မြန်မာနှင့်ထိုင်း စီးပွားရေးစာချုပ် ၁၆ ခုချုပ်ဆို - Property News in Myanmar from iMyanmarHouse.com
1101 Views

မြန်မာနှင့်ထိုင်း စီးပွားရေးစာချုပ် ၁၆ ခုချုပ်ဆို

ထိုင်းနိုင်ငံဒုတိယဝန်ကြီးချုပ် ဆုမ်ကစ် ဂျတူဆရီပီတက် Somkid Jatusripitak ၏ မြန်မာနိုင်ငံ ခရီးစဉ် အတွင်း ထိုင်းနှင့် မြန်မာအရာရှိများသည် ကြာသာပတေးနေ့က နေပြည်တော်တွင် နားလည်မှု စာချွန်လွှာ ၁၆ ခု လက် မှတ်ရေးခဲ့ကြသည်။

ထိုစီးပွားရေးကဏ္ဍ ၆ ခု အကျုံးဝင်သော နားလည်မှု စာချွန်လွှာ ၁၆ ခုသည် ထိုင်းကုမ္ပဏီများ၊ မြန်မာနိုင်ငံအစိုးရနှင့် ပြည် ထောင်စုသမ္မတ မြန်မာနိုင်ငံကုန်သည်များနှင့် စက်မှုလုပ်ငန်းရှင်များအသင်းချုပ် Union of Myanmar Federation of Chambers of Commerce and Industry (UMFCCI) တို့အကြား ပိုမိုကျယ်ပြန့်သောပူးပေါင်းဆောင်ရွက်မှုကို အားပေး ရန်ရည်ရွယ်သည်ဟု အဖွဲ့ချုပ် ဒုဥက္ကဋ္ဌ ဦးရဲမင်းအောင်က ပြောသည်။

ထိုနားလည်မှုစာချွန်လွှာများတွင် ဘဏ်လုပ်ငန်းနှင့် လယ်ယာကဏ္ဍ ပူးပေါင်းဆောင်ရွက်မှုလည်းပါဝင်သည်။

“ဒါတွေက အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် အစိုးရနဲ့ ထိုင်းနိုင်ငံတို့ လက်မှတ်ရေးထိုးတဲ့ ကြီးမားတဲ့ စာချုပ်တွေပါ။ ထိုင်းနိုင်ငံ ဟာ မြန်မာရဲ့ထိပ်တန်း နိုင်ငံခြား ရင်းနှီးမြှုပ်နှံသူပါ။ ဒီစာချုပ်တွေဟာ ပိုမိုကျယ်ပြန့်တဲ့ စီးပွားရေး ပူးပေါင်ဆောင်ရွက်မှုကို အားပေးပါတယ်”ဟု ဦးရဲမင်းအောင် က ပြောသည်။

သဘောတူညီချက်များ လက်မှတ်ရေးထိုးခဲ့သည့် အခြားကဏ္ဍတခုမှာ အခြေခံအဆောက်အအုံဖွံ့ဖြိုးရေးပင် ဖြစ်သည်။

“ဒီသဘောတူညီချက်တွေမှာ အစိုးရချင်း သဘောတူညီချက်တွေပါသလို အစိုးရနဲ့ စီးပွားရေးလုပ်ငန်းတွေကြား သဘော တူညီချက်တွေလည်း ပါဝင်ပါတယ်။ လက်မှတ်ထိုးတဲ့အထဲမှာ ကဏ္ဍတိုင်း ပါဝင်ပါတယ်”ဟုလည်း သူ ဆက်ပြောသည်။

ဘဏ္ဍာရေးကဏ္ဍတွင် ကမ္ဘောဇဘဏ်က ထိုင်းအစိုးရနှင့် ငွေလွှဲသဘောတူ စာချုပ်ချုပ်ဆိုသည်ဟု ကမ္ဘောဇအုပ်စုမှ အဆင့် မြင့်အရာရှိ ဦးညိုမြင့်၏ အဆိုအရ သိရသည်။

