ဆပ်ကွန်း မိန်းကွန်း တင်ဒါစနစ်အကြားက တိုင်ပတ် နေတဲ့ စီမံကိန်းများ - Property News in Myanmar from iMyanmarHouse.com
1098 Views

ဆပ်ကွန်း မိန်းကွန်း တင်ဒါစနစ်အကြားက တိုင်ပတ် နေတဲ့ စီမံကိန်းများ

ဆောက်လုပ်ရေးလုပ်ငန်းတွေ ၊ လမ်းတံတား ဆောက်လုပ်တဲ့ လုပ်ငန်းတွေ ၊ အိမ်ရာစီမံကိန်းတွေ ကိုတင်ဒါစနစ်နဲ့ နိုင်ငံတော်ကနေ
ပုဂ္ဂလိဂ လုပ်ငန်းရှင်တွေကို အဆိုပြုလွှာ အသီးသီးတင်ပြီး ဆောက်လုပ်ခွင့် ပြုလာပါတယ် ၊ မဆလ ခေတ် ၊ မြန်မာဆိုရှယ်လစ် လမ်းစဉ်ပါတီ နဲ့ န၀တ ခေတ် တစ်လျှောက်လုံးမှာ တည်ဆောက်ရေး လုပ်ငန်းတွေကို ဌာနဆိုင်ရာတွေကဘဲ တာဝန်ယူ တည်ဆောက်ခဲ့ကြပါတယ် ၊ ဌာနရဲ့ စက်ယန္တာရား ၊ ဌာနရဲ့ လူအင်အား တွေနဲ့ ဘဲ ဆောက်လုပ်ခဲ့ကြတာဖြစ်ပြီး အရည်အသွေး ပိုင်းဆိုင်ရာ ပြသနာ တွေနဲ့ အဂတိ လိုက်စားမှု တွေ ရှိခဲ့တယ် ဆိုတဲ့ စွပ်စွဲချက်တွေကလည်း ကောလဟလ လိုလို အတည်လိုလိုကြားထဲ နှစ်ပေါင်းများစွာ ပြည်သူတွေကျော်ဖြတ်ခဲ့ရ
ပါတယ် ။

ဒါပေမယ့် ၂၀၁၀ ကနေစပြီး တက်လာတဲ့ ဒီမိုကရေစီ အစိုးရလက်ထက်မှာတော့ စီမံကိန်းလုပ်ငန်းတွေ တော်တော်များများကို အရင်ဝန်ကြီးဌာန တာဝန်ယူဆောက်ခဲ့တဲ့ စနစ်တခုကနေ ပြင်ပဆောက်လုပ်ရေး ကုမ္မဏီတွေကို တင်ဒါစနစ်နဲ့ ၀င်ပြိုင်စေပြီး မှ ဆောက်လုပ်စေတဲ့ စနစ်တစ်ခုကို ပြောင်းလဲခဲ့ပါတယ် ။ ပွင့်လင်းမြင်သာတဲ့ တင်ဒါစနစ်လို့ ပြောခဲ့ပေမယ့် အရင်အစိုးရလက်ထက်မှာကတည်း တင်ဒါရွေးချယ်မှု နှင့် ပက်သက်ပြီး ဝေဖန်ခံခဲ့ရပါတယ် ။

တင်ဒါစနစ်နဲ့ ရွေးချယ် ဆောက်လုပ်စေတဲ့ အတွက် ၀န်ကြီးဌာန
အတွက်လည်း ၀န်ထုပ်ဝန်ပိုးမဖြစ်စေသလို ၊ ဆောက်လုပ်ရေး လုပ်ငန်း လုပ်ကိုင်ခဲ့တဲ့ ပြင်ပ ကုမ္မဏီ တွေ အတွက်လည်း အလုပ်ရစေပါတယ်၊ ပြင်ပ ကုမ္မဏီတွေကို ဆောက်လုပ်စေတဲ့ အတွက်ကြောင့်လည်း အရည်အသွေး မကောင်းရင် မကောင်းသလို ပြန်ပြင်ခိုင်းတာတို့ ၊ သတ်မှတ်ချိန်အတွင်းအမြန်ပြီးစေပါတယ် ၊ ကောင်းမွန်တဲ့
နည်းစနစ်ဖြစ်လို့ ဒီမိုကရေစီ နိုင်ငံတွေ တော်တော်များများပါ ဒီစနစ်ကို ကျင့်သုံးကြပါတယ် ။ အရည်အသွေး စီစစ်အကဲဖြတ်တဲ့ လူတွေရဲ့ သမာသမတ်ကျမှု ကတော့နည်းနည်းစကားပြောပါတယ် ။

