင့် အိမ်ရာမဲ့ ဖြစ်သွား
အီတလီအမျိုးသားတစ်ဦးက စင်္ကာပူတွင် လူနေမှုစရိတ် အလွန်တရာသက်သာလှကြောင်း ပြောဆိုမှုအပေါ် လူမှုကွန်ရက်တွင် ဝေဖန်သူ များပြားလ
အီတလီအမျိုးသားတစ်ဦးက စင်္ကာပူတွင် လူနေမှုစရိတ် အလွန်တရာသက်သာလှကြောင်း ပြောဆိုမှုအပေါ် လူမှုကွန်ရက်တွင် ဝေဖန်သူ များပြားလ
ရိုးမရိပ်သာ တန်ဖိုးနည်းအိမ်ရာ အခန်းနေရာမဲနှိုက်ခြင်းကို ဇွန်လ ၂၆ ရက်မှ ၂၈ ရက်အထိ မြို့ပြနှင့်အိမ်ရာ ဖွံ့ဖြိုးရေးဦးစီးဌာန
ရိုးမရိပ်သာ တန်ဖိုးနည်းအိမ်ရာ အခန်းနေရာမဲနှိုက်ခြင်းကို ဇွန်လ ၂၆ ရက်မှ ၂၈ ရက်အထိ မြို့ပြနှင့်အိမ်ရာ ဖွံ့ဖြိုးရေးဦးစီးဌာန
ဘောလိဝုဒ်ကို ရုပ်ရှင်တစ်ကားတည်းဖြင့် ထာဝရ သိမ်းပိုက်ထားသူ ရုပ်ရှင်မင်းသား မီသွန်း၏ မွမ်ဘိုင်းစံအိမ်
ဘောလိဝုဒ်ကို ရုပ်ရှင်တစ်ကားတည်းဖြင့် ထာဝရ သိမ်းပိုက်ထားသူ ရုပ်ရှင်မင်းသား မီသွန်း၏ မွမ်ဘိုင်းစံအိမ်
ဒေါ်နယ်ထရမ့်ကို ပြန်လည်ဝန်ချတောင်းပန်လိုက်ပြီးနောက် Elon Musk ၏ ကြွယ်ဝမှု ပြန်လည်မြင့်တက်လာ
ဒေါ်နယ်ထရမ့်ကို ပြန်လည်ဝန်ချတောင်းပန်လိုက်ပြီးနောက် Elon Musk ၏ ကြွယ်ဝမှု ပြန်လည်မြင့်တက်လာ
အမေရိကန်ပြည်တွင် အမျိုးသားတစ်ဦးက အလုပ်မှထွက်လိုက်ကာ အိုစာမင်းစာ စုဆောင်းထားငွေဖြင့် ရွက်လှေငယ်တစ်စင်းဝယ်လိုက်ပြီး သူ၏ကြေ
အမေရိကန်ပြည်တွင် အမျိုးသားတစ်ဦးက အလုပ်မှထွက်လိုက်ကာ အိုစာမင်းစာ စုဆောင်းထားငွေဖြင့် ရွက်လှေငယ်တစ်စင်းဝယ်လိုက်ပြီး သူ၏ကြေ
ဂျပန်အလုပ်သမားတစ်ဦးက တစ်ရက်လျှင် ၁၈ နာရီခန့် ရုန်းကန်လှုပ်ရှားရသည့် သူ၏ဘဝကို လူမှုကွန်ရက်တွင် ဗွီဒီယိုဖိုင်တင်ခဲ့ပုံ ဂယက
ဂျပန်အလုပ်သမားတစ်ဦးက တစ်ရက်လျှင် ၁၈ နာရီခန့် ရုန်းကန်လှုပ်ရှားရသည့် သူ၏ဘဝကို လူမှုကွန်ရက်တွင် ဗွီဒီယိုဖိုင်တင်ခဲ့ပုံ ဂယက
တရုတ်ပြည်တွင် တောင့်တောင့်ဖြောင့်ဖြောင့် အမျိုးသားတို့က ဝန်ဆောင်ခ ၅ မိနစ်လျှင် ၇ ဒေါ်လာယူကာ မိန်းကလေးများကို ဖက်ထားပေးသည
တရုတ်ပြည်တွင် တောင့်တောင့်ဖြောင့်ဖြောင့် အမျိုးသားတို့က ဝန်ဆောင်ခ ၅ မိနစ်လျှင် ၇ ဒေါ်လာယူကာ မိန်းကလေးများကို ဖက်ထားပေးသည

Upcoming Property Events

From 05 Jul To 06 Jul

Mingalar Market

From 05 Jul To 06 Jul

Golden City Condo

From 09 Jun To 09 Jul

The Vista Luxury Residence

Mingalar Market

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service