ဦးညိုမြင့်က “ မြန်မာအလုပ်သမား အများအပြား ထိုင်းမှာ အလုပ်လုပ်နေကြတာ။ ဒါကြောင့် ငွေလွှဲလုပ်ငန်းက ပိုပြီး မြန်ဆန်သင့်တယ်။ ကျနော်တို့ ထိုင်းဘဏ်တွေနဲ့ အလုပ်လုပ်နေတာ ရှိပြီးသားပါ။ ဒီနေ့တော့ ပူးပေါင်းဆောင်ရွက်မှု မြှင့်တင်ဖို့ ထိုင်းအစိုးရရဲ့ရှေ့မှာ လက်မှတ်ရေးထိုးတာပါ”ဟု ပြောသည်။

ကမ္ဘောဇဘဏ်သည် ထိုင်းနိုင်ငံတွင် ဘဏ်ခွဲတခု ဖွင့်ထားပြီး နှစ်နိုင်ငံလုံးမှ အလုပ်သမားများ ငွေလွှဲနိုင်သော ဝန်ဆောင်မှုကို လွန်ခဲ့သောနှစ်က စတင်ခဲ့သည်။

“ထိုင်းနိုင်ငံက ရင်းနှီးမြှုပ်နှံသူတွေက မြန်မာနိုင်ငံမှာ ထိပ်ဆုံးနီးပါး ရောက်နေကြတာ။ အနာဂတ်မှာ ကျနော်တို့ရဲ့ စီးပွားရေး ပူးပေါင်းဆောင်ရွက်မှု ပိုမြင့်မားလာမှာပါ”ဟု ဦးညိုမြင့်က ပြောသည်။

ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှု ဦးစီးဌာန၏ စာရင်းများ အရ ၂၀၁၆-၂၀၁၇ ဘဏ္ဍာရေးနှစ်အတွင်း ထိုင်းနိုင်ငံ၏ မြန်မာနိုင်ငံတွင် ရင်းနှီးမြှုပ်နှံမှုမှာ အမေရိကန်ဒေါ်လာ ၁၀၆ သန်းရှိသည်။

ထိုင်းနိုင်ငံသည် မြန်မာနိုင်ငံတွင် အခြားသော နိုင်ငံ ၃ ခုထက် နှစ်စဉ် ပိုမိုရင်းနှီးမြှုပ်နှံနေသည်။ စင်္ကာပူက မြန်မာနိုင်ငံတွင် အမေရိကန်ဒေါ်လာ ၂ ဒသမ ၆ ဘီလီယံ၊ တရုတ်က ဒေါ်လာ ၄၄၇ သန်းနှင့် ဟောင်ကောင်က ဒေါ်လာ ၁၈၇ သန်း ရင်းနှီးမြှုပ်နှံ သည်။