စနစ်က ကောင်းပေမယ့် မလိမ့်တပတ် လုပ်ကြတဲ့ ကိစ္စတွေကလည်း ဆောက်လုပ်ရေး လုပ်ငန်းတွေ ထဲမှာတော်တော်များများရှိခဲံပါတယ် ။တင်ဒါတစ်ခု အောင်မြင်ဖို့ ဆိုတာကလည်း သိပ်လွယ်ကူတဲ့ ကိစ္စမဟုတ်ပါဘူး ၊ တင်ဒါဝင်ရောက်ယှဉ်ပြိုင်တဲ့ ကုမ္မဏီရဲ့ နောက်ခံသမိုင်း ၊ အသုံးပြုမယ့်နည်းပညာ နဲ့ ငွေကြေးအခြေအနေကို စီစစ်ပြီးမှ ရွေးတာဖြစ်ပါတယ်။

ဒါကြောင့်လည်း ငွေကြေးအင်အားတောင့်တင်းတဲ့ ကုမ္မဏီတွေ ၊ အကပ်ကောင်းတဲ့ ကုမ္မဏီတွေ ဘဲတင်ဒါတွေ ခေတ်အဆက်ဆက်မှာ ရခဲ့တာဖြစ်ပါတယ် ၊ တစ်ဖက်မှာ ပြန်ကြည့်မယ် ဆိုရင်လည်း တင်ဒါအောင်တဲ့ ကုမ္မဏီက စီမံကိန်းတစ်ခု အတွက် ကိုယ်ပိုင်ငွေကို အဆောက်အအုံ
ဒါမှ မဟုတ် တံတားတစ်ခုရဲ့ ၂၀ ရာခိုင်နှုန်း အထိ ကြိုတင်ငွေစိုက်ထုတ်ထားရပါတယ် ၊ နည်းတဲ့အရင်းအနှီးမဟုတ်တဲ့ အတွက် ငွေရှိတဲ့ သူတွေ မှ လုပ်နိုင်လို့ မုဒိတာ ပွားရပါတယ် ၊ နောက်ပြသနာတစ်ခုက ငွေလည်းမရှိဘူး ၊ ငွေရှိအင်အားရှိသလို ဟန်ဆောင်ပြီး အကပ်ကောင်းကောင်း နဲ့ ခပ်တည်တည် တင်ဒါအယူပြပြီး အမြတ်တင် လက်လွှဲလက်ပြောင်း လုပ်ခဲ့တဲ့ ဖြစ်ရပ်တွေကလည်း ဆောက်လုပ်ရေး
လောကမှာ ထူးမခြားနားဇတ်လမ်းပါဘဲ ။

သိန်းတစ်ရာတန် စီမံကိန်းတစ်ခုကို အဆင့်ဆင့် လက်လွှဲလက်ပြောင်းလုပ်ပြီး နောက်ဆုံးအဆင့်အလုပ်ရတဲ့ လူလက်ထဲ ရောက်တဲ့ အချိန်မှာ သိန်း ၆၀ လောက်ဘဲကျန်တော့တယ် ဖြစ်ရပ်တွေ အများကြီးရှိခဲ့ဖူးပါတယ် ၊ နိုင်ငံတော်အတွက်လည်း ချပေးလိုက်တဲ့ ပိုက်ဆံနဲ့ ပြန်ရတဲ့ အရည်အသွေးက မမျှတလို့ လမ်းတွေ အချိန်မတိုင်ခင် ပေါက်ပြဲပျက်စီး ၊ စီမံကိန်းအဆောက်အအုံ အသစ်တွေ လူတောင်မနေရသေးဘူး
အက်ကွဲလို အက်ကွဲ ၊ တံတားတွေ ပျက်စီးတာတွေ သတင်းတွေထဲမှာ မြင်နေကြားနေရပါတယ် ။
တလောတုံးကတောင် ဧရာဝတီ တိုင်းထဲက တံတားနှစ်စင်း အရည်အသွေးမမှီလို့ ဆိုပြီး ဆောက်လုပ်တဲ့ ကန်ထရိုက်အင်ဂျင်နီယာ တွေကို ပြန်လည်ပြင်ဆင် ဆောင်ရွက်ပေးဖို့ တိုင်းအစိုးရက နေပြန်ပြောရတယ်ဆိုတဲ့ သတင်းတွေကလည်း မီဒီယာ စာမျက်နှာပေါ် ရောက်ခဲ့တာ အားလုံးအသိဘဲဖြစ်ပါတယ် ။

အဆောက်အအုံ တစ်ခု တံတားတစ်ခုကို တင်ဒါရထားတဲ့ ကုမ္မဏီတော်တော်များများက သူတို့ကိုယ်တိုင်လုပ်တာ ရှိသလို ဆပ်ကွန်းလို့ ခေါ်တဲ့ အစိတ်အပိုင်းအလိုက်ကို နှုန်းတစ်ခုနဲ့ ပြန်လည် လုပ်ကိုင်စေတာတွေလည်း ရှိပါတယ် ။ စီမံကိန်းကို တကယ်လုပ်နိုင်မယ့် သူကိုရှာပြီး နာမည်ခံ ကိုယ်စားအလုပ်လုပ်ပေးသလို ဖြစ်အောင် တဆင့်ပြန်ပေးလိုက်ကြပါတယ် ၊ ခေါင်းလေးနည်းနည်းစားရုံ ၊ အလုပ်ကလေး နည်းနည်းပါးပါး လုပ်ပြလိုက်ရုံနဲ့ အသားတင် အကျိုးအမြတ် ရတဲ့ အလုပ်ဖြစ်ပြီး ဆောက်လုပ်ရေး လောကမှာ ဆပ်ကွန်ဆပ်ကွန်းဆိုပြီး သဘာဝ လိုလို ထုံးစံလိုလိုဖြစ်လာကြပါတယ် ။

ကိုယ်ပိုင်အကျိုးစီးပွား ကိုယ်ပိုင်အဆောက်အအုံ ၊ ကိုယ်ပိုင်လုပ်ငန်းအတွက် ဆပ်ကွန်းဇတ်လမ်းက မထူးခြားပေမယ့် နိုင်ငံတော်အတိုင်ပင်ခံ ပုဂ္ဂိုလ်ကိုယ်တိုင် အင်တိုက်အားတိုက် နိုင်ငံ ဖွံ့ဖြိုးရေး လုပ်ငန်းတွေကို လုပ်နေတဲ့ ယနေ့အချိန်မှာတော့ တင်ဒါအောင်မြင်တဲ့ လူတွေ အနေနဲ့ မိမိကိုယ်တိုင် အရည်အချင်း ရှိရှိ ၊ အရည်အသွေး ပြည့်ပြည့်၀၀ နဲ့ အလုပ်လုပ်ပေးဖို့ လိုပါတယ် ။ အဓိကကတော့ စေတနာ ထားဖို့ လိုပါတယ် ၊ စီးပွားရေး လုပ်နေတာ အလှုလုပ်နေတာ မဟုတ်ဘူး ဆိုပေမယ့်လည်း ရသင့်ရထိုက် တဲ့အကျိုးအမြတ်လောက်ကို ယူပြီး နိုင်ငံနဲ့ တိုင်းပြည်အနာဂတ်အတွက် စေတနာထားပြီး အလုပ်လုပ်ကြဖို့
အချိန်တန်ပါပြီ ။