Credit: irrawaddy

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

အိန္ဒိယတွင် လယ်သမားတစ်ဦးက မိုးဦးတဖြိုက်ကျအပြီး လယ်ကွင်းထဲသို့ ဆင်းခဲ့ရာ စိန်ကြီးတစ်ပွင့် ရှာတွေ့ခဲ့အပြီး တစ်ရွာလုံး အုံး
အိန္ဒိယတွင် လယ်သမားတစ်ဦးက မိုးဦးတဖြိုက်ကျအပြီး လယ်ကွင်းထဲသို့ ဆင်းခဲ့ရာ စိန်ကြီးတစ်ပွင့် ရှာတွေ့ခဲ့အပြီး တစ်ရွာလုံး အုံး
အိမ်ရာစုဆောင်းငွေ သိန်း (၃၀) အထက် စုဆောင်းပြီးသူများအနေဖြင့် မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေး ဦးစီးဌာန၏ သတ်မှတ်ချက်များနှင
အိမ်ရာစုဆောင်းငွေ သိန်း (၃၀) အထက် စုဆောင်းပြီးသူများအနေဖြင့် မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေး ဦးစီးဌာန၏ သတ်မှတ်ချက်များနှင
အမေရိကန်ပြည်တွင် အမျိုးသားတစ်ဦးက အလုပ်မှထွက်လိုက်ကာ အိုစာမင်းစာ စုဆောင်းထားငွေဖြင့် ရွက်လှေငယ်တစ်စင်းဝယ်လိုက်ပြီး သူ၏ကြေ
အမေရိကန်ပြည်တွင် အမျိုးသားတစ်ဦးက အလုပ်မှထွက်လိုက်ကာ အိုစာမင်းစာ စုဆောင်းထားငွေဖြင့် ရွက်လှေငယ်တစ်စင်းဝယ်လိုက်ပြီး သူ၏ကြေ
တရုတ်ပြည်တွင် အသက် ၁၅ နှစ်အရွယ်အထိ သူတောင်းစားဂိုဏ်းသားအဖြစ် တောင်းရမ်းခဲ့ရပြီး အသက် ၁၆ နှစ်တွင် မူလတန်းကျောင်း စတင်ကျော
တရုတ်ပြည်တွင် အသက် ၁၅ နှစ်အရွယ်အထိ သူတောင်းစားဂိုဏ်းသားအဖြစ် တောင်းရမ်းခဲ့ရပြီး အသက် ၁၆ နှစ်တွင် မူလတန်းကျောင်း စတင်ကျော
မလာနီယာ ထရမ့် (ဒေါ်နယ်ထရမ့်၏ ဇနီး) ၏ ကြေးရုပ်တုကြီး အခိုးခံရမှု
မလာနီယာ ထရမ့် (ဒေါ်နယ်ထရမ့်၏ ဇနီး) ၏ ကြေးရုပ်တုကြီး အခိုးခံရမှု
iPhone 5 ထွက်ရှိစဉ်ကတည်းက တစ်နာရီလျှင် ၃၃ ဒေါ်လာယူကာ တန်းစီဝယ်ယူပေးခဲ့သော အမေရိကန် အမျိုးသားမှာ ယခုအခါ iPhone ဝယ်ယူလိုသူ
iPhone 5 ထွက်ရှိစဉ်ကတည်းက တစ်နာရီလျှင် ၃၃ ဒေါ်လာယူကာ တန်းစီဝယ်ယူပေးခဲ့သော အမေရိကန် အမျိုးသားမှာ ယခုအခါ iPhone ဝယ်ယူလိုသူ
[ရုပ်ရည်ကျဆင်း အိုမင်းခြင်းကား ပျိုမျစ်နောက်ဆုံးရှိချေ၏] အိုမင်းသော ရုပ်ရည်မှ ဆန်းကြယ်စွာ နုပျိုသွားသော ဂျပန်အမျိုးသားတစ
[ရုပ်ရည်ကျဆင်း အိုမင်းခြင်းကား ပျိုမျစ်နောက်ဆုံးရှိချေ၏] အိုမင်းသော ရုပ်ရည်မှ ဆန်းကြယ်စွာ နုပျိုသွားသော ဂျပန်အမျိုးသားတစ
ဘရာဇီးတွင် နိုင်ငံခြားသားများ လွှင့်ပစ်ခဲ့သော ပုလင်းခွံများကို ကောက်ယူစုဆောင်းကာ အိပ်ခန်း ၇ ခန်းပါ အိမ်တစ်လုံးကို ၂ နှစ်
ဘရာဇီးတွင် နိုင်ငံခြားသားများ လွှင့်ပစ်ခဲ့သော ပုလင်းခွံများကို ကောက်ယူစုဆောင်းကာ အိပ်ခန်း ၇ ခန်းပါ အိမ်တစ်လုံးကို ၂ နှစ်
ပြင်သစ်တွင် နေအိမ်တစ်ခု၏ နံရံထဲ၌ လျှို့ဝှက်သိမ်းဆည်းထားသော ရွှေဒင်္ဂါးပြားများ ရှာဖွေတွေ့ခဲ့ပြီး လေလံတင်ရောင်းချရာတွင် ဒ
ပြင်သစ်တွင် နေအိမ်တစ်ခု၏ နံရံထဲ၌ လျှို့ဝှက်သိမ်းဆည်းထားသော ရွှေဒင်္ဂါးပြားများ ရှာဖွေတွေ့ခဲ့ပြီး လေလံတင်ရောင်းချရာတွင် ဒ
ဥရောပသားတွေ ဘာကြောင့် ကြောင်အိမ်ထဲမှာ အိပ်ခဲ့ကြတာလဲ
ဥရောပသားတွေ ဘာကြောင့် ကြောင်အိမ်ထဲမှာ အိပ်ခဲ့ကြတာလဲ

Upcoming Property Events

From 28 Jun To 29 Jun

Magical World Apartment

From 28 Jun To 29 Jun

Pan Swal Taw Condominium

From 02 Jun To 30 Jun

Central Shophouse

From 05 Jul To 06 Jul

Mingalar Market

From 09 Jun To 09 Jul

The Vista Luxury Residence

Pan Swal Taw Condominium

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service