မြန်မာနိုင်ငံမှာ စီမံကိန်း တင်ဒါတွေကို စိတ်ဝင်စားတဲ့ လူဘယ်လောက်များသလဲ ဆိုတာ လူတွေ သိပ်သတိမထားမိပေမယ့် ဆောက်လုပ်ရေး လုပ်ငန်းလုပ်တဲ့ သူတွေ ၊ စီးပွားရေး သမားတွေကြားမှာတော့ တင်ဒါက ရေပန်းစားပါတယ်။

ပြီးခဲ့တဲ့ ရက်ပိုင်းကမှ သီလ၀ါ ကျောက်တန်းက တန်ဖိုးနည်းအိမ်ရာစီမံကိန်း နဲ့ လှိုင်သာယာ ကတန်ဖိုးနည်းအိမ်ရာစီမံကိန်း နှစ်ခု အတွက် တင်ဒါခေါ်လိုက်တဲ့ အခါမှာ တင်ဒါ ၀င်တင်သွင်းခဲ့တဲ့ လူပုဂ္ဂိုလ် ၊ ကုမ္မဏီ အစုအဖွဲ့က ၄၀၀ နီးပါးခန့်အထိ တောင်ရှိပါတယ် ၊ ပမာဏသေးတဲ့ တန်ဖိုးနည်းအိမ်ရာစီမံကိန်း လေးတောင် ကုမ္မဏီ ၄၀၀ ကျော်လာပြိုင်တယ်ဆိုရင် နိုင်ငံတော် အဆင့်စီမံကိန်းကြီးတွေ ဆိုရင် တင်ဒါ ၀င်ပြိုင်မယ့် ကုမ္မဏီ ဘယ်လောက်ရှိနိုင်သလဲ ဆိုတာ ခန့်မှန်းရခက်ပါတယ် ။ ဒါတောင် တစ်ချို့ စီမံကိန်းတွေ မှာတင်ဒါအောင်တဲ့ လူတွေက နောက်လူကို ဆပ်ကွန်းပြန်မပေးရဘူးလို့ သတ်မှတ်ချက်တွေ ထားထားပေမယ့် လက်တလုံးခြား လှည့်ပြီး လုပ်ကိုင်နေတဲ့ လူတွေ အများကြီး ရှိနေဆဲဖြစ်ပါတယ် ။

နိုင်ငံတော်က ယုံကြည်လို့ စီမံကိန်းလုပ်ငန်းကြီးကို တင်ဒါချပေးလိုက်တာကို အကိုင်းအဖျားလောက်သာ လုပ်ကိုင်ပြီး ကျန်တဲ့ အပိုင်းတွေကို ယုံကြည်ရတဲ့ လူတွေကို ပြန်ပြီးဆပ်ကွန်းပြချပေးပြီး လုပ်ကိုင်ပါတယ် ၊ ဆပ်ကွန်ရထားတဲ့ လူကလည်း အဆင့်ဆင့် ပြန်ပြီး ဆပ်ကွန်းပြန်ပြန် ပေးရင်းနဲ့ နောက်ဆုံးမှာ အလုပ်သမားခေါင်းဆီမှာ ဇတ်လမ်းက အဆုံးသတ်ပြီး ဆပ်ကွန်းသံသရာလည်ပတ်နေဆဲဖြစ်ပါတယ် ။

ဖြစ်သင့်တာကတော့ အမှန်တကယ် အလုပ်လုပ်မယ့် ကုမ္မဏီ လက်ထဲတင်ဒါတွေ ရောက်ဖို့လိုသလို ၊ ငွေကြေးအင်အား ကြိုတင်စိုက်ထုတ်လုပ်ရတဲ့ စနစ်ဟောင်း အစား တင်ဒါရတဲ့ လုပ်ငန်းရှင်လည်း အကျိုးရှိ ၊ နိုင်ငံတော်အတွက်လည်း အကျိုးရှိမယ့် တင်ဒါစနစ်သစ်တစ်ခုကို ဖော်ဆောင်ဖို့လိုပါတယ် ၊ ဒါ့အပြင် ငွေကြေးအင်အားတောင့်တင်းမှု မရှိလို့ ဆပ်ကွန်းယူ အလုပ်လုပ်နေတဲ့ တစ်နိုင်တစ်ပိုင် ကန်ထရိုက်တာတွေ ၊ ကုမ္မဏီ တွေ ရှင်သန်ခွင့်ရအောင် စနစ်တကျ ပြုစုပျိုးထောင်ရမယ့် စနစ်သစ်တစ်ခု လိုပါတယ် ၊ ဖွံ့ဖြိုးပြီးနိုင်ငံတွေမှာတောင် ဆပ်ကွန်ဆိုတဲ့ ကုမ္မဏီ ငယ်လေးတွေ ရှိပေမယ့် စနစ်တကျ ဖြစ်အောင် လုပ်တဲ့ နည်းစနစ်ကလေးတွေကို ကျနော်တို့ ဆီမှာလည်းကျင့်သုံးကြဖို့ လိုပါပြီ ။

ကိုချစ်ခင် မှ iMyanmarHouse.com အတွက် အထူးရေးသားဖော်ပြသည်။
Credit: iMyanmarHouse.com

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

တရုတ်ပြည်တွင် ခင်ပွန်းဖြစ်သူက ဦးနှောက်သေရောဂါအခြေအနေခံစားနေရသော ဇနီးဖြစ်သူကို နေ့စဉ် သီချင်းဆိုပြ၊ ကပြခဲ့ရာ နောက်ဆုံးတွင
တရုတ်ပြည်တွင် ခင်ပွန်းဖြစ်သူက ဦးနှောက်သေရောဂါအခြေအနေခံစားနေရသော ဇနီးဖြစ်သူကို နေ့စဉ် သီချင်းဆိုပြ၊ ကပြခဲ့ရာ နောက်ဆုံးတွင
တရုတ်ပြည်၊ ရှန်ဟိုင်းမြို့တွင် မြေအောက်ဘူတာရုံ၊ ဈေးဝယ်စင်တာနှင့် မြေအောက်ဟိုတယ်များ ဆောက်လုပ်ရန်အတွက် တန်ချိန် ၇၅၀၀ ကျော
တရုတ်ပြည်၊ ရှန်ဟိုင်းမြို့တွင် မြေအောက်ဘူတာရုံ၊ ဈေးဝယ်စင်တာနှင့် မြေအောက်ဟိုတယ်များ ဆောက်လုပ်ရန်အတွက် တန်ချိန် ၇၅၀၀ ကျော
[လွယ်မယ်ထင်လို့လား ] ဘာမှ မလုပ်ဘဲ မိနစ် ၉၀ ငြိမ်ငြိမ်လေး ထိုင်နေရတဲ့ တောင်ကိုရီးယားက ပြိုင်ပွဲ အင်စတာဂရမ်တွင် နာမည်ကြီးန
[လွယ်မယ်ထင်လို့လား ] ဘာမှ မလုပ်ဘဲ မိနစ် ၉၀ ငြိမ်ငြိမ်လေး ထိုင်နေရတဲ့ တောင်ကိုရီးယားက ပြိုင်ပွဲ အင်စတာဂရမ်တွင် နာမည်ကြီးန
အိန္ဒိယတွင် အလုပ်သင် ဆော့ဖ်ဝဲအင်ဂျင်နီယာ ခေါ်ယူရာတွင် ပလာတာတချပ်ဖိုးပင် မရှိသော လစာဖြင့် ခေါ်ယူခဲ့မှု အပေါ် အိန္ဒိယလူမှု
အိန္ဒိယတွင် အလုပ်သင် ဆော့ဖ်ဝဲအင်ဂျင်နီယာ ခေါ်ယူရာတွင် ပလာတာတချပ်ဖိုးပင် မရှိသော လစာဖြင့် ခေါ်ယူခဲ့မှု အပေါ် အိန္ဒိယလူမှု
အိန္ဒိယနိုင်ငံ၊ ဂူဂျာရတ်ပြည်နယ် ဝန်ကြီးချုပ် ဗီဂျေး ရူပနိ (ရန်ကုန်သား) နှင့် နံပါတ် ၁၂ တို့၏ ဆန်းကြယ်သော ဆက်နွှယ်မှုအကြေ
အိန္ဒိယနိုင်ငံ၊ ဂူဂျာရတ်ပြည်နယ် ဝန်ကြီးချုပ် ဗီဂျေး ရူပနိ (ရန်ကုန်သား) နှင့် နံပါတ် ၁၂ တို့၏ ဆန်းကြယ်သော ဆက်နွှယ်မှုအကြေ
ဟောင်ကောင်က ဆင်းရဲသားမိသားစုလေး ထီပေါက်ခဲ့ပြီးနောက် အလွန်ချမ်းသာသွားသော်လည်း လောင်းကစားသမား အဒေါ်မသိစေရန် နှစ်ပေါင်းများ
ဟောင်ကောင်က ဆင်းရဲသားမိသားစုလေး ထီပေါက်ခဲ့ပြီးနောက် အလွန်ချမ်းသာသွားသော်လည်း လောင်းကစားသမား အဒေါ်မသိစေရန် နှစ်ပေါင်းများ
ဘီလ်ဂိတ်က သမီးဖြစ်သူ မြင်းစီးလေ့ကျင့်ရန်အတွက် ဖလော်ရီဒါမှ မြေဈေးကောင်းသောနေရာတွင် ၁၈ ဧက ဖြန့်ကျက်တည်ရှိသော တစ်လမ်းလုံးကိ
ဘီလ်ဂိတ်က သမီးဖြစ်သူ မြင်းစီးလေ့ကျင့်ရန်အတွက် ဖလော်ရီဒါမှ မြေဈေးကောင်းသောနေရာတွင် ၁၈ ဧက ဖြန့်ကျက်တည်ရှိသော တစ်လမ်းလုံးကိ
ဘရာဇီးတွင် နိုင်ငံခြားသားများ လွှင့်ပစ်ခဲ့သော ပုလင်းခွံများကို ကောက်ယူစုဆောင်းကာ အိပ်ခန်း ၇ ခန်းပါ အိမ်တစ်လုံးကို ၂ နှစ်
ဘရာဇီးတွင် နိုင်ငံခြားသားများ လွှင့်ပစ်ခဲ့သော ပုလင်းခွံများကို ကောက်ယူစုဆောင်းကာ အိပ်ခန်း ၇ ခန်းပါ အိမ်တစ်လုံးကို ၂ နှစ်
ဂျပန်တွင် သားကို အလွန်ချစ်သော အိမ်ခြံမြေလုပ်ငန်းရှင် ဖခင်တစ်ဦးက ယန်းငွေ သန်း ၁၀၀ ခန့် သုံးစွဲကာ စတိုးဆိုင်၊ မြေအောက်ဘူတာ
ဂျပန်တွင် သားကို အလွန်ချစ်သော အိမ်ခြံမြေလုပ်ငန်းရှင် ဖခင်တစ်ဦးက ယန်းငွေ သန်း ၁၀၀ ခန့် သုံးစွဲကာ စတိုးဆိုင်၊ မြေအောက်ဘူတာ
ဂျက်ဘေးဇော့စ်က နယူးယောက်မြို့လယ်ရှိ သူ၏ ဒေါ်လာသန်း ၁၀၀ ကျော်တန် Penthouse ခန်းသို့ ကရိန်းဖြင့် ပရိဘောဂများ တင်ရန်အတွက် လ
ဂျက်ဘေးဇော့စ်က နယူးယောက်မြို့လယ်ရှိ သူ၏ ဒေါ်လာသန်း ၁၀၀ ကျော်တန် Penthouse ခန်းသို့ ကရိန်းဖြင့် ပရိဘောဂများ တင်ရန်အတွက် လ

Upcoming Property Events

From 28 Jun To 29 Jun

Magical World Apartment

From 28 Jun To 29 Jun

Pan Swal Taw Condominium

From 02 Jun To 30 Jun

Central Shophouse

From 05 Jul To 06 Jul

Mingalar Market

From 09 Jun To 09 Jul

The Vista Luxury Residence

Pan Swal Taw Condominium

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service